← Chapters

အခန်း ၁၃၀

Vol. 10 Ch. 130

အခန်း ၁၃၀

Vol. 10 Ch. 130

အခန်း (၁၃၀)ဧကရာဇ်၏ နှလုံးခုန်သံ၊ ကျူးရှိူ့ပွဲတော်တစ်ခုလုံး အံ့ဩတုန်လှုပ်ခြင်း

ကျူးရှိူ့ပွဲတော်သည် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက်ရှိသည်။ မရေတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိများသည် အဝေးတစ်နေရာမှ ရွှေရောင်လမ်းမကြီးပေါ်၌ နဂါးနက်တစ်ကောင်က ကောင်းကင်ထက်၌ ပျံသန်းလာပြီး ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေကြသည်။

မဟာတာအို၏ လမ်းစဉ်များက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ဗုဒ္ဓ၏ဂါထာတော်များ၊ ဓမ္မသီချင်းသံများကလည်း ကောင်းကင်နှင့်မြေကြီးတစ်ခွင် လောကကိုပါ တုန်လှုပ်စေခဲ့သည်။

ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏ ဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်။ ငါးပါးသော ဓာတ်တော်တို့၏ ရောင်ခြည်တော်များ၊ ယင်ယန်စီးကြောင်းများ။ အင်မော်တယ်ရောင်ခြည်များက လှည့်ပတ်နေပြီး မဟာတာအိုသည် ပြီးပြည့်စုံသော ဖြစ်တည်မှုအသွင် ဖြစ်ပေါ်နေခဲ့သည်။ ၎င်းသည် မရေတွက်နိုင်သော ကျင့်ကြံသူများကို အသက်ရှူမဝ ဖြစ်စေခဲ့သည်။

လူတိုင်းက ထိုနဂါးနက်ပေါ်၌ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

အမ်… မှားသွားပြီ။ ပုံရိပ်သုံးခုဖြစ်သည်။ တစ်ခုမှာ အလွန်သေးငယ်လွန်းသဖြင့် လုံးဝကို လျစ်လျူရှုခံလိုက်ရနီးပါး ဖြစ်သွားသည်။

ဘယ်ညာ တစ်ဖက်စီ၌ မိန်းကလေး နှစ်ဦး မတ်တပ်ရပ်နေကြသည်။ တစ်ဦးက ဓားတစ်ချောင်းကို ရင်ခွင်ပိုက်ထားပြီး လက်၌ လက်ကောက်တစ်ကွင်းကို ဝတ်ဆင်ထားသည်။ နောက်တစ်ယောက်က အင်မော်တယ်ကတ်ကြေးတစ်စုံကို ဖက်ထားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အင်မော်တယ်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည်။

နှစ်ယောက်စလုံးက နူးညံ့ချိုမြိန်ပြီး အလွန်လှပကြပေသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးက အင်မော်တယ်အလင်းရောင်များ ဖြာထွက်နေပြီး သူတို့၏ ပတ်ပတ်လည်၌လည်း အင်မော်တယ်စွမ်းအားများက စီးဆင်းနေကာ မဟာတာအို၏ လှိုင်းလုံးများကလည်း စီးဆင်းနေတော့သည်။ သူမတို့သည် ငယ်ရွယ်သေးသော်လည်း ထိုမိန်းကလေးနှစ်ဦး၏ အသွင်အပြင်က အလွန်ပါရမီရှိသော အသွင်အပြင်ကို ပြသနေပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်နှာမလွှဲနိုင်ပေ။

ထိုမိန်းကလေးနှစ်ဦးကြားတွင် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရပ်နေသော အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးလည်းရှိပေသည်။ သူသည်သာလျှင် အမှန်တကယ် လူတိုင်းအကြည့်တိုင်း၏ ဗဟိုချက်အစစ်အမှန်ဖြစ်သည်။ သူသည် ထူးချွန်ထက်မြက်သော အသွင်အပြင်ရှိပြီး ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်းဖြစ်တည်ကာ မဖော်ပြနိုင်သော ဆွဲဆောင်မှုလည်းရှိပေသည်။

