← Chapters

အခန်း ၁၂၆

Vol. 10 Ch. 126

အခန်း ၁၂၆

Vol. 10 Ch. 126

အခန်း (၁၂၆) ရှောင်ဟေး... ကျူးရှိူ့ပွဲတော်ကို သွားကြစို့

အစိမ်းရောင်ဆံပင်နှင့် တစ္ဆေအင်မော်တယ် သေဆုံးပြီး ကျန်းယုချန်ထွက်သွားပြီးကတည်းက အထက်ဘုံက တိတ်ဆိတ်နေခဲ့သည်။ အောက်ဘုံ၌လည်း အင်မော်တယ်လောက၏ သတင်းကို မကြားရပေ။

ဤသည်က သတင်းကောင်း မဟုတ်ပေ။ ယခု သူသည် နယ်မြေတန်ဖိုးကို ရရှိရန် အင်မော်တယ်များကို အရေးတကြီးသတ်ပစ်ရန် လိုအပ်နေပေသည်။ ဒါမှမဟုတ် အထက်ဘုံမှ အင်မော်တယ်ကျောက်တုံးများနှင့် သူ၏ပစ္စည်းများကို လဲလှယ်လိုပေသည်။

လက်ရှိ ချမ်ချန်ကန်းတစ်ယောက် ကျန်းယုချန်ကို အရမ်းလွမ်းနေပြီး သူမ အောက်ဘုံသို့ ပြန်လာလိမ့်မည်ကို မျှော်လင့်နေပေသည်။ သို့သော် ကံမကောင်းစွာပင် ကျန်းယုချန်သည် ချမ်ချန်ကန်းထံ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။ ချမ်ချန်ကန်းက သူမကို သတ်ပစ်မည်စိုး၍ သူမက ကျူးရှိူ့တိုက်ကြီးကို ဘယ်တော့မှ မလာတော့ဟု သန္နိဋ္ဌာန်ချထားပေသည်။ ချမ်ချန်ကန်းက ဤအကြောင်းအရာကို ဘယ်လိုလုပ် သိမှာလဲ။

ချမ်ချန်ကန်းက ရှောင်ဟေး၏ ခေါင်းပေါ်သို့ တက်နင်းလိုက်သည်။

“ပေါင်အာ... အမြီးလေး... အမြန်တက်လာကြ”

လင်းပေါင်အာနှင့် အမြီးလေးတို့က ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး လျှပ်တပြက် အလင်းတန်းဖြင့် ရှောင်ဟေး၏ ဦးခေါင်းထက်သို့ ရောက်ရှိလာကြသည်။ ချမ်ချန်ကန်းက သူ့လက်ကို မြှောက်လိုက်သည်။ အင်မော်တယ်လယ်ကွင်းထဲမှ အင်မော်တယ်ဆေးပင် ဒါဇင်ကျော် ပျံသန်းလာခဲ့သည်။

“ရှောင်ဟေး...ဗိုက်ဆာရင် နှစ်ခုလောက် ယူထား”

ဤအင်မော်တယ်ဆေးပင်များ ပါဝင်သော ခမ်းနားထည်ဝါသည့် အင်မော်တယ်စွမ်းအားများကို ခံစားလိုက်ရသောအခါ ရှောင်ဟေးတစ်ယောက် အံ့အားသင့်သွားသည်။ အင်မော်တယ်ဆေးပင်တစ်ပင်စီတွင် ပါဝင်သော ကြီးကျယ်ခမ်းနားသည့် အင်မော်တယ်အနှစ်သာရစွမ်းအားများကို ခံစားလိုက်ရသောအခါ ဤသည်က ရိုးရိုးသာမန် စိတ်ဝိညာဉ်ဆေး မဟုတ်တော့ပေ။ ဒါက တကယ့်ကို အင်မော်တယ်ဆေးစစ်စစ်ပဲ ဖြစ်ပေသည်။

*သခင်ဖြစ်သူက ငါ့ကို အရမ်းရက်ရောတာပဲ။ သူက ဆေးပင်ဒါဇင်လောက် ပေးပြီး ငါဗိုက်ဆာရင် စားဖို့ ဆေးပင်နှစ်ပင်တောင် ပေးမယ်လို့ ပြောခဲ့တယ်။ မသိရင် ဒီဆေးပင်တွေက တရုတ်ဂေါ်ဖီထုပ်တွေလိုမျိုး အပေါစားဆန်နေသလိုပဲ*

“ရှောင်ဟေးက သခင့်ကို ကျေးဇူးတင်ပါတယ်”

