← Chapters

အခန်း ၁၁၃

Vol. 9 Ch. 113

အခန်း ၁၁၃

Vol. 9 Ch. 113

အခန်း(၁၁၃) ယုတ်ညံ့တဲ့သားရဲ မင်းအခုကစပြီး ဒီဘုန်းကြီးရဲ့စီးတော်ယာဉ်ဖြစ်လာလိမ့်မယ်

အနက်ရောင်ရေလွှမ်းမိုးနဂါးသည် တိမ်များနှင့်မြူခိုးများကိုဖြတ်သန်းပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းရှိကြီးမားသော တောင်တန်းများနှင့်မြစ်ပြင်များကို ဖြတ်သန်းကာပျံသန်းနေပေသည်။

ချမ်ချန်ကန်းသည် သူ၏ကျောပေါ်၌လက်နှစ်ဖက်ကို နောက်ပစ်ပြီးမက်တတ်ရပ်လိုက်သည်။ အနက်ရောင်ရေလွှမ်မိုးနဂါး၏ စွမ်းအားက သူ့အရှေ့တွင်တိုက်ခက်လာသော လေပြင်းများကို ပိတ်ဆို့ ထားပေသည်။

ဟေးကျောင်းလုံက တလေးတစားမေးလိုက်သည်။

“စီနီယာကျွန်တော်တို့ ဘယ်သွားကြမလဲ”

ချမ်ချန်ကန်းက ပြောလိုက်သည်။

“ငါသွားခဲ့တဲ့နေရာတွေက ထင်ယောင်ထင်မှားပဲ သဲလွန်စလည်းမရှိပါလား ”

ဟေးကျောင်းလုံက အလွန်ရှက်သွားသည်။

သူက အလွန်ပညာမတတ်ဘူးဟု ခံစားလိုက်ရသည်။ သူသည် စီနီယာ၏လေးလေးနက်နက်ပြောသော စကားများကို ဘာကိုဆိုလိုလည်းဆိုတာ နားမလည်ပေ။

“စီနီယာဘာကိုဆိုလိုတာလဲ”

“ဟေးကျောင်းလုံ မင်းသွားချင်တဲ့အတိုင်းသွားလို့ရတယ်။ ဒီအရှင်က တောင်ပေါ်ကနေ မြစ်ချောင်းတွေနဲ့ လှပတဲ့ရှု့ခင်းတွေကို ခံစားဖို့သက်သက်ပဲ ”

“အမိန့်အတိုင်းပါစီနီယာ”

ဟေးကျောင်းလုံက အလွန်လေးစားသွားသည်။ သူ့စိတ်ထဲ၌ စီနီယာကို စီးခွင့်ပေးသည်မှာ အလွန်ကံကောင်းသည်မို့ ပျော်ရွှင်သွားသည်။

ထိုလူအိုကြီးများ ဖေးရှန့်တောင်သို့ရောက်လာသောအခါ သူက သူတို့ကိုကြွားရပေမည်။

*ဟား ဟား ဟား ဟား … ဒီနေ့စီနီယာကဟေးကျောင်းလုံကိုစီးခဲ့တာပဲ။ မင်းတို့မနာလိုဖြစ်တယ်မလား ဟား ဟား ဟား ဟား *

ချမ်ချန်ကန်းသည် ကောင်းကင်ထံမှနေ၍ တောင်နှင့်မြစ်များ၏အလှကိုခံစားနေသည်။

ချမ်ချန်ကန်းသည် မြစ်များနှင့်တောင်များ၏အလှတရားကိုခံစားလိုသည်ဟူသော စကားကိုကြားလိုက်ရသောအခါ အနက်ရောင်ရေလွှမ်းမိုးနဂါးက ဖြည်းညှင်းစွာဖြင့်ပျံသန်းနေပြီး

