← Chapters

အခန်း ၁၅၀

Vol. 12 Ch. 150

အခန်း ၁၅၀

Vol. 12 Ch. 150

အခန်း (၁၅၀) ပျော်ပါးခြင်း၊ စင်မြင့်ပေါ်က အလှနတ်သမီး

အစေခံမလေးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“ဧည့်သည်တော်... ဧည့်သည်တော် ပြောတဲ့ မိန်းကလေးတွေက ယန်ယွီမျှော်စင်မှာ ရှိပါတယ်။ ဒါပေမဲ့ ခဏလောက် စောင့်ပေးပါဦး။ ဒီနေ့ ယန်ယွီမျှော်စင်မှာ ပြိုင်ဘက်ကင်းလှပပြီး ဂီတပညာမှာ ထူးချွန်တဲ့ ပါရမီထူးတဲ့ မိန်းကလေးတစ်ယောက် ရောက်နေတယ်။ အကယ်၍ လူကြီးမင်းသာ စိတ်ဝင်စားမယ်ဆိုလို့ရှိရင် မိန်နင်ပေါ်လာတာကို စောင့်လိုက်ပါဦး။ သူမရဲ့ အပြုံးတစ်ချက်နဲ့ပဲ နွေဦးညရဲ့ ပျော်ရွှင်မှုကို ခံစားရမလားဆိုတာရော စမ်းကြည့်သင့်တယ်နော်”

ချမ်ချန်ကန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ထိုအရာကို သိပ်ပြီး စိတ်မဝင်စားပေ။ ယခုအချိန်၌ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံး၌ သူ မမြင်ဖူးသော အလှပဂေးဟူ၍ မရှိသလောက်ပင်။ ကောင်းကင်နတ်ဆိုးမြေခွေးမျိုးနွယ်ဖြစ်သည့် ပိုင်ယွဲ့၊ ဟုန်ရီတို့ဖြစ်စေ၊ အထက်ဘုံမှ ကျန်းယုချန်နှင့် အားမြောင်တို့ဖြစ်စေ မည်သူမျှ မလှပဲ မနေပေ။

သို့သော် စကားပုံရှိသည် မဟုတ်ပါလား။ ယုန်တွေက မိမိအသိုက်နားက မြက်ကို ပြန်မစားဘူးဟူ၍ပင်။ သူသည်လည်း ကျွမ်းကျင်သူတစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းထားရသည်ဖြစ်ရာ သူမတို့နှင့်ပတ်သက်ရန် အခွင့်အရေး မရှိသလောက်ဖြစ်သည်။ ယနေ့တွင် တောင်ပေါ်မှ ဆင်းလာပြီး လူမသိအောင် ရုပ်ဖျက်ထားခြင်းဖြစ်ရာ အေးအေးလူလူ အနားယူအပန်းဖြေရပေမည်။

“လောလောဆယ် နာမည်ကြီး အလှမယ်လေးကို ခဏထားလိုက်ဦး။ ငါ့ကို လှပပြီး ရနံ့မွှေးတဲ့ ကျောက်စိမ်းမိန်းကလေး ဆယ်ယောက်သာ အရင်ခေါ်ပေး”

အစေခံမလေးက ချမ်ချန်ကန်းကို သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။

“သ... သခင်လေး… ဆယ်ယောက်တောင် ဟုတ်လား”

ချမ်ချန်ကန်းက မျက်ခုံးကိုပင့်ပြီး ပြောလိုက်သည်။

“ဘာလဲ။ ငါက မနိုင်ဘူး ထင်လို့လား။ ဒါမှမဟုတ် ငါ့မှာ ပိုက်ဆံမရှိမှာကို စိုးရိမ်နေတာလား”

ထိုသို့ စဉ်းစားပြီးနောက် ချမ်ချန်ကန်းက စိတ်ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်ကို ထုတ်ယူပြီး အစေခံမလေးကို ပေးလိုက်သည်။

“ဒီလောက်ဆို လုံလောက်ပြီလား”

