← Chapters

အခန်း ၁၅၃

Vol. 12 Ch. 153

အခန်း ၁၅၃

Vol. 12 Ch. 153

အခန်း (၁၅၃) စန်းလော့နယ်မြေမှ ကျွမ်းမင်၊ သူ့ရဲ့ဦးရေပြားများပင် ထုံကျင်သွားရပြီ

ဟွာလုံမြို့တစ်ခုလုံး တစ္ဆေမြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ၎င်းသည် အနက်ရောင် သမုဒ္ဒရာကြီးနှင့် တူနေပြီး မည်သူမှ မြို့ထဲမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ယနေ့တွင် ဟွာလုံမြို့အတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နေသည်။ မရေတွက်နိုင်သော တစ္ဆေများက တစ္ဆေမြူထဲမှ ပြေးလွှားလာကြပြီး ကြောက်စရာကောင်းသော ဝိညာဉ်ဆိုးများအဖြစ် ပြောင်းလဲကာ ဟွာလုံမြို့ထဲသို့ ဝင်ရောက်သွားကြသည်။

သူတို့သည် အစွယ်များငေါထွက်နေပြီး လက်သည်းများကလည်း ချွန်ထက်ကာ လူအသွေးအသားများကို စားသုံးပြီး စိတ်ဝိညာဉ်များကို ဝါးမျိုနေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွာလုံမြို့အတွင်း၌ ထောင်ပေါင်းများစွာသော သေဆုံးမှုများ ဖြစ်ပေါ်နေခဲ့သည်။

ထိုအချိန်တွင် ဟွာလုံမြို့ထဲမှာ စိတ်ဝိညာဉ်သက်တံအများအပြား ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ဟွာလုံမြို့မှ အစွမ်းထက်ကျင့်ကြံသူများဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်နှစ်ယောက်နှင့် ရွှေမြုတေအဆင့် ကျင့်ကြံသူတစ်ဒါဇင်ခန့် ပါဝင်သည်။

သူတို့ထဲတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူမှာ ဟွာလုံမြို့၏ မြို့စားပင်ဖြစ်သည်။

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဘယ်သူတွေက ငါတို့ဟွာလုံမြို့ကို လာပြီး ရမ်းကားနေရဲတာလဲ”

“အိုး...၊ အောက်ဘုံက ပုရွက်ဆိတ်တစ်စုပါလား”

ဝတ်ရုံနက်ဝတ်ထားသူက လှောင်ပြောင်ပြီး သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ညာလက်ချောင်းမှ တစ္ဆေသံကြိုးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ရောက်ရှိသွားသည်။

အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှင့် ရွှေမြုတေအဆင့် ကျင့်ကြံသူများည် ထိုနတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်၏ စွမ်းအားကို မည်သူမှ မတားဆီးနိုင်ကြပေ။ တစ်ခဏအတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များသည် တစ္ဆေသံကြိုးများဖြင့် တုပ်နှောင်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

ဝတ်ရုံနက်ဝတ်ထားသောလူက သူ၏လက်ချောင်းများကို ကွေးလိုက်ရာ တစ္ဆေသံကြိုးမှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျင့်ကြံသူများမှာ သွေးမြူများအဖြစ် ပေါက်ကွဲတော့မည့်ဆဲဆဲဖြစ်လာသည်။

ထိုကျင့်ကြံသူများ သေဆုံးတော့မည့်အချိန်တွင်

“ဒန် ဒန် ဒန်”

အေးစက်လှသော ကူချင်သံတစ်ချက် ထွက်ပေါ်လာပြီး စူးရှသော ဓားတစ်လက်အလား ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ကျင့်ကြံသူများကို တုပ်နှောင်ထားသည့် တစ္ဆေသံကြိုးများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်လိုက်သည်။

ထိုကျင့်ကြံသူများသည် ထိုအချိန်မှ သက်ပြင်းချနိုင်ပြီး အရှေ့မှ ဝတ်ရုံနက်ဝတ်ထားသော လူနှစ်ဦးကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။ သူတို့က သိပ်ကို အစွမ်းထက်လွန်းလှပေသည်။ သူတို့၏ ကျင့်ကြံခြင်းများက အခြေတည်စိတ်ဝိညာဉ်အဆင့်ထက် ကျော်လွန်နေသည်မှာ သေချာပင်ဖြစ်သည်။

“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”

တစ္ဆေသံကြိုးများ ဖြတ်တောက်ခံလိုက်ရသဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသောသူက ဒေါသထွက်သွားသည်။

နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာပြီး ကျင့်ကြံသူများ၏အရှေ့၌ လူတစ်ယောက် ရပ်လာသည်။ ထိုသူသည် ယန်ယွီမျှော်စင်မှ လှပသော မိန်နျင်ပင် ဖြစ်သည်။

