← Chapters

အခန်း ၁၄၃

Vol. 11 Ch. 143

အခန်း ၁၄၃

Vol. 11 Ch. 143

အခန်း (၁၄၃) ကျားယောင်ဆောင်ထားတဲ့ ကြက်တစ်ကောင်ဖြစ်ရတာ တကယ့်ကို စိတ်မသက်မသာစရာပဲ

“တိုက်ခိုက်ပြီး အသက်ရှင်မလား၊ ဒါမှမဟုတ် သေမလား”

ချမ်ချန်ကန်း၏ စကားများက သက်ဖြတ်လိုသည့် အငွေ့အသက်များ ဖုံးလွှမ်းနေပြီး အသူရာနတ်ဆိုးသားတော်နှင့် ကောင်းကင်ဝါးမျိုခြင်းအင်မော်တယ်သူတော်စင်တို့အား လုံးဝကို ဆွံ့အသွားစေခဲ့သည်။

*စီနီယာ...၊ လူတွေကို ဒီလိုမျိုး မကစားခိုင်းပါနဲ့နော်၊ ဟုတ်တယ်မလား။*

“တစ်ယောက် အသေခံမလား၊ ဒါမှမဟုတ် ငါက မင်းတို့နှစ်ယောက်လုံးကို သတ်ရမလား။ ဒါက ရွေးချယ်ရခက်တဲ့ ကိစ္စတော့ မဟုတ်ဘူးထင်တယ်”

သူ၏စကားအဆုံး၌ ကောင်းကင်ဝါးမျိုခြင်း အင်မော်တယ်အရှင်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ကောင်းကင်ဝါးမျိုအင်မော်တယ်သူတော်စင်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသောကြောင့် အသူရာနတ်ဆိုးသားတော်က ထိတ်လန့်တုန်လှုပ်သော မျက်နှာဖြင့် နောက်ဆုတ်သွားရသည်။

“ကောင်းကင်ဝါးမျိုခြင်း အင်မော်တယ်အရှင်...၊ မင်းက ငါ့ရဲ့တာအိုစောင့်ရှောက်သူဆိုတာ မမေ့နဲ့နော်၊ သေချာစဉ်းစားဦး။ မင်းသာ ငါ့ကိုသတ်ရင် အသူရာအင်မော်တယ်နယ်မြေမှာ မင်းအတွက် နေရာရှိတော့မှာ မဟုတ်ဘူး”

“အသူရာနတ်ဆိုးသားတော်...၊ နည်းလမ်းက တစ်ခုပဲ ရှိတော့တယ်။ စော်ကားမိတာရှိရင် ခွင့်လွှတ်ပေးပါ”

ကောင်းကင်ဝါးမျို အင်မော်တယ်သူတော်စင်က ဘယ်လိုလုပ်ရမလဲ ဝေခွဲမရ ဖြစ်နေပါ့မလား။

“ပြောစရာရှိတာ ပြောပါ”

သူသည် လက်ကိုဆန့်တန်းလိုက်ရာ ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးနိုင်သော လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးသားတော်ကို ဖမ်းဆုပ်ကာ အားနှင့်ညှစ်လိုက်ပေသည်။

“အား...!”

အသူရာနတ်ဆိုးသားတော်က မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။ ဝုန်းခနဲအသံနှင့်အတူ သူ၏ခန္ဓာကိုယ်က သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး အော်ဟစ်သံများကလည်း ရုတ်တရက် ရပ်တန့်သွားသည်။ အသူရာနတ်ဆိုးသားတော်၊ အသူရာအင်မော်တယ်နယ်မြေ၏ ဂုဏ်ယူရသော ပါရမီရှင်သည် တစ်ခဏတာသာ ပေါ်လာပြီး မကြာခင် သူ့လူ၏လက်ထဲ၌ သနားစဖွယ် အသက်ပျောက်ခဲ့ရသည်။

“စီနီယာ...”

အသူရာနတ်ဆိုးသားတော်ကို သတ်ပြီးနောက် ကောင်းကင်ဝါးမျိုခြင်း အင်မော်တယ်သူတော်စင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။ ချမ်ချန်ကန်းကတော့ မျက်နှာသေနှင့် ပြောလိုက်သည်။

“ဒီအရှင်ရဲ့စကားက ပြောတဲ့အတိုင်း အတည်ပဲ။ ထွက်သွားလို့ ရပြီ”

ထို့နောက် သူသည် သူ၏ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်စွမ်းရည်”ကို ပိတ်လိုက်ရာ ကောင်းကင်နှင့်မြေကြီးအကြား ပြည့်နှက်နေသော သက်ဖြတ်လိုသည့် အငွေ့အသက်ကြီးက လွင့်ပြယ်သွားတော့သည်။ ကောင်းကင်ဝါးမျိုခြင်း အင်မော်တယ်သူတော်စင်အရှင်က နောက်ဆုံး၌ သက်ပြင်းချနိုင်ပြီး အလွန်ရိုသေသော အမူအရာဖြင့် ချမ်ချန်ကန်းအား နှုတ်ဆက်ကာ မဆိုင်းမတွ လှည့်ထွက်သွားတော့သည်။