“ရှောင်ဟေး... လုံလောက်ပြီ။ ခြင်းတောင်းတစ်တောင်းလောက် ပေးရရင်တောင် ငါက ကိစ္စမရှိဘူး”

ချမ်ချန်ကန်းက ထိုသို့ပြောလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဖုန်းယွင်ရှေးဟောင်းဂိုဏ်းသို့ သွားရမည့်လမ်းက အလွန်ရှည်လျားပေသည်။ ရှောင်ဟေးတစ်ယောက် ပျံသန်းရင်း ပင်ပန်းသွားပါက မည်သို့လုပ်ရမည်နည်း။ သူ ဗိုက်ဆာလျှင်ကော…။

ဤအင်မော်တယ်ဆေးမြစ်ကို ယူလာလိုက်ပါ။ ဆာလောင်မှုကို ဖြေဖျောက်ပြီး ကိုယ့်ကိုကိုယ် အနားယူလိုက်ပါ။

တနည်းအားဖြင့် ခြုံပြောရလျှင် ချမ်ချန်ကန်းသည် သူ၏မိသားစုဝင်များအား အလွန်အမင်း ရက်ရောပေသည်။ ရှောင်ဟေးတစ်ယောက် အံ့ဩမှင်တက်ပြီး စကားမပြောနိုင် ဖြစ်သွားရသည်။ သခင်၏စကားသံကို နားထောင်ရသည်မှာ သူသည် လမ်းဘေးမှ တရုတ်ဂေါ်ဖီထုပ်များကို တစ်ခြင်းပြီးတစ်ခြင်း ပေးနေသည့်အတိုင်း ဖြစ်နေသည်။ ယင်းကြောင့် ရှောင်ဟေးလည်း ဝမ်းသာအားရဖြင့် အလျင်အမြန် ပြောလိုက်သည်။

“သခင်…ဒီအင်မော်တယ်ဆေးပင်တွေက လုံလောက်ပါတယ်”

အင်မော်တယ်ဆေးပင် တစ်ပင်စီတိုင်းသည် အလွန်ရှားပါးပြီး အဖိုးတန်ကာ ကျူးရှိူ့တိုက်ကြီးတွင်ပင် ရှာဖွေရန် ခက်ခဲကြောင်း သိထားရပေမည်။ သို့သော် ယခုမူ ဤနေရာ၌ ဒါဇင်ကျော် ရှိနေပေသည်။ ဤအကြောင်းသာ ပျံ့နှံ့သွားသည်ဆိုပါက ကျူးရှိူ့ပြည်နယ်ကြီးတစ်ခုလုံး လှုပ်ခတ်သွားမှာ အသေအချာပင် ဖြစ်သည်။

ထိုဆေးပင်များထဲတွင် ပါဝင်သော ခမ်းနားကြီးကျယ်သည့် အသက်စွမ်းအင်များကြောင့် ရှောင်ဟေးကဲ့သို့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ရောက်နေသူသည်ပင် အပြင်းအထန် ဒဏ်ရာရခဲ့လျှင် တစ်ပင်ကို စားသုံးလိုက်သည်နှင့် များမကြာခင် ဒဏ်ရာများ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဤအင်မော်တယ်ဆေးပင် ဒါဇင်ကျော်သည် ရှောင်ဟေးအတွက် အသက်ဒါဇင်ကျော်ရှိသည်ဟု အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တန်ဖိုးက အထူးပြောနေစရာ မလိုအပ်ပေ။ ချမ်ချန်ကန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဆရာ...၊ သမီးတို့ သွားလို့ရပြီလား”

လင်းပေါင်အာက မစောင့်နိုင်တော့ပေ။ သို့သော် လင်းပေါင်အာနှင့် အမြီးလေးတို့ ဝတ်ဆင်ထားသော မျက်စိကျိန်းစရာ တောက်ပနေသည့် အင်မော်တယ်ချပ်ဝတ်တန်ဆာများက လူအများ၏အာရုံကို ဖမ်းစားနိုင်သည့် အသွင်အပြင် ရှိနေပေသည်။

ယင်းသည် ချမ်ချန်ကန်းက လင်းပေါင်အာအား အပြင်ဘက်၌ နှိမ့်ချပြီးနေရန် ပြောဆိုခဲ့ခြင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ချမ်ချန်ကန်းက စဉ်းစားလိုက်သော်လည်း လင်းပေါင်အာနှင့် အမြီးလေးတို့အား တပ်ဆင်ပေးရန် အခြားအရာများ မရှိတော့သဖြင့် လက်ခံလိုက်ရခြင်းဖြစ်သည်။