မိန်နျင်က ပြုံးလျက် ပြောလိုက်သည်။

“ဒီဟွာလုံမြို့က ငါ အပန်းဖြေတဲ့နေရာပဲ။ အကယ်၍ စန်းလော့နယ်မြေက ဧည့်သည်နှစ်ယောက်က သူတို့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ အသွေးအသားတွေ ရှာနေတယ်ဆိုရင် အခြားမြို့ကို ပြောင်းသွားတာ မကောင်းဘူးလား”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်သူ၏ အနောက်မှ ဦးလေးရှဲက အေးစက်စွာ ပြောလိုက်သည်။

“ရှဲဝူအင်မော်တယ်နယ်မြေက နတ်ဘုရားမ ချမ်းမိန်မလား၊ မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

မိန်နျင်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

“စန်းလော့နယ်မြေက တစ်စုံတစ်ယောက်က ကျွန်မနာမည် သိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဂုဏ်ယူမိပါတယ်”

ဦးလေးရှဲ၏ အရှေ့တွင်ရှိသော ဝတ်ရုံနက်နှင့်လူ၏ ခေါင်းစွပ်ကို ချွတ်လိုက်ရာ အလွန်ပင် ဖြူဖျော့ပြီး ချောမောသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သူက ပြောလိုက်သည်။

“နတ်ဘုရားမမိန်...၊ ငါက စန်းလော့ဂိုဏ်းရဲ့ သခင်လေး ကျွမ်းမင်ပဲ။ ဒီနေ့ကိစ္စက မင်းနဲ့ မဆိုင်ဘူး။ ဟွာလုံမြို့ကနေ အခုချက်ချင်းထွက်သွားတာ ပိုကောင်းမယ်”

မိန်နျင်က ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မ မသွားဘူးဆိုရင်ကော”

ဦးလေးရှဲက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။

“နတ်ဘုရားမမိန်...၊ ငါက သခင်လေးရဲ့ အစောင့်အရှောက်ပဲ။ မင်းရဲ့ အပြုအမူက အောက်ဘုံကို ကာကွယ်နေတာနဲ့ တူနေပြီ။ ဒါကြောင့် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့”

“ကြည့်ရတာ ဒီနေ့ ဟွာလုံမြို့က လူတွေကို ရှင်တို့က သတ်ဖြတ်တော့မယ့်ပုံပဲ”

ကျွမ်းမင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ငါ့ရဲ့ကျင့်ကြံမှု တိုးတက်ဖို့အတွက်ဆိုရင် ဘယ်သူမှ တားဆီးလို့မရဘူး။ အောက်ဘုံက ပုရွက်ဆိတ်တစ်အုပ်သာသာပဲ။ ငါသတ်ချင်ရင် သတ်မှာပဲ၊ ဘာတွေ ဂရုစိုက်နေရမှာလဲ”

မိန်နျင်က သူမ၏ သွယ်လျသော လက်ညှိုးလေးဖြင့် အသာအယာ တောက်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဘုရားအလင်းတန်းတစ်ခုက ကျွမ်းမင်ဆီကို ဦးတည်သွားတော့သည်။ ဦးလေးရှဲက ကျွမ်းမင်ရှေ့တွင် ရပ်ကာ လက်ကိုမြှောက်ပြီး ထိုအလင်းတန်းကို ရိုက်ချလိုက်သည်။

“နတ်ဘုရားမမိန်...မင်းက စန်းလော့ဂိုဏ်းရဲ့ သခင်လေးကို တိုက်ခိုက်ရဲတယ်ပေါ့လေ”

မိန်နျင်က အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။

“ရှင်တို့က ကျွန်မရဲ့သာယာမှုကို လာနှောင့်ယှက်နေမှတော့ စန်းလော့နယ်မြေက ပါရမီရှင်ကို ဘာလို့မသတ်ရမှာလဲ”

ဦးလေးရှဲက ကျွမ်းမင်ကို ပြောလိုက်သည်။

“ဒီနတ်ဘုရားမကို ငါပဲ ကိုင်တွယ်လိုက်မယ်။ သခင်လေး...မင်းကတော့ မင်းရဲ့ကျင့်ကြံမှု တိုးတက်ဖို့အတွက် ဟွာလုံမြို့က သတ္တဝါတွေကို သတ်ဖြတ်တဲ့အပေါ်မှာပဲ အာရုံစိုက်ပါ”

ကောက်ကျစ်သော အပြုံးဖြင့် ကျွမ်းမင်က ခေါင်းညိတ်လိုက်သည်။

“ဦးလေးရှဲ...သူ့ကို ဦးလေးကိုပဲ လွှဲပေးလိုက်တော့မယ်”

ထို့နောက် ကျွမ်းမင်သည် လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်ခတ်လိုက်ရာ ဟင်းလင်းပြင်အတွင်း ကြီးမားသော အစီအရင်တစ်ခု ပေါ်လာခဲ့သည်။ တစ္ဆေမြူများ လှိုင်းထလာပြီး နတ်ဆိုးဝိညာဉ်များက ပိုမိုများပြားလာကာ ဟွာလုံမြို့ထဲသို့ အလုံးအရင်း ဝင်ရောက်သွားတော့သည်။

