← Chapters

အခန်း ၁၁၂

Vol. 9 Ch. 112

အခန်း ၁၁၂

Vol. 9 Ch. 112

အခန်း(၁၁၂) ဆောင်းဦးတွင်ထွက်ပေါ်လာသောအနက်ရောင်ပိုးကောင်များက အရည်အချင်းမပြည့်မှီပါ

“ဟေးကျောင်းလုံက စီနီယာကိုအရိုအသေပေးပါတယ်”

(ဟေးကျောင်းလုံ = အနက်ရောင်ရေလွှမ်းမိုးနဂါး၏နာမည်)

ချမ်ချန်ကန်းက ဟေးကျောင်းလုံကိုသိပေသည်။

ထိုအချိန်က ဟေးကျောင်းလုံသည် သက်ရှည်ဘုရားကျောင်းသို့ လာရောက်လည်ပတ်ခဲ့ပြီး သူ့အား အလွန်ရှားပါးသော ကြာပန်းမျိုးစေ့ကိုပေးခဲ့သည်။

ထို့အပြင် ထိုအတောအတွင်း သူသည် ချမ်ချန်ကန်းအတွက် အလွန်ရှားပါးသော ဆေးပင်များကိုလည်း ရှာဖွေခဲ့ပေသည်။

ထိုထဲမှ မျိုးစပ်တစ်မျိုးဖြစ်သည့် ချန်ရှင်းကော်ကိုလည်း ဟေးကျောင်းလုံမှရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ချမ်ချန်ကန်းက အသိအမှတ်ပြုစွာခေါင်းညိတ်လိုက်သည်။

“ဟေးကျောင်းလုံ မင်းက အချိန်မှန်ရောက်လာတာပဲ ”

“စီနီယာ ကျွန်တော့်ကို ဘာများမှာကြားချင်လည်းမသိပါဘူး”

“မင်းရဲ့ခန္ဓာကိုယ်ကိုယ် ပြန်ပြီးအသွင်ပြောင်းလိုက်”

ချမ်ချန်ကန်းက ဟေးကျောင်းလုံကိုပြောလိုက်သည်။

“စီနီယာ့အမိန့်အတိုင်းပါ”

ဟေးကျောင်းလုံက ငြင်းပယ်ခြင်းမရှိပဲ သူ၏ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်ရေလွှမ်းမိုးနဂါးအသွင်ကို ပြောင်းလဲလိုက်သည်။

အနက်ရောင်ရေလွှမ်းမိုးနဂါး၏ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ခန္ဓာကိုယ်ကြီးက အနက်ရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီးအေးစက်သောအရှိန်အဝါများက တောက်ပနေကာ သူ၏ ရက်စက်ကြမ်းကြုပ်မှုအသွင်အပြင်ကိုမြင်နိုင်ပေသည်။

ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးဧကရာဇ်၏ပုံရိပ်ဖြစ်သည်။

လက်ရှိတွင်ရှိနေကြသော ကျင့်ကြံသူများ၏မျက်နှာများက အလွန်ပြောင်းလဲသွားကြပြီး သူတို့၏ စိတ်ထဲ၌လည်း အလွန်လေးစားခြင်းနှင့် ကြောက်ရွံ့မှုတို့ကို ခံစားလိုက်ရသည်။

အကယ်၍ ဤအနက်ရောင်ရေလွှမ်းမိုးနဂါးသာ သူတို့ကိုသတ်ချင်ပြီဆိုပါက အလွယ်လေးသားဖြစ်သည်။

မည်သူမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ချမ်ချန်ကန်းသည် အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ခန္ဓာကိုယ်ကိုကြည့်ပြီး အလွန်အံအားသင့်သွားသည်။

“ဟေးကျောင်းလုံ မင်းက ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်လဲ၊ ဒါဆိုရင် ဒီအရှင်က မင်းကိုစီးလို့ရမလား ”

ချမ်ချန်ကန်းက မေးလိုက်သည်။

သူ၏စိတ်ထဲ၌ စိုးရိမ်ပူပန်သော အရိပ်အရောင်များရှိနေသည်။ နောက်ဆုံးတွင် ဤအနက်ရောင် ရေလွှမ်းမိုးနဂါးသည် အစွမ်းထက်သော နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်ပေသည်။

တစ်နေ့တွင် ကောင်းကင်နတ်ဆိုးမြေခွေးအင်ပါယာအပြင် အနက်ရောင်ရေလွှမ်းမိုးနဂါးသည် တောင်ပေါင်း တစ် သိန်းတောင်တန်းတွင်အသန်မာဆုံးဖြစ်ပေသည်။

