အခန်း ၁၃၂
Vol. 10 Ch. 132
အခန်း (၁၃၂)ကျူးရှိူ့ပွဲတော်ကြီး စတင်ပြီ
ချမ်ချန်ကန်းသည် ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ သူတော်စင်မင်ယွဲ့နှင့် စကားနည်းငယ်ပြောရန် စီစဉ်ထားသော်လည်း ပွဲတော်ကစပြီး လူအများလည်း နေရာယူနေပြီဖြစ်ရာ သူ့ကို စောင့်ကြည့်နေကြသည်ကို မြင်သောကြောင့် ချက်ချင်း စကားပြောရန် အစီအစဉ်ကို ဖျက်လိုက်သည်။
ပွဲတော်သို့ ချမ်ချန်ကန်းသည် လင်းပေါင်အာ၊ အမြီးလေးနှင့် ရှောင်ဟေးတို့ကို ခေါ်ဆောင်လာခဲ့ကာ ပွဲ၏ရှေ့ဆုံး၌ နေရာယူလိုက်သည်။ ပတ်ဝန်းကျင်ရှိလူများက နယ်မြေအသီးသီးကို အုပ်ချုပ်နေရသော ခေါင်းဆောင်များနှင့် ကျူးရှိူ့တိုက်ကြီးမှ ထူးခြားသော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်များသာ ဖြစ်သည်။
ချမ်ချန်ကန်းကမူ သူ၏အမူအရာက တည်ငြိမ်ပြီး သူ၏မျက်လုံးများက လေးနက်ကာ ပွဲတော်တစ်ခုလုံးကို ကြည့်ရှုနေပြီး မည်သူမှ အလွယ်တကူ ခန့်မှန်းလို့မရသော ပုံရိပ်ကို ဖော်ဆောင်နေသည်။ ထို့ကြောင့် သူ့ကို မည်သူကမှ မလေးစားဘဲ မနေရဲကြပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့အားလုံးက ချမ်ချန်ကန်းကို အလွန်လေးစားမှုအပြည့်ရှိသော အရိပ်အယောင်များ ပြသနေကြသည်။
ချမ်ချန်ကန်း၏ “ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း” ဟူသော ဂုဏ်သတင်းသည် ယခုအခါ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားနေပြီး မသိသူ၊ မကြားဖူးသူ မရှိပေ။ လူအများစုကပင် ချမ်ချန်ကန်းသည် အင်မော်တယ်တစ်ပါးကို လက်ဖဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည်အထိ ကြီးမားသော စွမ်းရည်ရှိသောကြောင့် ကျူးရှိူ့တိုက်ကြီးတွင် အင်အားအကြီးဆုံးဖြစ်ရမည်ဟု ခန့်မှန်းထားကြပေသည်။
ပွဲတော်တွင် အစီအရင်ပြုလုပ်ခြင်း၊ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အင်မော်တယ်သစ်သီးများ တည်ခင်းခြင်း၊ ကျူးရှိူ့ရှိ အလှပဂေးများမှ ကခုန်ခြင်း စသည်တို့ဖြင့် စည်ကားနေပြီး အရသာရှိသော အစားအစာများနှင့် ဝိုင်အမျိုးမျိုးကိုလည်း တင်ဆက်ထားကြပေသည်။
ချမ်ချန်ကန်းက ပြုံးပြီး ပွဲတော်မှ ဟင်းလျာများကို သုံးဆောင်ပြီးနောက် အရသာရှိသော ဝိုင်တစ်ငုံကို သောက်လိုက်သည်။ ဤပွဲတော်တွင် ရှိသော အစားအစာများနှင့်ဝိုင်သည် ဖေးရှန့်တောင်တွင် ရှာမတွေ့နိုင်သော အရာများဖြစ်သည်။ နေရာမှန်ကို ရောက်လာသည်ဟု ခံစားမိလိုက်သည်။
ထိုအခိုက် ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ သူတော်စင်မင်ဟယ်က ပြုံးပြီး ချမ်ချန်ကန်းကို အရက်တစ်ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သည်။
