← Chapters

အခန်း ၁၄၉

Vol. 12 Ch. 149

အခန်း ၁၄၉

Vol. 12 Ch. 149

အခန်း (၁၄၉) ဝင်လာခဲ့ပါ၊ လှပပြီး ရနံ့သင်းပျံ့တဲ့ ကျောက်စိမ်းလေးတွေ(မိန်းကလေးတွေ) ရှိလား

ချမ်ချန်ကန်းတစ်ယောက် ယန်ယွီမျှော်စင်ကို ရောက်လာသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးက အမှောင်အတိကျနေပြီဖြစ်သည်။ ယန်ယွီမျှော်စင်သည် ဟွာလုံမြို့(နဂါးအသွင်ပြောင်းခြင်းမြို့တော်)၏ အစည်ကားဆုံးနေရာ၌ တည်ရှိပေသည်။ ညအချိန်ဖြစ်သော်လည်း လမ်းပေါ်၌ လမ်းသွားလမ်းလာများက လျော့ကျမသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူများက ပိုများလာပြီး အတော်လေးကို စည်ကားနေပေသည်။

အမှန်တကယ်တော့ ဟွာလုံမြို့(နဂါးအသွင်ပြောင်းခြင်းမြို့တော်)၌ လူသားမျိုးနွယ်ကျင့်ကြံသူက အများစုဖြစ်ပေမဲ့လည်း အခြားသော ကျင့်ကြံသူအနည်းငယ်ကလည်း လမ်းပေါ်၌ လျှောက်သွားပြီး ဈေးဝယ်နေသည်ကို တွေ့ရပေသည်။ ထိုမျှမကသေး အလွန်မျက်စိကျစရာကောင်းသည့် ယန်ယွီမျှော်စင်ထဲသို့ ဝင်သွားကြသည်ကို တွေ့ရပေသည်။

ယန်ယွီမျှော်စင် (မြူနှင်းမိုးမျှော်စင်) ထဲကနေ တူရိယာသံများနှင့် သာယာသော ကူချင်းသံများ ထွက်ပေါ်လာပြီး အလွန်စွဲမက်ဖွယ်ရာကောင်းသော သီချင်းသံများလည်း ကြားနေရသည်။ ချမ်ချန်ကန်းက မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ့ရှေ့တွင်ရှိသော ယန်ယွီမျှော်စင်ကို မော့ကြည့်လိုက်သည်။ သူသည် ဘယ်အချိန်ကစပြီး ပြုံးလိုက်မိမှန်း မသိပေ။ အံ့ဩစရာကောင်းတဲ့ ညဘက်ဘဝက ယခုပင် စတင်တော့သည်။

သူ ဆုံးဖြတ်လိုက်ပေသည်။ သူသည် ယနေ့ည၌ ယန်ယွီမျှော်စင်၌ တစ်ညတာ တည်းခိုပေတော့မည်။ ယန်ယွီမျှော်စင်၏ ဗိသုကာလက်ရာက အဆင့်အတန်းအမြင့်ကြီး မဟုတ်သော်လည်း ငြိမ်းချမ်းပြီး ခမ်းနားထည်ဝါပေသည်။ ဧည့်ကြိုမိန်းကလေးများကလည်း သူထင်ထားသလို ပေါ့ပျက်ပျက် ဝတ်ဆင်ထားသော မိန်းကလေးများ မရှိပေ။ ချမ်ချန်ကန်းက တကယ်ကို စိတ်ဝင်စားသွားသည်။

*ဒီမှာ တကယ်ပဲ မိန်းကလေးတွေရော ရှိရဲ့လား။ တကယ်ရော အိပ်လို့ရရဲ့လား။*

သိချင်စိတ်နှင့်အတူ ချမ်ချန်ကန်းက ယန်ယွီမျှော်စင်ထဲသို့ ဝင်လိုက်သည်။ မျှော်စင်ထဲသို့ ဝင်လိုက်သည်နှင့် ရင်ပြင်ငယ်လေးတစ်ခုကို တွေ့လိုက်ပြီး ထို့နောက်မှ အတွင်းခန်းမကို ရောက်ပေသည်။ အတွင်းခန်းမသည် မီးရောင်စုံများ လင်းထိန်နေပြီး လူတွေကလည်း အများကြီးပဲ ရှိပေသည်။ အားကောင်းသော ကျင့်ကြံခြင်းစွမ်းအား အတက်အကျများကိုလည်း ခံစားနေရပေသည်။

သိသာပေသည်။ ဤ ယန်ယွီမျှော်စင်သို့ အပျော်လာရှာကြသော ကျင့်ကြံသူများက မနည်းကြပေ။

*မဟုတ်ဘူး၊ ငါက အပျော်လာရှာတာ မဟုတ်ဘူး။ ငါက ဂီတသံကို နားထောင်ပြီး ဘဝရဲ့အရသာကို ခံစားဖို့ လာတာပဲ။ ငါက ဒီလို သာမန်ကျင့်ကြံသူတွေနဲ့ ဘယ်တူပါ့မလဲ။*

