အခန်း ၁၂၀
Vol. 10 Ch. 120
အခန်း(၁၂၀) ထိတ်လန့်တကြားထွက်ပြေးသွားသောရဟန်းအိုကြီး
“စီနီယာ ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
ရဟန်းအနန္တက မျှော်လင့်ချက်ကင်းမဲ့စွာမြေပေါ်သို့ ဒူးထောက်ပြီး တုန်တုန်ယင်ယင်ဖြင့် ခွင့်လွှတ်ပေးရန်တောင်းပန်နေသည်။
အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်လေးဖော်ထုတ်ပြသလိုက်သည့် ကြောက်မက်ဖွယ် ကောင်းသောဗုဒ္ဓဘာသာနှင့် တာအိုနည်းစနစ်များကသူ့ကိုအလွန်ပင်ကြောက်လန့်စေခဲ့မိသည်။
အထူးသဖြင့်ပေါ်ထွက်လာသော ကြောက်စရာကောင်းသည့် စိတ်စွမ်းအားအတက်အကျက လူအများကိုမဖော်ပြနိုင်သည်အထိ ကြောက်လန့်စရာများကို ပေးစွမ်းပေသည်။
ခုခံနိုင်ဖို့ဝေးစွ ရဟန်းအနန္တ၏စိတ်ထဲ၌ ခုခံလိုသည့်အတွေးပင် လုံးဝမပေါ်ပေါက်လာခဲ့ပေ။ သူသည် ဘာကိုမှမတွေးတောတော့ပဲ အသက်ချမ်းသာပေးရန် မြေပေါ်၌ဒူးထောက် တောင်းပန်လိုက်သည်။
အလွန်စွမ်းအားကြီးသော ကောင်းကင်ဘုံနဂါးမင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏အောက်၌ ခန္ဓာကိုယ်ကပို၍ပင်တုန်ရီလာကာ အေးစက်ပြီးမျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ် ကာ မျှော်လင့်ချက်ကင်းမှုနှင့် ကြောက်လန့်မှုများနှင့် ပြည့်နက်နေခဲ့သည်။
ချမ်ချန်ကန်းသည် ဘာမှလုပ်စရာမလိုပဲ သူဘာသာသူဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။
အမိတ္တဘဟူသောရွတ်ဆိုသံနှင့်အတူ ရွှေရောင်အလင်းတန်းနှစ်ခုထွက်ပေါ်လာခဲ့ပြီး ရဟန်းအနန္တ၏ ဘယ်လက်နှင့် ညာဘက်လက်နှစ်ခုလုံးကို သူကိုယ်တိုင်ဖြတ်တောက်လိုက်ပေသည်။
ဖြတ်တောက်ထားသော လက်များမှသွေးများကလည်းစမ်းရေပမာ တသွင်သွင်ပန်းထွက်လာခဲ့သည်။
“စီနီယာ ဒီဆင်းရဲသားရဟန်းအိုကြီးက သူ့ရဲ့လက်နှစ်ဖက်ကို ကိုယ်တိုင်ဖြတ်ပြီး စီနီယာကိုပေးပါတယ်။ စိတ်ထဲမှာလည်း အလွန်အမင်းနောင်တကြီးစွာရပါပြီ။ ကျေးဇူးပြုပြီးအသက်ကိုချမ်းသာပေးပါစီနီယာ”
ချမ်ချန်ကန်းက သူ့ကိုအေးစက်စွာစိုက်ကြည့်ပြီးပြောလိုက်သည်။
“ဘယ်လိုရဟန်းလဲ။ တကယ်တော့ မင်းလည်း လောဘကြီးပြီး သေရမှာကိုကြောက်တဲ့သူပဲ။ အခုမင်းရဲ့လက်တွေကို ချန်ထားခဲ့ပြီဆိုတော့ ထွက်သွားလိုက်တော့”
ရဟန်းအနန္တသည် ချမ်ချန်ကန်း၏စကားကိုကြားသိလိုက်ရသည့်အခါ သက်ပြင်းချလိုက်ပြီး ကျေးဇူး တင်သောအမူအရာဖြစ်သွားသည်။
“ကျေးဇူးတင်ပါတယ်စီနီယာ။ စီနီယာရဲ့အဆုံးမဲ့သောကြင်နာမှုနှင့်ခွင့်လွတ်မှုအတွက်ကျေးဇူးတင်ပါတယ်”