မြူခိုးများက တဖြည်းဖြည်းထူထက်လာကာ ချမ်ချန်ကန်းက တွေးလိုက်မိသည်။

“ငါက ပြိုင်ဘက်ကင်းနယ်မြေက ထွက်ခွာလာပြီဆိုတော့”အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”က အပြင်ဘက်မှာအသုံးဝင်သေးလားဆိုတာ စမ်းသပ်ဖို့အချိန်တန်ပြီ”

ချမ်ချန်ကန်းက ခဏလောက်စဉ်းစားလိုက်ပြီး “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို အသုံးပြုတော့ မည်ပြုလိုက်သည်။

ထိုအခိုက် ဟေးကျောင်းလုံက ရုတ်တရက် ထပြောလိုက်သည်။

“စီနီယာအရှေ့မှာ အရမ်းကြောက်စရာကောင်းတဲ့ အငွေ့သက်တွေရှိတယ်”

ထိုအခါ ချမ်ချန်ကန်းက “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကို အသုံးမပြုတော့ပဲ

“အဲဒါဆိုလည်းရှောင်လိုက်”

“စီနီယာရဲ့စကားအတိုင်းပါ”

ဟေးကျောင်းလုံက သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို တွန့်လိမ်သွားကာသူ၏အနက်ရောင်ကြေးခွံများကလည်း တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်

“ဝူး … ဟူး … ဟူး ….ဟူး …. ”

ဟူသော အသံတစ်ခုထွက်ပေါ်လာပြီး ကြေးဝါရောင်စစ်သင်္ဘောကြီးတစ်စင်းက သားရဲကြီးအလား တိမ်များနှင့်မြူခိုးများကို ဖြတ်သန်းကာတောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်ရှိလာခဲ့သည်။

ထိုသင်္ဘောသံကြီးက အလွန်ဝေးကွာသောနေရာကပင်ကြားရပြီး ကြောက်မက်ဖွယ်ရာကောင်းသော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

ဟေးကျောင်းလုံသည် ရုတ်တရက်ပေါ်လာသော ကြေးဝါရောင်သင်္ဘောကြီးကို စိုက်ကြည့်ပြီး သူ၏ မျက်လုံးများက ရုတ်တရက်ထိတ်လန့်သွားပုံရသည်။

*ရွှေမြူခိုးအင်မော်တယ်သင်္ဘောက ဝူကျိုးသခင်ရဲ့ခရီးသွားရတနာလို့ ကောလာဟာလ တွေထွက်ပေါ်နေတာပဲ။ ဝူကျိုးသခင်က ဒီနေရာကို ရောက်လာတာများဖြစ်နိုင်မလား*

ထိုအခိုက် ဟေးကျောင်းလုံက အားမြှောင်ကိုတွေးမိသွားသည်။

အားမြှောင်သည် ဝူကျိုးသခင်၏ သမီးတော်ဖြစ်သည်။

သူမသည် ဝူကျိုးဒယ်စောက်ကို အသုံးပြုခဲ့သဖြင့် သူမ၏ဖခင်ကသတိပြုမိခဲ့ပြီး ယခု သူမကိုရှာဖွေရန် ရောက်ရှိလာပုံရသည်။

အားမြှောင်သည် ရှေးမြေခွေးမျိုးနွယ်စု၏တားမြစ်နယ်မြေထဲတွင် ပုန်းအောင်းနေကြောင်းကို ကြားလိုက်ရသဖြင့် သူက စိတ်မပူပဲမနေနိုင်တော့ပေ။

ချမ်ချန်ကန်းက အံအားသင့်သွားပြီးမေးလိုက်သည်။

“ဒီသင်္ဘောကလေထဲမှာလှိုင်းစီးနေသလိုပဲ တကယ့်ကိုခမ်းနားတာပဲ။ ဒါပေမဲ့ ကောင်းကင်ယံမှာ မင်းနဲ့တွေ့ဆုံမယ်လို့ မမျှော်လင့်ထားဘူး”

“စီနီယာမသိဘူးလား”

ချမ်ချန်ကန်းက အံအားသင့်သွားသည်။

“ဒီသင်္ဘောကအရမ်းနာမည်ကြီးလို့လား”