“စီနီယာ့ကို ကျေးဇူးတင်ပါတယ်”

ကောင်းကင်ထက်၌ အသူရာနတ်ဆိုးသားတော်၏ သွေးမြူများ မပျောက်ကွယ်သေးခင်မှာပင် ချမ်ချန်ကန်းက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

“ကျားယောင်ဆောင်ထားတဲ့ ကြက်တစ်ကောင်အဖြစ် ကစားရတာ တကယ့်ကို ရင်ခုန်စရာပဲ”

ကျူးရှိူ့တိုက်ကြီးတွင် အင်မော်တယ်များ၏ စွမ်းအားများကို တားဆီးလို့ မရနိုင်ပေ။ အထူးသဖြင့် အစောက ကောင်းကင်ဘုံဝါးမျိုခြင်း အင်မော်တယ်သူတော်စင်၏ စွမ်းအားလှိုင်းများကို ချမ်ချန်ကန်းက ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။ သူသည် ယခင်က အစိမ်းရောင်ဆံပင်တစ္ဆေအင်မော်တယ်ထက် အဆပေါင်းများစွာ ပို၍သန်မာပေသည်။

*တော်သေးလို့...၊ ငါ့မှာ ဟန်ထုတ်ဖို့ “အမှတ်ပြည့်အထူးလုပ်ဆောင်ချက်” ရှိနေလို့ပဲ။ မဟုတ်ရင် ဒီပွဲမှာ ရှိတဲ့လူတွေ အကုန်လုံး သေကုန်မှာ။*

သူ သေသွားလျှင်ပင် အရေးမကြီးပေ။ မည်သို့ပင်ဆိုစေ ဤသည်က ကိုယ်ပွားတစ်ခုသာဖြစ်သည်။ သို့သော် ပေါင်အာ၊ အမြီးလေးနှင့် အနက်လေးတို့က ဒီမှာ ရှိနေသည်မို့ သူတို့ကို မကယ်တင်နိုင်မည်ကို စိုးရိမ်နေခဲ့မိသည်။ ဤသည်က သူဖြစ်ချင်သည့်အရာ မဟုတ်ပေ။

ကိစ္စပြီးနောက် ချမ်ချန်ကန်းသည် သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ဖို့နှင့် စနစ်ဗားရှင်းကို အဆင့်မြှင့်တင်ပြီး စွမ်းဆောင်ချက်အသစ်များ ရရှိဖို့ ပို၍တောင့်တလာမိသည်။

*အားနည်းလွန်းတယ်။ ငါက တကယ့်ကို အားနည်းလွန်းသေးတယ်။*

“အမှတ်ပြည့်အထူးလုပ်ဆောင်ချက်”က ခြောက်လှန့်ဖို့ ကောင်းပေမဲ့လည်း အလွန်ကို အဆင်မပြေသည့် အပြုအမူစွမ်းရည်တစ်ရပ်ဖြစ်တာကြောင့် ချမ်ချန်ကန်းက မကျေနပ်ပေ။

ကျူးရှိူ့ပွဲတော်တွင် ရှိသောလူတိုင်းက တိတ်ဆိတ်နေကြသည်။ ဤကိစ္စပြီးနောက် မည်သူကမှ ဆက်ပြီးပါဝင်ဖို့ စိတ်မဝင်စားကြတော့ပေ။ ထိုအစား သူတို့၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နေသည်။ ထိုအသူရာနတ်ဆိုးသားတော်၏ အဆင့်အတန်းက မနိမ့်လွန်းတာကြောင့် ယခုကဲ့သို့ သေသွားပါက အထက်ဘုံက ပြဿနာလာရှာမလားဟု စိုးရိမ်နေကြပေသည်။

ထိုအခိုက် ပြည်နယ်အုပ်ချုပ်သူ ကိုးယောက်စလုံးက မျက်နှာပျက်နေကြပေသည်။ ကျူးရှိူ့ဒယ်စောက်ကိုးလုံးသည် ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုအစောင့်အရှောက်လမ်းစဉ်နှင့် ဆက်စပ်နေပေသည်။ ဒယ်စောက်အားလုံး စုစည်းမိပါက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို အုပ်စိုးနိုင်မည်ဖြစ်ကြောင်း သူတို့သိပေသည်။ မည်သူမှ အာဏာကို မမက်မောဘဲ မနေပေ။ အခွင့်အရေးရလျှင် အစောင့်အရှောက်နတ်ဘုရား ဖြစ်ချင်ကြတာချည်းပင်။

