← Chapters

အခန်း ၁၂၄

Vol. 10 Ch. 124

အခန်း ၁၂၄

Vol. 10 Ch. 124

အခန်း (၁၂၄)တစ်ဦးစီလျှင် တိုက်ခိုက်ရေး နတ်ဘုရားလက်နက်တစ်ခုစီ

နှစ်ရက်တာ ကုန်လွန်သွားပြီးနောက် ကျူးရှိူ့ပွဲတော်ကြီး ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ယခုအခါ ကျူးရှိူ့တိုက်ကြီးတစ်ခွင်မှာ အင်အားကြီးသူများ အားလုံးက ဤနေရာသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြပြီး ပြည်နယ်ကိုးခုရှိ သခင်များကလည်း ဖုန်းယင်ရှေးဟောင်းဂိုဏ်းသို့ သွားရန် စုဝေးနေကြသည်။

ဤတစ်ကြိမ် အနှစ်သုံးရာကြာ ကျင်းပခဲ့သော ပွဲတော်ကြီးက တစ်ခါမှ မကြုံဖူးခဲ့သော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော ကျူးရှိူ့တိုက်ကြီးရှိ ပြိုင်စံရှားအင်အားကြီးပုဂ္ဂိုလ်များ၊ ပြည်နယ်သခင်များ၊ နတ်ဘုရားအသွင်ပြောင်းလဲရေးအဆင့် ကျင့်ကြံသူများ၊ အင်မော်တယ်တစ်ဝက် ကျင့်ကြံသူများမှာလည်း အလွန်မနည်းလှပေ။

ထို့အပြင် ဤကျူးရှိူ့ပွဲတော်၌ မျိုးဆက်သစ်လူငယ်များကလည်း မနည်းပေ။ မျိုးနွယ်စုအသီးသီးမှ သူတော်စင်သားသမီးများ၊ ထူးချွန်သောလူငယ်များနှင့် အလွန်ကြီးမားသော အင်မော်တယ်မိသားစုများမှ စွမ်းအားကြီးသော ပါရမီရှင်များ စသည်တို့ကို ကြည့်ပြီး သူရဲကောင်းများ စုစည်းမှုဟု ခေါ်ဆိုနိုင်ပေသည်။

ဟုတ်ပေသည်။ ဤကျူးရှိူ့ပွဲတော်၌ ထိုပုဂ္ဂိုလ် ရောက်ရှိလာမလားဆိုတာကိုတော့ မသိသေးပေ။

သူသည် ယခုအခါ ကျူးရှိူ့တိုက်ကြီး၏ အခြေအနေကို လှုပ်ယမ်းခဲ့ပြီး အင်မော်တယ်များကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးခဲ့သည့် ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ ချမ်ချန်ကန်းပင် ဖြစ်သည်။

သူသည် အင်မော်တယ်များကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးနိုင်ပြီး ပြိုင်ဘက်ကင်းသော ဤပုဂ္ဂိုလ်က ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့ကြား ကြောက်မက်ဖွယ်ရာကောင်းသော နည်းစနစ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ကျင့်ကြံသူအများအပြားက ရွှေရောင်ဗုဒ္ဓနဂါးကြီးသည် တစ္ဆေတိုင်းပြည်၌ ပျံဝဲနေကြောင်းကို မြင်တွေ့ဖူးပေသည်။ ထိုနောက်ပိုင်းတွင် ၎င်းသည် တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ဆင်းသက်လာသည်ဖြစ်ကြောင်း ကြားလိုက်ရသည်။

ဤအရာအားလုံးက ချမ်ချန်ကန်းနှင့် သက်ဆိုင်သလားဟု လူတိုင်းက အံ့အားသင့်နေကြသည်။ မရေတွက်နိုင်သော ကျင့်ကြံသူများက ဤအကြောင်းကို ပြောဆိုဆွေးနွေးနေကြသည်။ ခြုံငုံပြောရလျှင် ချမ်ချန်ကန်းဟူသော ပုဂ္ဂိုလ်သည် ယခုအခါ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး အလွန်နာမည်ကျော်ကြားပေသည်။

ယခုအခါ လူတိုင်းက မနက်ဖြန် ကျင်းပမည့် ကျူးရှိူ့ပွဲတော်၌ ချမ်ချန်ကန်း ရောက်ရှိလာမည်ကို စောင့်မျှော်နေကြသည်။ ပြည်နယ်ကိုးခုတွင် ရှိသော သခင်များ၊ အခြားမရေတွက်နိုင်သော ကျင့်ကြံသူများ၊ ထူးချွန်သူများအားလုံးက ချမ်ချန်ကန်း၏ ပြိုင်စံရှားအသွင်အပြင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုကြသည်။ သူသည် ကောလာဟလများအတိုင်း အမှန်တကယ် ပြိုင်စံရှားဖြစ်ပြီး ကျင့်ကြံသူအမြောက်အမြားကို ရှိခိုးဦးခိုက်စေလိုသူ ဟုတ်မဟုတ် သိလိုကြသည်။

