အခန်း ၁၅၈
Vol. 12 Ch. 158
အခန်း (၁၅၈) ချမ်ချန်ကန်း၏ မေးမြန်းစစ်ဆေးချက်
ချမ်ချန်ကန်းသည် ဤအချက်ကို စိတ်ထဲ၌ သိရှိနားလည်ထားပြီးဖြစ်သည်။ အကယ်၍ မထင်မှတ်ထားသည်များ မရှိခဲ့လျှင် ရှဲပေါ်၊ ကျွမ်းမင်နှင့် မိန်နျင်တို့သည် အထက်ဘုံမှ အင်မော်တယ်များသာ ဖြစ်ကြပေမည်။
ထိုကျွမ်းမင်ဆိုသော လူငယ်မှာ ငယ်ရွယ်သော်လည်း အခြေတည်စိတ်ဝိညာဉ်အဆင့်ထိ ကျင့်ကြံပြီးနေပြီ ဖြစ်သည်။ သူသည် အထက်ဘုံမှ ပြန်လည်ဝင်စားပြီး ကျင့်ကြံနေသော ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေများသည်။
ရှဲပေါ်နှင့် မိန်နျင်တို့၏ အစွမ်းမှာလည်း တူညီနေသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် အင်မော်တယ်တာအိုအကာအကွယ်အစောင့်အရှောက်သူများ ဖြစ်နိုင်ခြေရှိသည်။ သာမန်အင်မော်တယ်များဆိုလျှင် သူတို့၏ ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသည့် အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိမည်မဟုတ်ပေ။
ချမ်ချန်ကန်း၏ အရှေ့တွင် မိန်နျင်က အနည်းငယ် စိုးရိမ်တုန်လှုပ်နေမိသည်။ သူမရှေ့ရှိ ချမ်ချန်ကန်းမှာ ပြိုင်ဘက်ကင်းဆရာသခင်ကြီးတစ်ပါးဖြစ်သလို အင်မော်တယ်သူတော်စင်တစ်ဦးလည်း ဖြစ်နေသေးသည်။
အကယ်၍ သူနှင့် ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်နိုင်ပါက သူမ နောင်တွင် ကျင့်ကြံမည့် အင်မော်တယ်နည်းစနစ်များစွာအတွက် အထောက်အကူပြုပေလိမ့်မည်။ သတ္တမမြောက်မင်းသမီးကို ကူညီရန်အတွက် ရွှယ်ဝူအင်မော်တယ်နယ်မြေကို ပြန်သွားရန်ပင် လိုတော့မည်မဟုတ်ပေ။ သူမအနေဖြင့် အင်မော်တယ်အရှင်သခင်အဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးက ရှိနေသည်။
ချမ်ချန်ကန်းသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး စိတ်ထဲက သက်ပြင်းချလိုက်မိသည်။ အထက်ဘုံတွင်ရှိသော အင်မော်တယ်တာအိုအစောင့်အရှောက်တစ်ဦးက ဤဟွာလုံမြို့ရှိ ယန်ယွီမျှော်စင်ထဲ၌ သာမန်ပြည့်တန်ဆာတစ်ဦးအဖြစ် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။
ထို့အပြင် ချမ်ချန်ကန်း မှတ်မိနေသည့်တစ်ခု ရှိသေးသည်။ သူမကို ကူချင်နည်းစနစ်အနည်းငယ် သင်ကြားပေးလျှင် တစ်ညတာ အတူအိပ်ခွင့်ရမည်ဟူသော အချက်ပင်ဖြစ်သည်။
*ဒါက တကယ်လား။ အထက်ဘုံက အလှနတ်ဘုရားမတွေက ဒီလောက်တောင် ပွင့်လင်းကြတာလား။ အင်မော်တယ်အရှင်သခင်တစ်ဦးနဲ့ တစ်ညတာ အတူအိပ်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ ငါသိချင်တယ်။ မကောင်းတော့ဘူး၊ မကောင်းတော့ဘူး၊ ငါ့စိတ်ရိုင်းတွေ ဝင်လာပြီ။*
