အခန်း ၁၁၁
Vol. 9 Ch. 111
အခန်း(၁၁၁) နတ်ဆိုးသည် ယဉ်ကျေးမှုမရှိပဲ စကားတစ်ခွန်းတည်းဖြင့်ကမ္ဘာပတ်၍ လျှောက်သွားနေသည်
အချို့သောကျင့်ကြံသူများကလည်း လေးလေးစားစားတုံ့ပြန်ကြသည်။
“စီနီယာ တစ္ဆေတိုင်းပြည်မှာ စီနီယာရဲ့လုပ်ရက်တွေကို ကျွန်တော်တို့ကြားခဲ့ပါတယ်။ စီနီယာထံ ကျွန်တော်တို့ တကူးတကလာလည်ခဲ့တာပါ။”
“ဒီနေ့ တကယ်ပဲ စီနီယာက ဂုဏ်သတင်းနဲ့ ညီမယ်လို့မမျှော်လင့်ထားဘူး”
“အစိမ်းရောင်ဆံပင်နှင့်အင်မော်တယ်တစ္ဆေက သန်းပေါင်းများစွာသော လူတွေကိုကွပ်မျက်ပြီး စားသုံးလိုက်တယ်လို့ကြားရတယ်။ စီနီယာလိုကောင်းကင်ဘုံလမ်းစဉ်ကို လိုက်စားပြီး သီလရှိတဲ့သူတော်စင်တွေကပဲ အဲ့တစ္ဆေကိုနှိမ်နင်းပြီး ပြည်သူတွေကိုကယ်ခဲ့တာပဲ”
“ဒီနေ့စီနီယာကိုတွေ့ရတာ ကျွန်တော်တို့ကျင့်ကြံခြင်းလောကအတွက် တကယ့်ကို ကောင်းချီးပဲ”
ကျင့်ကြံသူများ၏ ရင်တွင်းစကားသံကိုကြားလိုက်ရသောအခါ ချမ်ချန်ကန်းကခံစားချက်များအပြည့်ဖြစ်သွားသည်။ တနည်းအားဖြင့် သူသည် ယခုအခါတစ္ဆေတိုင်းပြည်တခွင် ယေဘုယျအားဖြင့် နာမည်ကြီးနေပုံရသည်။
ဤလူများသည် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်လာခြင်းမှာ သူသည် အစိမ်းရောင်ဆံပင် နှင့်တစ္ဆေအင်မော်တယ်ကို သတ်ခဲ့ခြင်းဖြစ်၍ သူ့အား ကိုးကွယ်ရန် လာရောက်ကြခြင်းဖြစ်သည်။
ကျင့်ကြံသူတစ်ပါးက ပြောလိုက်သည်။
“စီနီယာသုံးရက်အတွင်း ကျင်းပတော့မဲ့ ကျူးရှို့ပွဲတော်ကိုသွားမှာလား”
ဤကျူးရှို့ပွဲတော်သည် ကျူးရှို့တိုက်ကြီးမှ ကျင့်ကြံသူများက နှစ်ပေါင်းသုံးရာတွင် တစ်ကြိမ်သာကျင်းပခြင်းဖြစ်သည်။
ကျင့်ကြံသူများကလည်း ချမ်ချန်ကန်းတက်ရောက်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ မရောက်ကြသောကျင့်ကြံသူများက ကျူးရှို့ပွဲတော်၌ ချမ်ချန်ကန်းရောက်ရှိလာမည်ဟု စောင့်ဆိုင်းနေကြပေသည်။
ဤကျူးရှို့ပွဲတော်တွင် ကမ္ဘာတစ်ဝှမ်းလုံးကျော်ကြားသော “ကမ္ဘာတိုင်း၌ပြိုင်ဘက်ကင်းသူ ချမ်ချန်ကန်း”ကို ဂုဏ်ပြုရန် စောင့်မျှော်နေကြသည်။
မဟုတ်ပါက ဤတောင်ပေါင်းတစ်သိန်းတောင်တန်းသို့ရောက်လာသည့် ကျင့်ကြံသူများက ပို၍များပြားပေလိမ့်မည်။
ထိုကျင့်ကြံသူ၏စကားကိုကြားသောအခါ ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ဒီအရှင်ကကျူးရှို့ပွဲတော်ရဲ့ ဖိတ်ကြားချက်ကိုရပြီးပြီး ”
ကျင့်ကြံသူများက အံအားသင့်သွားကြသည်။