ချမ်ချန်ကန်း၏မျက်လုံးမှာ ကျဉ်းမြောင်းလာပြီး သတ်ဖြတ်လိုသောရည်ရွယ်ချက်များ ထွက်ပေါ်လာခဲ့သည်။
“ဟန်ဆောင်ကောင်းတဲ့ရဟန်းအိုကြီး ဒီကနေ မြန်မြန်ထွက်သွားစမ်း”
ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်သောအသံထွက်ပေါ်လာသောအခါ တောင်းပန်နေသောရဟန်းအနန္တလည်းကြောက်လန့်တကြားတုန်လှုပ်ပြီး ခွင့်လွတ်ရန်တောင်းပန်နေခြင်းက ရုတ်တရက် ရပ်တန့်သွားပြီး သူသည်မည်သည့်အဓိပ္ပါယ်မရှိသောစကားကိုမှထပ်မပြောဝံ့တော့ပဲ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ထွက်ပြေးသွားတော့သည်။
မထင်မှတ်ထားသည်မှာ အထက်ဘုံမှဂုဏ်သိက္ခာကြီးသော အင်မော်တယ်သူတော်စင်ပင်လျှင် ချမ်ချန်ကန်းရှေ့၌ အလွန်အမင်းကြောက်လန့်တကြားဖြင့် အရှက်ရကာထွက်ပြေးခဲ့ရပေသည်။
ဤသည်မှာ”အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”၏ ထိတ်လန့်စရာကောင်းသော စွမ်းအားပင်ဖြစ်သည်။
ချမ်ချန်ကန်းသည် စွမ်းအားကြီးသောနဂါးမင်းကို ဖော်ထုပ်ပြသလိုက်သည့်အခါ အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ ထိန်းချုပ်မှုအောက်တွင် ဤသည်မှာ အလွန်ပဲလက်တွေ့ဆန်ပြီး အမှန်တကယ်ဖြစ်သကဲ့သို့ဖြစ်လာခဲ့သည်။
ဤအရှိန်အဝါဖြင့် အင်မော်တယ်သူတော်စင်နယ်ပယ်တွင်ရှိသော ရဟန်းအနန္တ၏စိတ်နှလုံးများပြိုကွဲလောက်သည် အထိကြောက်လန့်သွားစေခဲ့ပြီး မည်သည့်ခုခံမှုမှ မပြုဝံ့စေရန်လုံလောက်ခဲ့သည်။
ရဟန်းအနန္တ၏စိတ်က လုံးဝကိုဗလာကျင်းဖြစ်သွားပြီး သူသေပြီဟူသောအတွေးတစ်ခုတည်းသာရှိနေခြင်းမှာ ပို၍ကြောက်စရာကောင်းပေသည်။
သူ့၌ ခွင့်လွှတ်ပါရန် တောင်ပန်းရန်အခွင့်အရေးရှိသေးသည်။ သို့သော် မတောင်းပန်ပါကလည်း သူသေမှာ သေချာပေသည်။
ရဟန်းအနန္တသည် ရှမီးအင်မော်တယ်ဘုရားကျောင်း၌ နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့ပြီး ယနေ့ခေတ်အထိ အောင်မြင်မှုရရှိထားကြောင်းသိရပေမည်။
ထို့အပြင် ပို၍အစွမ်းထွက်လာသောသူများသည် မိမိတို့အသက်ကိုပို၍တန်ဖိုးထားပြီး သေရမှာကို ပို၍ကြောက်ရွံ့လာကြပေသည်။
ထို့ကြောင့် အသက်ရှင်နိုင်ပါက ဂုဏ်သိက္ခာကိုမငဲ့ပဲ ဒူးထောက်ကာ ခွင့်လွတ်ရန်တောင်းပန်ခြင်းက မည်သည့်အရာမှ မဟုတ်တော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရဟန်းအနန္တက မိုင်ပေါင်းရာနှစ်ချီထွက်ပြေးသွားခဲ့သည်။ သူက ခေါင်းကိုလှည့်ပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ လှည့်ကြည့်လိုက်သည်။
သူ၏မျက်လုံးများ၌ ထိတ်လန့်မှုများနှင့်ပြည့်နှက်ကာ ကပ်ဘေးကြီးမှလွတ်မြောက်သွားသကဲ့သို့ အလွန် အမင်းဝမ်းသာနေတော့သည်။
