← Chapters

အခန်း ၁၁၅

Vol. 9 Ch. 115

အခန်း ၁၁၅

Vol. 9 Ch. 115

အခန်း (၁၁၅)အော်မီတောဖော အော်မီတောဖော…၊ အင်မော်တယ်သပိတ်

ချန်ချမ်ကန်းသည် ထိုဘုန်းကြီး၏ ရိုးရှင်းသောလုပ်ရပ်ကို မြင်တွေ့ပြီး အလွန်အစွမ်းထက်ကြောင်းကို သိလိုက်သည်။ ထိုဗုဒ္ဓ၏ ဒေါသလက်သီးက သူ့အပေါ်သို့ ကျရောက်မည်ဆိုပါက ဤကိုယ်ပွားက မုချသေပေလိမ့်မည်။

ချန်ချမ်ကန်းက အလွန်စိတ်ပူသွားသည်။ ဤဘုန်းကြီးသည် အမှန်တကယ် မိုက်ရူးရဲဆန်ပြီး ဆင်ခြင်တုံတရားမဲ့ကာ မာနကြီးသူဖြစ်ပေသည်။ ဤဘုန်းကြီးသည် ဖေးရှန့်တောင်သို့လာပြီး သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်လာသည့်အခါမှ

*ဘုန်းကြီးစုတ် ငါ့ကို ဘယ်လိုကျော်လွှားနိုင်မလဲ ငါကြည့်ဦးမယ်*

ဗုဒ္ဓ၏ ဒေါသလက်သီး ကျရောက်လာသည်နှင့်အမျှ ရေလွှမ်းမိုးနဂါးက အန္တရာယ်ကိုသိသော်လည်း ကြောက်ရွံ့ခြင်းမရှိပေ။ သူက အေးစက်သော နှာမှုတ်သံနှင့်အတူ သူ၏အနက်ရောင်အမြီးက ရုတ်တရက် ရှေ့သို့ပျံသန်းလာခဲ့သည်။

ရေလွှမ်းမိုးနဂါး၏ အနက်ရောင်အမြီးက အနက်ရောင်တောင်တန်းကြီးတစ်ခုလို လွင့်ပျံလာခဲ့သည်။ ထို့နောက် ဗုဒ္ဓ၏ ဒေါသလက်သီးနှင့် အပြင်းအထန်တိုက်မိသွားခဲ့သည်။

အနက်ရောင်နဂါး၏ တိုက်ခတ်မှုကြောင့် ဗုဒ္ဓ၏ဒေါသလက်သီးက အလွယ်တကူ ပြိုပျက်သွားသည်။ ဗုဒ္ဓ၏အလင်းရောင်က မှိန်ဖျော့သွားပြီး ဘုန်းကြီး၏မျက်လုံးက ပြူးသွားကာ ဤအချိန်၌ အချိန်ခဏလောက် ရပ်တန့်သွားခဲ့သည်။

ဘုန်းတော်ကြီးကျန်းကန်က စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ဒီနဂါးက တကယ့်ကို လေးနက်တဲ့ ကျင့်ကြံမှုအခြေခံရှိတာပဲ။ ကိုင်တွယ်ရတာ သိပ်မလွယ်ကူဘူး”

ထို့နောက် ချက်ချင်းပဲ ဘုန်းတော်ကြီးကျန်းကန်က ရေရွတ်လိုက်သည်။

“အောမီတောဖော အောမီတောဖော..... အင်မော်တယ်သပိတ်ရောက်လာစမ်း”

ဝှီး...

တစ်ခဏအတွင်းမှာပင် ကောင်းကင်ထက်၌ တောက်ပသော အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ သပိတ်တစ်လုံးသည် သူ၏ခန္ဓာကိုယ်မှ ပြေးထွက်လာခဲ့ပြီး ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်ကြီးမားသော တောင်တန်းကြီးတစ်ခုအလား ဖြစ်သွားသည်။ သပိတ်ထဲမှ ဒေါသမြစ်၏ လှိုင်းလုံးကြီးက အတိုင်းအဆမရှိ တိုက်ခတ်လာခဲ့ပြီး ဗုဒ္ဓ၏အလင်းရောင်ကလည်း ထွက်ပေါ်လာခဲ့သည်။