သူသည် လုံးဝကို ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ရုပ်ရည်မှာ အလွန်ခန့်ညားသော်လည်း မရေတွက်နိုင်သော ကျင့်ကြံသူများက သူ့ကိုကြည့်သောအခါ ဤပုဂ္ဂိုလ်သည် အပြစ်အနာအဆာကင်းစင်ပြီး လုံးဝကို ပြီးပြည့်စုံသောသူတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

၎င်းကြောင့် မရေတွက်နိုင်သော ကျင့်ကြံသူများက အချိန်အကြာကြီး မျက်စိမလွှဲနိုင်အောင် ဖြစ်ခဲ့ရသည်။ သူ၏အဖြူရောင်ဝတ်ရုံများက လေထဲ၌ လွင့်ပျံနေပြီး သူ၏အနက်ရောင်ဆံပင်များကလည်း လေထဲ၌ ကခုန်နေပေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကြည်လင်တောက်ပနေသည်။ နတ်ဘုရား၏ ဘုန်းတန်ခိုးအသရေက တလက်လက်တောက်ပနေပြီး အရောင်ငါးရောင် အင်မော်တယ်အလင်းတန်းများက ဖုံးလွှမ်းထားကာ သူ့ကို ကမ္ဘာမြေပေါ်မှ ဆင်းသက်လာသော နတ်ဧကရာဇ်တစ်ပါးအလား ထင်ဟပ်စေပေသည်။

နဂါးနက်က တဖြည်းဖြည်း ဖြည်းညင်းစွာ ရောက်ရှိလာခဲ့သည်။ သူ၏မျက်လုံးများက နက်ရှိုင်းသော အသူရာချောက်နက်ကြီး၊ ပင်လယ်နက်ကြီးကဲ့သို့ ဖြစ်နေပြီး သူ၏မျက်လုံးများထဲတွင် တောင်တန်းများနှင့် မြစ်များ၏ ပြောင်းလဲမှုများ၊ မဟာတာအို၏ ပြောင်းလဲမှုတိုင်းမှ အကန့်အသတ်မရှိသော ဖြစ်တည်မှုများ ဖြစ်ပေါ်နေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြည့်ရှုသူ၏ စိတ်ဝိညာဉ်ကိုပါ စုပ်ယူသွားနိုင်လောက်ပေသည်။ ကျူးရှိူ့ပြည်နယ်၏ အရှင်သခင်များပင်လျှင် သူ့ကို တိုက်ရိုက်မကြည့်ဝံ့ဘဲ အလွန်ထိတ်လန့်တုန်လှုပ်နေကြသည်။

ကျူးရှိူ့ပွဲတော်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး မည်သူမှ စကားမပြောနိုင်တော့ပေ။ ကောင်းကင်နှင့် မြေကြီးအကြား ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားများအောက်တွင် ကျင့်ကြံသူများအားလုံးက ဝတ်ရုံဖြူနှင့်လူငယ်ကိုကြည့်ပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ အသက်ရှူမဝနိုင်အောင် ခံစားလိုက်ရသည်။ သူတို့၏ မျက်လုံးများကလည်း တုန်လှုပ်ချောက်ချားနေပြီး ခန္ဓာကိုယ်များကလည်း တုန်လှုပ်နေပေသည်။

*ဒါက တကယ့်ကို စီနီယာပဲ။ လက်ဖဝါးတစ်ချက်တည်းနဲ့ အင်မော်တယ်များကို သတ်နိုင်တဲ့ ကမ္ဘာတစ်ဝှမ်း ပြိုင်ဘက်ကင်းတဲ့ ချမ်ချန်ကန်းဆိုတဲ့သူပဲ*

လင်းပေါင်အာနှင့် အမြီးလေးတို့က ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲမျိုးကို ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့ဖူးခြင်း ဖြစ်ပေသည်။ သူမတို့သည် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲ၌ အလွန်ပူပန်နေပြီး ကျောပြင်နှင့် လက်များပင် ချွေးစေးများ ထွက်နေကြသည်။

“ဆရာ...၊ သမီး အရမ်းစိတ်လှုပ်ရှားတယ်”

“ယာ့… ယာ့… ယာ့… ယာ့…”

