← Chapters

အခန်း ၁၁၉

Vol. 10 Ch. 119

အခန်း ၁၁၉

Vol. 10 Ch. 119

အခန်း (၁၁၉) ရဟန်းအနန္တ၊ စီနီယာအသက်ကိုချမ်းသာပေးပါ

ရွှေမြူခိုးအင်မော်တယ်သင်္ဘောအထက်၌ ကျန်းကန်က သေချင်စိတ်ရှိသောမျက်နှာဖြင့် လှေပေါ်၌ဒူးထောက်နေလေသည်။

ချမ်ချန်ကန်းနှင့်ဟေးကျောင်းလုံတို့နှစ်ဦးက သူ့ကိုအေးစက်စွာစိုက်ကြည့်နေကြသည်။

ကျန်းကန်က လက်အုပ်ချီပြီး ရေရွတ်လိုက်သည်။

“အမိတ္တဘ ကျွန်ုပ်၏ဘုရားရှင် ဂရုဏာထားတော်မူပါ”

ထိုစကားပြီးဆုံးသည်နှင့် ကျန်းကန်၏ခန္ဓာကိုယ်မှရွှေရောင်အလင်းတန်းများ ထုတ်လုပ်လာပြီး ရွှေရောင်မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ကိုလောင်ကျွမ်းသွားတော့သည်။

၎င်းသည် ဗုဒ္ဓ၏မီးတောက်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းကာ ခန္ဓာကိုယ်ရှိအပြစ်များကို မီးရှို့၍ ဖယ်ရှားခြင်းဖြစ်သည်။

တဟုန်းဟုန်းတောက်လောက်နေသော ဗုဒ္ဓ၏မီးထဲတွင်ကျန်းကန်သည် ခန္ဓာကိုယ်မှနာကျင်မှုကို ခံစားရသော်လည်း အသံတစ်ချက်မှမထွက်ပေ။

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ဟေးကျောင်းလုံမှာ ထိတ်လန့်တကြား ဖြစ်သွားသည်။

ဤဆင်းရဲသားရဟန်းသည် ဆယ့်ရှစ်ပါးသော ရဟန္တာများကို မျိုချနိုင်သည်အထိ သူ၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော်လည်း သူသည် စီနီယာ၏စကားကိုနားထောင်ပြီး မိမိကိုယ်ကိုယ်မီးရှို့သတ်ပြစ်ရန်ဆန္ဒရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤသည်မှာ စီနီယာကို စော်ကားသည့်အတွက် ပေးဆပ်ရမည့်တန်ဖိုးပင်ဖြစ်သည်။ စီနီယာကား အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

ချမ်ချန်ကန်းကမူ ဤရလဒ်အတွက်အလွန်ကျေနပ်နေမိသည်။ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”၏ စွမ်းအားက အလွန်ရဲတင်းပြီး စိတ်ကြီးဝင်နေသော ရဟန်းကျန်းကန်ကိုပင် သေစေရန်ဆန္ဒပြုစေသည် အထိကြောက်လန့်စရာကောင်းပေသည်။

ဟုတ်ပေသည်။ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”သည် စက္ကူကျားတစ်ကောင်သာဖြစ်သော်လည်း သူ့ကြောင့်ပေါ်ထွက်လာသောစွမ်းအားက အလွန်အံ့မခန်းဖြစ်ပြီး မည်သူမှသံသယရှိလိမ့်မည်မဟုတ်ပေ။

ချမ်ချန်ကန်းပင်လျင် ဤအမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ စွမ်းအားကိုအပြည့်အဝ မဖေါ်ထုတ်ရသေးကြောင်းခံစားမိပေသည်။

ယခုအခါ အန္တရာယ်များပျောက်ကွယ်သွားသဖြင့် ချမ်ချန်ကန်း၏အမှတ်ပြည့်အထူးလုပ်ဆောင်ချက်လည်းပျောက်ကွယ်သွားပြီဖြစ်သည်။

ကမ္ဘာကိုတုန်လှုပ်နေသော မြင်ကွင်းလည်းမရှိတော့ပေ။ တောင်ပေါင်းတစ်သိန်းတောင်တန်းနှင့် တစ္ဆေပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့စေခဲ့သောဖိအားများကလည်း ပျောက်ကွယ်သွားခဲ့သည်။

