အခန်း ၁၂၂
Vol. 10 Ch. 122
အခန်း (၁၂၂) ရှောင်ဟေး မင်းမှာတောက်ပတဲ့အနာဂတ်ရှိတယ်
ဖေးရှန့်တောင်ပေါ်၌ ချမ်ချန်ကန်းသည် သစ်သားကုလားထိုင်ပေါ်၌လှဲလျောင်းရင်း သူက “ပန်းလရေမှန် လုပ်ဆောင်ချက်”ကိုသုံးပြီး သူ၏ကိုယ်ပွားကိုပြန်ရုတ်သိမ်းလိုက်ကာ ထရပ်ပြီးကိုယ်လက်အကြောဆန့်လိုက်သည်။
“နယ်မြေတန်ဖိုးငါးထောင်ရှိတဲ့ ကိုယ်ပွားလေးပျောက်သွားတာ တကယ့်ကိုနှာမြောစရာပဲ”
သူသည် လက်ထဲတွင်ရှိသော ရောင်စုံဓာတ်တော်ကိုကြည့်လိုက်သည်။
ဤသည်ကား သူသည် “ပန်းလရေမှန်လုပ်ဆောင်ချက်”မှတဆင့် တိုက်ရိုက်ယူဆောင်လာခြင်းဖြစ်သည်။
ဤဓာတ်တော်သည် အင်မော်တယ်နယ်မြေထဲ၌ အရောင်စုံတဖျက်ဖျက်လက်နေပြီး ရှေးဟောင်းဗုဒ္ဓစာသားများကိုရွတ်ဆိုနေသကဲ့သို့ ဗုဒ္ဓ၏စည်းချက်များက ထွက်ပေါ်နေလေသည်။
ရုတ်တရက် ဓာတ်တော်ထဲမှ အသက်ဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ ချမ်ချန်ကန်းလည်း အံအားသင့်သွားသည်။
“အသက်ဓာတ်ရှိတာပဲ ဒါဆိုရင် ဒီဆင်းရဲသားရဟန်းက သူ့ကိုယ်သူ ဗုဒ္ဓမီးနဲ့ရှို့လိုက်ပေမဲ့ မသေသေးဘူးလား”
ဤအကြောင်းကိုတွေးပြီး သူက လက်ထဲမှလွတ်ချမတက်ဖြစ်သွားသည်။ သူ့လက်ကလွတ်သွားသည်နှင့် ဓာတ်တော်က ရုတ်တရက်လွင့်စင်သွားပြီး အဝေးသို့ပြေးထွက်သည်ကို မြင်လိုက်ရသည်။
ချမ်ချန်ကန်းက အသာလေးပြုံးလိုက်သည်။
ဤသည်ကား သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲ၌ရှိပေသည်။
“ဒီဓာတ်တော်လေးတစ်ခုတည်းနဲ့များ ဘယ်ကိုသွားချင်နေတာလဲ ”
သူက လက်ကိုမြှောက်လိုက်ရာ ကောင်းကင်ကိုဖုံးအုပ်ထားသော ဧရာမလက်ကြီးတစ်ဖက်ပေါ်လာပြီး ဓာတ်တော်ကို ဖမ်းဆုပ်လိုက်သည်။
ချမ်ချန်ကန်းက ဓာတ်တော်ကို စူးစမ်းကြည့်လိုက်သောအခါ တောက်ပသောဗုဒ္ဓအလင်းတန်းတစ်ခုရှိနေပြီး အင်မော်တယ်နယ်မြေ၏ ကြီးကျယ်ခမ်းနားသော အင်မော်တယ်စွမ်းအားများက ဤဓာတ်တော်ထဲသို့ စီးဝင်နေပေသည်။
ဤအရာက ဓာတ်တော်၏အသက်ကို ပို၍ပြည့်ဝလာစေခဲ့သည်။ သို့ရာတွင်အထဲတွင်ရှိသော အသက်ဓာတ်က ရိုးရှင်းသောအသက်ဓာတ်နှင့် လုံးဝကွဲပြားပေသည်။
ဤသည်က ငြိမ်းချမ်းပြီး ဗုဒ္ဓစည်းချက်များစီးဆင်းနေသောကြောင့် လူကိုစိတ်သက်သာရာရစေခဲ့သည်။ သို့ပေမဲ့ဤအချိန်၌ ဓာတ်တော်က အရင်ကထက်ပို၍ ကြီးလာခဲ့ပေသည်။
