← Chapters

အခန်း ၁၂၁

Vol. 10 Ch. 121

အခန်း ၁၂၁

Vol. 10 Ch. 121

အခန်း(၁၂၁) အားမြောင်ကကျေးဇူးကိုဆပ်ရန် သူမ၏ခန္ဓာကိုယ်ကိုပေးမည်ဟု ကတိပေးခဲ့ခြင်း

ရွှေမြူခိုးအင်မော်တယ်သင်္ဘော၏အထက်၌ ချမ်ချန်ကန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီးရပ်နေသည်။

“ဟေးကျောင်းလုံ မင်း ဒီရွှေမြူခိုးအင်မော်တယ်သင်္ဘောကို ရှေးမြေခွေးမျိုးနွယ်စုဆီယူသွားပြီး အားမြောင်ကိုပြန်ပေးလိုက်။ ဒါမှသာ သူ့ရဲ့မူလပိုင်ရှင်ဆီပြန်ရောက်မှာပေါ့။ ပြီးတော့ ဒီဆင်းရဲသားရဟန်းရဲ့အကြောင်းကို အားမြောင်ကိုမေးကြည့်စမ်း။ အဖြေရရင် ဖေးရှန့်တောင်ကိုလာပြီး ဒီအရှင်ကို လာပြောလှည့် ”

ခဏလောက်စဉ်းစားပြီးနောက် ချမ်ချန်ကန်းက ထက်ပြောလိုက်သည်။

“အားမြောင်ကိုပြောလိုက် သူလက်မထပ်ချင်ဘူးဆိုရင် ဒီအရှင်က သူ့ကိုထောက်ပံ့ပေးမယ်လို့ ပြောလိုက်”

ဟေးကျောင်းလုံသည် စိတ်ထဲ၌အားမြောင်အတွက် အလွန်ဝမ်းသာသွားပြီး တလေးတစားခေါင်း ညိတ်လိုက်သည်။

“စီနီယာရဲ့ကြီးမားတဲ့ ကျေးဇူးအတွက်အားမြောင်ကိုယ်စား ကျေးဇူးတင်ပါတယ်”

ချမ်ချန်ကန်းက ခေါင်းညိတ်ပြီး သူ၏အတွေးတစ်ချက်တည်းဖြင့် သူ၏ကိုယ်ပွားခန္ဓာကိုယ်က ကွဲအပ်သွားပြီး ဟေးကျောင်းလုံ၏အရှေ့၌ ကြွေလွင့်သွားသောပန်းကဲ့သို့၊ ရေထဲကလကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

ဟေးကျောင်းလုံလည်း အံအားသင့်ပြီးကြောက်ရွံ့သွားသည်။ စီနီယာ၏ပျောက်ကွယ်မှုက အရမ်းကိုထင်ရောင်ထင်မှားဆန်းနေပြီး ဘယ်လိုပျောက်ကွယ်သွားတာကိုတောင် သူမသိလိုက်ပေ။ ဤသည်ကား ချမ်ချန်ကန်းသည် သူ၏ကိုယ်ပွားကိုခေါ်ယူရန် “ပန်းလရေမှန်လုပ်ဆောင်ချက်”ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ဟေးကျောင်းလုံက သူ၏အကြည့်ကိုရုတ်သိမ်းလိုက်ပြီး စိတ်ထဲ၌လည်းအလွန်အမင်းတုန်လှုပ်နေခဲ့သည်။

ဖေးရှန့်တောင်မှာတုန်းက စီနီယာသည်လက်ဝါးတစ်ချက်တည်းဖြင့် အစိမ်းရောင်ဆံပင်နှင့်တစ္ဆေ အင်မော်တယ်ကိုသတ်ခဲ့ခြင်းမှာ သူ့ခွန်အားအစစ်အမှန်၏ ရေခဲတောင်ထိပ်ဖျားသာဖြစ်ကြောင်း သူ သဘောပေါက်လိုက်မိပေသည်။

