← Chapters

အခန်း ၁၃၄

Vol. 11 Ch. 134

အခန်း ၁၃၄

Vol. 11 Ch. 134

အခန်း (၁၃၄) ချီကျိုးသခင်၏ အင်မော်တယ်ရတနာ၊ အရမ်းထိတ်လန့်တုန်လှုပ်သွားခြင်း

လင်းပေါင်အာနှင့် အမြီးလေးတို့က ချမ်ချန်ကန်းနှင့် အချိန်အတော်ကြာ အတူရှိခဲ့သူများ ဖြစ်ကြပေသည်။ သူတို့က ချမ်ချန်ကန်း ဘယ်လောက်အစွမ်းထက်ကြောင်းကို မသိပေမဲ့ စကြဝဠာလို ကျယ်ပြောပြီး အဆုံးမရှိသော စွမ်းအားများကိုတော့ ခံစားမိကြပေသည်။ လင်းပေါင်အာနှင့် အမြီးလေးတို့၏ နှလုံးသားထဲ၌ သူတို့ဆရာကို ဒီလောက၌ မည်သူကမှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ကြသည်။

ချမ်ချန်ကန်း၏မျက်နှာကတော့ အလွန်အေးဆေးတည်ငြိမ်နေပြီး သူ၏မျက်လုံးများက နက်ရှိုင်းကာ လင်းပေါင်အာ၏ စကားများကို မဖြတ်ဘဲ နားထောင်နေလိုက်သည်။ သူ၏ရင်ထဲမှာတော့ အနည်းငယ် တုန်လှုပ်နေမိသည်။

ဤအဘိုးကြီးသည် ကျင့်ကြံသူများ ပြောသည်ကို နားထောင်ရသလောက် သူသည် ယွမ်ကျိုးရှိ ရှစ်မိသားစု၏ဘိုးဘေး ရှစ်ကျန်းဖြစ်ပုံရသည်။ ပို၍အရေးကြီးသည်မှာ သူသည် အင်မော်တယ်တစ်ပိုင်းဖြစ်ပြီး သူ၏အစွမ်းသတ္တိက အလွန်ပြင်းထန်ပေသည်။ ပြည်နယ်ကိုးခု၏ သခင်များနှင့် ယှဉ်လျှင်ပင် သိပ်အားမနည်းပေ။

ဒါ့အပြင် မြွေက ယွမ်ကျိုးကနေ သတင်းပို့ထားတာ ရှိပေသည်။ အသက်ရှည်ဂိုဏ်း ပျက်စီးရသည့် အကြောင်းရင်းမှာ ယွမ်ကျိုးတွင်ရှိသော ထန်၊ ရှစ်နှင့် ကျုံးမိသားစုသုံးခုနှင့် အများကြီးသက်ဆိုင်ပေသည်။ ယနေ့ ရှစ်မိသားစု၏ဘိုးဘေးက သူ့ကိုဒုက္ခပေးရန် သတ္တိရှိနေသေးပေသည်။

ဤအကြောင်းကို ပြန်သတိရသောအခါ ချမ်ချန်ကန်း၏ မျက်လုံးများက အေးစက်သွားပြီး သူ၏နှုတ်ခမ်းထောင့်၌ ဂရုမစိုက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ရှစ်မိသားစုရဲ့ ဘိုးဘေး...၊ ဒီအရှင်ရဲ့အစွမ်းသတ္တိကို ခင်ဗျားက သံသယတွေ အများကြီးရှိနေတဲ့ပုံပဲ”

ချမ်ချန်ကန်း၏ အကြည့်ကို ရင်ဆိုင်ရရင်း ရှစ်ကျန်း၏ ရင်ထဲ၌ ရုတ်တရက် လေးလံသွားသလို ခံစားလိုက်ရသည်။ သို့ပေမဲ့ ရှစ်ကျန်းက ကြောက်ရွံ့ခြင်းလည်း မရှိသလို မာနကြီးခြင်းလည်း မရှိဘဲ ထပ်ပြီးပြောလိုက်သည်။