စိတ်ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်သည် အနည်းဆုံး ၂၃တုံးခန့်ရှိပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝကာ အညစ်အကြေးကင်းစင်သော အဆင့်မြင့်ကျောက်တုံးများ ဖြစ်ပေသည်။

ချက်ချင်းပဲ သူက လူအများစု၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ ကျင့်ကြံသူများအတွက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး အများအပြားကို ထုတ်ယူခြင်းက ဟွာလုံမြို့တွင် ထူးဆန်းသည် မဟုတ်သော်လည်း ဤကဲ့သို့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော ချမ်ချန်ကန်းကို ကြည့်ပြီး လူအများစုက အံ့အားသင့်နေကြသည်။ သို့သော် သူတို့ မသိသည်မှာ ဤချမ်ချန်ကန်းသည် ကျူးရှိူ့တိုက်ကြီးတွင် အင်အားအကြီးဆုံးနှင့် နာမည်အကျော်ကြားဆုံး “ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ” ဖြစ်နေခြင်းပင်။

အစေခံမလေးမှာ အံ့အားသင့်သွားပြီး

“သခင်လေး... ဒါ... ဒါက…”

“မင်းအတွက် ဆုလာဘ်ပဲ”

ချမ်ချန်ကန်းသည် ဤကဲ့သို့ နေရာမျိုးသို့ ရောက်လာလျှင် ဆုချရမည်ကို သိပေသည်။ သူ့ကဲ့သို့ ကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်းသူတစ်ယောက်အနေဖြင့် ဘယ်လိုလုပ် အထင်သေးခံနိုင်မည်နည်း။ အစေခံမလေးက အပိုစကားမပြောတော့ဘဲ ချမ်ချန်ကန်းကို ဒုတိယထပ်ရှိ သီးသန့်အခန်းဆီသို့ အမြန်ခေါ်ဆောင်သွားတော့သည်။

“သခင်လေး…၊ ခဏလောက် စောင့်ပေးပါ”

အစေခံမလေးက လိုက်ကာကို ချပြီး လက်မထောင်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီသခင်လေးက တကယ့်ကို စွမ်းအားကြီးတာပဲ။ မိန်းကလေး ဆယ်ယောက်တောင် သူ ခံနိုင်ရည်ရှိပါ့မလား”

“သခင်လေး စပျစ်သီးစားပါဦး”

“သခင်လေး ကျွန်မ နှိပ်ပေးတာ အဆင်ပြေလားဟင်”

“သခင်လေး ဒီလိုကြီး လူကိုဖက်ထားတော့ အသက်ရှူကျပ်အောင် လုပ်နေတာပဲ… မွန်းလိုက်တာ”

အခန်းထဲတွင် မိန်းကလေးများ၏ ရယ်မောသံများ၊ ချိုသာသော အသံများနှင့် မြူဆွယ်သော အသံပေါင်းစုံ ထွက်ပေါ်နေသည်။ ချမ်ချန်ကန်းသည် ဖေးရှန့်တောင်ပေါ်၌ မရနိုင်သော အတွေ့အကြုံသစ်များကို ပထမဆုံးအကြိမ် ခံစားနေရခြင်းဖြစ်သည်။

*ရှေးဧကရာဇ်တွေ ဘာလို့ မောင်းမ ၃၀၀၀ လောက် ထားချင်လဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။ ဒီလိုမျိုး အလှနတ်သမီးတွေ ဝိုင်းနေရတာ တကယ့်ကို မဆိုးဘူးပဲ။*

မိန်းကလေးတစ်ယောက်က နောက်ကျောကို နှိပ်ပေးပြီး တစ်ယောက်က ပခုံးကို နှိပ်ပေးရာ ချမ်ချန်ကန်းမှာ တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းနေတော့သည်။ အမှန်စစ်စစ် သူသည် အနှိပ်ခံ၊ အပြုစုခံရုံသာ လုပ်နေခြင်းဖြစ်သည်။ သူသည် အပန်းဖြေနေရင်း တစ်ဖက်မှလည်း ကျင့်ကြံသူများ၏ စကားဝိုင်းကို နားထောင်နေပေသည်။ ယန်ယွီမျှော်စင်၌ လူပြောအများဆုံး သတင်းမှာ ဖုန်းယွင်ရှေးဟောင်းဂိုဏ်းတွင် ကျင်းပသည့် ကျူးရှိူ့ပွဲတော်ကြီးဖြစ်သည်။