ထို့အပြင် ယနေ့၌ ဤဆင်းရဲသားရဟန်းနှင့် ရဟန်းအနန္တတို့ကိုပြသခဲ့သော ဗုဒ္ဓဘာသာနှင့်တာအို ကျင့်စဉ်တို့၏ စွမ်းအားကြီးလှသောကောင်းကင်နဂါးမင်းဟူသော နည်းစနစ်က စီနီယာအစစ်အမှန် စွမ်းအားကို ဖော်ထုတ်လိုက်ခြင်းဖြစ်ပေလိမ့်မည်။

ဟေးကျောင်းလုံ၏စိတ်ထဲ၌ ချမ်ချန်ကန်းအပေါ်အဆုံးမရှိသော လေးစားမှုနှင့်အထင်ကြီးမှုကြည်ညိုမှုတို့သာ ပြည့်နှက်နေခဲ့သည်။

ထို့နောက် ဟေးကျောင်းလုံက ရွှေမြူခိုးအင်မော်တယ်သင်္ဘောကို ကောင်းကင်မြေခွေးနတ်ဆိုးမျိုးနွယ်စုဆီသို့ မောင်းနင်သွားခဲ့သည်။

ယနေ့၌ ကောင်းကင်နတ်ဆိုးမြေခွေးမျိုးနွယ်စုအတွက် မည်သည့်ကိစ္စဖြစ်သွားမှန်း မသိလိုက်ကြပေ။ သူတို့သည်ဤကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကြောင့် စကားတစ်ခွန်းမှ မပြောနိုင်ပဲ ထိတ်လန့်တုန်လှုပ်နေကြသည်။

ဖေးရှန့်တောင်တစ်ခုလုံးတွင်ရှိသော နတ်ဆိုးသားရဲများနှင့်ကျင့်ကြံသူများကလည်း ဤအကြောင်းကို ပြောနေကြပြီး ဤအရာအားလုံးက စီနီယာနှင့်ဆက်စပ်မှုရှိမရှိ ခန့်မှန်းနေကြပေသည်။

ရှေးမြေခွေးမျိုးနွယ်စု၏ တားမြစ်နယ်မြေ၌အားမြောင်က အနည်းငယ်ထိပ်လန့်သွားသည်။

“ဒါက ရွှေမြူခိုးအင်မော်တယ်သင်္ဘောရဲ့အရှိန်အဝါပဲ။ ငါ့အဖေဒီကိုရောက်လာတာလား”

မကြာခင်မှာပင် မျိုးနွယ်စုမှသတင်းက ရောက်ရှိလာခဲ့သည်။ ဟေးကျောင်းလုံက အားမြောင်ကိုရှာရန်ရောက်လာသည်ဖြစ်ကြောင်း သူမကိုအပြင်ထွက်ရန် တောင်းဆိုခဲ့ပေသည်။

အားမြောင်သိလိုက်ရသောအခါ အရမ်းဒေါသထွက်သွားပြီး တာမြစ်နယ်မြေထဲမှကျောက်ပြားပေါ်သို့ သူမ၏လက်သည်းလေးဖြင့် ကုတ်ခြစ်လိုက်သည်။

“ဒါက ဟေးကျောင်းလုံက သတင်းပေါက်ကြားသွားအောင်လုပ်တာပဲဖြစ်ရမယ်”

အားမြောင်၏ကြောင်လက်သည်းမှ အေးစက်သောအရှိန်အဝါများ တောက်ပနေပြီးသူမက တာမြစ်နယ်မြေမှထွက်ခွာလာခဲ့သည်။

သူမနှင့်တွေ့သောအခါ ဟေးကျောင်းလုံက ပြုံးပြီးပြောလိုက်သည်။

“အားမြောင် မင်းဒီရက်ပိုင်းအဆင်ပြေရဲ့လား။ ငါ့မှာမင်းအတွက်သတင်းကောင်းရှိတယ်။ မင်းကြားချင်လား”

အားမြောင်၏မျက်နှာက ကြောက်မက်ဖွယ်ရာကောင်းသောအမူအရာရှိနေပြီး သူမ၏ကြောင်လက်သည်းလေးများကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။