“စီနီယာ...ကျုပ်ကို အပြစ်မတင်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကျုပ်က သတင်းပဲ ကြားဖူးတာလေ။ ဒါပေမဲ့ စီနီယာရဲ့ တကယ့်အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားကို မမြင်ဖူးသေးတော့ သံသယဝင်မိတာ မတတ်နိုင်ဘူး”

“ဪ... ဟုတ်လား”

ချမ်ချန်ကန်းက ဂရုမစိုက်သလို ပြောလိုက်သည်။ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”ကို ထုတ်ဖော်လိုက်ပြီး သူ၏မျက်လုံးတစ်စုံက ရုတ်တရက် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်း သန်းပေါင်းများစွာကို ထုတ်ပစ်လိုက်သလို ဖြစ်သွားသည်။ သူ၏ရွှေရောင်မျက်လုံးတွေက ရွှေရောင်အပ်များလို ပူလောင်နေသဖြင့် ရှစ်ကျန်း၏ အသားအရေအား သိသိသာသာ ပြောင်းလဲသွားစေခဲ့ပြီး သူ့အား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားစေခဲ့သည်။

သူ၏အမူအရာကို ပြန်ကြည့်သည့်အခါ ပိုလို့တောင် ဖြူဖျော့ပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာမျိုး ဖြစ်နေသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အဆုံးမရှိသည့် အရာတစ်ခုကို ကြုံတွေ့လိုက်ရသလို ဖြစ်သွားသည်။ ကျူးရှိူ့ပွဲတော်တွင် ရှိသော ကျင့်ကြံသူများကလည်း ကြောင်တောင်တောင် ဖြစ်သွားပြီး ဤရှစ်ကျန်း ဘာဖြစ်သွားလဲဆိုတာ နားမလည်နိုင် ဖြစ်နေကြသည်။ ဤအခိုက် ချမ်ချန်ကန်း၏ သိမ်မွေ့သော အသံက ထွက်ပေါ်လာခဲ့သည်။

“ရှစ်မိသားစုရဲ့ဘိုးဘေး...ဒါက ဒီအရှင်ရဲ့ မီးလျှံမျက်လုံးနဲ့ ရွှေရောင်မျက်လုံးတွေပဲရှိသေးတယ်။ မင်းကို ကြည့်ရုံနဲ့တင် မင်းက ဒီရဲ့စွမ်းအားကို မခံနိုင်ဘူးလေ။ ဒီအရှင်သာ မင်းကို တကယ်သတ်ချင်ရင် အခုချိန်မှာ မင်းရဲ့ အသွေးတွေ အသားတွေကို နတ်ဘုရားမီးတောက်နဲ့ လောင်ကျွမ်းစေပြီး မင်းရဲ့စိတ်ဝိညာဉ်ကိုတောင် ဖျက်ဆီးပစ်လိုက်ပြီ။ ဒါက ကျူးရှိူ့တိုက်ကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ရက်တစ်ခုဖြစ်နေလို့ မင်းကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ငါ မင်းကိုသတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”

တည်ငြိမ်သော စကားလုံးတွေက အေးစက်သော သတ်ဖြတ်လိုစိတ်နှင့်အတူ လူတိုင်းကို တစ်ကိုယ်လုံးကို အေးစက်သွားစေခဲ့သည်။ ရှစ်ကျန်းဆိုသူမှာ အင်မော်တယ်တစ်ပိုင်းကျင့်ကြံသူဖြစ်ကြောင်း သိရပေမည်။ သို့သော် ချမ်ချန်ကန်း၏လေသံကို နားထောင်ကြည့်ရသလောက် သူ့အတွက် ရှစ်ကျန်းကို ဖျက်ဆီးဖို့က မခက်ခဲသည့်သဘော ရှိပေသည်။