“ဒီပွဲကို တက်ရောက်လာတဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်”
ချမ်ချန်ကန်းကလည်း သဘာဝကျကျ ပြန်ဖြေလိုက်သည်။
“ကျူးရှိူ့ပွဲတော်က ကျုပ်ကို ဖိတ်ကြားထားတယ်ဆိုတော့ ကျူးရှိူ့ပွဲတော်က သူရဲကောင်းတွေနဲ့ တွေ့ဆုံဖို့ လာရောက်တာ သဘာဝကျပါတယ်”
ဘေးတွင်ရှိသော လင်းပေါင်အာနှင့် အမြီးလေးတို့က အလွန်ရိုးသားစွာဖြင့် စားသောက်နေကြပြီး စရောက်ကတည်းကလို စိတ်လှုပ်ရှားမှုများ မရှိတော့ပေ။ သူ့ဘေးနားတွင်ရှိသော ခွန်အားကြီးသည့် ပုဂ္ဂိုလ်တစ်ဦးက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက် အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ကို စီနီယာက နှိမ်နင်းပေးခဲ့လို့သာပဲ။ မဟုတ်လို့ရှိရင် တစ္ဆေတိုင်းပြည်တစ်ခုလုံးက ပျက်စီးသွားနိုင်တယ်။ အထူးသဖြင့် တစ္ဆေတိုင်းပြည်မှာရှိတဲ့ ကျင့်ကြံသူတွေက စီနီယာ့ကို အထူးကျေးဇူးတင်နေကြပါတယ်”
“ဟုတ်တယ်၊ စီနီယာသာ မရှိဘူးဆိုရင် တစ္ဆေတိုင်းပြည်မှာ လူဘယ်နှစ်ယောက်လောက် သေကြမလဲဆိုတာ မသိဘူး”
သူတော်စင်မင်ဟယ်က ပြုံးပြီး ခေါင်းညိတ်ကာ အားလုံးပြောသည်ကို ထောက်ခံလိုက်၏။ ဤကျူးရှိူ့ပွဲတော်တွင် ကျင့်ကြံသူပေါင်းများစွာက ချမ်ချန်ကန်းကို အလွန်ရိုးသားသော ကျေးဇူးတင်မှုများနှင့် လေးစားကြည်ညိုမှုများ ဖော်ပြနေကြသည်။
“အမှန်ပဲ၊ စီနီယာက လက်ဝါးတစ်ချက်တည်းနဲ့ အင်မော်တယ်တစ်ပါးကိုတောင် သတ်ဖြတ်နိုင်တယ်။ ဒီအစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်က မိုးကြိုးအတိဒုက္ခကနေ လွတ်မြောက်လာပြီး အင်မော်တယ်အဆင့်ကို ရောက်သွားပြီလို့ ကြားတယ်။ ဒါတောင်မှ စီနီယာ့ရဲ့လက်ထဲမှာ အရေးနိမ့်သွားရသေးတယ်။ စီနီယာ့ရဲ့ခွန်အားက ဘယ်လောက်တောင် မြင့်လဲဆိုတာ ခန့်မှန်းလို့တောင် ရမယ်မထင်ဘူး”
ချမ်ချန်ကန်း၏ အမူအရာကမူ လုံးဝကို တည်ငြိမ်နေပေသည်။ သူက ဝိုင်တစ်ငုံကိုသောက်ပြီး ပြောလိုက်သည်။
“ဒီအရှင်ရဲ့ခွန်အားက ထည့်ပြောစရာမလိုပါဘူး။ ဒါပေမဲ့ အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ရဲ့ ခွန်အားကလည်း ခင်ဗျားတို့ ထင်သလောက် မပြင်းထန်ဘူး”
နန်ကုန်းထျန်းဝမ်က ပြုံးကာ ရယ်မောကာ ပြောလိုက်သည်။
“စီနီယာက တကယ့်ကို နှိမ့်ချပြီး ပြောနေတာပဲ။ အဲဒီနေ့တုန်းက အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ် ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ဝေးလံတဲ့ ကျွန်တော်တို့ ဝူကျိုးပြည်နယ်ကတောင် ခံစားလို့ရတယ်။ သူ့ရဲ့ကြောက်မက်ဖွယ်ရာကောင်းမှုက သိသာပါတယ်။ အကယ်၍ အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်သာ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို ရှင်းလင်းမယ်ဆိုလို့ရှိရင် သူ့ကို ဘယ်သူမှ ခုခံနိုင်မှာ မဟုတ်ဘူး”
