← Chapters

အခန်း ၁၀၉

Vol. 9 Ch. 109

အခန်း ၁၀၉

Vol. 9 Ch. 109

အခန်း(၁၀၉) တောင်ပေါ်မှဆင်းလာခြင်း၊ ချင်းကျိုး၏ရင်သန့်ရှု့မောဖွယ်ရာအလှလေး

ကျူးရှို့တိုက်ကြီးမကျင်းပခင် အချိန်သုံးရက်သာလိုတော့သည်။

ချမ်ချန်ကန်းသည် ဘုရားကျောင်းတွင် လင်းပေါင်အာနှင့်အမြီးလေးတို့ ကောင်းကောင်းမွန်မွန်ကျင့်ကြံစေရန်ညွန်ကြားချက်ပေးနေခဲ့သည်။

ထိုနောက်ဘချမ်ချန်ကန်းက “ပန်းလရေမှန်လုပ်ဆောင်ချက်”ကို အသုံးပြုပြီးကိုယ်ပွားတစ်ဦးကို ဖန်ဆင်းကာတောင်ပေါ်မှဆင်းလာခဲ့သည်။

ဤကိုယ်ပွားက အသုံးဝင်မဝင်သူသိချင်မိသည်။ အသုံးဝင်သည်ဆိုပါက ကျူးရှို့တိုက်ကြီး၏ပွဲတော်ကို သွားပါက ဘယ်လိုလုပ်ဆိုးကျိုးရှိမည်နည်း။

ချမ်ချန်ကန်းသည် သူ၏ကိုယ်ပွားဖြင့်သက်ရှည်ဘုရားကျောင်းမှဆင်းကာ ဖေးရှန့်တောင်တလျောက် လမ်းလျောက်လာခဲ့သည်။

သူသည် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို တမင်တကာထိန်းချုပ်ထားခဲ့သည်။

တောင်ပေါ်တွင် နတ်ဆိုးများစွာရှိသော်လည်း ကျင်းတန်အဆင့်နတ်ဆိုးအနည်းငယ်သာရှိပြီး ယွမ်ယင်အဆင့်နတ်ဆိုးဘုရင်ပင်မရှိပေ။ နတ်ဆိုးများသည် ချမ်ချန်ကန်းတစ်ယောက် တောင်ပေါ်မှဆင်းလာ းသည်ကိုမြင်သောအခါ သူတို့၏မျက်လုံးများထဲ၌ ချက်ချင်းပဲထိတ်လန့်သွားကြပြီး မချီးကျူးပဲမနေ နိုင်တော့ပေ။

*အဲ့ဒါကစီနီယာပဲ*

ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းသောရုပ်ရည်ချောမောသောအသွင်အပြင်က အထီးကျန်နတ်ဘုရားတစ်ပါးအလား သူတို့အမှန်တကယ် မြင်တွေ့လိုက်ရပေသည်။

ထိုပုံရိပ်သည် အင်မော်တယ်ကမ္ဘာမှသေမျိုးကမ္ဘာသို့နှင်ထုတ်ခံလိုက်ရသော အင်မော်တယ်တစ်ပါးနှင့်တူနေပေသည်။

ချမ်ချန်ကန်းတစ်ယောက် တောင်ပေါ်မှဆင်းလာသည်နှင့်တပြိုင်နက် နတ်ဆိုးများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ချမ်ချန်ကန်းရောက်လာသဖြင့် ဤအင်မော်တယ်နယ်မြေရှိ အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်သွားခဲ့ သည်။

နတ်ဆိုးများကလည်း အံအားသင့်ပြီးသူတို့၏အသိစိတ်များ လွတ်သွားကြသည်။ သူတို့၏စိတ်ထဲ၌ အတွေးတစ်ခုတည်းသာရှိသည်။

“ငါ ဒီနေ့ စီနီယာကို တွေ့ခွင့်ရတာ တကယ်ကံကောင်းတာပဲ”

“ငါဒီနေ့သေရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး အသေခံနိုင်တယ်။ ဒါကစီနီယာပဲ”

နတ်ဆိုးဘုရင်က အဝေးကပဲစောင့်ကြည့်ပြီး ရှေ့သို့မတိုးရဲပေ။ နတ်ဆိုးများအားလုံးက ချမ်ချန်ကန်းကို မနှောင့်ယှက်ဝံ့ပဲ လေးစားကြည်ညိုစွာကြည့်နေကြသည်။

မြေခွေးနတ်ဆိုးအင်ပါယာနှင့်ပိုင်ယွဲတို့က ချမ်ချန်ကန်းထွက်သွားသည်ကို စောင့်ကြည့်နေကြသည်။ ကောင်ကင်ဘုံမြေခွေးနတ်ဆိုးအင်ပါယာက သက်ပြင်းချပြီး