ဟေးကျောင်းလုံက မကြောက်ရွံ့သော်လည်း သူ၏စီနီယာရှေ့၌ သူ မျက်နှာပျက်သွားရပေသည်။ စီနီယာ၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အင်မော်တယ်များကိုပါ လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်သူဖြစ်သည်။ ယခု ဤအခြေတည်စိတ်ဝိညာဉ်လေးအား စီနီယာက လက်လေးတစ်ချောင်းလှုပ်ရုံဖြင့် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ သို့သော် စီနီယာက ဝင်ရောက်အရေးယူခြင်းမရှိသဖြင့် ဤသူ့အား သူ့အတွက် လွှဲပေးထားခြင်းဖြစ်ရပေမည်။

ထိုသို့တွေးပြီး ဟေးကျောင်းလုံ၏ နှလုံးသား၌ ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားလိုက်ရသည်။ သူက စီနီယာ့အရှေ့၌ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရပေမည်။ စီနီယာ့ကို သိက္ခာကျစေ၍ မဖြစ်ပေ။ သူသည် စီနီယာကို အနှောင့်အယှက်ဖြစ်မည်ကို စိုးသောကြောင့် သူ၏ခေါင်းကို မလှုပ်ဝံ့ဘဲ သူ၏အမြီးကိုသာ ဆက်လက်လှုပ်ယမ်းပြီး အလွန်စွမ်းထက်သော နတ်ဆိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ယင်မြွေများက လှုပ်ရှားလာကြပြီး အဖြူရောင်ကြိုးကြာများနှင့် တိုက်ခိုက်ကြသည်။ နတ်ဆိုးကျားများကလည်း ကြမ်းကြမ်းတမ်းတမ်း ပြေးထွက်လာကြပြီး တိုက်ပွဲဝင်လာကြသည်။

ယနေ့၌ ဤကဲ့သို့ အနိုင်ရရှိရန် အနက်ရောင်ရေလွှမ်းမိုးနဂါးသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ရပြီး ယခုမှ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ ဝင်ရောက်လာပြီး တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ဤဆင်းရဲသားဘုန်းကြီးက သူ့ကို မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။

သူ၏တိုက်ခိုက်မှုတိုင်းက စွမ်းအားအပြည့်ဖြစ်ပြီး အလွန်ထက်မြက်ပြီး လျင်မြန်ပေသည်။ ထို့နောက် အင်မော်တယ်သပိတ်ကို အလွယ်တကူပိတ်ဆို့ပြီး ထိုအထဲမှ ဗုဒ္ဓ၏အလင်းရောင်ကို အလွယ်တကူ ဖယ်ရှားလိုက်သည်။

“ရဟန်းလေး...စီနီယာရဲ့အရှေ့မှာ ဘယ်လိုတောင် မာနကြီးရဲတာလဲ။ မင်းသေသင့်တယ်”

အနက်ရောင်ရေလွှမ်းမိုးနဂါးက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများက အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်ရေလွှမ်းမိုးနဂါး၏ အနက်ရောင်အမြီးကြီးက အင်မော်တယ်သပိတ်ကို ကောင်းကင်ထက်မှ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဝုန်း...

အင်မော်တယ်သပိတ်က ပျက်ကျသွားပြီး ဒေါသကြီးနေသော ပင်လယ်၏လှိုင်းလုံးကြီးက သန္တာကျောကတန်းကို ရိုက်ချိုးလိုက်သကဲ့သို့ ကျယ်လောင်သော ဆူညံသံမျိုး ထွက်ပေါ်လာခဲ့သည်။