“စီနီယာသာ တက်ရောက်မယ်ဆိုလို့ရှိရင် ကျူးရှို့ပွဲတော်က အရမ်းကိုခမ်းနားသွားမှာပဲ။ အရင်က ထက်ပိုပြီးတော့တောင် ခမ်းနားကြီးကျယ်သွားမှာအသေအချာပဲ”
“စီနီယာ စီနီယာက အင်မော်တယ်တွေကို လက်ဝါးတစ်ချက်နဲ့သတ်လိုက်တာလေ။ စီနီယာရဲ့ “ကမ္ဘာတိုင်းမှာပြိုင်ဘက်ကင်းသူ”ဆိုတဲ့နာမည်က ကျူးရှို့တိုက်ကြီးတစ်ခုလုံးပျံ့နှံ့နေပြီ အခြားပြည်နယ်ရှစ်ခုက ခေါင်းဆောင်တွေကလည်း ဒီပွဲမှာပါဝင်ကြမယ်လို့ကြားတယ်။
“ဟုတ်တယ်။ သူတို့အားလုံး ဒီပွဲကို တက်ရောက်လာတာက စီနီယာရဲ့မျက်နှာကြောင့်ပဲ။ အရင်တုန်းကတော့ အခြားပြည်နယ်မှာရှိတဲ့ ပြည်နယ်ခေါင်းဆောင်တွေက ဒီလိုအခမ်းအနားကိုမတက်ရောက်ကြဘူး”
“ ဒါက ပြီးတော့ ကျူးရှို့ပြည်နယ်မှာရှိတဲ့ ခေါင်းဆောင်တွေအကုန်လုံး ဖုန်းယွင်ရှေးဟောင်းဂိုဏ်း ပထမဆုံးအကြိမ်စုစည်းတာပဲ”
ကျူးရှို့တိုက်ကြီးတွင် ခေါင်းဆောင်ကိုးဦးရှိပေသည်။ ၎င်းတို့သည် ကျူးရှို့ဒယ်စောက်များကို တစ်ခုစီကို ခွဲယူပြီး ပြည်နယ်ကိုးခုကို ခွဲဝေအုပ်ချုပ်ခြင်းဖြစ်သည်။
၎င်းတို့သည် ကျူးရှို့တိုက်ကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသော ထိပ်တန်းစွမ်းအားရှင်များဖြစ်ကြ သည်။
[မှတ်ချက်။ ကျူးရှို့ဒယ်စောက်ကိုးလုံးရှိ၏။ ကျူးရှို့ဒယ်စောက်ကိုးလုံးကို တစ်လုံးစီခွဲပြီးတော့ သူတို့အုပ်ချုပ်သည့်ပြည်နယ်စုရဲ့နာမည်ကိုထည့်ပြီးတော့မှ ဝူကျိုးဒယ်စောက်၊ ယွမ်ကျိုးဒယ်စောက်ဟု ကွဲသွားကြလေသည်။]
ယခု ချမ်ချန်ကန်းနှင့်တွေ့ဆုံရန်အတွက် သူတို့က ဤကျူးရှို့ပွဲတော်သို့အမှန်တကယ် စုဝေးရောက်ရှိလာကြပေမည်။
ချမ်ချန်ကန်း၏ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကိုသတ်ဖြတ်ခြင်းက ကျူးရှို့တိုက်ကြီးတစ်ခုလုံး၏ အာရုံခံစားမှုကိုဖြစ်ပေါ်စေခဲ့သည်။
ပြည်နယ်အသီးသီးရှိ ခေါင်းဆောင်များက အထက်ဘုံတွင်ရှိသော အင်မော်တယ်များကို မစိုးရိမ်လျှင် သူ့ထံသို့အပြေးလာရောက်တွေ့ဆုံချင်ကြပေသည်။
မဟုတ်ပါက ချမ်ချန်ကန်းထံသို့ လာရောက်လည်ပတ်ရန် ဟိုးအရင်ကတည်းကပင် ကျူးရှို့တိုက်ကြီးတွင်ရှိသောစွမ်းအားရှင်များက ဖေးရှန့်တောင်သို့ရောက်ရှိလာကြမည်မှာ စိုးရိမ်မိသည်။