၎င်းကို ဂရုတစိုက် ခံစားကြည့်လိုက်ရာ ချမ်ချန်ကန်းသည် အသက်ဓာတ်က ပြင်းထန်သောအသိစိတ် တစ်ခုမရှိသေးပေမဲ့လည်း ဘဝသစ်တစ်ခုပေါက်ဖွားနေသလိုမျိုး သတိပြုမိလိုက်သည်။
ဤအချင်းအရာကိုမြင်သောအခါ ချမ်ချန်ကန်းက အံအားသင့်သွားသည်။ သူ၏စိတ်ထဲ၌ ဤဓာတ်တော်က ဘယ်လိုအရာမျိုးကို မွေးဖွားလာမလည်းဆိုတာသိချင်မိသည်။
ဤရှု့ထောင့်မှကြည့်လျင် အနန္တရဟန်းသည် ရည်ရွယ်ချက်ရှိရှိ ဤဓာတ်တော်ကို ရယူရန်ကြိုးစားခဲ့ခြင်းဖြစ်နိုင်သည်။
အကယ်၍ ဤဓာတ်တော်သည် မည်ကဲ့သို့ရိုးရှင်းသော ပြန်လည်မွေးဖွားခြင်းဖြစ်မည်ဆိုတာကိုသိပါက ချမ်ချန်ကန်းသည် ထိုအချိန်က သူ့ကိုရိုက်သတ်ပစ်ရန် ဝန်လေးမည်မဟုတ်ပေ။
ချမ်ချန်ကန်းသည် လက်ကိုတစ်ချက်ခါယမ်းလိုက်ပြီး ဓာတ်တော်ကို ဗောဓိပင်ထံပစ်ပေးလိုက်သည်။
“ဗောဓိ ဒီဓာတ်တော်ကိုကြည့်ထားလိုက် ”
“သခင့်အမိန့်တိုင်းပါ”
ထို့နောက် ချမ်ချန်ကန်းသည် လင်းပေါင်အာနှင့်အမြီးလေးတို့ ကျင့်ကြံရာနေရာသို့ရောက်ရှိလာခဲ့သည်။ လင်းပေါင်အာ၏ လက်ရှိကျင့်ကြံမှုသည် အခြေတည်စိတ်ဝိညာဉ်ကောင်းကင်ဘုံ ပထမအလွှာတွင် တည်ရှိနေသည်။
အထူးသဖြင့် သူမက ယခု၌ ဆယ့်တစ်နှစ်အရွယ်သာရှိသေးသည်။ ဤကဲ့သို့ပါရမီမျိုးက ကျူးရှို့တိုက်ကြီးတစ်ခုလုံး၌ ထိပ်တန်းပါရမီရှင်ဖြစ်ပေသည်။
အမြီးလေးအနေနှင့် ကျင့်ကြံခြင်းကအခြေခံအုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအလွှာသို့ ချိုးဖောက်ဝင်ရောက်ပြီးဖြစ်သည်။
ထို့ကြောင့် ချမ်ချန်ကန်းအတွက် နယ်မြေတန်ဖိုးအချို့ကိုလည်း ရရှိခဲ့ပေသည်။
လင်းပေါင်အာက တူကူးဓားကိုးလက်ကိုလေ့ကျင့်နေသည်။ သူမသည်ဓားရေး၌ကျွမ်းကျင်ပြီး တူကူးဓားကိုးလက်နှင့်ရန်သူကိုတိုက်ခိုက်မည်ဆိုပါက ယွမ်ယင်အဆင့်ပဉ္စမအလွှာ သို့မဟုတ် ဆဌမအလွှာမှကျင့်ကြံသူပင်လျှင် သူမ၏ပြိုင်ဘက်မဟုတ်ပေ။
တူကူးဓားကိုးလက်ကို အပြည့်အဝအသုံးပြုပါက လင်းပေါင်အာ၏ခွန်အားကပို၍ အားကောင်း လာမှာ သေချာပေသည်။
ချမ်ချန်ကန်းက သူ၏အလုပ်သင်နှစ်ယောက်ကိုကြည့်ပြီး အလွန်ကျေနပ်နေသည်။