မရေတွက်နိုင်သော ကျင့်ကြံသူများကလည်း သက်ပြင်းချလိုက်ပြီး သူတို့၏မျက်နှာများကလည်း ဖြူဖျော့နေကြသည်။

သူတို့သည် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ဦးတည်ရာသို့လှမ်းကြည့်ရင်း ထိတ်လန့်မှုများရှိနေ ကြသည်။

ထိုတောင်ပေါင်းတစ်သိန်းတောင်တန်း၌ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကိုတော့ သူတို့မသိကြချေ။ ဤအရာအားလုံးက “ကမ္ဘာတိုင်း၌ပြိုင်ဘက်ကင်းသူ”၏ လက်ချက်ဖြစ်နိုင်လား သူတို့လည်း သေချာမသိပေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် တစ္ဆေတိုင်းပြည်တစ်ခုလုံးကို တုန်လှုပ် ခြောက်ခြားသွားစေမည်ဖြစ်သည်။

တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ပေတစ်သောင်းအမြင့်ရှိသော ကောင်းကင်ယံအထက်၌ ရွှေမြူခိုး အင်မော်တယ်သင်္ဘော၌ ဗုဒ္ဓ၏မီးဖြင့်လောင်ကျွမ်းနေသော ကျမ်းကန်၏ခန္ဓာကိုယ်က တဖြည်းဖြည်း အသက်ဓာတ်များပျောက်ကွယ်သွားကာ ထာဝရပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

သူ၏ခန္ဓာကိုယ်မှလည်း တဖြည်းဖြည်းပြာမှုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးတွင် ချမ်ချန်ကန်းနှင့် ဟေးကျောင်းလုံတို့၏အရှေ့၌ ကျန်းကန်ကပြာပုံအတိသို့ ရောက်ရှိသွားသည်။

“စီနီယာ အဲဒါကဘာလဲ”

ထိုအခိုက် ရုတ်တရက် ပြာပုံ၏အလယ်၌ ရောင်ခြည်ငါးသွယ်ထွန်းလင်းနေသောအရာတစ်ခုကို မြင်လိုက်ရသည်။

ထိုရောင်ခြည်ငါးသွယ်အလင်းများထဲ၌ ဓာတ်တော်မွေတော်တစ်ခုရှိပေသည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းတစ်ခုက အဝေးမှ ရောက်ရှိလာခဲ့သည်။

ထိုရွှေရောင်အလင်းတန်းပျောက်ကွယ်သွားပြီး ရုတ်တရက်အသက်ကြီးသော ရဟန်းတစ်ပါး ထွက်ပေါ်လာခဲ့သည်။

ထိုရဟန်းက လက်အုပ်ချီပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူသည် ကြင်နာပြီး နှစ်လိုဖွယ်ကောင်းသော ရုပ်ရည်ရှိပြီး ချမ်ချန်ကန်းကိုအလွန်လေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။

“ဤဆင်းရဲသားရဟန်း၏နာမည်က အနန္တဖြစ်ပါတယ်၊ စီနီယာနဲ့တွေ့ဆုံပါတယ်”

ဤရဟန်းအဘိုးကြီးသည် ထိုနေရာ၌ရပ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်နှင့်မြေကြီးဖြင့် လုံးဝပေါင်းစပ်နေပုံရသည်။

သူ၏ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအားလှုပ်ရှားမှုအတက်အကျမရှိသော်လည်း အလွန်အမင်းအန္တရာယ် များသောခံစားချက်ကို ပေးစွမ်းပေသည်။

ဟေးကျောင်းလုံတစ်ကောင်လည်း အလန့်တကြားဖြစ်သွားရသည်။

ဤရုတ်တရက်ပေါ်လာသော အသက်ကြီးသောရဟန်းက ရိုးရှင်းသူမဟုတ်ကြောင်း သူသိပေသည်။

ဟုတ်ပေသည်။ သို့သော်လည်း ဟေးကျောင်းလုံက သိပ်မကြောက်တော့ပေ။ ဤရဟန်းသည်မည်မျှပင် သန်မာသူဖြစ်ပါစေ စီနီယာထက်ပို၍အားကောင်းနိုင်ဦးမည်လား။ ချမ်ချန်ကန်းက ဂရုမစိုက်သလိုကြည့်လိုက်သည်။

“မင်းက ကျန်းကန်နဲ့ဘယ်လိုပတ်သက်တာလဲ”