ချမ်ချန်ကန်းက သူ့ဘာသာသူ ပြန်ပြီးဆင်ခြင်ပေးနေလိုက်သည်။ ရင်ပြင်ထဲသို့ ဝင်လိုက်သောအခါ ဘေးတစ်ဖက်တစ်ချက်စီ၌ အနီရောင်မီးအိမ်များ ချိတ်ဆွဲထားသည်ကို တွေ့ရပေသည်။ စိတ်ဝိညာဉ်အပင်အချို့ကိုလည်း စိုက်ထားပြီး နံရံများ၌လည်း ရတနာနွယ်ပင်များ တွယ်တက်နေပြီး တစ်မျိုးကြည့်ကောင်းနေပေသည်။ လေထုထဲ၌ ရနံ့သင်းသင်းလေးက ပျံ့လွင့်နေပြီး လူအများကို စိတ်လက်ပေါ့ပါးသွားစေခဲ့သည်။

ချမ်ချန်ကန်းက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း အပြင်ပန်း၌ တည်ငြိမ်ဟန်ဆောင်ကာ သူ၏သိချင်စိတ်ကို ဖုံးကွယ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ဤနေရာသည် သူ၏ယခင်ဘဝက နေရာများနှင့် လုံးဝမတူဘဲ သာယာကြည်နူးသော ခံစားချက်မျိုးကို ပေးစွမ်းပေသည်။

*ထားလိုက်ပါတော့၊ အထဲကိုဝင်ပြီးပဲ ကြည့်ကြတာပေါ့။*

ထိုအခိုက် ဘေးနားမှ ရိုသေလေးစားမှုရှိသော မေးခွန်းစကားတစ်ခုကို ကြားလိုက်ရသည်။

“ဧည့်သည်တော်...၊ ဘယ်သူ့ကိုများ ရှာလိုပါသလဲ”

ချမ်ချန်ကန်းသည် ဤကို ပထမဆုံးအကြိမ် ရောက်လာမှန်း သိသာသောကြောင့် ယန်ယွီမျှော်စင်ရှိ ဧည့်ကြိုအစေခံလေးက ရှေ့တိုးလာပြီး မေးလိုက်ပေသည်။ အစေခံဆိုပေမဲ့လည်း သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။ ဧည့်သည်များ ပြဿနာလာရှာလျှင် ထိန်းသိမ်းရန်အတွက် ဒီထက်ပိုပြီး အစွမ်းထက်သော ကျင့်ကြံသူများကလည်း စောင့်ကြပ်နေကြပေသည်။

ချမ်ချန်ကန်းက ယဉ်ကျေးစွာဖြင့် ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ကျုပ်နာမည်က ကျန်းရှောင်ပိုင်ပါ။ ယန်ယွီမျှော်စင်ရဲ့ နာမည်ကို ကြားဖူးလို့ လာကြည့်တာပါ”

အစေခံလေးက ဦးညွှတ်ပြီး ပြောလိုက်သည်။

“ဧည့်သည်တော်က ပထမဆုံးအကြိမ် လာတာဆိုတော့ ကျေးဇူးပြုပြီး အထဲကို ကြွပါ” လို့ ဖိတ်ခေါ်လိုက်သည်။

ချမ်ချန်ကန်းကလည်း ခန်းမထဲသို့ ဝင်ရောက်သွားသည်။ ချမ်ချန်ကန်းက စိတ်ဝင်တစားနှင့် အနောက်က လိုက်ပါသွားခဲ့ပေသည်။

ခန်းမသည် အလွန်ကျယ်ဝန်းပြီး နှစ်ထပ်ရှိပေသည်။ အလယ်၌ စက်ဝိုင်းစင်မြင့်တစ်ခုရှိပြီး ဒုတိယထပ်မှာတော့ ပိုးသားလိုက်ကာများ ချထားသော သီးသန့်အခန်းလေးများ ရှိကြပေသည်။ ပထမထပ်၌လည်း ဧည့်သည်တွေ အများကြီး ရှိနေပြီး နေရာလပ်တောင် မရှိသလောက်ပင်။ လှပသော အစေခံမိန်းကလေးများကလည်း ရေနွေးကြမ်းများ လိုက်လံဧည့်ခံနေကြပေသည်။

လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့် အခြားသော မျိုးနွယ်စုများမှ ကျင့်ကြံသူအများကြီး ရှိနေကြပြီး သူတို့က အရက်အတူတကွသောက်ခြင်း၊ စကားပြောခြင်း၊ သို့မဟုတ် တေးဂီတများကို ခံစားရင်း အနားယူနေကြပေသည်။

တစ်ခါတစ်ရံ၌ မိန်းကလေးများ၏ တခစ်ခစ်ရယ်သံများကလည်း သီးသန့်ခန်းများမှ ကြားနေရပေသည်။ ချမ်ချန်ကန်းက ခေါင်းမော့ကြည့်လိုက်သောအခါ ဒုတိယထပ်၏ အခန်းတစ်ခန်းက တစ်ဝက်လောက် ပွင့်နေပြီး ဖြူဖွေးသော ပေါင်တံရှည်ရှည်လေးများကို ခပ်ရေးရေး မြင်တွေ့လိုက်ရပေသည်။