ချမ်ချန်ကန်းလည်း အံအားသင့်သွားသည်။ ဤကျင့်ကြံသူများထံမှ ကျူးရှို့ပွဲတော်နှင့်ပတ်သက်သော သတင်းများစွာရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် ချမ်ချန်ကန်းသည် အစမှအဆုံးရေကဲ့သို့ တည်ငြိမ်နေပြီး သူ၏မျက်လုံးများကနက်ရှိုင်းကာ ရှေးဟောင်းရေတွင်းသဖွယ်လှိုင်းထန်ခြင်းမရှိပေ။ သူ၏စိတ်ထဲ၌ ဘာဖြစ်နေမှန်းမည်သူမှမသိကြပေ။
ပို၍အရေးကြီးသည်မှာ ချမ်ချန်ကန်းသည် ကျူးရှို့ပွဲတော်သို့သွားရန် မဆုံးဖြတ်ရသေးပေ။ ထိုအခါ ကျင့်ကြံသူတစ်ပါးက မေးလိုက်သည်။
“စီနီယာ ဒီပွဲကိုပါဝင်ဖို့တောင်ပေါ်ကဆင်းခဲ့တာလား”
“ငါဒီပွဲကိုမပါဝင်ဘူး။ အခြားလုပ်စရာတွေရှိလို့ တောင်ပေါ်ကဆင်းလာတာပဲ”
သူ၏ခန္ဓာကိုယ်အတုကို သတိပြုမိသူတစ်ယောက်မှမရှိသောကြောင့် ချမ်ချန်ကန်းက စိတ်သက်သာရာရသွားသည်။
တစ်ချိန်တည်းမှာပင် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ ဖေးရှန့်တောင်သို့ သွားရောက်ကျင့်ကြံရန် ပြင်ဆင်နေသောအနက်ရောင်ရေလွှမ်းမိုးနဂါးက ရောက်ရှိလာခဲ့သည်။
ရုတ်တရက် မရေတွက်နိုင်သော ကျင့်ကြံသူများ၏အငွေ့အသက်များက ဖေးရှန့်တောင်အနီးရှိသည်ကို သူကသတိပြုမိသွားသည်။
အနက်ရောင်ရေလွှမ်းမိုးနဂါး၏မျက်နှာက သိသိသာသာပြောင်းလဲသွားခဲ့သည်။
“ဒီကောင်တွေ စီနီယာအတွက်ရောက်လာတာလား ဒါမှမဟုတ် စီနီယာကိုလာရောက်နှောင့်ယှက်တာလား”
အနက်ရောင်ရေလွှမ်းမိုးနဂါး၏မျက်လုံးများက ဒေါသများဖြင့်ပြင်းထန်သွားပြီး သူက ဖေးရှန့်တောင် အနီးသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။ သူ၏အသံက မိုးခြိမ်းသံလိုဒေါသတကြီးအော်ဟစ်လိုက်သည်။
“မင်းတို့လူဆိုးကောင်တွေ ဒီနေရာက စီနီယာကျင့်ကြံတဲ့မြင့်မြတ်တဲ့နေရာပဲ။ မင်းတို့တွေကျူးကျော်ဖို့ ဘယ်လိုတောင်သတ္တိရှိတာလဲ”
သူ၏မိုးခြိမ်းသံကဲ့သို့အသံက အလွန်ပြင်းထန်သောလေလှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့ပြီး ချမ်ချန်ကန်း၏ရွှေကြယ်များဖြင့်တောက်ပနေသော မျက်လုံးပင်တုန်လှုပ်သွားပြီး သူ၏နားပင် အူသွားစေသည်။
နတ်ဆိုးမရောက်ခင် အသံကအရင်ရောက်ရှိလာခဲ့သည်။ ကျင့်ကြံသူအားလုံးက ခေါင်းမော့ကြည့်လိုက် သောအခါ အနက်ရောင်တောင်တန်းကြီးတစ်ခု ပျံသန်းလာသည်ကိုမြင်လိုက်ရပြီး လူတိုင်းက ထိတ်လန့်သွားကြသည်။
ထိုအနက်ရောင်ရေလွှမ်းမိုးနဂါး၏မျက်လုံးများက စူးရှသောအကြည့်ဖြင့်တောက်ပနေပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ထိုးဖောက်ဝင်ရောက်လာသော ကျင့်ကြံသူအုပ်စုကိုဟန့်တားရန် ပြင်လိုက်သည်။
