← Chapters

အခန်း ၁၁၀

Vol. 9 Ch. 110

အခန်း ၁၁၀

Vol. 9 Ch. 110

အခန်း (၁၁၀) အိုး . .. တောင်ပေါ်ကဆင်းလာပြီးတာနဲ့ အတင်းအကျပ်ဖိအားပေးခံရတာလား

ဤသည်မှာ ချမ်ချန်ကန်း၏ ဒုတိယအကြိမ်တောင်ပေါ်က ဆင်းခြင်းဖြစ်သည်။ ပထမတစ်ကြိမ် တောင်ပေါ်မှဆင်းသောအခါ သူသည် ကျင့်ကြံခြင်းမရှိသောကြောင့် စပါးအုံးမြွေတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။

ယခု ဒုတိအကြိမ်တောင်ပေါ်ကဆင်းပါက အခြေအနေဘယ်လိုဖြစ်မလဲသူမသိပေ။ ဟုတ်ပေသည်။ ဤအချိန်၌ သူ၏အတွေးများကို စမ်းသပ်ရန်ဖြစ်သည်။

သူသည် ပြိုင်ဘက်ကင်းနယ်မြေ၏ အပြင်ဘက်တွင်ကိုယ်ပွားကို အသုံးပြုခြင်းသည် နယ်မြေ၏ အထူးလုပ်ဆောင်ချက်များကို သိရှိလိုခြင်းဖြစ်သည်။

ဥပမာ”အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်”နှင့် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို စမ်းသက်လိုခြင်းဖြစ်သည်။

အထူးသဖြင့် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”က ချမ်ချန်ကန်းအတွက်ပို၍ အရေးကြီးပေသည်။ အကယ်၍ သူသာ ကျူးရှို့ပွဲတော်သို့သွားပါက လူတိုင်းကိုအနိုင်ယူရန် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကိုအားကိုးရပေမည်။

အဆင်မပြေပါက သူကအတင်းအကျပ်ဟန်ဆောင်၍မရပေ။ သူသည် အခြားသူများကို ထိထိရောက် ရောက်အနိုင်မယူပါက ချမ်ချန်ကန်းသည် ကျူးရှို့ပွဲတော်သို့ပါဝင်ရန် သဘာဝအတိုင်းစွန့်လွှတ်လိုက်မည်ဖြစ်သည်။

သူသည် တောင်ပေါ်ကဆင်းလာပြီးနောက် နောက်ဆုံး၌ ဖေးရှန့်တောင်၏ ပြိုင်ဘက်ကင်းနယ်မြေ၏ ကွင်းအစပ်နားသို့ ရောက်လာခဲ့သည်။

သူက မဆိုင်းမတွပဲ နယ်မြေထဲမှထွက်လာခဲ့သည်။ တောင်ပေါင်းတစ်သိန်းတောင်တန်းကို စောင့်ကြပ်နေကြသော တစ္ဆေပြည်နယ်မှ ကျင့်ကြံသူများကလည်း တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ဝင်ရန် အားထုတ်နေကြပေသည်။

သို့သော် ဖေးရှန့်တောင်၌ အစောင့်အကြပ်များက ပို၍ရှိပေသည်။ ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာ သည် ထိုနေရာ၌ ကျင့်ကြံရုံသာမကပဲ နတ်ဆိုးဘုရင်များပါထိုနေရာ၌ အမြစ်တွယ်နေပြီး ဖေးရှန့်တောင်တစ်ခုလုံးကို စောင့်ရှောက်နေကြပေသည်။

စီနီယာ၏ခွင့်ပြုချက်မရပါ ကျင့်ကြံသူများနှင့်အခြားသော တစ္ဆေသရဲများနှင့်နတ်ဆိုးများက ဖေးရှန့်တောင်သို့ဝင်ရောက်ခွင့်မရှိပေ။

အမှန်တကယ်တော့ ချမ်ချန်ကန်းက ဤတောင်ပေါင်းတစ်သိန်းတောင်တန်းတွင်ရှိသော နတ်ဆိုးများက ဘာတွေလုပ်နေလဲဆိုတာ သူမသိပေ။

ဤအချိန်တွင် သူက အဘယ့်ကြောင့်ဒီလောက်နာမည်ကြီးလည်းမသိသလို သူ့ကိုတွေ့ဖို့ ဖေးရှန့်တောင်ထဲသို့ဝင်ရောက်လိုကြသည်ကိုလည်း သူကမသိပေ။

ချမ်ချန်ကန်းသည် မကြာသေးမီကမှ အလုပ်အရမ်းများနေခဲ့သည်။ သူသည်အပင်နှင့်ပန်းများကို စိုက်ပျိုးရင်း လင်းပေါင်အာနှင့်အမြီးလေးတို့ကိုလည်း ထိုက်ကျိလေ့ကျင့်ခန်းများကို သင်ကြားပေးနေခဲ့သည်။