အနန္တက လေးစားစွာဖြင့် စတင်ပြောလိုက်သည်။

“ဤဆင်းရဲသားရဟန်းအိုကြီးက ကျန်းကန်ရဲ့တာအိုစောင့်ရှောက်သူဖြစ်ပါတယ် ”

ချမ်ချန်ကန်းက အေးစက်စွာပြောလိုက်သည်။

“ကျန်းကန်ရဲ့တာအိုစောင့်ရှောက်သူဟုတ်လား၊ ဒါဆိုရင်မင်းက ဒီအရှင်နဲ့စာရင်းရှင်းဖို့ဒီကိုရောက်လာတာလား”

အနန္တက အလွန်ရိုသေစွာဖြင့်ထက်မံပြောလိုက်သည်။

“ဤဆင်းရဲသားရဟန်းအိုကြီးက စီနီယာကိုစော်ကားဖို့လုံးဝရည်ရွယ်ချက်မရှိပါဘူး၊ ဤဆင်းရဲသားရဟန်းအိုကြီးက ဤဓာတ်တော်ကိုလာရောက်ယူဆောင်ခြင်းသာဖြစ်ပါတယ်၊ စီနီယာ ရက်ရောလိမ့်မည်လို့ မျှော်လင့်ပါတယ်”

ချမ်ချန်ကန်းက သူ့ကိုပေါ့ပေါ့ပါးပါးစိုက်ကြည့်လိုက်သည်။

“မင်းက ဒီဓာတ်တော်ကို ဘာလို့ယူချင်တာလဲ၊ သူက ဘာအသုံးဝင်လို့လဲ”

အနန္တက ခေတ္တမျှတိတ်ဆိတ်ပြီး ပြန်ဖြေလိုက်သည်။

“စီနီယာ ကျန်းကန်သေဆုံးသွားပြီဆိုပေမဲ့လည်း ဒီဓာတ်တော်က ဗုဒ္ဓဘာသာနဲ့ တရားဓမ္မရဲ့အကြွင်းအကျန်ဖြစ်ပြီး ဒီဆင်းရဲသားရဟန်းတွေအတွက် အလွန်အသုံးဝင်ပါတယ်”

ချမ်ချန်ကန်းက ပေါ့ပေါ့တန်တန်ပြန်မေးလိုက်သည်။

“တကယ်ပဲလား”

ထို့နောက် ဟေးကျောင်းလုံကို ရွှေမြူခိုးအင်မော်တယ်သင်္ဘောပေါ်သို့ ပို့ဆောင်ရန်အမိန့် ပေးလိုက်သည်။

အနန္တသည် သူ၏မျက်လုံးများကိုအောက်ချပြီး သူ၏မျက်ခုံးများကိုနှိမ့်ချကာ ချမ်ချန်ကန်းကိုကြည့်နေ သော်လည်း သူက ချမ်ချန်ကန်းကို ထိုးဖောက်မြင်နိုင်စွမ်းမရှိပေ။ သူ့အရှေ့မှအဖြူရောင်ဝတ်ရုံဝတ်ထားသော လူငယ်သည် ဤကျူးရှို့တိုက်ကြီးတွင် ရုတ်တရက်ပေါ်ပေါက်လာပြီး အလွန်ပင် ရက်စက်ကြမ်းကြုတ်သူလည်းဖြစ်ပေသည်။

သူသည် ရှမီးအင်မော်တယ်ဘုရားကျောင်းမှ တာအိုစောင့်ရှောက်သူဖြစ်ပြီး မူလက ရှမီးအင်မော်တယ်၏ အောက်ဘုံတွင် လူဝင်စားခဲ့သောဗုဒ္ဓသားတော်၏ လုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော် ချမ်ချန်ကန်း၏ မကြာမီကထုတ်လွင့်ခဲ့သော ကြောက်မက်ဖွယ်ရာ ဗုဒ္ဓ၏စွမ်းအားများနှင့် တာအိုနည်းစနစ်များက သူ့ကိုခြောက်လှန့်ခဲ့သည်။

အလွန်ကြီးမားသော ကြောက်လန့်စရာကြီးတစ်ခုရောက်ရှိလာပြီဟု သူခံစားလိုက်ရသည်။

ထို့ကြောင့် သူသည် လုံးဝဝင်ရောက်လှုပ်ရှားရဲခြင်းမရှိပဲ ကျန်းကန်တစ်ယောက် ဗုဒ္ဓမီးအောက်၌ သေဆုံးနေခဲ့သည်ကိုသာ ကြည့်နေမိသည်။