“ကောင်းပြီ ကောင်းပြီ...။ ငါတို့ သွားကြတာပေါ့။ ရှောင်ဟေး...ကျူးရှိူ့ပွဲတော်ကို သွားတော့”

နဂါးဟိန်းသံတစ်ချက်က တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။ ရှောင်ဟေးသည် ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့ပြီး မိုးတိမ်များအကြား ဝင်ရောက်ကာ အဆုံးမဲ့တောင်တန်းနှင့် မြစ်များကို ဖြတ်ကျော်လျက် ကျူးရှိူ့ပွဲတော်ဆီသို့ ဦးတည်သွားတော့သည်။

ဖုန်းယွင်ရှေးဟောင်းဂိုဏ်းသည် ကွေ့ကျိုး၏ အစည်ကားဆုံးဗဟိုချက်တွင် တည်ရှိပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းမှ အလွန်အမင်း ဝေးကွာလှပေသည်။ ရှောင်ဟေးသည် ကောင်းကင်ထက်၌ ပျံသန်းနေပြီး ချမ်ချန်ကန်း၊ လင်းပေါင်အာနှင့် အမြီးလေးတို့က နဂါး၏ ဦးခေါင်းထက်၌ ရပ်လျက် အောက်မှ တောင်နှင့်မြစ်များကို ငုံ့ကြည့်နေကြသည်။ လင်းပေါင်အာနှင့် အမြီးလေးတို့အတွက်မူ ၎င်းသည် အသစ်အဆန်း မဟုတ်သော်လည်း သူမတို့က ကျူးရှိူ့ပွဲတော်ကိုသာ စောင့်မျှော်နေကြသည်။

သို့သော် ချမ်ချန်ကန်းအတွက်မူ အရာအားလုံးက စိတ်ဝင်စားစရာ အသစ်အဆန်းများဖြင့် ပြည့်နှက်နေသည်။ ဤကျူးရှိူ့တိုက်ကြီးက အလွန်အမင်း ကျယ်ပြောလှပေသည်။ သူသည် ယခင်က ထာဝရအသက်ရှည်သည့် ခန္ဓာကိုယ်ကြောင့် သက်ရှည်ဂိုဏ်းထဲတွင်သာ သုံးနှစ်ကြာအောင် နေခဲ့ရပြီး အပြင်သို့ ထွက်နိုင်ခြင်း မရှိပေ။ ယခုမူ သူသည် တစ္ဆေပြည်နယ်ရှိ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်ရှိလာပြီး ဖေးရှန့်တောင်တွင် နေထိုင်ခဲ့သည်။

သူသည် ကိုယ်ပွားကို အသုံးပြုပြီး တောင်အောက်သို့ နှစ်ကြိမ်သာ ဆင်းခဲ့ဖူးသော်လည်း တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အပြင်ဘက်သို့ လမ်းလျှောက်ထွက်ခဲ့ဖူးခြင်း မရှိပေ။ ယခုတော့ သူသည် ကိုယ်ပွားနှင့် သွားခဲ့သော်လည်း သူ၏မူလခန္ဓာကိုယ်နှင့် သွားသကဲ့သို့ တူနေပေသည်။ ပြောရလျှင် ယခုအချိန်တွင် သူသည် ကျူးရှိူ့တိုက်ကြီးသို့ အမှန်တကယ် လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။

အောက်ဘက်၌ ကျန်ရစ်ခဲ့သော တောင်တန်းနှင့် မြစ်များကို ငုံ့ကြည့်ပြီး သူ့အတွက် အရာအားလုံးက ဆန်းသစ်နေပေသည်။ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”နှင့် ပတ်သက်ပြီး ဤတစ်ကြိမ်၌ သူသည် တောင်ပေါ်မှ ဆင်းသက်လာသောအခါ “ကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်းသူတစ်ယောက်အနေဖြင့်” လူမသိအောင် နေ၍မရတော့ချေ။

သူ့ဆီ လာရောက်နှောင့်ယှက်မည့် မျက်စိကန်းနေသော ကျင့်ကြံသူများ မရှိစေရန် သူက “ဤအမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို တိုက်ရိုက် ချဲ့ထွင်ရပေသည်။ “ဤအမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို အပြည့်အဝ အသုံးပြုမည်ဆိုပါက ကျင့်ကြံသူများကို ကြောက်ရွံ့စေနိုင်ပေသည်။

All Chapters