သူမ၏အမွေးလေးများကလည်း ဖွာနေကာ ဒေါသထွက်နေသော ကြောင်ငယ်လေးတစ်ကောင်လိုဖြစ်နေသည်။

“ဟေးကျောင်းလုံ နင်က အားမြောင်ကိုလူမိုက်လို့ထင်နေတာလား။ ဒီရွှေမြူခိုးအင်မော်တယ်သင်္ဘောရဲ့ အရှိန်အဝါကိုငါခံစားရပြီးသား။ နင် ငါ့အဖေကိုခေါ်လာတယ်မဟုတ်လား။ အားမြောင်က နင့်ရဲ့အရေ ခွံကို ဆွဲခွာပြီး အကြောတွေကိုဆွဲထုတ်ပစ်မယ်”

ဟေးကျောင်းလုံက ရယ်မောလိုက်ပြီး ရွှေမြူခိုးအင်မော်တယ်သင်္ဘောကို ထုတ်ပြလိုက်သည်။ သူ၏မျက်နှာ၌ ဂုဏ်ယူသောအမူအရာရှိနေသည်။

“အားမြောင် မင်းကဒီအကြောင်းကိုပြောနေတာလား”

အားမြောင်၏မျက်တောင်လေးက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။

“ဒါက ငါ့အဖေရဲ့ရွှေမြူခိုးအင်မော်တယ်သင်္ဘောပဲ။ ဟေးကျောင်းလုံ ဒီသင်္ဘောက နင့်ရဲ့လက်ထဲကို ဘယ်လိုလုပ်ရောက်လာတာလဲ။ ငါ့အဖေကောဘယ်မှာလဲ”

ဟေးကျောင်းလုံက ဆင်းရဲသားရဟန်းနှင့်တွေ့ဆုံတုန်းက အဖြစ်အပျက်များကိုအားမြောင်ကို ရှင်းပြလိုက်သည်။

အားမြောင်သည် ထိုစကားကိုကြားသောအခါ သူမ၏အမူအရာကတည်ငြိမ်သွားပြီး သူမ၏နောက်က အမြီးကသာ လှုပ်ရမ်းနေပေသည်။

“ဟေးကျောင်းလုံ စီနီယာက ကျန်းကန်ကိုသတ်လိုက်တယ်လို့ နင်ပြောတာလား။ ပြီးတော့ ခုနက တောင်ပေါင်းတစ်သိန်းတောင်တန်းမှာဖြစ်ပေါ်ခဲ့တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ရူပါရုံနဲ့လေထဲမှာ ကြောက်မက်စရာကောင်းတဲ့စွမ်းအားတွေက စီနီယာကြောင့်ဖြစ်လာတာလား”

ဟေးကျောင်းလုံက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ အဲဒီဆင်းရဲသားဘုန်းကြီးကျန်းကန်က စီနီယာကို တိုက်ခိုက်ချင်တာလေ။ ဒါပေမဲ့ ကံမကောင်းစွာပဲ စီနီယာရဲ့စွမ်းအားက အရမ်းကိုနက်နဲလွန်းတယ်။ သူလည်း ကြောက်လန့်တကြား ဖြစ်သွားပြီး နေရာမှာပဲ သူ့ကိုယ်သူသတ်သေသွားတယ်။ ပြီးတော့ မကြာခင်မှာပဲ သူ့ရဲ့တာအို စောင့်ရှောက်သူလည်းရောက်လာတယ်လေ။ ဒါပေမဲ့ အဲဒီတာအိုစောင့်ရှောက်သူကလည်း နေရာမှာပဲ ကျရှုံးသွားတယ်”

ထိုအကြောင်းကိုပြောရင်း ဟေးကျောင်းလုံက သက်ပြင်းချလိုက်သည်။

“စီနီယာက အရမ်းကိုထူးချွန်လွန်းတယ်။ သူက တကယ့်ကိုအထင်ကြီးစရာပဲ။ ပြီးတော့ အားမြောင် စီနီယာကမင်းကိုပါ ကယ်တင်ပေးမယ်လို့လည်းကတိပေးလိုက်တယ်။ မင်းအဖေက မင်းကို အတင်းအကြပ် လက်ထပ်ခိုင်းလို့မရဘူးတဲ့။ မင်း စီနီယာကိုကျေးဇူးတင်သင့်တယ်”

