← Chapters

အခန်း ၁၂၅

Vol. 10 Ch. 125

အခန်း ၁၂၅

Vol. 10 Ch. 125

အခန်း (၁၂၅) အသင့်ပြင်ထား၊ အသည်းကွဲနေသော ဆရာသခင်

ချမ်ချန်ကန်းက အနည်းငယ် ပြုံးလိုက်သည်။ သို့သော်လည်း ၎င်းက အဆုံးသတ် မဟုတ်သေးပေ။ သူ၏တပည့်များအနေဖြင့် လင်းပေါင်အာနှင့် အမြီးလေးတို့သည် ကျူးရှို့ပွဲတော်ကြီး၌ မည်သည့်အရာကိုမှ မလုပ်ဘဲ မနေသင့်ပေ။

ထို့ကြောင့် သူက လက်ကိုမြှောက်လိုက်ရာ နောက်ထပ် နတ်ဘုရားအလင်းတန်းလေးခု လင်းလက်သွားပြန်သည်။ ထိုနေ့က ကျန်းယုချန်သည် ကျူးယန်အင်မော်တယ်သစ်သီးအတွက် အင်မော်တယ်ပစ္စည်းခြောက်ခုနှင့် လဲလှယ်ခဲ့ပေသည်။ ၎င်းတို့အနက် နှစ်ခုသည် တိုက်ခိုက်ရေး အင်မော်တယ်လက်နက်များဖြစ်ပြီး လေးခုကတော့ ကာကွယ်ရေးအင်မော်တယ်လက်နက်များ ဖြစ်သည်။

ချမ်ချန်ကန်း၏အမြင်၌ ဤကာကွယ်ရေး အင်မော်တယ်လက်နက်လေးခုက အလွန်အရေးကြီးပေသည်။ ၎င်းတို့သည် ခရမ်းရောင်အကြေးခွံ ကျောက်စိမ်းနှလုံးသား သံချပ်ကာ၊ အင်မော်တယ်သုံးပါး တော်ဝင်ဓားပုံရိပ်၊ နတ်ဆိုးဖိနှိပ်ခြင်းကြာပလ္လင်နှင့် ကောင်းကင်နှင့်မြေကြီးတို့၏ သပ္ပာယ်သော စေတီတော်တို့ ဖြစ်သည်။

၎င်းတို့သည် မူလက ကျန်းယုချန် ပိုင်ဆိုင်ပေသည်။ အမှန်တော့ သူမသည် ကျန်းမိသားစု၏ ထိပ်တန်းပါရမီရှင် ဖြစ်သောကြောင့် ဤအင်မော်တယ်ပစ္စည်းတစ်ခုစီတိုင်းက အဆင့်အတန်းမနိမ့်ပေ။

၎င်းတို့အနက် ခရမ်းရောင်အကြေးခွံ ကျောက်စိမ်းနှလုံးသား သံချပ်ကာ၊ အင်မော်တယ်သုံးပါး တော်ဝင်ဓားပုံရိပ်နှင့် ကောင်းကင်နှင့်မြေကြီး၏ သပ္ပာယ်သော စေတီတော်တို့ကို အမြီးလေးကို ပေးလိုက်ပေသည်။ အမြီးလေး၏ ကျင့်ကြံခြင်းက အလွန်အားနည်းနေသဖြင့် သူမ တစ်ခုခုဖြစ်မည်ကို စိုးရိမ်မိပေသည်။

လင်းပေါင်အာအတွက်တော့ နတ်ဆိုးဖိနှိပ်ခြင်းကြာပလ္လင်ကို ပေးလိုက်ပေသည်။ သူမသည် အင်မော်တယ်သူတော်စင်၏ အင်မော်တယ်ဓားကို ကိုင်ဆောင်ထားပြီး ကြယ်ခုနစ်ပွင့် ရတနာလက်ကောက်နှင့် နတ်ဆိုးဖိနှိပ်ခြင်း ကြာပလ္လင်တို့ကိုပါ ကိုင်ဆောင်ထားလေသည်။

လင်းပေါင်အာနှင့် အမြီးလေးတို့သည် ဤအင်မော်တယ်လက်နက်များကို တပ်ဆင်လိုက်သည်ကို မြင်သောအခါမှ ချမ်ချန်ကန်းက သက်ပြင်းတစ်ချက်ချပြီး သူ့ကိုယ့်သူ တွေးလိုက်သည်။

*ဒီလိုဆိုရင်တော့ ငါ့တပည့်လေးနှစ်ယောက်က အဆင်ပြေသင့်တယ်။ သူတို့က တကယ့်အင်မော်တယ်တွေ မဟုတ်သေးတော့ ဒီကာကွယ်ရေးလက်နက်တွေက တစ်ပိုင်းတွေရဲ့ တိုက်ခိုက်တာကိုတောင် ခံနိုင်ရည်ရှိမှာပဲ။*