ချမ်ချန်ကန်းက ပြောလိုက်သည်။
“ပေါင်အာ၊ အမြီးလေး နောက်သုံးရက်လောက်ကြိုးကြိုးစားစား လေ့ကျင့်လိုက်ကြ။ ပြီးရင် ကျူးရှို့ပွဲ တော်ကိုသွားရမယ်”
ချမ်ချန်ကန်း၏စကားထွက်လာသည်နှင့် လင်းပေါင်အာနှင့်အမြီးလေးတို့က အံအားသင့်သွားကြသည်။
“ဟုတ်ကဲ့ပါဆရာ တပည့်အကောင်းဆုံးကျင့်ကြံပါ့မယ်။ ပိုပြီးမြင့်မားတဲ့အဆင့်ရောက်အောင် အားထုတ်ပါ့မယ်။ ကျူးရှို့ပွဲတော်မှာ ဆရာကို သိက္ခာမကျအောင်ကြိုးစားပါ့မယ်”
“ဟီး .. ဟီး … ဟီး … ဟီး ”
ထို့နောက် လင်းပေါင်အာနှင့် အမြီးလေးတို့က ကျူးရှို့ပွဲတော်အတွက် သုံးရက်အတွင်းပြင်ဆင်မှုများကို ပြုလုပ်ပြီး ပို၍ကြိုးစားလေ့ကျင့်ကြတော့သည်။
နောက်တစ်နေ့၌ ဟေးကျောင်းလုံက ချမ်ချန်ကန်းကိုတွေ့ဆုံရန် သက်ရှည်ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့သည်။
“စီနီယာ ကျွန်တော်အဲဒီဆင်းရဲသားရဟန်းရဲ့အကြောင်းကို အားမြောင်နဲ့ပြောပြီးပါပြီ။ ဆင်းရဲသားရဟန်းကတကယ်ပဲ ဝူကျိုးအရှင်ရဲ့အမိန့်နဲ့ အားမြှောင်နဲ့လက်ထပ်ရမဲ့သူဆိုတာ သိခဲ့ရပါတယ်”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်ပြီး သူကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။
“အားမြောင်က ဘာပြောလဲ”
ဟေးကျောင်းလုံက အားမြောင်ပေးခဲ့သော ကတိစကားကြောင့် အနည်းငယ်ရှက်ရွံ့သွားပြီး ရိုသေစွာ ပြောလိုက်သည်။
“အားမြောင်က စီနီယာကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါကြောင့်စီနီယာကို ကောင်းကောင်းကျေးဇူးပြန်ဆပ်ချင်တယ်လို့ပြောပါတယ်”
ချမ်ချန်ကန်းသည် ဤအားမြောင်တစ်ယောက် သူ့ကိုဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာ အရမ်းသိချင်နေမိသည်။
*စကားမစပ် ငါတောင် ကြောင်နဲ့မဆော့ဖြစ်တာအတော်ကြာပြီပဲ*
ထို့နောက် ချမ်ချန်ကန်းသည် ဟေးကျောင်းလုံကိုကြည့်ရင်း မနေ့ကကောင်းကင်ဘုံကိုးခုနှင့် ဆယ်ပြည် တောင်ဆီသို့ပျံသန်းရသည့် ခံစားချက်ကိုတွေးတောပြီး လန်းဆန်းသွားကာသူ၏စိတ်ထဲတွင် ဟေးကျောင်းလုံကို စီးတော်ယာဉ်အဖြစ်စီစဉ်နေပြီဖြစ်သည်။
ဤအကြောင်းကို စဉ်းစားပြီးနောက် ချမ်ချန်ကန်းက ပြောလိုက်သည်။