ဖေးရှန့်တောင်ထိပ်တွင် ချမ်ချန်ကန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးရပ်ကာ သူ၏ အဖြူရောင်ဝတ်ရုံက လေထဲတွင် လှုပ်ခတ်နေသည်။ သူက အဝေးကို လှမ်းငေးကြည့်နေသည်။ မနက်ဖြန်၌ ကျူးရှိူ့ပွဲတော်ကြီး ကျင်းပတော့မည် ဖြစ်သည်။

ချမ်ချန်ကန်းက ခေါ်လိုက်သည်။

“ပေါင်အာ...အမြီးလေး…”

ကျင့်ကြံနေကြသော လင်းပေါင်အာနှင့် အမြီးလေးတို့က ရုတ်တရက် ကျင့်ကြံနေရာမှ နိုးလာပြီး စိတ်အားထက်သန်စွာဖြင့် တောင်ထိပ်သို့ အပြေးလာကြသည်။

“ဆရာ...ဆရာ သွားတော့မလို့လား”

လင်းပေါင်အာက စိတ်မရှည်စွာ မေးလိုက်သည်။

ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းလေးကို ပွတ်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

“မင်းကြည့်ရတာ မစောင့်နိုင်တော့ဘူးထင်တယ်”

လင်းပေါင်အာက သူမ၏လက်ထဲတွင်ရှိသော အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်က အလွန်ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။

“ဒီကျူးရှိူ့ပွဲတော်မှာ တပည့်က ဆရာ့ရဲ့မျက်နှာကို လုံးဝမပျက်စေရဘူး”

ချမ်ချန်ကန်းက လင်းပေါင်အာ၏ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။

“အား... ဆရာ...ဘာလို့ တပည့်ကို ထပ်ရိုက်ပြန်တာလဲ”

လင်းပေါင်အာက နာကျင်သော အမူအရာဖြင့် သူမ၏ခေါင်းလေးကို ကိုင်လိုက်သည်။

“ပေါင်အာ... မင်းဆရာက မင်းကို ဘယ်လိုသင်ပေးထားလဲ။ ကမ္ဘာ့အပြင်ဘက်မှာ ကိုယ့်ထက်သာတဲ့လူတွေဆိုတာ အမြဲရှိတယ်။ ကောင်းကင်ဘုံရဲ့အပြင်မှာ နောက်ထပ်ကောင်းကင်တွေ ရှိသေးတယ်လေ။ အရာရာကို နှိမ့်ချထားရမယ်”

ချမ်ချန်ကန်းက စိတ်ထဲက ထပ်ပြောလိုက်သည်။

*မဟုတ်ရင် မင်းသာ ပြိုင်ဘက်ကင်းနယ်မြေရဲ့ အပြင်ဘက်မှာ မင်းအနိုင်မယူနိုင်တဲ့ လူတစ်ယောက်ကို ရန်စမိရင် ဆရာက မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။*

“ဟုတ်ကဲ့ ဆရာ... တပည့်မှတ်ထားပါ့မယ်”

ချမ်ချန်ကန်းက အမြီးလေးကို ကြည့်လိုက်သည်။

“အီ… အီ… အီ… အီ…”

အမြီးလေးသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်အလွှာငါးသို့ ရောက်ရှိနေပေသည်။ ချမ်ချန်ကန်းက အမြီးလေးကို မသက်သာဘဲ စိုက်ကြည့်လိုက်သည်။

*ကျန်းယုချန်ဆီက လဲလှယ်ထားတဲ့ အင်မော်တယ်လက်နက်နှစ်ခုကို ပေါင်အာနဲ့ အမြီးလေးကို တစ်ယောက်တစ်ခုစီပေးရမယ်*

ထိုသို့ပြောလိုက်ပြီး နတ်ဘုရားအလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ တစ်ခုချင်းစီက လင်းပေါင်အာနှင့် အမြီးလေးတို့ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

လင်းပေါင်အာ၏ လက်ထဲတွင် ကြယ်ခုနှစ်ပွင့် ရတနာလက်ကောက်ဟုခေါ်သော ကြေးလက်ကောက်တစ်ခုရှိသည်။ ၎င်းပေါ်တွင် တိုက်ခိုက်နိုင်သော အင်မော်တယ်ကျောက်တုံး ခုနှစ်တုံးပါပြီး မှော်စွမ်းအားများကို သွန်းလောင်းသောအခါ အလွန်ပြင်းထန်ပြီး အစွမ်းထက်သော အင်မော်တယ်ဓားရောင်ခြည် ခုနှစ်ခုကို ပစ်လွှတ်ပေးနိုင်သည်။