ခဏလောက် စဉ်းစားပြီးနောက် ချမ်ချန်ကန်းက မသင့်တော်သေးဘူးလို့ ခံစားလိုက်ရပြန်သည်။

*ဒါလည်း မဟုတ်သေးဘူး။ ဒီအင်မော်တယ်လက်နက်တွေရဲ့ မှော်စွမ်းအားသုံးစွဲမှုက အရမ်းကို များတယ်။ သူတို့ကိုယ်ထဲမှာ ရှိတဲ့ မှော်စွမ်းအားတွေ ကုန်သွားရင် အင်မော်တယ်လက်နက်ဆိုတာ ဘယ်လောက်ပဲ သန်မာပါစေ ၏းထပ်ပြီး အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး”

ထိုအကြောင်းကို စဉ်းစားပြီးနောက် ချမ်ချန်ကန်းက သူ့လက်ကို မြှောက်လိုက်သည်။ ဖေးရှန့်တောင်ရှိ အင်မော်တယ်ကွင်းပြင်တစ်ခုလုံး၌ နတ်ဘုရားအလင်းတန်းများ ဒါဇင်ပေါင်းများစွာ ပျံသန်းလာခဲ့သည်။ လင်းပေါင်အာနှင့် အမြီးလေးတို့၏ လက်ထဲ၌ ဆေးဝါးဒါဇင်ကျော် ထပ်မံရောက်ရှိလာပြန်သည်။ ၎င်းတို့သည် ကျန်းယုချန် လဲလှယ်ခဲ့သော အင်မော်တယ်ဆေးလုံးများ ဖြစ်သည်။ ထို့နောက် ဤဆေးလုံးများသည် အလုံးစုံသော သက်ရှိစွမ်းအားများအောက်၌ ကြီးထွားလာကြပေသည်။

ချမ်ချန်ကန်းက သူ၏ဆေးပင်စိုက်ပျိုးနိုင်စွမ်းကို အလွန်သဘောကျနေမိသည်။ ယခုအခါ ဖေးရှန့်တောင်တွင် ကျန်းယုချန်၏ ဆေးဖက်ဝင်အပင်ငါးမျိုးမှတစ်ဆင့် ချမ်ချန်ကန်းက အင်မော်တယ်လယ်ကွင်းပြင်တစ်ခုလုံး၌ ဆေးဖက်ဝင်အပင် အနည်းငယ်ကို ထပ်မံစိုက်ပျိုးထားပေသည်။ ပုံမှန်အားဖြင့် ချမ်ချန်ကန်းသည် ၎င်းအပင်အနည်းငယ်ကို ဟင်းချိုချက်ရာ၌ အနည်းငယ် ထည့်လေ့ရှိပြီး အရသာက မဆိုးပေ။

“ငါ့တပည့်ကောင်းလေးတွေ... ဒီဆေးရွက်တွေနဲ့ ဒီဆေးလုံးတွေကို မင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သေချာသိမ်းထား။ အန္တရာယ်ကြုံလာရင် ဒါမှမဟုတ် မှော်စွမ်းအား မလုံလောက်ရင် နှစ်ခုလောက် ဝါးစားလိုက်။ ဒါကိုမှ မလုံလောက်သေးရင် ဆရာက တပည့်တွေအတွက် ထပ်ပြီးပေးဦးမယ်”

လင်းပေါင်အာနှင့် အမြီးလေးတို့က သူတို့လက်ထဲတွင်ရှိသော အင်မော်တယ်လက်နက်များနှင့် ဆေးလုံးများကို စိုက်ကြည့်ပြီး အနည်းငယ်တွေဝေသွားသည်။ သူတို့က မည်သည့်စကားကိုမှ ပြောနိုင်စွမ်း မရှိတော့ပေ။

*ဆရာ... တပည့်တို့က ကျူးရှို့ပွဲတော်ကို သွားမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုမျိုး လက်နက်အင်အား အပြည့်အစုံနဲ့ သွားရတာလဲ*

လင်းပေါင်အာက ပြုံးပြီးပြောလိုက်သည်။

“ဆရာ...တပည့်တွေက ဆရာနဲ့နေမှာ မဟုတ်ဘူးလား။ တပည့်က ဘယ်လိုလုပ် အန္တရာယ်ဖြစ်နိုင်မှာလဲ”

ချမ်ချန်ကန်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

*ငါက စိတ်ကြီးဝင်ပေမဲ့ တကယ့်ကို အားနည်းတဲ့ ကြက်ကလေးတစ်ကောင်ပဲ။ မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘေးကင်းဖို့အတွက် ဆရာတစ်ယောက်အနေနဲ့ ငါက ကြိုးစားနေရတာပဲ*