သို့ပေမဲ့ အသူရာနတ်ဆိုးသားတော် ပြောသွားသလိုပင် အထက်ဘုံက အင်မော်တယ်များကပါ ဤဒယ်စောက်များကို လုယူရန် ဆင်းလာကြမှာ အသေအချာပင် ဖြစ်သည်။ သူတို့လို လူများအတွက်တော့ ဤဒယ်စောက်ကို ဆက်ကိုင်ထားသည်က သေတွင်းတူးတာနှင့် အတူတူပင် ဖြစ်သည်။

ဝူကျိုးပြည်နယ်၏ အုပ်ချုပ်သူက သက်ပြင်းချရင်း မေးလိုက်သည်။

“ဒါတွေက သေခြင်းတရားကို တောင်းဆိုနေတာပဲ။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ”

အားမြောင်က ပြုံးပြီး ပြောလိုက်သည်။

“အဖေ...၊ အားမြောင်ထင်တာတော့ ဝူကျိုးဒယ်စောက်ကို အဖေ့လက်ထဲမှာ ထားတာက တကယ့်ကို သေလမ်းရှာနေတာပဲ။ အဲ့ဒီအစား စီနီယာ့လက်ထဲပဲ ထည့်ပေးလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ စီနီယာ့ရဲ့စွမ်းအားက ကောင်းကင်ဘုံကိုတောင် တွန်းလှန်နိုင်တာပဲလေ။ အင်မော်တယ်တွေကိုတောင် သတ်ဖြတ်ပစ်နိုင်တယ်။ အခုဆို အင်မော်တယ်တွေကိုတောင် ကြောက်လန့်တကြား ထွက်ပြေးသွားစေတာပဲ။ စီနီယာ့ကို အပ်ထားတာက အကောင်းဆုံး ရလဒ်ပဲ”

ဝူကျိုးအရှင်သခင်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“အကြံကောင်းပဲ။ ဒါပေမဲ့ အခြားပြည်နယ်ရဲ့ အုပ်ချုပ်သူတွေနဲ့ အရင်ဆွေးနွေးရဦးမယ်”

အနားတွင်ရှိသော လှပသည့်အမျိုးသမီးကလည်း ထိုစကားများကိုကြားပြီး သက်ပြင်းချလိုက်သည်။

“တကယ့်ကို အကြံကောင်းပဲ။ ကျူးရှိူ့ဒယ်စောက်တွေကို ချမ်ချန်ကန်းကို ပေးလိုက်တာက အကောင်းဆုံးနည်းလမ်းပဲ”

ထို့နောက် သူမသည် သူမ၏ ရင်ခွင်ထဲက လရောင်ဖြူလေးကိုကြည့်ပြီး ညည်းတွားလိုက်သည်။

“သတ္တမမြောက် မင်းသမီးလေး...၊ ကျူးရှိူ့ဒယ်စောက်တွေကို ချမ်ချန်ကန်း ယူသွားပြီဆိုတော့ မင်းသမီးလေးက ဒီတိုက်ကြီးအတွက် တာအိုစောင့်ရှောက် မဖြစ်နိုင်တော့ဘူး။ ကံမကောင်းလိုက်တာပဲ။ ကျူးရှိူ့တိုက်ကြီးမှာ ဒီလိုလျှို့ဝှက်ကျွမ်းကျင်တဲ့သူ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

သူမက သူမအဆင့် သူမ သိပေသည်။ သူမသည် ကောင်းကင်ဘုံဝါးမျိုခြင်း အင်မော်တယ်သူတော်စင်နှင့် အဆင့်တူပေမဲ့ အသူရာအင်မော်တယ်နယ်မြေက လာသောသူသည် သက်ဖြတ်လိုသည့် အတတ်၌ သူမထက် ပို၍ကျွမ်းကျင်သောကြောင့် သူမအနိုင်ရရန် အခွင့်အရေးက ၄၀ရာခိုင်နှုန်းသာ ရှိပေသည်။

ကောင်းကင်ဝါးမျိုခြင်း အင်မော်တယ်သူတော်စင်က ချမ်ချန်ကန်းကို ကြောက်ပြီး ကိုယ့်လူကိုယ်သတ်ပြေးသောကြောင့် သူမလည်း ချမ်ချန်ကန်းကို မဆွရဲတော့ပေ။ သူမက ဖြည်းညင်းစွာ သက်ပြင်းချလိုက်ရင်း

“သတ္တမမြောက် မင်းသမီးလေး...၊ မင်းသမီး အင်မော်တယ်စည်းတံဆိပ်ကို စုပ်ယူပြီးရင် ငါတို့တွေ တခြားအောက်ဘုံတစ်ခုခုကို အမြန်ရှာပြီး ပြန်လည်ဝင်စားကြတာပေါ့။ တခြားဘုံမှာပဲ တာအိုစောင့်ရှောက်အဖြစ်ကျင့်ကြံပြီး အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်ရာထူးအတွက် ယှဉ်ပြိုင်တာက ပိုပြီးအခွင့်အရေးရှိကောင်းရှိနိုင်တယ်”

All Chapters