“အမိတ္တဘ ကရုဏာကြီးမားသောရတနာသားတော်။ မင်းကိုမကယ်နိုင်ခဲ့တော့ ဒီရဟန်းကိုအပြစ်မတင်ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ ဒီရဟန်းကိုယ်တိုင် ငရဲတံခါးဝကိုခြေတစ်လှမ်း လှမ်းပြီး အနောက်ဘက်နိဗ္ဗာန်ကို အချိန်မရွေးရောက်သွားနိုင်တဲ့ အခြေအနေတွေဖြစ်နေလို့ပါ”
ချမ်ချန်ကန်းပြသခဲ့သော ဗုဒ္ဓနည်းစနစ်များသည် ရှမီးအင်မော်တယ်နယ်မြေတွင်ရှိသော ထိုစွမ်းအားကြီးသည့် အင်မော်တယ်အင်ပါယာများနှင့် အင်မော်တယ်ဘုရင်များကို ရင်ဆိုင်ရသည့် အခါ၌ပင် ရဟန်းအနန္တ၌ ဤကဲ့သို့မျှော်လင့်ချက်ကင်းမဲ့သောစွမ်းအားမျိုးကို မခံစားရခဲ့ဖူးပေ။
ဤကဲ့သို့သောပုဂ္ဂိုလ်က မည်သို့သောတည်ရှိမှုမျိုးဖြစ်သနည်း။ ဤသည်ကသူစိတ်ကူးသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
မမျှော်လင့်ပဲ ဤကျူးရှို့တိုက်ကြီး၌ ဤမျှပြိုင်ဘက်ကင်းသောပုဂ္ဂိုလ်က ပုန်းကွယ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခြင်းမရှိပေ။
ရဟန်းအနန္တသည် ချမ်ချန်ကန်း၏ခွန်အားကိုသာ ကြိုသိခဲ့လျင် သူ့ကိုသတ်လျင်ပင် ဗုဒ္ဓသားတော်အားဤကျူးရှို့တိုက်ကြီး၌ ပြန်လည်မွေးဖွားခွင့်ပြုမည်မဟုတ်ပေ။
ယခု သူ၏အသက်မှာလည်း ဗုဒ္ဓမီး၏ကံကြမ္မာကြောင့် နိဂုံးချုပ်လိုက်သည်မှာ အင်မတန်မှကြေကွဲစရာ ကောင်းနေပေသည်။
သူသည် မိုင်ပေါင်းရာနှင့်ချီထွက်ပြေးခဲ့သော်လည်း ရဟန်းအနန္တအတွက် သူ၏နှလုံးသားထဲမှာ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့က လုံးဝပျောက်ကွယ်သွားခြင်းမရှိပေ။
သူသည် ကျူးရှို့တိုက်ကြီးတွင် လုံးဝဆက်မနေရဲတော့ပဲ လက်ကိုမြောက်ကာ အင်မော်တယ်တံခါးဝကို ဖွင့်လိုက်ပြီး နောက်လှည့်မကြည့်ပဲ ထိုအထဲသို့ပြေးဝင်သွားတော့သည်။
ရဟန်းအနန္တသည် ဤဘဝ၌ သူသည်ကျူးရှို့တိုက်ကြီးကို လုံးဝပြန်လာတော့မည်မဟုတ်ပေ။ ချမ်ချန်ကန်းကိုလည်း ထပ်မံရင်မဆိုင်ရဲတော့ဟု စိတ်ထဲ၌ လျှို့ဝှက်စွာကျိန်ဆိုခဲ့ပေသည်။
ဤသည်မှာ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”၏ ထိတ်လန့်ဖွယ်ရာစွမ်းအားဖြစ်ပြီး ဂုဏ်သိက္ခာရှိသော အင်မော်တယ်သူတော်စင်ကိုပင် ဤအခြေအနေသို့ရောက်အောင် ကြောက်လန့်စေခဲ့သည်။
သူသည် ဤဘဝတစ်လျှောက်လုံး၌ ချမ်ချန်ကန်း၏အရိပ်က သူ့နှလုံးသားထဲ၌ စွဲထင်နေတော့မှာ သေချာပေသည်။
ရဟန်းအနန္တသည် “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ရဲ့ အကျိုးသက်ရောက်မှုကြောင့် ဤကဲ့သို့ ကြောက်လန့်တုန်လှုပ်နေသည်ကိုသာ ချမ်ချန်ကန်းသာသိမည်ဆိုလျင် မည်ကဲ့သို့ခံစားရမည်နည်း။