အမြီးလေး၏ လက်ထဲတွင် နဂါးနှစ်ကောင် အင်မော်တယ်ကတ်ကြေးတစ်စုံ ရှိပေသည်။ ၎င်းသည် အလွန်ထက်မြက်ပြီး ရန်သူကို သုတ်သင်ရန် နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည်လည်း အလွန်စွမ်းထက်သော သတ်ဖြတ်ရေးမှော်လက်နက်တစ်ခုဖြစ်သည်။ ဤအင်မော်တယ်လက်နက်နှစ်ခုသည် မူလက ပိုင်ရှင်မဲ့ပစ္စည်းများဖြစ်ပြီး ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေ၏ အကူအညီဖြင့် အလွယ်တကူ သန့်စင်နိုင်ခဲ့သည်။

အမြီးလေးနှင့် လင်းပေါင်အာတို့အပေါ် ပြောရလျှင် ၎င်းသည် ကြယ်ခုနှစ်ပွင့်ရတနာလက်ကောက်ဖြစ်စေ၊ နဂါးနှစ်ကောင် အင်မော်တယ်ကတ်ကြေးဖြစ်စေ၊ ၎င်းတို့သည် အထက်ဘုံမှ အင်မော်တယ်လက်နက်များ ဖြစ်သောကြောင့် သုံးစွဲလိုသော မှော်စွမ်းအားမှာလည်း အလွန်ကြီးမားပေသည်။

သို့သော် ယခုအခါ၌ ဤသည်က အရေးမကြီးတော့ပေ။ ပထမအနေဖြင့် သူတို့က ဤအင်မော်တယ်နယ်မြေ၌ ကျင့်ကြံနေခဲ့ကြခြင်းဖြစ်သည်။ အင်မော်တယ်စည်းချက်များက သူတို့၏ ခန္ဓာကိုယ်ထဲ၌ မွေးမြူထားခဲ့ပြီး ချမ်ချန်ကန်းသည် ဆေးဖက်ဝင်ဟင်းချိုကို ဖော်စပ်ပြီးနောက် လင်းပေါင်အာနှင့် အမြီးလေးတို့က အမြဲတမ်း ဆေးလုံးကို စုပ်ယူခဲ့ကြခြင်းဖြစ်သည်။ ဆေးလုံး၏ စွမ်းအားသည် လင်းပေါင်အာနှင့် အမြီးလေးတို့၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။

အခြားသူများက ခံစားမိမည် မဟုတ်သော်လည်း သူတို့သည် ပြိုင်ဘက်ကင်းနယ်မြေ၏သခင်များ ဖြစ်လာခဲ့ပေသည်။ သို့သော်လည်း ချမ်ချန်ကန်းသည် လင်းပေါင်အာနှင့် အမြီးလေးတို့၏ ခန္ဓာကိုယ်များသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို တုန်ခါသွားစေနိုင်လောက်သည်အထိ အသွင်ပြောင်းလဲသွားသည်ကို ခံစားသိရှိသည်။ ၎င်းတို့သည် ယခုအခါ အင်မော်တယ်များ ဖြစ်လာကြပေသည်။

အထူးသဖြင့် ထိုအချိန်က လင်းပေါင်အာနှင့် အမြီးလေးတို့သည် အင်မော်တယ်သစ်သီးများနှင့် အင်မော်တယ်ဆေးလုံးများကို အမြောက်အမြား စားခဲ့ကြသည်။ ဟုတ်ပေသည်။ ချမ်ချန်ကန်းသည် ဖေးရှန့်တောင်ပေါ်၌ အင်မော်တယ်သစ်ပင်အနည်းငယ်ကို စိုက်ပျိုးခဲ့ပြီး အလုံးစုံသော သက်ရှိစွမ်းအားကိုလည်း နေ့စဉ်အသုံးပြုခဲ့ပေသည်။

ကျူးယန်အင်မော်တယ်သစ်သီးသည် အလွန်လျင်မြန်စွာ ရင့်ကျက်လာသည်။ ကျူးယန်အင်မော်တယ်သစ်သီးကို ပြောရန်မလိုပေ။ တခြားဆေးလုံးများပင်လျှင် လင်းပေါင်အာနှင့် အမြီးလေးတို့က အမြောက်အမြား စားခဲ့ကြခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ယခုအခါ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားတို့က သူတို့၏ခန္ဓာကိုယ်လေးများတွင် မွေးဖွားလာကြပြီး အင်မော်တယ်လက်နက်များကို ထိန်းချုပ်သည်မှာ အလွန်လွယ်ကူသော အလုပ်ဖြစ်ပေသည်။

လင်းပေါင်အာနှင့် အမြီးလေးတို့က ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

“အီး…”

All Chapters