“စီနီယာက တကယ့်ကိုခမ်းနားပြီး ပြိုင်ဘက်ကင်းတာပဲ။ သူလမ်းလျောက်တာတောင်မှ သူ့ရဲ့ဘေးပတ် ပတ်လည်မှာ တာအိုစည်းချက်တွေ ဝန်းရံထားတယ်။ သူက ကမ္ဘာပေါ်မှာ ဒီလိုမျိုးလုပ်နိုင်တဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ကင်းဖြစ်မယ်ဆိုတာကို ငါသိတယ်”

ပိုင်ယွဲက ခေါင်းညိတ်လိုက်ပေမဲ့ ချမ်ချန်ကန်း၏နောက်ကျောကိုကြည့်ပြီး သူမက ရင်းရင်းနှီးနှီး ခံစားချက်ကို အမြဲတမ်းခံစားရသည်။

သို့ပေမဲ့ သူမ၏မှတ်ဉာဏ်များမှာ ပျောက်ကွယ်သွားသလိုခံစားနေရပြီး ဘယ်မှာတွေ့ခဲ့လဲဆိုတာ မမှတ်မိတော့ပေ။

ပိုင်ယွဲ၏ခေါင်းက ရုတ်တရက်ကိုက်လာပြီး သူမ၏နှဖူးကြားမှ လခြမ်းပုံအမှတ်အသားမှာ လင်းလက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လခြမ်းပုံအမှတ်သားက အလင်းတန်းတစ်ခုတောက်ပလာခဲ့ပြန်သည်။ ထိုအခိုက်ကျူးရှို့တိုက်ကြီး၏ သာယာဝပြောသောမြို့ဖြစ်သည့် ချင်းကျိုး၌ အနီရောင်ခန်းဆောင်တစ်ခုရှိပေသည်။

ထိုနေရာတွင် ပန်းများနှင့် မြက်ပင်များက အလွန်လှပနေတော့သည်။

ခြံဝန်းထဲတွင်အမျိုးသားအမျိုးသမီးတို့၏ ရယ်မောသောအသံတို့က အခါအားလျော်စွာထွက်ပေါ်နေကြပြီး သာယာသောတေးဂီတသံများကလည်း ထွက်ပေါ်နေပေသည်။

ထိုအထဲရှိ မြင့်မားသောမျှော်စင်တစ်ခု၌ အမျိုးသမီးတစ်ဦးက ထိုင်ပြီး ကူချင်ပေါ်တွင် သူမ၏ သွယ်လျသောလက်ချောင်းများဖြင့် ကျောက်စိမ်းကြိုးများကို ပေါ့ပါးစွာတီးခက်ပြီး ကူချင်သံကလည်းသာယာစွာထွက်ပေါ်လာခဲ့သည်။

သူမ၏အသားရေကလည်း စိုပြေဝင်းလက်နေပြီး သူမ၏မျက်လုံးများကလည်း တောက်ပနေကာ အလှတရားများဖြင့် ပြည့်နေသည်။

သူမ၏ပုံသဏ္ဍာန်ကလည်း သက်တံရောင်ငါးရောင်ထွက်ပေါ်နေသကဲ့သို့ လှပနေပြီး ကွေးရှန့်ရင်ပြင်ထဲရှိလူတိုင်းကို အံအားသင့်စွာစွဲဆောင်နေပေသည်။

ထိုအမျိုးသမီးသည် အလွန်ကိုလှပတင့်တယ်နေပြီး အနီးကပ်ကြည့်လိုက်သောအခါ သူမ၏ပုခုံးတစ်ခြမ်းရှိအင်္ကျီမှာ အောက်သို့ရှောကျနေပြီး သူမ၏ကျောက်စိမ်းရောင် သေးသွယ်သော လည်တိုင်က ထွက်ပေါ်နေပေသည်။

ဤမြင်ကွင်ကို ခြံထဲတွင်ရှိသော မရေတွက်နိုင်သောဧည်သည်များက သဘောအကျကြီးကျနေတော့သည်။

အနီးကပ်ကြည့်ရှုပါက သူမ၏အတွင်းဝတ်မှာ ကျောက်စိမ်းရောင်ပိတ်စအလွှာလေးဖြင့် ဖုံးအုပ်ထားပြီး အချို့သောလျှိုမြောင်များကို ဖော်ပြနေပေသည်။

ဆိုရိုးစကားအတိုင်းပင် မြောင်းရှိပါကမီးတောက်လည်းရှိပေသည်။ ပူလောင်သောအမျိုးသမီးကြောင့် ဘုရားရှင်ပင်ဈာန်လျောနိုင်ပေသည်။

သူမက ချိုမြိန်စွာပြုံးနေပြီး သူမ၏ချစ်စရာကောင်းသော မျက်လုံးများက ခြံဝန်းထဲရှိလူများကို တစ်ယောက်ပြီးတစ်ယောက်လှည့်ကြည့်ပြီး နောက်ပြောင်ကျီစယ်နေပုံရသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ခြံဝန်းထဲရှိဧည့်သည်များက ကြည်နူးသွားကြပြီး သူတို့၏ စိတ်ထဲ၌လည်းရိုင်းစိုင်းသော ခံစားချက်များက အုံကြွလာကြသည်။