*မင်းသာသူ့ကိုစီးချင်လို့ရှိရင် အဲဒါကအနက်ရောင်ရေလွှမ်းမိုးနဂါးကို သိက္ခာကျစေတာ မဟုတ်ဘူးလား*

သို့သော် ကံကောင်းထောက်မစွာဖြင့် ချမ်ချန်ကန်း၏စိုးရိမ်မှုက မလိုအပ်ပေ။ အနက်ရောင်ရေလွှမ်းမိုးနဂါးသည် ချမ်ချန်ကန်း၏စကားကို ကြားလိုက်ရသောအခါ လုံးဝဒေါသထွက်ခြင်းမရှိပဲပျော်ရွှင်မှု အပြည့်သာဖြစ်သွားသည်။

သူက ချမ်ချန်ကန်း၏ရှေ့၌ သူ၏ဦးခေါင်းကိုငုံ့ကာပြောလိုက်သည်။

“ဟေးကျောင်းလုံက စီနီယာကိုစီးတော်ယာဉ်အဖြစ်ပြုလုပ်ခွင့်ရတာက ဒီဘဝမှာကြီးကျယ်ခမ်းနားဆုံး ဂုဏ်ယူစရာပါပဲ”

စီနီယာကခေါင်းညိတ်ပြီး အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ခေါင်းပေါ်သို့လှမ်းတက်လိုက်သည်။ အနက်ရောင်ရေလွှမ်းမိုးနဂါးက ခေါင်းကိုဖြည်းညင်းစွာမြှောက်လိုက်ပြီး ချမ်ချန်ကန်းက သူ၏ခေါင်းထက်၌ ရပ်နေပေသည်။

ဤအချင်းအရာကို ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများအပြင် အခြားသောနတ်ဆိုးများကလည်း မြင်လိုက်ရပေသည်။

ထိုအထဲ၌ ဘန်ရှီးနှစ်ယောက်လည်းပါဝင်သည်။

(ဘန်ရှီး = ဟိုင်ယာလန်ဒဏ္ဍာရီထဲကသေခြင်းတရားကိုအော်ဟစ်ကြေညာတတ်သော နတ်သမီး သို့မဟုတ် သရဲတစ္ဆေမ။

သေမင်းတမာန်သရဲမ)

ဘန်ရှီးနှစ်ကောင်ထဲတွင် တစ်ကောင်သည် မြွေအမြီးတစ်ဝက်ရှိသည့် အလွန်လှပသော အသွင်အပြင်ရှိသည်။

သူက အနက်ရောင်ရေလွှမ်းမိုးနဂါးကဲ့သို့ တိမ်များကိုအလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ နောက်ထပ် ဘန်ရှီးတစ်ကောင်လည်းရှိပေသည်။

မြင်လိုက်ရသောအခါ သူမသည် အတောင်နှစ်ဖက်ရှိပြီး သွယ်လျလှပသောပေါင်တန်တစ်စုံလည်းရှိပေသည်။

ဤအခိုက် ဘန်ရှီးနှစ်ကောင်လုံးက ဟေးကျောင်းလုံကို မနာလိုသော မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။

“စီနီယာက ဘာလို့ ငါတို့ကိုကြတော့ အခွင့်ရေးမပေးတာလဲ ”

အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ခေါင်းပေါ်တွင်ရပ်တည်နေသော ချမ်ချန်ကန်းကိုကြည့်ပြီး လူတိုင်းက ခံစားလိုက်ရသည်။

ကျင့်ကြံသူများကလည်း ချမ်ချန်ကန်းကို လေးစားကြည်ညိုသောအကြည့်ဖြင့်ကြည့်နေကြသည်။

စီနီယာကဲ့သို့ မြင့်မြတ်သောအရှင်သခင်သာလျှင် နတ်ဆိုးဧကရာဇ်၏ဦးခေါင်းကို နိမ့်ချစေရန် အရည်အချင်းပြည့်မီပေသည်။

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“အားလုံးပဲ ဒီနေ့တော့ ဒီအရှင်မှာ အရေးကြီးလုပ်စရာတွေရှိနေတော့ မင်းတို့နဲ့ဆက်မပြောတော့ဘူး။ သွားလိုက်ပါဦးမယ်”