ယနေ့တွင် မြို့တစ်မြို့လုံးကို တစ္ဆေမြို့တော်ဟုပင် ခေါ်ဆိုလျှင်ပင် မမှားနိုင်ပေ။ သူကျင့်ကြံနေသည်မှာ စန်းလော့နတ်ဘုရားပညာရပ်ဖြစ်ပြီး တစ္ဆေနတ်ဆိုးများ စားသုံးလိုက်သော အသွေးအသားနှင့် စိတ်ဝိညာဉ်များက သူ့အတွက် စွမ်းအားအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့် ရွှေမြုတေအဆင့် ကျင့်ကြံသူများကိုလည်း ကျွမ်းမင်က အလွတ်မပေးဘဲ တစ္ဆေသံကြိုးများဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။

မိန်နျင်က တားချင်သော်လည်း ဦးလေးရှဲက သူမကို ပိတ်ဆို့ထားသည်။ မိန်နျင်၏ မျက်နှာက ပျက်ယွင်းသွားသည်။ ဦးလေးရှဲ၏ အစွမ်းမှာ သူမထက် မနိမ့်ကျပေ။ ကျွမ်းမင်ကလည်း အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံမှု ရှိနေသည်။ သူမအနေဖြင့် မကူညီနိုင်ပါက ဤဟွာလုံမြို့ရှိ သတ္တဝါသန်းပေါင်းများစွာက ကျွမ်းမင်၏လက်ထဲ၌ သေဆုံးရမည်ဖြစ်ပြီး သူ၏ကျင့်ကြံမှုအတွက် သွေးအစာအဖြစ် အသုံးချခံရမည်ဖြစ်သည်။

သနားစရာကောင်းလှသည်မှာ ဤသည်မှာ အောက်ဘုံ၏ နိမ့်ကျမှုပင် ဖြစ်သည်။ အထက်ဘုံမှ အင်မော်တယ်များ၏ မျက်လုံးထဲတွင်တော့ သူတို့က ခြံဝင်းထဲမှ တိရစ္ဆာန်များကဲ့သို့ပင် အားနည်းလွန်းလှပေသည်။

မြို့ထဲတွင် ဖရိုဖရဲဖြစ်နေပြီး အော်ဟစ်သံများ၊ အလောင်းများနှင့် တစ္ဆေများဖြင့် ပြည့်နှက်နေသည်။ ယန်ယွီမျှော်စင်တွင် စုဝေးနေကြသော ကျင့်ကြံသူများအားလုံးက ထွက်ပြေးကုန်ကြပြီဖြစ်သည်။

ယခု ချမ်ချန်ကန်းကို ပြုစုပေးနေသော မိန်းကလေးဆယ်ဦးပင် ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။ ယန်ယွီမျှော်စင်တွင် ယခုအခါ ချမ်ချန်ကန်းတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူက ဆွံ့အလျက်ရှိနေသည်။

“နေကြပါဦး...အဲ့ဒီလိုကြီး မလုပ်ကြပါနဲ့ဦး။ ငါက ဒီညကို ကောင်းကောင်းလေး ဖြတ်သန်းချင်တာလေ။ ငါ့ရဲ့ အထီးကျန်နေတဲ့ နှလုံးသားကို နှစ်သိမ့်ဖို့အတွက် ဒီည မိန်းမလှလေးတွေနဲ့ အိပ်စက်ချင်ရုံပါ။ ဘာဖြစ်လို့ မြို့မှာ ဒီလိုမျိုး ရုတ်တရက်တွေ ဖြစ်လာရတာလဲ”

ချမ်ချန်ကန်းသည် ဆွံ့အရုံသာမက အလွန်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

“တကယ်ကို အနှောင့်အယှက်တွေပဲ။ ဘယ်ကောင်ကများ ဒီမြို့မှာ လာပြီး ပြဿနာရှာတာလဲ။ ငါသာသိရင် သူ့ကို အကြိမ် (၉၉၈၁) ကြိမ် ဓားနဲ့ ထိုးသတ်လိုက်ချင်တယ်”

သူက သက်ပြင်းချရင်း ယန်ယွီမျှော်စင်တွင် ဆက်မနေတော့ဘဲ အပြင်သို့ ထွက်လာလိုက်သည်။ သူက လမ်းမပေါ်သို့ ထွက်လာရုံပင် ရှိသေးသည်။

“အား...”

ရုတ်တရက် အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ လမ်းမပေါ်တွင် ကြောက်စရာကောင်းသော တစ္ဆေများက ကျင့်ကြံသူတစ်ဦးကို စားသောက်နေကြသည်။ ထိုသူမှာ ယန်ယွီမျှော်စင်တွင် မိန်နျင်၏ ကူချင်တီးခတ်မှုကို ချီးကျူးခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သည်။

ချမ်ချန်ကန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဦးရေပြားများပင် ထုံကျင်သွားရသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူပင် မခုခံနိုင်ပါက သူ၏ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိသူက ပို၍ မဖြစ်နိုင်တော့ပေ။ သူက ချက်ချင်းပင် ယန်ယွီမျှော်စင်ထဲသို့ ပြေးဝင်သွားတော့သည်။

All Chapters