*တကယ့်ကို နေရာကောင်းပဲ*

ချမ်ချန်ကန်းက စိတ်ထဲက တွေးလိုက်မိသည်။ သူ၏ရုပ်ရည်မှာ သာမန်ပဲဖြစ်၍ မည်သူ၏မျက်စိထဲမှ မဝင်ဆံ့ပေ။ ယနေ့ သူ၏မျက်နှာမှာ သူ့နားတွင် အရှိဆုံးဖြစ်သော လင်းပေါင်အာပင်လျှင် မှတ်မိမည်မဟုတ်ပေ။ အစေခံမလေးတစ်ယောက်က ချမ်ချန်ကန်းကို နေရာလွတ်တစ်ခု၌ ထိုင်ဖို့ ခေါ်သွားပေသည်။

“သွားတော့... သွားတော့...၊ မင်းအလုပ် မင်းသွားလုပ်တော့”

အစေခံမလေး ထွက်သွားပြီးနောက် ချမ်ချန်ကန်းက ပတ်ဝန်းကျင်ကို စပ်စုလိုက်သည်။ ကျင့်ကြံသူအများကြီး ရှိနေပေမဲ့လည်း ဆူညံမနေပေ။ အများစုက မိန်းကလေးများကို ရင်ခွင်ထဲ၌ ထည့်ပြီး ပျော်ပါးနေကြသည်ကို တွေ့ရသောအခါ ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

*တကယ်ကောင်းတဲ့နေရာပဲ။ နေပါဦး...၊ ငါဘယ်နှယောက်လောက် ခေါ်ရမလဲ။ ဘယ်ဘက်မှာတစ်ယောက်၊ ညာဘက်မှာတစ်ယောက်၊ တစ်ယောက်က ပုခုံးနှိပ်ပေးပြီး၊ တစ်ယောက်က ကျောကို ထုပေးပြီး၊ တစ်ယောက်က ရင်ခွင်ထဲမှာ ထိုင်နေမယ်ဆိုရင် အနည်းဆုံး ငါးယောက်လောက်ရှိမှ ရမယ်။ ဒါပေမဲ့ လူပုံအလယ်မှာဆိုရင် ဒါက သိပ်မကောင်းဘူး။*

ချမ်ချန်ကန်းက မေးစေ့ကိုပွတ်ရင်း တွေးတောနေမိသည်။

*ငါ့ရဲ့ အမှတ်ပြည့်အထူးလုပ်ဆောင်ချက်အောက်မှာ ငါက သာမန်လူတစ်ယောက်ပဲ။ ငါ့ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။ ဒုတိယထပ်က သီးသန့်ခန်းကို သွားမယ်ဆိုလို့ရှိရင် ငါးယောက်လောက် မလောက်ဘူး။ ဆယ်ယောက်လောက် ခေါ်ရမယ်”

ချမ်ချန်ကန်းက သူ၏သိုလှောင်လက်စွပ်ထဲကို စစ်ဆေးကြည့်လိုက်သောအခါ စိတ်ဝိညာဉ်ကျောက်တုံးများ အများကြီးရှိနေသည်ကို တွေ့ရပေသည်။ ဖေးရှန့်တောင်၌ ကျင့်ကြံသူအများကြီးကို သတ်ခဲ့ပြီး အထူးသဖြင့် တစ္ဆေရိုးဂိုဏ်းမှလည်း စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးရထားသည်မို့ ဒီညသုံးရန် လုံလောက်ပေသည်။ ချမ်ချန်ကန်းက အစေခံမလေးကို လှမ်းခေါ်လိုက်သည်။

“ဘာများ အလိုရှိလို့ပါလဲရှင့်”

ချမ်ချန်ကန်းက အသာအယာပြုံးပြီး

“သီးသန့်ခန်း လွတ်သေးလား”

“လွတ်ပါသေးတယ်၊ တစ်ခန်းကျန်ပါသေးတယ်ရှင့်”

“အရမ်းကောင်းတယ်။ လှပပြီး ရနံ့မွှေးတဲ့ ကျောက်စိမ်းလေးတွေရော ရှိလား”

“ရနံ့မွှေးတဲ့ ကျောက်စိမ်းလေးတွေ ဟုတ်လား”

“အဲ... အဲ... ဆိုလိုတာက ချောမောလှပတဲ့ ပန်းလိုမိန်းကလေးတွေကို ပြောတာပါ။ ခန္ဓာကိုယ်အချိုးအစားလှပြီး ခြေတံရှည်ရှည် အသားဖြူဖြူ... ပြီးတော့ ဟိုဟာ... ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေကိုလည်း ငါလိုချင်တယ်”

ချမ်ချန်ကန်းက သေချာစဉ်းစားပြီးနောက် အစေခံမလေးကို ပြောပြလိုက်သည်။

All Chapters