တောင်ပေါင်းတစ်သိန်းတောင်တန်း ရွှေမြူခိုးအင်မော်တယ်လှေအထက်၌ ချမ်ချန်ကန်းသည် သူ့လက်ထဲတွင်ရှိသော ရောင်စုံဓာတ်တော်ဖြင့် ဆော့ကစားနေသော်လည်း ၎င်းတွင်ပါဝင်သော ခမ်းနားကြီး ကျယ်သောဗုဒ္ဓ၏ကျက်သရေအရှိန်အဝါကို ခံစားနိုင်ပေသည်။
ဘေးတွင်ရှိသောအနက်ရောင် ရေလွှမ်းမိုးနဂါးက လူ့ခန္ဓာကိုယ်အသွင်းဖြင့် ပြောင်းလဲကာရိုသေစွာ ရပ်နေသည်။
“ဟေးကျောင်းလုံ ဒီဓာတ်တော်ကဘာလဲဆိုတာ မင်းသိလား”
ဟေးကျောင်းလုံက ခေါင်းခါယမ်းပြီး လေးလေးစားစားတုန့်ပြန်လိုက်သည်။
“စီနီယာ ဒီဓာတ်တော်က ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့အကြွင်းအကျန်ကနေ ကျန်ရစ်ခဲ့တာလို့ ကျွန်တော်ကြားဖူးတယ်။ တိကျတဲ့အကြောင်းအရာကိုတော့ ကျွန်တော်လည်းမသိဘူး”
ချမ်ချန်ကန်းသည် ဤရောင်စုံကွန့်မြူးနေသောဓာတ်တော်ကိုကြည့်လိုက်သည်။ ၎င်းသည် ဘာအတွက် အသုံးဝင်မှန်းမသိသော်လည်း ရဟန်းအနန္တက လိုချင်နေခဲ့သဖြင့် အသုံးဝင်နိုင်သောကြောင့် သူက သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။
ထို့နောက် ချမ်ချန်ကန်း၏ မျက်လုံးများက ရွှေမြူခိုးအင်မော်တယ်သင်္ဘောပေါ်သို့ ရောက်ရှိသွားပြန်သည်။
“ဟေးကျောင်းလုံ မင်းပြောစမ်း။ ဒီရွှေမြူခိုးအင်မော်တယ်သင်္ဘောက ဝူကျိုးသခင်ရဲ့ခရီးသွားယာဉ်ဆို ဘာလို့ကျန်းကန်ရဲ့လက်ထဲကို ရောက်နေတာလဲ”
ဟေးကျောင်းလုံက ခေါင်းခါယမ်းပြီးဖြေလိုက်သည်။
“စီနီယာ ဒါကိုကျွန်တော်လည်းမသိဘူး။ အားမြှောင်ကို မေးကြည့်ရင်တော့သိမှာအသေအချာပဲ”
ခဏလောက်တိတ်ဆိတ်ပြီးနောက် ဟေးကျောင်းလုံက ထက်ပြောလိုက်သည်။
“စီနီယာ ဝူကျိုးသခင်က အားမြောင်ကိုဘုန်းကြီးတစ်ပါးနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားတယ်လို့ကြားတယ်။ အခုသေသွားတဲ့ရဟန်းက အားမြောင်နဲ့ပတ်သက်မှုရှိမရှိတော့ ကျွန်တော် လည်းမသိဘူး”
ဟေးကျောင်းလုံ၏စကားထွက်ပေါ်လာသည်နှင့် ချမ်ချန်ကန်းက အံအားသင့်သွားသည်။ တနည်းအားဖြင့် ဤကျန်းကန်သည် သူ့ကိုယ်သူရဟန်းဟုသာဆိုသော်လည်း သူသည် လူဝတ်ကြောင်ဖြစ်ပြီး ရုပ်ရည်ကလည်းအလွန်ချောမောပေသည်။
သူသည် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ပေါ်ထွက်လာခြင်းက သူ့အတွက်လာခြင်းမဟုတ်ပဲ အားမြောင်အတွက်လာခြင်းဖြစ်နိုင်လား။ ဤကဲ့သို့စွမ်းအားကြီးပြီး မာနကြီးသောကျန်းကန်ရဟန်းက ဝူကျိုးသခင်တစ်ယောက် အားမြောင်ကိုလက်ဆပ်ဖို့ ကတိပေးခဲ့တဲ့သူများလား။