သို့သော်လည်း မျက်နှာပြင်ပေါ်၌ ချမ်ချန်ကန်းက တည်ငြိမ်နေပြီး သဘောထားကြီးဟန်ဖြင့် မေးလိုက်သည်။

“ဒီအရှင်က နှစ်ပေါင်းများစွာ ကျင့်ကြံလာတာကြာပြီလေ။ ငါက ကျူးရှို့တိုက်ကြီးနဲ့သိပ်မရင်းနှီးသေးဘူး။ မင်းက ဒီသင်္ဘောကိုသိတယ်ဆိုတော့ ဒီသင်္ဘောအကြောင်းငါ့ကိုပြောပြစမ်း”

ဟေးကျောင်းလုံက ထိုအကြောင်းကိုရှည်ရှည်ဝေးဝေးသိပ်မစဉ်းစားပေ။ ချမ်ချန်ကန်းသည် လက်တစ်ဖက်တည်းဖြင့် အင်မော်တယ်သတ္တဝါများကို သတ်ဖြတ်နိုင်သည့်တည်ရှိမှုဖြစ်သည်။

ဝူကျိုးသခင်သည် အံအားသင့်ဖွယ်ကောင်းသော်လည်း ချမ်ချန်ကန်းနှင့်အဆင့်တူမဟုတ်ပေ။ ထို့ကြောင့် စီနီယာက သူ့ကို မထီမဲ့မြင်ပြုသည်မှာဖြစ်သင့်ပေသည်။

ထို့နောက် ဟေးကျောင်းလုံက တလေးတစားရှင်းပြလိုက်သည်။

“စီနီယာ ဒီသင်္ဘောကိုရွှေမြူခိုးအင်မော်တယ်သင်္ဘောလို့ခေါ်တယ်။ အဲဒါက ဝူကျိုးသခင်ရဲ့ခရီးသွား ရတနာလို့ကြားတယ်”

“ဝူကျိုးသခင်ဟုတ်လား”

ချမ်ချန်ကန်း၏မျက်လုံးများက အနည်းငယ်မှေးစင်းသွားပြီး တွေးလိုက်မိသည်။

“သူကငါ့အတွက်လာတာလား။ ဒါမှမဟုတ်ကျူးရှို့ပွဲတော်ကိုပါဝင်ဖို့ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းကိုသွားတာလား ”

ထိုစကားကိုကြားသောအခါ ဟေးကျောင်းလုံက သက်ပြင်းချလိုက်သည်။

“စီနီယာ ဒီရွှေမြူခိုးအင်မော်တယ်သင်င်္ဘောက တောင်ပေါင်းတစ်သိန်းတောင်တန်းနားကို ရောက်လာတာဆိုတော့ အားမြှောင်ဆီရောက်လာတာပဲဖြစ်ရမယ်”

“အားမြှောင်ဟုတ်လား”

ချမ်ချန်ကန်းက ထပ်ပြီးမေးလိုက်သည်။

“အားမြှောင်လား သူမဆီမှာ ဘာကိစ္စရှိလို့လဲ ”

ဤသို့ဖြင့် ချမ်ချန်ကန်းသည် အလွန်သက်ဝင်ပြီးတက်ကြွသောစရိုက်ရှိသည့် အားမြှောင်ကိုမတွေ့ရသည် မှာ ရက်အနည်းငယ်ကြာပေသည်။

ချမ်ချန်ကန်းသည် နဂါးငါးကြင်းအနည်းငယ်အတွက် အားမြှောင်နှင့်လဲလှယ်ရန်စီစဉ်ထားပေသည်။ ဟေးကျောင်းလုံက ခဏလောက်စဉ်းစားပြီး ချမ်ချန်ကန်းကို သူသိသမျှပြောပြလိုက်သည်။

ဟေးကျောင်းလုံ၏ ရှု့ထောင့်အရဆိုလျင် ချမ်ချန်ကန်းသာကူညီမယ်ဆိုပါက အားမြှောင်ကို သေချာပေါက်ကူညီနိုင်ပေမည်။