“ဟေးကျောင်းလုံ”
ဟေးကျောင်းလုံက လေးလေးစားစားနဲ့ပြန်ဖြေလိုက်သည်။
“စီနီယာအမိန့်ရှိပါ”
“ဟေးကျောင်းလုံ မင်း ဒီအရှင်ရဲ့ စီးတော်ယာဉ်လုပ်ချင်လား ”
ဟေးကျောင်းလုံက တုန်လှုပ်သွားပြီး ချမ်ချန်ကန်းကိုထိတ်လန့်ပြီး စိတ်လှုပ်ရှားသောအမူအရာအဖြစ်နှင့် လှမ်းကြည့်လိုက်သည်။
“စီနီယာ ဒါ ဒါက”
*နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ဂုဏ်သိက္ခာရှိတဲ့နတ်ဆိုးဧကရာဇ်က ဘယ်လိုလုပ်နှိမ့်ချပြီး အခြားသူရဲ့စီးတော်ယာဉ်ဖြစ်ချင်မှာလဲ။ ငါအများကြီးတွေးနေမိတာပဲဖြစ်ရမယ်*
ချမ်ချန်ကန်းက သူ့ဘာသာသူတွေးလိုက်သည်။
ဟေးကျောင်းလုံက သူ့ကိုရိုသေလေးစားပေမဲ့ သူ၏စီးတော်ယာဉ်ဖြစ်ရန် ဆန္ဒရှိသည့်အဆင့်သို့ မရောက်သေးသည်မှာ ထင်ရှားပေသည်။
သူသည် ပြိုင်ဘက်ကင်းနယ်မြေထဲတွင်ရှိနေသောကြောင့် သူစိတ်ကျေနပ်စေရန် နတ်ဆိုးဧကရာဇ်တစ်ပါးကို စီးတော်ယာဉ်အဖြစ် လက်ခံချင်နေမိသည်။
သို့သော်လည်း အပြင်ပန်းမှာတော့ ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဟေးကျောင်းလုံ မင်းဆန္ဒမရှိရင်ငါအတင်းအကျပ်မတိုက်တွန်းပါဘူး”
သို့ပေမဲ့ ဟေးကျောင်းလုံက စိတ်ထဲ၌ အံဩတုန်လှုပ်နေပြီး သူထင်ရောင်ထင်မှားဖြစ်နေသည်ဟု တွေးနေမိသည်ကိုတော့ ချမ်ချန်ကန်းက မသိပေ။
*စီနီယာကဲ့သို့ထူးခြားသည့် အရှင်သခင်တစ်ပါးက ခွန်အားကလည်းတိုင်းတာလို့မရသော်လည်း သူ့ကဲ့သို့နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်သတ္တဝါလေးကို စီနီယာရဲ့စီးတော်ယာဉ်ဖြစ်ဖို့ ဘယ်လိုလုပ်အရည်အချင်းပြည့်မီမှာလဲ*
ဟေးကျောင်းလုံ၏အမြင်အရဆိုလျင် အထက်ဘုံတွင်ရှိသော အင်မော်တယ်သားရဲများနှင့် အလားအလာရှိသောသားရဲများကသာ ချမ်ချန်ကန်း၏စီးတော်ယာဉ်ဖြစ်ရန် အရည်အချင်းပြည့်မီပေသည်။
ယခု ချမ်ချန်ကန်း၏စကားကိုကြားလိုက်ရသောအခါ သူ့အားစီးတော်ယာဉ်အဖြစ်လက်ခံချင်နေပြီ ဖြစ်ကြောင်းသိလိုက်ရပေသည်။
ဤသည်ကား အိပ်မက်တစ်ခုလိုခံစားလိုက်ရသည်။
ဟေးကျောင်းလုံ၏ရင်ထဲ၌ ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းလည်းဆိုတာ မြင်အောင်ကြည့်နိုင်ပေသည်။