အခြားသော ပြည်နယ်ခေါင်းဆောင်များနှင့် အကြီးအကဲများကလည်း နန်ကုန်းထျန်းဝမ်၏ စကားကို သဘောတူကြပေသည်။ ချမ်ချန်ကန်းက ဂရုမစိုက်သော အမူအရာဖြင့် ပြုံးပြီး စကားမပြောဘဲ နေလိုက်သည်။ သူက မာနကြီးခြင်းလည်း မရှိသလို ချဲ့ကားခြင်းလည်း မရှိဘဲ အလွန်တည်ငြိမ်သည့် ပုံစံကြောင့် ပွဲတော်တွင် ရှိသော ကျင့်ကြံသူများက သူ့ကို ပို၍ခန့်မှန်းရခက်စေခဲ့သည်။ ဤအခိုက် ကျင့်ကြံသူတချို့က စိုးရိမ်တကြီး ပြောလာခဲ့သည်။
“စီနီယာ…၊ စီနီယာက အထက်ဘုံက အင်မော်တယ် ၁၂ ပါးကို အရင်က သတ်ဖြတ်ခဲ့တယ်လို့ ကျွန်တော်တို့ ကြားတယ်။ အခုလည်း အစိမ်းရောင်ဆံပင်နဲ့ တစ္ဆေအင်မော်တယ်ကို ဖျက်ဆီးလိုက်ပြီ။ အထက်ဘုံက လွယ်လွယ်လက်လျှော့မှာ မဟုတ်ဘူး။ သူတို့က ကျိန်းသေပေါက် စီနီယာ့ကို တစ်ခုခုလုပ်မှာ အသေအချာပဲ”
ထိုစကားကို ကြားသောအခါ ချမ်ချန်ကန်း၏ မျက်နှာက အလွန်အေးဆေးတည်ငြိမ်နေပြီး စိုးရိမ်မှု တစ်စုံတစ်ရာမပြဘဲ ပြောလိုက်သည်။
“ဒီအရှင်က အထက်ဘုံက အင်မော်တယ်တွေ လာတာကို စောင့်နေတာပဲ။ ဒါပေမဲ့ အခုထိ အထက်ဘုံက ဘာမှလှုပ်ရှားမှု မရှိသေးဘူး။ အထက်ဘုံက အင်မော်တယ်တွေ ဘယ်တော့များ ဆင်းသက်လာမလဲဆိုတာသိရင် ဒီအရှင်ကို ပြောပြပေးနိုင်တယ်။ ဒီအရှင်က ကျိန်းသေပေါက် ကျေးဇူးတင်မှာ အသေအချာပဲ”
ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ ကျူးရှိူ့ပွဲတော်တွင် ရှိသော ကျင့်ကြံသူများအားလုံးက တုန်လှုပ်သွားကြသည်။ သူ၏စကားများက ယုံကြည်မှုရှိပြီး အရေးမစိုက်ဟန်ရသော်လည်း သူ၏လေသံမှတစ်ဆင့် ချမ်ချန်ကန်းသည် အထက်ဘုံမှ အင်မော်တယ်များကို အလေးမထားကြောင်း သိသာနိုင်ပေသည်။
*ဒါဆိုရင် ချမ်ချန်ကန်းလည်း အင်မော်တယ်တစ်ပါး ဖြစ်နိုင်လား။ သို့သော် ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်ဘုံ ဥပဒေသများအရ အင်မော်တယ်များ၏ တည်ရှိမှုကို ခွင့်ပြုခြင်း မရှိဘူး မဟုတ်လား။*
ဖုန်းယွင်ရှေးဟောင်းဂိုဏ်း၏ သူတော်စင်မင်ဟယ်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“စီနီယာ့ရဲ့ ကျင့်ကြံမှုက တကယ့်ကို နက်နဲလွန်းတာပဲ။ ကျွန်မ မင်ဟယ်ကလည်း စီနီယာ့ကို အလွန်လေးစားပါတယ်။ စီနီယာက တကယ့်ကိုပဲ ‘ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူ’ ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်”
“ဟုတ်တယ်… အမှန်ပဲ။ စီနီယာရဲ့ခွန်အားက ကျူးရှိူ့တစ်ခွင်လုံးမှာ ထိပ်ဆုံးဆိုတာ ချဲ့ကားပြောနေတာ မဟုတ်ဘူး”
“ဟုတ်တယ်... သဘောတူတယ်။ စီနီယာက တကယ့်ကို ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးမှာ ပထမဆုံးသောသူပဲ”