ထိုစကားကိုပြောပြီးနောက် ချမ်ချန်ကန်းက ဟေးကျောင်းလုံ၏ ခေါင်းကိုပုတ်လိုက်သည်။

ရှည်လျားသော ဟိန်းဟောက်သံနှင့်အတူ နဂါးနက်ကကောင်းကင်ထက်သို့ အော်ဟစ်ပြီးချက်ချင်းပဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ချမ်ချန်ကန်းက လက်နှစ်ဖက်ကိုနောက်ပြစ်ပြီး သူ၏ဆံပင်များက လေထဲတွင်တဖျတ်ဖျတ်ခက်နေကာ သူ့နှလုံးသားထဲ၌လည်း အတွေးများပြည့်နေသည်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် နဂါးကိုစီးနင်ချင်းက ချမ်ချန်ကန်းကိုအလွန်တက်ကြွသော ပျော်ရွှင်သောခံစားမှုကိုပေးစေသည်။

ချမ်ချန်ကန်းသည် “ပန်းလရေမှန်လုပ်ဆောင်ချက်”၏ ကိုယ်ပွားတွင်ချီသန့်စင်‌ခြင်းကျင့်ကြံခြင်းနယ်ပယ်ကိုရယူထားသည်မှာ ကံကောင်းပေသည်။

ဤအချိန်၌ ချမ်ချန်ကန်း၏ကိုယ်ပွားသည် ချီသန့်စင်ခြင်းနယ်ပယ် အဆင့်တွင်သာရှိသော်လည်း သူက ထိုနယ်ပယ်အတွက် နယ်မြေတန်ဖိုးငါးထောင်ကို သုံးစွဲခဲ့ရပေသည်။

စနစ်ဟူသောတွင်းနက်ကြီးသည် သာမာန်ကိုယ်ပွားတစ်ခုအတွက် နယ်မြေတန်ဖိုးငါးရာကို အသုံးပြုရပေသည်။

ထို့နောက် ကျင့်ကြံခြင်းအခြေခံကို လုပ်ဆောင်ရန်အတွက် နယ်မြေတန်ဖိုးဆယ်ဆကိုလည်း ပေးဆပ်ရပေသည်။

ချီသန့်စင်ခြင်းနယ်ပယ်အတွက် နယ်မြေတန်ဖိုးငါးထောင်၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအတွက် နယ်မြေတန်ဖိုးငါးသောင်းနှင့် ရွှေဗဟိုချက်နယ်မြေအတွက် နယ်မြေတန်ဖိုးမှာငါးသိန်းဖြစ်သည်။

ချမ်ချန်ကန်း၏အမြင်အရ ဤစနစ်သည် ပြီးပြည့်စုံသောငွေကြေးလိမ်လည်သူဖြစ်သည်။

ချမ်ချန်ကန်းသည်ပင်လျင် ဤကဲ့သို့စားသုံးမှုကိုသည်းမခံနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် ယခုအခါ ချမ်ချန်ကန်းသည် ချမ်းသာလာသဖြင့် နယ်မြေတန်ဖိုးငါးထောင်သုံးစွဲမှုကို ခံနိုင်ရည်ရှိခဲ့ပေသည်။

ထိုသို့သာမဟုတ်ပါက ယခုအခါအနက်ရောင်ရေလွှမ်မိုးနဂါးကို ကောင်းကင်ထက်သို့ ပျံသန်းလိုက်သည်နှင့် သူ၏သာမန်ကိုယ်ပွားမှာ လုံးဝခံနိုင်ရည်ရှိမည်မဟုတ်ကိုစိုးရိမ်မိသည်။

ကျင့်ကြံသူများက အနက်ရောင်ရေလွှမ်းမိုးနဂါး၏ ခေါင်းထက်တွင်ရှိသော ချမ်ချန်ကန်းကို လေးစားကြည်ညိုစွာကြည့်လိုက်ကြသည်။

သူတို့၏စိတ်ထဲ၌ အတွေးတစ်ခုတည်းသာရှိပေသည်။ စီနီယာသည် လောကအကျိုးစီးပွားကိုမဖက်သဖြင့် ဤတစ်ကြိမ်နှုတ်ဆက်ပြီးပါက သူတို့တစ်သက်စီနီယာကို နောက်ထက်စကားတစ်ခွန်း ထက်မပြောနိုင်မည်ကို စိုးရိမ်မိကြလေသည်။