ချမ်ချန်ကန်းသည် ထိုအကြောင်းအရာကိုကြားသောအခါ အံအားသင့်သွားသည်။

“အားမြှောင်ရဲ့အဖေက အားမြှောင်ကိုဘုန်းကြီးနဲ့လက်ထပ်ခိုင်းတယ်ဟုတ်လား။ သူကအားမြှောင်ကို သီလရှင်လုပ်စေချင်တာလား။ သနားစရာကောင်းလိုက်တဲ့ကြောင်လေး။ သူမက အရမ်းချစ်စရာကောင်းတဲ့ကလေးပဲ။ အခုတော့ သီလရှင်ဖြစ်ရတော့မယ်။ ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ ”

ဟေးကျောင်းလုံက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်စီနီယာ အားမြှောင်က အဲဒီအိမ်ထောင်ရေးကနေ လွတ်မြောက်ချင်လို့တောင်ပေါင်း တစ်သိန်းတောင်တန်းကိုရောက်လာပြီး လာပုန်းနေပေမဲ့ အခုတော့ အားမြှောင် မလွတ်မြောက်နိုင် တော့ဘူးထင်ပါတယ်”

ချမ်ချန်ကန်းသည် အရှေ့မှလာသောရွှေမြူခိုးအင်မော်တယ်သင်္ဘောကိုကြည့်ပြီး ရေရွတ်လိုက်မိသည်။

“ဝူကျိုးသခင်ဟုတ်လား”

အကြောင်းတရားနှင့်အကျိုးသက်ရောက်မှုကိုသိသဖြင့် ချမ်ချန်ကန်းက သူနှင့်သက်ဆိုင်ကြောင်းသိ လိုက်သည်။

အကယ်၍ အားမြှောင်သာ ထိုနေ့တွင် ဝူကျိုးဒယ်စောက်ကိုအသုံးမပြုပါက ဝူကျိုးသခင်က သူမကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဘုန်းကြီးသည် အဘယ့်ကြောင့်သုတ္တန်ကိုရွတ်ပြီး ဘုရားကိုမရှိခိုးပဲ အမျိုးသမီးတစ်ယောက်နှင့်လက်ထပ်ချင်သနည်း။

ဒီလိုမျိုးစီစဉ်ထားတဲ့ အိမ်ထောင်ရေးအစီစဉ်က အချစ်ဆိုတဲ့ခံစားချက်မရှိပေ။ လွတ်လွတ်လပ်လပ်တွေးခေါ်သော ချမ်ချန်ကန်းအနေဖြင့် ဤအကြောင်းအရာကို ပျက်ပျက်သားသား ဆန့်ကျင်ပေသည်။

ထိုအခိုက် ကောင်းကင်ယံထက်သို့ ထိုးဖောက်ဝင်ရောက်လာသော ရွှေမြူခိုးအင်မော်တယ်သင်္ဘောက ရုတ်တရက်ရပ်တန့်သွားသည်။

ထို့နောက်၌ တောက်ပသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ရွှေမြူခိုးအင်မော်တယ်သင်္ဘောမှာအလွန်တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးရှိ ရတနာစက်ဝိုင်းအဖြစ် ပြောင်းလဲသွားကာ အနက်ရောင်ရေလွှမ်းမိုးနဂါးကို ဖုံးလွှမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အလွန်ကျယ်ပြောလှသောဗုဒ္ဓ၏အသံက ရွှေမြူခိုးအင်မော်တယ်သင်္ဘောထံမှ ထွက်ပေါ်လာခဲ့သည်။

“နတ်ဆိုးသားရဲနဂါး မင်းက ဖူထျန်းဘုရားကျောင်းနဲ့ ရေစက်ရှိတယ်။ အခုချိန်ကစပြီး မင်းက ဒီဘုန်းကြီးရဲ့စီးတော်ယာဉ်ဖြစ်လာလိမ့်မယ်။ ရုန်းကန်ဖို့မစဉ်းစားနဲ့”

All Chapters