ထင်သည့်အတိုင်းပင် အထက်ဘုံမှ ပါရမီရှင်များအကြား ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားခဲ့ပေသည်။ ချမ်ချန်ကန်းသည် ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ရရှိသွားပြီး နောက်တစ်လကြာတွင် ဖေးရှန့်တောင်၌ တပည့်လက်ခံပွဲ ကျင်းပမည်ဟူသော သတင်းက ဟွာလုံမြို့အထိ ပျံ့နှံ့နေပြီဖြစ်သည်။

ကျင့်ကြံသူများ၏ စကားသံများတွင် သူ့အပေါ် လေးစားအားကျမှုများ ပြည့်နှက်နေကြသည်။ သို့သော် သူတို့ လေးစားအားကျနေရသော စီနီယာကြီးမှာ ယခု ဒုတိယထပ်၏ အဆောင်ခန်းထဲ၌ မိန်းကလေး ဆယ်ယောက်နှင့် ပျော်ပါးနေသည်ကို သိသွားပါက မည်ကဲ့သို့ ခံစားရမည်နည်း။

“ငါကြားတာတော့ အထက်ဘုံက အင်မော်တယ်တွေက ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို လိုချင်လို့ လာတာတဲ့။ အဲဒီ ကျိုးတင်း(ကိုးပြည်ထောင်ဒယ်စောက်ကိုးလုံး)ကို ရပြီးလို့ရှိရင် အထက်ဘုံကြီးရဲ့ အုပ်ချုပ်သူဖြစ်လာလိမ့်မယ်လို့ ဆိုတယ်။ တစ်လနေရင် ကျင်းပမယ့် တပည့်လက်ခံပွဲ အခမ်းအနားမှာ အဲဒီအင်မော်တယ်တွေ လာကြဦးမလား”

“ဟွန်း...၊ အဲဒီအင်မော်တယ်တွေက စီနီယာကို လာပြီး ရန်စရဲရင်တော့ သေဖို့ပဲ ရှိတာပေါ့။ စီနီယာ့ရဲ့ ခွန်အားက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ ဒါပေမဲ့ အင်မော်တယ်တွေက စီနီယာ့ကို ရန်မစဘဲ တပည့်လက်ခံပွဲမှာ ဝင်ပြိုင်လို့ရှိရင် ကျူးရှိူ့တိုက်ကြီးက ပါရမီရှင်တွေက သူတို့ကို ယှဉ်နိုင်ပါ့မလား”

အချို့က စိုးရိမ်တကြီး ပြောဆိုကြသည်။

“စီနီယာမှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပေါ့”

စကားသံများကို နားထောင်ရင်း ချမ်ချန်ကန်းက ပခုံးတွန့်လိုက်သည်။ သူကိုယ်တိုင်လည်း ကျူးရှိူ့တိုက်ကြီး၏ အစောင့်အရှောက် ဖြစ်ချင်ပေသည်။ သို့မှသာ နောင်တွင် ပြိုင်ဘက်ကင်း နယ်မြေထဲမှ ထွက်ခွာသွားလျှင် ဘာမှ စိုးရိမ်စရာ ရှိတော့မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်းနည်းစရာမှာ သူ၏အရည်အချင်းမှာ အမှိုက်လောက်ပင် ရှိ၍ ကောင်းကင်တာအိုက သူ့ကို အသိအမှတ်မပြုပေ။

စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ယန်ယွီခန်းဆောင်တစ်ခုလုံး ဆူညံသွားတော့သည်။ စင်မြင့်ထက်၌ အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့လေသည်။

All Chapters