ထိုသို့တွေးလိုက်တိုင်း လူတိုင်း၏နှလုံးသားမှာ ဝမ်းနည်းကြေကွဲနေပေသည်။ ထိုအခိုက်အစိမ်းရောင် မြွေနတ်ဆိုးမိန်းကလေးက ရေရွတ်လိုက်သည်။

“ငါသာနတ်ဆိုးအင်ပါယာအဆင့်ကို ကျင့်ကြံနိုင်မယ်ဆိုလို့ရှိရင် စီနီယာကကြိမ်းသေပေါက်ငါ့ကို မှတ်မိမှာပဲ”

ချင်းလွမ်နတ်ဆိုးမိန်းကလေးကလည်း အစိမ်းရောင်မြွေနတ်ဆိုးမိန်းကလေးကို လှည့်မကြည့်ပဲမနေနိုင်တော့ပေ။ သူတို့တစ်ယောက်နှင့်တစ်ယောက်အကြည့်များ၌ တစ်ယောက်ကိုတစ်ယောက် စာနာသော ခံစားချက်များ ပြသနေပေသည်။

သူမသည် ချင်းလွမ်သွေးမျိုးဆက်နတ်ဘုရားငှက်တစ်ကောင်ဖြစ်ပြီး သူမ၏သွေးမျိုးစက်က အနက်ရောင်ရေလွှမ်းမိုးနဂါးထက်မြင့်မြတ်သော်လည်း သူမ၏ကျင့်ကြံမှုက အနက်ရောင်ရေလွှမ်းမိုးနဂါးထက် နိမ့်ကျနေသည်မှာ အလွန်သနားစရာကောင်းပေသည်။

မဟုတ်ပါက စီနီယာက သူမကိုအခွင့်အရေးပေးမှာ သေချာပေသည်။

ချမ်ချန်ကန်းသည် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်ကို တိုက်ခိုက်သည့်နေ့၌ သူတို့က တိုက်ပွဲသို့ကြည့်ရန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ချမ်ချန်ကန်း၏ပြိုင်ဘက်ကင်းသော အသွင်အပြင်က ဤနတ်ဆိုးမနှစ်ယောက်၏ နှလုံးသားထဲ၌ ကြာရှည်စွာ စွဲထင်နေပေသည်။

ဤနတ်ဆိုးမနှစ်ယောက်၏ နှလုံးသားထဲတွင်မကပဲ အခြားသောအမျိုးသမီး ကျင့်ကြံသူများ၏စိတ်ထဲ၌လည်းအတူတူသာလျင်ဖြစ်ပေသည်။

သူတို့၏စိတ်ထဲ၌ ချမ်ချန်ကန်းကိုလေးစားကြည်ညိုမှုနှင့် ချစ်မြတ်နိုးမှုများရှိနေကြသည်။ အကယ်၍ စီနီယာသာ သူတို့ကိုစီးနှင်းမည်ဆိုပါက ဤသည်က သူတို့ဘဝတစ်သက်စာအတွက် ကောင်းချီးသာဖြစ်ပေသည်။

၎င်းတို့သည် ကျူးရှို့တိုက်ကြီးတွင် ယွမ်ယင်အဆင့် နတ်ဆိုးဘုရင်များဖြစ်ကြသော်လည်း ယခုအခါ သူတို့မှာအထီးကျန်ပြီး သနားစရာကောင်းသည့်ပုံရပေသည်။

သို့ပေမဲ့ စီနီယာဆိုသည့်တောင်ပေါ်ကို တက်ချင်ပါက သူတို့ကအရည်အချင်းမပြည့်မှီဘူးဆိုတာ သူတို့ကို သူတို့သိပေသည်။

တိုက်ဆိုင်စွာပင် အစိမ်းရောင်မြွေနတ်ဆိုးမိန်းကလေးနှင့် ချင်းလွမ်နတ်ဘုရားမိန်းကလေးတို့က ကောင်းကင်ထက်တွင် တဖြည်းဖြည်းပျောက်ကွယ်သွားသော အနက်ရောင်ရေလွှမ်းမိုးနဂါးကို စိုက်ကြည့်ပြီး တစ်နေ့၌ သူမတို့ကအနက်ရောင်ရေလွှမ်းမိုးနဂါးထက် သေချာပေါက်ကျော်လွန်လိမ့်မည်ဟုကြိမ်ဆိုကြသည်။

သို့သော်လည်း အနက်ရောင်ပိုးကောင်နှစ်ခုက စီနီယာရဲ့စီးတော်ယာဉ်ဖြစ်ဖို့အရည်အချင်းပြည့်မှီပါ့မလား …

All Chapters