ရုတ်တရက် အနက်ရောင်ရေလွှမ်းမိုးနဂါးက ထိုကြားထဲ၌ ပုံသဏ္ဍာန်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုပုံရိပ်သည် အမှောင်ထဲတွင်တောက်ပနေသော မြပုလဲလုံးသဖွယ် လူအုပ်ကြားထဲတွင် အလွန်တောက်ပနေပြီး အလွန်ပင်မျက်စိစရာကောင်းနေသည်။
ထိုအခိုက် ယဉ်ကျေးမှုမရှိသော အနက်ရောင်ရေလွမ်းမိုးနဂါးက စကားလုံးတစ်လုံးတည်းဖြင့် ချက်ချင်းပဲငြိမ်သက်သွားခဲ့သည်။
“အမှိုက်အုပ်ဘေးနားက စီနီယာပဲ”
အနက်ရောင်ရေလွှမ်းမိုးနဂါးကအံ့အားသင့်သွားသည်။ အစပိုင်း၌ သူ၏ရက်စက်ပုံကြမ်းကြုတ်သော အသွင်အပြင်က အလျှက်အမြန် ထိန်းချုပ်သွားပြီး အန္တရာယ်ကင်းသော အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူက စိတ်ပူပြီး လူ့အသွင်ပြောင်းလဲကာ ချမ်ချန်ကန်းဆီသို့ ရိုသေလေးစားစွာဖြင့် ရောက်ရှိလာခဲ့သည်။
ကျင့်ကြံသူများကလည်း အံအားသင့်သွားပြီး ဤလူသည် အမှန်တကယ်ပင် အနက်ရောင်ရေလွှမ်းမိုးနဂါးဖြစ်သည့် နတ်ဆိုးဧကရာဇ်တစ်ပါးပင်ဖြစ်သည်။
“ဘုရားရေ … တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ ဘယ်တုန်းကနတ်ဆိုးဘုရင်တစ်ပါးရှိလာတာလဲ။ ဒါတွေအားလုံးက အင်မော်တယ်နယ်မြေကြောင့်ပဲဖြစ်ရမယ်”
မူလက အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ကျင့်ကြံမှုအခြေခံမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်းနှင့်မဝေးသော အခြေတည်စိတ်ဝိညာဉ်အလွှာကိုးတွင်ရှိပေသည်။
အနှစ်တစ်ရာအတွင်း သူသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းစွမ်းအားရရှိပြီး နတ်ဆိုးအင်ပါယာတစ်ပါး ဖြစ်လာပေလိမ့်မည်။
သို့သော် ယခု သူသည် ဖေးရှန့်တောင်တွင် နေ့နေ့ညညကျင့်ကြံခဲ့ပြီး သူ၏ကျင့်ကြံမှုက ခုန်ပျံကျော်လွှားကာ အလျင်အမြန်တိုးတက်လာခဲ့သည်။
အနက်ရောင်ရေလွှမ်းမိုးနဂါးတွင် အစွမ်းထက်သောအရည်အချင်းရှိပြီး ယခုအခါ သူသည် အင်မော်တယ် နယ်မြေ၏ အကူအညီများစွာလည်းရရှိထားပြီဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်က သူသည် နတ်ဆိုးဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့သည်။
ထို့ကြောင့် အနက်ရောင်ရေလွှမ်းမိုးနဂါးက ချမ်ချန်ကန်းကိုကျေးဇူးတင်ရုံသာမက အလွန်လေးစားကြည်ညိုမှုအပြည့်ရှိပေသည်။
တနည်းအားဖြင့်ဖော်ပြရမည်ဆိုလျှင် ချမ်ချန်ကန်းသည် အနက်ရောင်ရေလွှမ်းမိုးနဂါးကို မမြင်ရရုံ ဖြင့်ဖိနှိပ်နိုင်ခဲ့ပေသည်။