အမျိုးသမီးသည် ရုတ်တရက်တစ်စုံတစ်ခုကို ခံစားသွားမိဟန်ဖြင့် သူမ၏လက်ကိုရပ်တန့်လိုက်ရာ စန္ဒားယားသံက ရုတ်ချည်းပျောက်ကွယ်သွားသည်။

သူမ၏မျက်နှာပေါ်က အပြုံးများကလည်း ပျောက်ကွယ်သွားခဲ့သည်။

“အဲ့ဒါကသတ္တမမြောက်မင်းသမီးလေးရဲ့ အင်မော်တယ်စည်းတံဆိပ်ပဲ။ ဒါပေမဲ့ အခုချိန်က သတ္တမမြောက် မင်းသမီးလေးမဟုတ်သေးဘူး၊ သူမ နိုးထဖို့အချိန်တန်ပြီပဲ”

“ဘာဖြစ်သွားကြတာလဲ”

အမျိုးသမီးသည် သူမ၏စွဲဆောင်မှုကိုပြန်ရုတ်သိမ်းလိုက်ပြီး သူမက သတ္တမမြောက်မင်းသမီး၏ အင်မော်တယ်စည်းတံဆိပ်အငွေ့သက်ကို အာရုံခံစားလိုက်သည်။

ကွေးရှန့်ရင်ပြင်၌ ထိုမြင်ကွင်းကိုကြည့်နေသည့် ဂုဏ်ထူးဆောင်ဧည့်သည်များက အံအားသင့်သွားကြသည်။ ထိုရင်ပြင်ထဲတွင်ရှိနေသော အခြားသောပြည့်တန်ဆာများကလည်း စိတ်ဝင်တစားဖြစ်သွားကြသည်။

ပြီးတော့ သူမသည် ခေါင်းကိုမော့ပြီး သူမ၏မျက်လုံးက အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူမက တစ္ဆေတိုင်းပြည်၏ ဦးတည်ရာသို့လှည့်ကြည့်လိုက်ပေသည်။

*ဦးတည်ရာအရဆိုရင် အဲ့ဒါကတစ္ဆေတိုင်းပြည်ဘက်ပဲ။ ဘာကြောင့်မှန်းတော့ ငါမသိပေမဲ့ သတ္တမမြောက် မင်းသမီးရဲ့ အင်မော်တယ်စည်းတံဆိပ်က ပိုပြီးကောင်းမွန်လာပုံရတယ်။ နှစ်ပေါင်းများစွာကစားခဲ့ပြီးပြီဆိုတော့ ငါကစားတာလည်းလုံလောက်သွားပြီ။ အင်မော်တယ်စည်းတံဆိပ်ရဲ့အငွေ့အသက်အရဆိုလို့ရှိရင် ငါကျိန်းသေပေါက် သတ္တမမြောက်မင်းသမီးကို ရှာရလိမ့်မယ်။ မင်းသမီးလေး...*

သူမက ရုတ်တရက် ထရပ်လိုက်ရာ ရင်ပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသော သူမ၏ပုံရိပ်ကို ထွက်ပေါ် လာခဲ့သည်။

“ဝိုး ….”

ထိုပုံရိပ်ကြောင့် အရက်မူးနေသောရင်ပြင်ထဲရှိ ဧည့်သည်များအားလုံးက စိုက်ကြည့်ပြီး နှာခေါင်းသွေးယိုသွားကြသည်။

ရင်သပ်ရှု့မောဖွယ်ရာ အမျိုးသမီးလေးက ချစ်စရာကောင်းစွာပြုံးပြီး လူတိုင်းကိုစိုက်ကြည့်ပြီးနောက် ထိုအဆောက်အအုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုရင်သပ်ရှု့မောဖွယ်ရာ အမျိုးသမီးလေးထွက်ခွာသွားပြီးနောက် အဆောက်အအုံထဲရှိလူတိုင်း၏ အာရုံ များက ပြန်လည်သတိဝင်လာခဲ့ပြီး သူတို့၏နှာခေါင်းသွေးများကလည်းလျှံလက်စဖြစ်နေကြသည်။

သို့သော်လည်း သူတို့၏မျက်နှာပေါ်၌ ဗလာကျင်းနေသော အမူအရာများရှိနေကြပြီး ထိုမှတ်ဉာဏ်များ ပျောက်ကွယ်သွားကြပေသည်။

“ဘာဖြစ်တာလဲ ဟင်း …. ဘာဖြစ်လို့ငါကနှာခေါင်းသွေးလျှံနေတာလဲ”

“ဟင် မင်းကောပဲလား”

“ငါတို့က ဘာဖြစ်လို့ဒီအောက်ကိုရောက်နေတာလဲ”

“ငါတို့ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေကြတာလဲ”

All Chapters