အမြီးလေးကလည်း လင်းပေါင်အာ၏ စကားကို သဘောတူလိုက်သည်။ လူတိုင်း၏ အာရုံစိုက်ခံနေရသောကြောင့် သူမတို့သည် ချမ်ချန်ကန်း မျက်နှာပျက်မည်ကို မကြောက်ရွံ့ပါက လင်းပေါင်အာတစ်ယောက် ချမ်ချန်ကန်း၏ နောက်တွင် ကြာမြင့်စွာကတည်းက ပုန်းကွယ်နေမည်ဖြစ်သည်။ အမြီးလေးသည်လည်း ချမ်ချန်ကန်း၏ ရင်ခွင်ထဲ၌ ပုန်းအောင်းနေမှာ အသေအချာပဲ ဖြစ်ပေသည်။

ချမ်ချန်ကန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက စုဝေးပွဲလေးတစ်ခုပါပဲ။ ဘာကို စိုးရိမ်နေကြတာလဲ။ စိတ်လျှော့… စိတ်လျှော့…ဆရာ့ကို မျက်နှာပျက်အောင် မလုပ်နဲ့”

သူသည် အပြင်ပန်းအားဖြင့် တုန်လှုပ်ခြင်းမရှိ တည်ငြိမ်နေပြီး သူ၏တပည့်များကို နှစ်သိမ့်ပေးနေသည်။ သို့သော် ဤမြင်ကွင်းကို သူကိုယ်တိုင် ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူ၏ရင်ထဲကလည်း တဒိတ်ဒိတ်ခုန်နေပြီး ကျော၌ ချွေးစေးများလည်း စိုရွှဲနေပေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ချမ်ချန်ကန်းက ခန္ဓာကိုယ်က တုန်လှုပ်ခြင်းမရှိပေ။

ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…

ချမ်ချန်ကန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသောကြောင့် သူ၏နှလုံးခုန်သံမှာ အလွန်မြန်ဆန်ကျယ်လောင်လွန်းသဖြင့် သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့ပေ။

*ငါ့တပည့်ကောင်းနှစ်ယောက်သာ ကြားသွားပါက တကယ့်ကို ရှက်စရာပဲ*

သူသည် ‘အမှတ်ပြည့်အထူးလုပ်ဆောင်ချက်’ကို အလျင်အမြန် အသက်သွင်းလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်မှ နှလုံးခုန်သံက ကျောက်တုံးကြီးတစ်ခု နတ်ဘုရားခေါင်းလောင်းကို ထိမှန်သကဲ့သို့၊ သို့မဟုတ် လှိုင်းလုံးကြီးတစ်ခုက သန္တာကျောက်တန်းကို ထိမှန်သွားသကဲ့သို့ လူအုပ်ကြီးတစ်ခွင်လုံးကို ပဲ့တင်ထပ်သွားတော့သည်။

ထိုနှလုံးခုန်သံ၏ အောက်၌ ကျင့်ကြံသူများအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြပြီး အလွန်အမင်း ထိတ်လန့်ချောက်ချားသွားကြသည်။

*ဒီချမ်ချန်ကန်းက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ သက်ရှိသတ္တဝါမျိုးလဲ။ သူ၏ရုပ်ခန္ဓာက ထွက်ပေါ်လာတဲ့ နှလုံးခုန်သံကတောင်မှ တကယ့်ကို ကြောက်စရာကောင်းနေပါလား*

သူက ကျင့်ကြံသူများအားလုံး၏ အရှိန်အဝါကို လုံးဝဖိနှိပ်ထားပြီး သူတို့၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများကိုလည်း လှည့်ပတ်နိုင်စွမ်းမရှိအောင် ဖိနှိပ်ထားပေသည်။ တောင်ပေါင်း ဘီလီယံနှင့်ချီ ဖိနှိပ်သကဲ့သို့ လူတိုင်းကို အသက်ရှူမဝနိုင်အောင် ဖြစ်စေခဲ့သည်။

တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။ ၎င်းသည် နတ်ဘုရားဘုရင် အင်မော်တယ်အင်ပါယာတို့၏ အသွေးအသားမှ ဖြစ်ပေါ်လာသော တာအိုမိုးကြိုးခြိမ်းနေသကဲ့သို့ ထင်မှတ်ရပေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသံက မိုးကြိုးပစ်သည့်အသံနှင့်တူနေပြီး ကျင့်ကြံသူများအား မမြင်နိုင်သော လက်တစ်ဖက်က သူတို့၏နှလုံးသားကို ဆွဲကိုင်ထားသည့်အလား ခံစားလိုက်ရသည်။ မသက်မသာစိတ်များ၊ မျှော်လင့်ချက်မဲ့ပြီး အားငယ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ကျူးရှိူ့ပွဲတော်ကြီးတစ်ခုလုံး၌ မည်သူမှ စကားမပြောနိုင်ဘဲ အသက်ရှူသံများ ရပ်တန့်သွားခဲ့သည်။ ခဏအကြာတွင် ချမ်ချန်ကန်း၏ အလွန်အမင်း စိတ်ဖိစီးမှုကြောင့် အခုန်မြန်နေသော နှလုံးသားမှာ နောက်ဆုံး၌ ငြိမ်သက်သွားပြီး ပုံမှန်တိုင်း ဖြစ်သွားခဲ့သည်။ ဤသို့ဖြင့် ကြောက်မက်ဖွယ်ရာကောင်းသော ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည့် မိုးကြိုးပစ်သံအလား နှလုံးခုန်သံက နောက်ဆုံး၌ ရပ်တန့်သွားခဲ့သည်”

ကျူးရှိူ့ပွဲတော်တစ်ခုလုံး ကြောက်မက်ဖွယ်ရာကောင်းသော နှလုံးခုန်သံ ရပ်တန့်သွားသောအခါမှ ကျင့်ကြံသူများအားလုံးက နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့သည်။ ကျင့်ကြံသူများအားလုံးက ဖြူဖျော့နေပြီး သူတို့၏သွေးများကလည်း ဆောင့်တက်နေကြသည်။ ပိုဆိုးသည်မှာ အချို့က မြေပေါ်၌ လဲကျသွားပြီး အသက်ရှူမဝနိုင်အောင် ဖြစ်နေကြသည်။

“ခုနက ငါသေတော့မယ်လို့ ခံစားလိုက်ရတယ်”

“ဟုတ်တယ်၊ တကယ့်ကို စီနီယာက ကြောက်စရာကောင်းတာပဲ။ ကြောက်စရာကောင်းလွန်းတယ်။ တကယ့်ကို ပြိုင်ဘက်ကင်း ကြောက်စရာကောင်းလွန်းတဲ့သူပဲ”

“ဒါက စီနီယာ ထုတ်လွှတ်လိုက်တဲ့ ဖိအားသက်သက်ပဲ။ အဲဒါကိုတောင် ငါတို့ ခံနိုင်ရည်မရှိဘူး။ စီနီယာ တကယ်သာတိုက်ရင် ငါတို့ ဘယ်လို ခံနိုင်ရည်ရှိတော့မှာလဲ။ ဒီကျူးရှိူ့ပွဲတော်တစ်ခုလုံးမှာ ဘယ်သူမှ သူ့ကို ခုခံနိုင်မယ်လို့ မထင်ဘူး”

ကျူးရှိူ့ပွဲတော်၌ မရေတွက်နိုင်သော ကျင့်ကြံသူများက ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆွေးနွေးနေကြသည်။ ကောင်းကင်ထက်၌ ချမ်ချန်ကန်းက တက်ရောက်လာသူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေကြောင်း မသိခဲ့ပေ။ သူက သူ့ကိုယ်သူ တိတ်တိတ်လေး အားပေးလိုက်သည်။

“မကြောက်နဲ့… မကြောက်နဲ့…၊ ဒါက လူစုလူဝေး သေးသေးလေးပဲ။ ငါ လုံးဝစိတ်လှုပ်မရှားဘူး”

ထို့နောက် ချမ်ချန်ကန်းက အသက်ပြင်းပြင်းရှူထုတ်ကာ တည်ငြိမ်သော အမူအရာဖြင့် အနက်ရောင်ရေလွှမ်းမိုးနဂါးကို ကျူးရှိူ့ပွဲတော်သို့ ဝင်ရန် အမိန့်ပေးလိုက်သည်။ ထိုအချိန်မှစ၍ ချမ်ချန်ကန်း ရောက်ရှိလာသည်နှင့်အတူ နှစ်သုံးရာသက်တမ်းရှိသော ကျူးရှိူ့ပွဲတော်ကြီးက နောက်ဆုံးအကြိမ်၌ တရားဝင်စတင်ခဲ့ပြီဖြစ်သည်။

All Chapters