အားမြောင်က သတိပြန်ဝင်လာပြီး ချိုသာစွာပြုံးလိုက်သည်။ သူမ၏မျက်နှာလေးက အလွန်ချစ်စရာ ကောင်းနေသည်။

သူမ၏ကြောင်နားရွက်လေးများကလည်း လှုပ်ရမ်းနေသည်။ သူမ၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများ ပြည့်နေပြီး မျက်လုံးလေးကလည်း အရောင်တောက်ပနေသည်။

“စီနီယာက အားမြောင်အပေါ် အရမ်းကြင်နာလွန်းတယ်။ ငါတကယ်ပဲစိတ်လှုပ်ရှားမိတယ်။ အားမြောင်က စီနီယာကို ကြိမ်းသေပေါက်ကျေးဇူးပြန်ဆပ်ရမယ်”

“ဒါနဲ့ အားမြောင် ဒီရွှေမြူးခိုးအင်မော်တယ်သင်္ဘောက ကျန်းကန်ရဲ့ လက်ထဲမှာရှိနေတာလေ။ နင် အဲဒီဆင်းရဲသားရဟန်းကျန်းကန်ကို သိလားလို့ စီနီယာက မေးခိုင်းလိုက်သေးတယ်”

“ဟေးကျောင်းလုံ အဲဒီဆင်းရဲသားရဟန်းက ငါ့အဖေက အားမြောင်ကိုလက်ထပ်ဖို့ ကမ်းလှမ်းထားခဲ့တဲ့သူပဲ။ အဲဒီအချိန်တုန်းက အဲ့ရဟန်းက အရမ်းကိုအနိုင်ကျင့်လွန်းတယ်။ သူ့ဘေးမှာလည်းအရမ်း အစွမ်းထက်တဲ့တာအိုအစောင့်အရှောက်လည်းရှိတယ်လေ။ ငါ့အဖေတောင်မှ သူ့ကိုသုံးမှတ်လောက် အကြောပေးရတယ်။ မရိုမသေမလုပ်ရဲဘူး။ အစတည်းက အားမြောင်က သူ့ကိုကြိုက်တာမဟုတ်ဘူး ”

“ဪ ဟုတ်လား ငါသဘောပေါက်ပြီ”

ထိုစကားကိုကြားသောအခါ ဟေးကျောင်းလုံနှင့် ချမ်ချန်ကန်းတို့နှစ်ယောက်စလုံးက ဤဆင်းရဲသားရဟန်းသည် အားမြောင်လက်ထပ်ရမည့်သူဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်မှာ မှနိကန်သွားပေသည်။

ယခုတော့ အားမြောင်က နောက်ထပ်ကြောက်စရာမလိုတော့ပေ။ သူမက လုံးဝကို စိတ်သက်သာရာရသွားပြီး ချိုမြိန်စွာပြုံးလိုက်သည်။

သူမက အလွန်ချစ်စရာကောင်းနေပေသည်။

“ကျန်းကန်လည်းသေပြီဆိုတော့ အားမြောင်လည်း ရှေးမြေခွေးမျိုးနွယ်စုရဲ့ တားမြစ်နယ်မြေမှာ ဆက်နေစရာမလိုတော့ဘူး။ ဒီမှာဆက်နေရင် အားမြောင်လည်း အသက်ရှုကြပ်ပြီးသေသွားလိမ့်မယ်”

“အားမြောင် မင်းစီနီယာကို ကျေးဇူးတင်ဖို့မမေ့နဲ့နော်”

အားမြောင်က လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဟေးကျောင်းလုံ နင်ပြောတာအမှန်ပဲ။ ဒါပေမဲ့ အားမြောင်မှာ စီနီယာကို ကျေးဇူးဆပ်ဖို့ နည်းလမ်းမရှိဘူး။ အားမြောင်က သူ့ရဲ့ခန္ဓာကိုယ်ကိုပဲ စီနီယာကိုပေးနိုင်မယ်လို့ ကတိပေးနိုင်တယ်”

All Chapters