ကျန်းကန်သေဆုံးပြီးမှသာ အနန္တက အရဲတင်းပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။

ခြုံငုံပြောရမည်ဆိုလျှင် သူ့ရှေ့မှအဖြူရောင်ဝတ်ထားသောလူငယ်သည် အနန္တ၏အသိဉာဏ်အားလုံးကို ချိုးဖြတ်လိုက်ပေသည်။

ဤအင်မော်တယ်သူတော်စင်အဆင့်စွမ်းအားသည် ဤကျူးရှို့တိုက်ကြီး၏ ဥပဒေသကိုမကျော်လွန်နိုင်သဖြင့် သူ့ရှေ့မှအဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်ကိုရင်ဆိုင်လိုက်ရသောအခါ အလွန်အမင်းမနာလိုဖြစ်မိပေသည်။

အထူးသဖြင့် အခုလေးတင် ချမ်ချန်ကန်းပြသခဲ့သော အလွန်စွမ်းအားကြီးသည် ကောင်းကင်ဘုံနဂါးမင်းသည် အနန္တကို အလွန်အမင်းကြီးစိုးသော တရားဓမ္မကိုခံစားရစေခဲ့သည်။

ချမ်ချန်ကန်းသာ သူ့ကိုတစ်ခုခုပြုလုပ်မည်ဆိုပါက သူသည် အင်မော်တယ်ဖြစ်သော်လည်း ကြိမ်းသေပေါက်သူသေနိုင်လိမ့်မည်ဟူသော ထင်မြင်ချက်တချို့ရှိပေသည်။

ချမ်ချန်ကန်းသည် ရွှေမြူခိုးအင်မော်တယ်သင်္ဘောပေါ်သို့ တက်လာခဲ့သော်လည်း ထိုသင်္ဘောက ဗလာချည်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့လက်ကိုမြှောက်လိုက်သည်နှင့် ရောင်ခြည်တော်ငါးသွယ် ထွန်းလင်းနေသောဓာတ်တော်က သူ့လက်သို့ရောက်ရှိလာခဲ့သည်။

အနန္တ၏စိတ်နှလုံးသားက အလွန်လေးလံလာခဲ့သည်။

“စီနီယာ ဒီဓာတ်တော်က ….. ”

“ဘာလဲမင်းက ဒီဓာတ်တော်ကိုဒီအရှင်ရဲ့လက်ထဲကနေလိုချင်လို့လား”

ချမ်ချန်ကန်းက မထူးဆန်းဟန်ဖြင့်ပြောလိုက်သည်။

အနန္တကလည်း အလွန်အမင်းထိတ်လန့်သွားပြီး မျက်နှာအမူအရာလည်းပြောင်းလဲသွားခဲ့သည်။ ထို့နောက်ခေါင်းကိုအလျင်အမြန်ခါယမ်းလိုက်ပြီး

“အမိတ္တဘ စီနီယာဒီဆင်းရဲသားရဟန်းအိုကြီးက လုံးဝမဝံ့ရဲပါဘူး ”

“မရဲရင်ထွက်သွားစမ်း”

အနန္တသည် ကျန်းကန်၏တာအိုစောင့်ရှောက်သူဖြစ်သော်ကြောင့် ချမ်ချန်ကန်းက ယဉ်ကျေးခြင်းမရှိပဲအေးစက်စွာ အော်ဟစ်လိုက်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ အနန္တ၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် ချမ်ချန်ကန်း၏ဒေါသကို ထွက်စေမည်စိုးရိမ်သောကြောင့် ချမ်ချန်ကန်း၏လက်ထဲတွင်ရှိသောဓာတ်တော်ကိုတစ်ချက်ကြည့်လိုက်ပြီး ရပ်တန့်ခြင်းမရှိပဲချက်ခြင်းလှည့်ထွက်သွားသည်။

“ရပ်စမ်း”