သူသည် အပြင်လောကကို ဂရုမစိုက်ပေ။ ယခု ချမ်ချန်ကန်းတစ်ယောက် ဖေးရှန့်တောင်မှ ဆင်းသက်လာခဲ့ပြီဖြစ်သည်။

သူသည် တောင်ပေါ်မှထွက်ခွာလာပြီး ဖေးရှန့်တောင်၏အပြင်ဘက်တွင်ရှိသော ကျင့်ကြံသူများ၏ အာရုံကိုချက်ချင်းပဲ ဖမ်းစားနိုင်ခဲ့သည်။

မည်သူမှ မသိပဲမနေပေ။ ချမ်ချန်ကန်း၏ပုံရိပ်က အလွန်ထူးကဲနေပေသည်။

သူသည် သွားလေရာ၌ အလွန်ချောမောသောပုံသဏ္ဍာန်ရှိပေသည်။

“ဒီအဖြူရောင်ဝတ်ရုံနဲ့ ပြိုင်ဘက်ကင်းကျက်သရေရှိတဲ့သူက ဖေးရှန့်တောင်မှာရှိတဲ့ “ကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းတဲ့”စီနီယာဆိုတဲ့လူလား။ ပြီးတော့ သူ့ရဲ့အသွင်အပြင်နဲ့ သူ့ရဲ့စိတ်ထားက ဒီကမ္ဘာကြီးမှာ ဘယ်သူမှပြိုင်ဘက်မကင်းတဲ့ပုံစံပဲ”

“ဒါပေမဲ့ စီနီယာရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ဘာလို့ စွမ်းအားရဲ့အရိပ်အယောင်ကို ငါတို့မခံစား ရတာလဲ”

ကျင့်ကြံသူက သိချင်မိသည်။ ဤစကားထွက်လာသည်နှင့်တပြိုင်နက် မှောင်ရိပ်ခိုနေကြသော အခြားသောကျင့်ကြံသူများက လှောင်ပြောင်လိုက်ကြသည်။

“စီနီယာရဲ့ကျင့်ကြံမှုအခြေခံက နားမလည်နိုင်လောက်အောင်ကြီးမားကျယ်ပြန့်တယ်လေ။ ကောင်းကင်နဲ့ မြေကြီးထက်တောင်ကျယ်ပြန့်သေးတယ်။ မင်းက ဘယ်လိုလုပ် ခံစားလို့ရမှာလဲ

“စီနီယာက အင်မော်တယ်တွေကိုတောင် ပါးရိုက်လို့ရတဲ့သူပဲ။ မင်းကဘယ်လိုထင်လို့လဲ”

တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ခိုးဝင်ခဲ့ကြသော ကျင့်ကြံသူများက ချမ်ချန်ကန်းနှင့် တွေ့ဆုံပြီးနောက် အလွန်ပင် ဆွေနွေးခဲ့ကြသည်။

စီနီယာ၏ပြိုင်ဘက်ကင်းကျက်သရေရှိပြီး အလွန်မြင့်မြတ်သော ကိုယ်နေဟန်ထားကို သူတို့အား အလွန်ကြည်ညိုမိစေသည်။

“စီနီယာက တကယ်ပဲကောလဟာလတွေထက်တောင် ပိုပြီးခန့်ညားတာပဲ။ တကယ့်ကို လေးစားစရာကောင်းတယ်”

ချမ်ချန်ကန်းသည် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို စမ်းသတ်ရန်အတွက် မည်သည့်နေရာကို သွားရမည်ကို တွေးတောနေမိသည်။

ထိုအခိုက် အမှောင်ထဲတွင် ပုံးအောင်းနေကြသော ကျင့်ကြံသူများက ချမ်ချန်ကန်း၏ အကြည့်ကိုမြင်လိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားပြီး ကူရာမဲ့သွားကြသည်။

“အမယ်လေး....သေပြီ စီနီယာကငါတို့ကိုတွေ့သွားပြီ။”

“ဒါကအဓိပ္ပါယ်ရှိတယ်မဟုတ်ဘူးလား။ စီနီယာ၏ စွမ်းရည်နဲ့ကျင့်ကြံမှုအခြေခံကပြိုင်ဘက်ကင်းနေတာလေ။ သူကငါတို့ကိုမသိဘူးဆိုတာမဖြစ်နိုင်ဘူး။

“ငါတို့ကစီနီယာကို ပုန်းကွယ်နေလို့ စီနီယာက ငါတို့ကိုမကျေမနပ်ဖြစ်သွားတာဖြစ်နိုင်တယ်”

“ဒါမျိုးကို စီနီယာမကြိုက်တာ သေချာတယ်။ စီနီယာက ငါတို့ကိုတွေ့သွားပြီဆိုတော့ ဆက်ပြီးပုန်းကွယ်လို့မရတော့ဘူး”