*စိတ်လှုပ်ရှားစရာကောင်းလိုက်တာ။ ဘယ်လိုတောင်မယုံကြည်နိုင်စရာကောင်းလိုက်သလဲ *
ဤအခိုက် ချမ်ချန်ကန်း၏စကားကိုကြားလိုက်ရသောအခါ ဟေးကျောင်းလုံက ပို၍ပင်စိတ်လှုပ်ရှားလာပြီး မျက်ရည်များပင် ကျချင်လာခဲ့သည်။
ဤသည်ကား ကြီးမြတ်သောမဟာတာအို၏ ကံကြမ္မာပင်ဖြစ်ရပေမည်။ သူနည်းနည်း ဆုပ်ကိုင်ထားရပေမည်။
ထို့ကြောင့် ဟေးကျောင်းလုံက မဆိုင်းမတွပဲ ဒူးတစ်ဖက်တောက်ပြီး သူ၏အမူအရာက ပိုလို့တောင်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
“စီနီယာ ကျွန်တော်မျိုး၏ဘဝတစ်လျှောက် စီနီယာ့ကို အစေခံဖို့ဆန္ဒရှိပါတယ်။ ကျွန်တော်မျိုးရဲ့အစွမ်းအစ အကုန်သုံးပြီးတော့ စီနီယာ့အပေါ် သေတဲ့အထိ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ် ”
*နတ်ဆိုးတွေက မယဉ်ကျေးဘူးလို့ဘယ်သူကပြောလဲ။ ဒီစာကြောင်းကိုနားထောင်ကြည့်စမ်း ဘယ်လောက်တောင်ကျက်သရေရှိလိုက်လဲ*
ဟေးကျောင်းလုံ၏ဆန္ဒရှိသည့်အမူအရာကို တွေ့လိုက်ရသောအခါ ချမ်ချန်ကန်းက တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။
*ကောင်းပြီ။ ငါအများကြီးတွေးနေတာပဲဖြစ်ရမယ်။ ဒီဟေးကျောင်းလုံက ငါ့ရဲ့စီးတော်ယာဉ်ဖြစ်ရတာ အရမ်းပျော်ရွှင်နေတဲ့ပုံပဲ*
“ အရမ်းကောင်းတယ်။ အခုကစပြီး ငါ့ကိုစီနီယာလို့မခေါ်နဲ့တော့ အရှင်လို့ပဲ ခေါ်တော့”
“အရှင့်အမိန့်အတိုင်းပါ”
“မင်း ငါ့ရဲ့စီးတော်ယာဉ်ဖြစ်လာပြီဆိုတော့ ဟေးကျောင်းလုံဆိုတဲ့နာမည်က အရမ်းရုပ်ဆိုးတယ်။ ဒါကြောင့် နောင်မှာ မင်းကိုငါ ရှောင်ဟေးလို့ပဲခေါ်တော့မယ်။ ရှောင်ဟေး မင်းဘယ်လိုထင်လဲ”
ဟေးကျောင်းလုံက ကြည်ညိုလေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“အရှင် အရှင်ဟာ လောကမှာပြိုင်ဘက်ကင်းပါတယ်။ ရှောင်ဟေးဆိုတဲ့စကားလုံးက တကယ့်ကို မိုးခြိမ်းသံလိုအဆုံးမရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပြည့်နှက်နေပါတယ်။ ကျွန်တော်မျိုးဘဝမှာ အရှင်ပေးတဲ့ နာမည်ကိုရခြင်းက အရင်ဘဝရဲ့ကံကောင်းခြင်းတွေစုစည်းနေတာပဲဖြစ်ရမယ်”
ချမ်ချန်ကန်းက အနည်းငယ်ပြုံးပြီး ခေါင်းညိတ်ကာပြောလိုက်သည်။
“ရှောင်ဟေး မင်းမှာတောက်ပတဲ့အနာဂတ်ရှိပုံပဲ”