ချမ်ချန်ကန်း၏အသံက ရုတ်တရက်ထပ်မံပေါ်ထွက်လာပြန်သည်။

ထို့နောက်အနန္တက ချမ်ချန်ကန်းကိုကြည့်ပြီး လေးစားစွာပြောလိုက်သည်။

“စီနီယာ ဤဆင်းရဲသားရဟန်းအိုကြီးကို တားမြစ်ဖို့ အခြားလုပ်စရာကိစ္စများရှိသေးလို့လား”

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“မင်းက ကျန်းကန်ရဲ့ တာအိုစောင့်ရှောက်သူအနေနဲ့ ဒီကိုရောက်လာပြီဆိုမှတော့ တစ်စုံတစ်ခုကိုထားခဲ့ပြီးမှထွက်သွားလို့ရမယ်”

ထိုစကားကိုကြားလိုက်သောအခါ အနန္တ၏မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး မျက်လုံးများ၌ ဒေါသများထွက်ပေါ်လာခဲ့သည်။

သူ၏မျက်ခုံးများကို နှိမ့်ချထားပြီး နှစ်လိုဖွယ်ကောင်းသောအမူအရာလည်းမရှိတော့ပေ။ သူသည် အင်မော်တယ်ကမ္ဘာမှ တာအိုစောင့်ရှောက်သူဖြစ်ပြီး ဤမျှလောက်နှိမ့်ချဆက်ဆံခံရခြင်းမျိုး မခံရဖူးပေ။ သူက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး လက်နှစ်ဖက်ကိုလက်အုပ်ချီကာ ပြောလိုက်သည်။

“စီနီယာ သင့်ရဲ့ခွန်အားက နက်နဲလွန်းလှပေမဲ့လည်း သင်ခွင့်လွှတ်ပေးသင့်ရင် ခွင့်လွှတ်ရလိမ့်မယ်”

“ဟုတ်ရဲ့လား”

ချမ်ချန်ကန်းက မျက်နှာအမူအရာမပြောင်းလဲပဲ လက်ထဲတွင်ရှိသောအမွေအနှစ်ကို ဆုပ်ကိုင်ပြီး နှုတ်မှ အေးစက်စွာအော်ဟစ်လိုက်သည်။

“ရဟန်းအိုကြီး မင်းကဘယ်လိုမြှောက်စားရကောင်းမှန်းမသိဘူးဆိုလိုရှိရင်တော့ ဒီအရှင်ကိုရိုင်းစိုင်းတယ်လို့မပြောနဲ့”

“အစွမ်းထက်လှတဲ့ကောင်းကင်ဘုံနတ်ဘုရား၊ ကမ္ဘာမြေကိုစောင့်ရှောက်တဲ့ လောကနာထမြေစောင့်နတ်ဘုရား ….”

ထိုစကားဆုံးသည်နှင့်တပြိုင်နက် တခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးက အလွန်တုန်လှုပ်လာခဲ့ပြီး နဂါးကြီးက ကမ္ဘာကို ဟိန်းဟောက်ကာ ကြောက်မက်ဖွယ်ရာ ချည်းကပ်လာခဲ့ ပြန်သည်။

ထိုကြောက်မက်ဖွယ်ရာကောင်းသောစွမ်းအားက အလွန်ဒေါသထွက်နေသောမြစ်ကြီးတစ်စင်းအလား အတိုင်း အစမရှိ ထိတ်လန့်စရာကောင်းပေသည်။

ရဟန်းအနန္တ၏စိတ်ထဲ၌ ရဟန်းအနန္တသည် အင်မော်တယ်တစ်ပါးဖြစ်သော်လည်း သူ့စိတ်ထဲ၌ ကြီးမားသောအဆုံးမရှိ ကြောက်လန့်မှုကိုခံစားနေရပေသည်။

သူသည် သေချာပေါက် သေတော့မည်ဟု ခံစားလိုက်ရသည်။

ဤအရာက အနန္တ၏မျက်နှာကို ကြီးမားစွာပြောင်းလဲစေခဲ့ပြီး သူသည်ချက်ချင်းပဲတွန့်ဆုပ်ခြင်းမရှိတော့ပဲ ဒယိမ်းဒယိုင်ဖြင့် ဒူးထောက်ချလိုက်ပြီးတုန်လှုပ်ခြောက်ခြားသောအမူအရာဖြင့် ကရုဏာတောင်းခံလိုက်သည်။

“စီနီယာ ဒီရဟန်းအိုကြီးရဲ့အသက်ကို ချမ်းသာပေးပါ”

All Chapters