လူတိုင်းက အကျိုးအကြောင်းပြောပြီး အမှောင်ထဲ၌ပုန်းကွယ်မနေတော့ပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

ထိုကျင့်ကြံသူများ၏အသွင်အပြင်က ချမ်ချန်ကန်းကို ထိတ်လန့်သွားစေခဲ့သည်။

“စောက်ကျိုးနည်း”

ယနေ့ခေတ်တွင် တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ နတ်ဆိုးများက ချမ်ချန်ကန်းကို အလွန်အမင်း ကိုးကွယ်နေကြသည်။

သူသည် ယခုမူ ဖေးရှန့်တောင်မှ ထွက်သွားလျင်ပင် တောင်ပေါင်းတစ်သိန်းတောင်တန်းတလျောက် လမ်းလျှောက်နေသည်ဟုသာ မူလက ထင်ခဲ့မိသည်။

သူသည် သူ့ကိုတိုက်ခိုက်ရန် နတ်ဆိုးများရောက်ရှိလာမည်ဟုသာ မူလကထင်ခဲ့မိသည်။ သို့သော် မမျှော်လင့်ပဲ ပြိုင်ဘက်ကင်းနယ်မြေမှ ထွက်လာပြီးနောက် ကျင့်ကြံသူတစ်စုက ပြေးထွက်လာကြသည်။

ထို့အပြင်နတ်ဆိုးများ သရဲတစ္ဆေများနှင့် လူသားမျိုးနွယ်ကျင့်ကြံသူများအားလုံးက အတူတကွရှိနေကြ ပြန်သည်။ အထူးသဖြင့် သူတို့ဆီမှထွက်ပေါ်လာသည်အရှိန်အဝါကပို၍ကြောက်စရာကောင်းနေသည်။

သို့သော် နတ်ဆိုးဘုရင်များထက်တော့ အားနည်းပေသည်။

ဒါက ဘာကိုဆိုလိုတာလဲ။ ဤကျင့်ကြံသူများသည် အနည်းဆုံးအခြေတည်စိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများဖြစ်နိုင်ပေသည်။

*သူတို့ကဘာလို့ ဖေးရှန့်တောင်အပြင်ကို ရောက်နေကြတာလဲ၊ သူတို့က ငါ့ကိုမယုံလို့ ငါ့ရဲ့ကိုယ်ပွားကို နှိမ်နင်းဖို့ရောက်လာတာများဖြစ်နိုင်မလား*

အစွမ်းထက်သောကျင့်ကြံသူများ၏ ရုတ်တရက်အသွင်အပြင်က ချမ်ချန်ကန်းကို ထိတ်လန့်သွားစေသော်လည်း ချမ်ချန်ကန်းက ထိုကျင့်ကြံသူများကိုကြည့်လိုက်သောအခါ သူတို့၏မျက်လုံးများထဲ၌ လေးစားမှုများနှင့် ကြည်ညိုမှုများအပြည့်ရှိနေကြသည်။

သူတို့က သူတို့၏မျက်လုံးများကို နှိမ်ချပြီး သူတို့၏အမူအရာ၌ ချစ်ခင်မြတ်နိုးဟန်များကိုပါ တွေ့မြင်နိုင်ပေသည်။

*စောက်ကျိုးနည်း ငါ့ကိုပရောပရီလာလုပ်နေကြတာလား။ သူတို့က တကယ့်ကို လေးနက်တဲ့ခံစားမှုတွေရှိနေတာပဲ။ သူတို့က ငါ့ကိုဒီမှာတော့ ဖိနှိပ်ပြီးအနိုင်ယူမှာတော့ မဟုတ်လောက်ဘူးထင်တာပဲ*

ချမ်ချန်ကန်းက စိတ်သက်သာရာရစွာဖြင့် ငြီးတွားပြီးသက်ပြင်းချလိုက်သည်။

သူသည် သူ၏မျက်နှာ၌ အမူအရာကိုထုတ်မပြသော်လည်း သူ၏မျက်လုံးများက ပင်လယ်လိုနက်နဲပြီး ထိုနေရာတွင် ရပ်နေသောသူအားလုံးကို နားမလည်နိုင်သည့် ဖိအားမျိုးပေးနေပေသည်။

ထိုသူများအားလုံးက ထိတ်လန့်သွားကြသည်။

“မင်းတို့ကဘယ်သူတွေလဲ”

ချမ်ချန်ကန်းက မသိလိုက်ဖာသာဖြင့် မေးလိုက်သည်။

အခုက ခြိမ်းခြောက်ဖို့ဟန်ထုတ်မည့်အချိန်ရောက်လာပေသည်။

*ငါသာပြိုင်ဘက်ကင်းနယ်မြေက ထွက်မလာဘူးဆိုလို့ရှိရင် ငါအခုလိုမျိုးခြိမ်းခြောက်တဲ့ဟန်ထုတ်မှုမျိုး လုပ်နိုင်မှာမဟုတ်ဘူး*

All Chapters