ထို့နောက် အင်မော်တယ် သပိတ်လည်း လွင့်စင်သွားခဲ့သည်။ ဘုန်းတော်ကြီးကျန်းကန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ကိုမြှောက်လိုက်ရာ လွင့်စင်သွားသော အင်မော်တယ်သပိတ်က သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထို့နောက် သူသည် ဘာမှဆက်မလုပ်ဘဲ ချန်ချမ်ကန်းနှင့် ဟေးကျောင်းလုံတို့ကို စိုက်ကြည့်ရင်း မျက်စိမှိတ်ကာ သူ၏ပါးစပ်၌ ဗုဒ္ဓကျမ်းဂန်တို့ကို တိုးတိုးလေးရွတ်ဆိုလိုက်သည်။ ထို့နောက် တစ်ချိန်တည်းမှာပင် သူ၏ရင်ဘတ်ပေါ်တွင်ရှိသော ဓာတ်တော်ပုတီး ၁၈လုံးက ဤဆင်းရဲသားရဟန်းကို ကာကွယ်ရန် အမြန်ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ထိုဓာတ်တော်ပုတီး ၁၈လုံးက ရွှေရောင်သင်္ကန်းဝတ်ဆင်ထားသော ရဟန္တာ ၁၈ပါးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဗုဒ္ဓ၏ရောင်ခြည်တော်များ ထွန်းလင်းတောက်ပနေပေသည်။

ဟေးကျောင်းလုံလည်း ထိုရဟန္တာ ၁၈ပါးကိုကြည့်ပြီး အံ့အားသင့်သွားသည်။ ထိုရဟန္တာ ၁၈ပါးသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ကြပြီး သူတို့က အနည်းငယ်မျှ အားမနည်းသည်ကို တွေ့ရသည်။ ဤသူတို့သည် ဗုဒ္ဓအဖြစ်သို့ ကူးပြောင်းသွားသော ရဟန္တာ ၁၈ပါးဖြစ်သည်။

ဤအခြင်းအရာက အနက်ရောင်ရေလွှမ်းမိုးနဂါးကို အလွန်ထိတ်လန့်သွားစေခဲ့သည်။ တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး၌ သူနှင့် ကောင်းကင်မြေခွေးနတ်ဆိုးအင်ပါယာတို့သာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း ကျင့်ကြံမှုအခြေခံရှိကြပေသည်။

နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်စွမ်းအားသည် ကျူးရှိူ့တိုက်ကြီးတွင် ထိပ်တန်းစွမ်းအားရှင်အဖြစ် သတ်မှတ်ပေသည်။ သူသည် ကမ္ဘာပေါ်တွင် သွားချင်သည့်နေရာကို သွားလာနိုင်ပြီး အလွန်ရှားပါးသောဖြစ်တည်မှုတစ်ခုဖြစ်သည်။

သို့သော် ဤဆင်းရဲသားရဟန်း၏ရင်ဘတ်မှ ဓာတ်တော်မွေတော်ပုတီး ၁၈လုံးက ရုတ်တရက် ရဟန္တာ ၁၈ပါးဖြစ်သွားကြမည်ကိုတော့ မည်သူမှမထင်ကြပေ။ ဤသည်ကား ရိုးရိုးရှင်းရှင်းနှင့် အံ့အားသင့်စရာကောင်းပေသည်။ ဤဆင်းရဲသားဘုန်းကြီး၏ ဇာစ်မြစ်က မရိုးရှင်းကြောင်း သက်သေပြပေသည်။

ဘုန်းတော်ကြီးကျန်းကန်က ရဟန္တာ ၁၈ပါးကို ဆင့်ခေါ်ခဲ့သော်လည်း ချန်ချမ်ကန်းနှင့် ဟေးကျောင်းလုံတို့ကို တိုက်ခိုက်ရန် အမိန့်မပေးခဲ့ပေ။

ချန်ချမ်ကန်းက မျက်လုံးများကို မှေးစင်းလိုက်သည်။ သူက ဤအခြင်းအရာကိုကြည့်ပြီး ဤဘုန်းကြီး ၁၈ပါးကိုသာ သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲတွင် သတ်ဖြတ်ပါက သူ၏နယ်မြေတန်ဖိုး ဘယ်လောက်ရမလဲဟု တွေးနေမိသည်။ ဗုဒ္ဓအဖြစ်သို့ အသွင်ပြောင်းသွားသော ဘုန်းတော်ကြီး ၁၈ပါးသည် ဤနဂါးနက် ခုခံနိုင်သောအရာမျိုး မဟုတ်ပေ။

ထိုအခိုက် ဆင်းရဲသားဘုန်းတော်ကြီး၏ နဖူး၌ ရွှေကြာပန်းအမှတ်အသား ထွက်ပေါ်လာခဲ့သည်။ တစ်ခဏအတွင်းမှာပင် ဗုဒ္ဓ၏အလင်းရောင်က ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။

All Chapters