အထူးသဖြင့် ဤအခိုက် ရှစ်ကျန်း၏မျက်နှာက အလွန်ထိတ်လန့်တုန်လှုပ်နေပြီး စကားတစ်ခွန်းမှ မပြောရဲသလို ငြင်းဆန်ဖို့လည်း အားမရှိချေ။ ဤသည်မှာ ရှစ်ကျန်းက ဝန်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။ ဤမြင်ကွင်းကို မြင်လိုက်သောအခါ ကျူးရှိူ့ပွဲတော်တွင် ရှိသော ကျင့်ကြံသူတိုင်းက တုန်လှုပ်ချောက်ချားသွားကြသည်။

*ချမ်ချန်ကန်းရဲ့အစွမ်းက တကယ့်ကို အံ့အားသင့်စရာပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူက အင်မော်တယ်တစ်ပိုင်းကျင့်ကြံသူကိုတောင် မခံမရပ်နိုင်ဖြစ်သွားစေတာလား။*

လူတိုင်းက စီနီယာ့၏ပါးစပ်မှ ထွက်လာသည့် မီးလျှံမျက်လုံးနှင့် ရွှေရောင်မျက်လုံး တိုက်ခိုက်မှုနည်းစနစ်က ဘယ်လိုလဲဆိုတာ သိချင်နေကြသည်။ အနည်းဆုံးတော့ ဤအချိန်၌ ရှစ်ကျန်းက စကားတစ်ခွန်းမှ မပြောတော့ဘဲ ကျူးရှိူ့ပွဲတော်တစ်ခုလုံးက ချမ်ချန်ကန်း၏ ကျင့်ကြံခြင်းအပေါ် သံသယရှိသူလည်း မည်သူမှ မရှိတော့ပေ။

ဤသို့ဖြင့် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးကို ပြန်လည်ကျင်းပခဲ့ပြီး မကြာမီတွင် သက်ဝင်လှုပ်ရှားလာကြသည်။ ကျင့်ကြံသူများကလည်း ဒယီးဒယိုင်သွားလာရင်း စကားစမြည်ပြောနေကြသည်။ သို့ပေမဲ့ ရှစ်ကျန်း၏ ဖြစ်ရပ်အပြီးမှာတော့ ပွဲတော်သို့ လာရောက်ကြသည့် ကျင့်ကြံသူများက ချမ်ချန်ကန်းကို အလွယ်တကူ စိန်မခေါ်ဝံ့တော့ပေ။ ကိုယ့်ကိုကိုယ် သေကြောင်းကြံချင်သူ မဟုတ်ပါက တစ်မျိုးပေါ့။

ပွဲတော်ကျင်းပနေချိန်၌ ကျူးရှိူ့သခင်များထဲမှ တစ်ဦးဖြစ်သည့် ချီကျိုး၏သခင်က ရုတ်တရက် လေးစားစွာ စကားထပြောလိုက်သည်။

“စီနီယာ့ရဲ့အစွမ်းက တကယ့်ကို မယုံနိုင်လောက်အောင်ပဲ။ လွန်ခဲ့တဲ့နှစ်တွေမှာ ချီကျိုးမှာ အင်မော်တယ်ရတနာတစ်ခု ပေါ်လာခဲ့တယ်။ အဲဒါက အလွန်ကြောက်စရာကောင်းတဲ့ စွမ်းအားတွေရှိတဲ့ ကြေးနီမီးဖိုတစ်ခုဖြစ်ပြီး အဲဒီကြေးနီမီးဖိုကို နှစ်ထောင်ပေါင်းချီ သန့်စင်ခဲ့ပေမဲ့ အဲဒီကြေးနီမီးဖိုက လုံးဝ သန့်စင်လို့မရဘူး”

“လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက စီနီယာက အင်မော်တယ်ရတနာတစ်ခုကို ရခဲ့တယ်လို့ ကြားခဲ့ပြီး အဲဒီအင်မော်တယ်ရတနာကိုလည်း တပည့်ဖြစ်သူ လင်းပေါင်အာကို ပေးခဲ့တယ်လို့ သိခဲ့တယ်။ အဲဒါဆိုရင် အဲဒီအင်မော်တယ်ရတနာကိုလည်း စီနီယာက သန့်စင်ခဲ့ပြီးပြီဖြစ်မှာပါ။ စီနီယာက အင်မော်တယ်ရတနာတွေကို သန့်စင်နိုင်တဲ့အတွက် ကျွန်တော့်ရဲ့လက်ထဲမှာရှိတဲ့ ဒီအင်မော်တယ်ရတနာကိုလည်း စီနီယာသန့်စင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ စီနီယာသာ သန့်စင်ဖို့ ကူညီပေးရင် ကျွန်တော် အလွန်တရာ ကျေးဇူးတင်မိမှာ အသေအချာပါပဲ”

ထိုသို့ပြောပြီးနောက် ချီကျိုးဘုရင်က လင်ဖဝါးတစ်ဖဝါးစာလောက် ရှိသော ကြေးနီမီးဖိုတစ်ခုကို ထုတ်ယူလိုက်သည်။ သို့ပေမဲ့ ကြေးနီမီးဖိုသည် လက်ဖဝါးအရွယ်သာ ရှိသော်လည်း ဖန်သားလို အနီရောင်အလင်းတန်းများက တလက်လက် တောက်ပနေပြီး နတ်ဘုရားစည်းချက်များက စီးဆင်းနေကာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ အထဲတွင် ပိတ်လှောင်ထားသော ကြောက်မက်ဖွယ်ရာကောင်းသည့် အင်မော်တယ်စွမ်းအားကိုလည်း ခံစားမိရသည်။

“ဒါက အထက်ဘုံရဲ့ အင်မော်တယ်ရတနာပေါ့။ ဟုတ်တယ်၊ ငါ ဒါကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒီထဲမှာ ပါဝင်တဲ့ စွမ်းအားတွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ချီကျိုးဘုရင်က အဲဒါကို သန့်စင်ပြီး ချီကျိုးဒယ်စောက်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပြည်နယ်ကိုးခုမှာရှိတဲ့ ကျူးရှိူ့အရှင်သခင်တွေထဲမှာ အစွမ်းထက်ဆုံးဖြစ်လာမှာ ငါစိုးရိမ်မိတယ်။ စီနီယာ့ရဲ့ စွမ်းအားနဲ့ဆိုရင် အဲဒီအင်မော်တယ်ရတနာကို သေချာပေါက် သန့်စင်နိုင်လိမ့်မယ်”

အင်မော်တယ်ရတနာ ထွက်လာသည့်နှင့် မရေတွက်နိုင်သောလူများက စကားစမြည်ပြောဆိုနေကြသည်။ မျှော်လင့်ချက်များစွာဖြင့် ချမ်ချန်ကန်းထံသို့ ကြည့်လိုက်ကြသည်။ ချမ်ချန်ကန်းသည် ချီကျိုးအရှင်သခင်က ဤအင်မော်တယ်ရတနာကို သန့်စင်ဖို့ ကူညီပေးတာကို စောင့်မျှော်နေပြီး ဤအင်မော်တယ်ရတနာ၏ ပြိုင်ဘက်ကင်း အင်မော်တယ်စွမ်းအားကိုလည်း ကြည့်ချင်နေကြသည်။

ချမ်ချန်ကန်းကမူ ဤအကြည့်များကို ရင်ဆိုင်ရင်း သူ၏မျက်နှာအမူအရာက ဂရုမစိုက်ပေမဲ့ သူ၏စိတ်ထဲမှာတော့ အလွန်ပင် တုန်လှုပ်နေပေသည်။

All Chapters