ချမ်ချန်ကန်းက နှစ်ချက်လောက် ချောင်းဟန့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မင်းတို့က ပင်လယ်ပြင်မှာ အတောင်ဖြန့်ပြီး ပျံသန်းရမယ့် သားပေါက်လေးတွေပဲ။ ဒါကြောင့် ဆရာက မင်းတို့ကို အချိန်တိုင်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ လင်းပေါင်အာနှင့် အမြီးလေးတို့က သဘောကျစွာ ရယ်မောလိုက်သည်။

“ဆရာက တပည့်တွေကို ဘယ်လောက်တောင် ကြင်နာပြီး စဉ်းစားပေးတတ်လိုက်သလဲ”

ချမ်ချန်ကန်းက ခေါင်းညိတ်ပြီး အနည်းငယ် ပြုံးလိုက်သည်။

“ဟုတ်တယ်လေ... ဒါက သဘာဝပဲဟာ”

ထို့နောက် ချမ်ချန်ကန်းက အော်လိုက်သည်။

“ရှောင်ဟေး…”

ကျယ်လောင်သော နဂါးဟိန်းဟောက်သံနှင့်အတူ ဖေးရှန့်တောင်၏ မြင့်မားသော ချောက်ကမ်းပါးအောက်မှ အနက်ရောင်အကြေးခွံများ ရှိသော နဂါးနက်ကြီးတစ်ကောင် ပေါ်လာခဲ့သည်။

“သခင့်ကို ဂါရဝပြုပါတယ်”

ရှောင်ဟေးက ရိုသေစွာ ပြောလိုက်သည်။

“သခင်မလေးတွေကိုလည်း ဂါရဝပြုပါတယ်”

လင်းပေါင်အာနှင့် အမြီးလေးတို့က မျက်တောင်ခတ်ပြီး နဂါးနက်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

“ဆရာ...ဒါက ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ နဂါးကြီးလဲ”

သူမတို့နှစ်ဦးက အနားသို့ တိုးကပ်သွားခဲ့သည်။ သို့သော် သူတို့ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်လက်နက်များနှင့် ဆေးဝါးများက အလွန်အလင်းတန်းတောက်ပနေသောကြောင့် ရှောင်ဟေးတစ်ယောက် မျက်လုံးပင် မဖွင့်နိုင်အောင် ဖြစ်သွားရသည်။

*ဟားဟားဟား...မင်းတို့ရဲ့ ၂၄ ကာရက်စစ်စစ် တိုက်တေနီယမ်ရွှေတွေက မျက်လုံးကိုတောင် ကန်းစေနိုင်တာပဲ*

“ရှောင်ဟေး... မနက်ဖြန်မှာ ကျူးရှို့ပွဲတော်ရှိတယ်။ ဒီနေ့တော့ ဒီအရှင်နဲ့အတူလိုက်ခဲ့”

ချမ်ချန်ကန်းက အေးဆေးစွာ ပြောလိုက်သည်။ ဤအချိန်၌ ချမ်ချန်ကန်းသည် ပန်းလှရေမန် လုပ်ဆောင်ချက်မှတစ်ဆင့် နယ်မြေတန်ဖိုး (၅၀၀၀၀) ရှိသည့် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ပေသည်။ ထိုကိုယ်ပွားက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပေသည်။

ဟုတ်ပေသည်။ ဤသည်က သိပ်မစိုးရိမ်ရပေ။ အဓိကအားဖြင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုအခြေခံ ရှိသည့် ကိုယ်ပွားက သုံးရက်ကြာ ခံနိုင်ရည်ရှိပေသည်။ မဟုတ်ပါက ကျင့်ကြံမှုအခြေခံမရှိသည့် ကိုယ်ပွားတစ်ခုနှင့် ချီသန့်စင်ခြင်းအဆင့်ရှိသည့် ကိုယ်ပွားတစ်ခုတည်းသာ ထုတ်သုံးမည်ဆိုပါက တစ်ရက်တည်းသာ ခံနိုင်ရည်ရှိပေသည်။ ယင်းမှာ လုံးဝမလုံလောက်ပေ။

ယနေ့တွင် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်ထဲ၌ ကျန်ခဲ့သော နယ်မြေတန်ဖိုးကလည်း သိပ်များခြင်း မရှိတော့ပေ။ ဤတစ်ကြိမ်ရည်ရွယ်ချက်မှာ ကျူးရှို့ပွဲတော်ကို ပါဝင်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ မြင့်မြတ်သော ဆရာသခင် မင်ဟဲကို ဆက်သွယ်ပြီး သူ၏ဆရာနှင့် သူမ၏ဆက်ဆံရေးကို ကြည့်ရှုရန်ဖြစ်သည်။ တတိယအချက်ကတော့ အင်မော်တယ်များ၏ သတင်းကို စုံစမ်းမေးမြန်းရန် ဖြစ်သည်။

All Chapters