“စီနီယာ…၊ ဒါက စန်းလော့နယ်မြေရဲ့ သိုလှောင်လက်စွပ်ပါ။ ဒါက ကျွမ်းမင်နဲ့ ဦးလေးရှဲတို့ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ သိုလှောင်လက်စွပ်တွေပါ။ တစ်ယောက်က အထက်ဘုံက ပါရမီရှင်ဖြစ်ပြီး စန်းလော့အင်မော်တယ်နယ်မြေရဲ့ ထိပ်တန်းအင်အားစုဖြစ်တဲ့ စန်းလော့ဂိုဏ်းရဲ့ သခင်လေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ အင်မော်တယ်အရှင်သခင်ပါ”
ထိုသိုလှောင်လက်စွပ်ထဲတွင် အင်မော်တယ်လက်နက်များ၊ အင်မော်တယ်နည်းစနစ်များ၊ အင်မော်တယ်ဆေးဝါးများနှင့် အင်မော်တယ်ကျောက်တုံးများက နည်းနည်းနောနော မဟုတ်ပေ။ သို့သော် မိန်နျင်ကမူ ထိုလက်စွပ်နှစ်ကွင်းကို သူမအပိုင်အဖြစ် အနည်းငယ်မှ ချန်ထားဖို့ စိတ်မကူးရဲဘဲ ချမ်ချန်ကန်းကိုသာ ပေးအပ်လိုက်သည်။
ချမ်ချန်ကန်းအတွက်မူ အင်မော်တယ်ပစ္စည်းများ၊ အင်မော်တယ်နည်းစနစ်များကို သိပ်ဂရုမစိုက်သော်လည်း သူ့အတွက် အရေးကြီးဆုံးက လက်စွပ်ထဲတွင်ရှိသော အင်မော်တယ်ကျောက်တုံးများသာ ဖြစ်သည်။
“ကောင်းပြီ”
ချမ်ချန်ကန်းက တည်တည်ငြိမ်ငြိမ်ဖြင့် လက်စွပ်နှစ်ကွင်းကို ယူလိုက်သည်။ ယခုမူ ချမ်ချန်ကန်းအနေဖြင့် အထက်ဘုံမှ အင်မော်တယ်တစ်ဦးနှင့် ဒုတိယအကြိမ်မြောက် ခင်ခင်မင်မင် စကားပြောခွင့်ရခြင်း ဖြစ်သည်။
ပထမအကြိမ်က ကျန်းယုချန်နှင့် ဖြစ်သော်လည်း သူမက အနည်းငယ် ဦးနှောက်မရှိသဖြင့် အထက်ဘုံအကြောင်းကို သိပ်မသိရှာပေ။ ယခုမူ အထက်ဘုံမှ အဆင့်အတန်းမြင့်မားသော အင်မော်တယ်တာအိုအစောင့်အရှောက်၊ အင်မော်တယ်အရှင်သခင်တစ်ဦးနှင့် တွေ့ရပြီဖြစ်၍ သတင်းအချက်အလက်များစွာ ရနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။
ချမ်ချန်ကန်းက သမ်းဝေရင်း စင်မြင့်ထက်မှ ဆင်းလာကာ လွတ်နေသော ခုံတစ်ခုံ၌ ထိုင်လိုက်သည်။
“ထိုင်ပါဦး”
“ကျေးဇူးတင်ပါတယ် စီနီယာ”
မိန်နျင်က အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားပြီး ဘေးခုံ၌ ဝင်ထိုင်လိုက်သည်။ သူမသည် အစောပိုင်းက ကူချင်တီးရင်း ပြုံးနေသော ပုံစံနှင့်မတူဘဲ ယခုအခါ သူမ၏ ကိုယ်ရည်ကိုယ်သွေးကို အနည်းငယ် ထိန်းချုပ်နေသည့်ပုံရသည်။
ချမ်ချန်ကန်းက မိန်နျင်၏ ကိုယ်သင်းနံ့ကို ပိုမိုရှင်းလင်းစွာ ရရှိလိုက်သည်။ မိန်နျင်၏ ပုံစံကိုကြည့်ရင်း ချမ်ချန်ကန်းက စဉ်းစားမိသည်မှာ
*အင်း…၊ ညတာကလည်း ရှည်သေးတယ်။ မိန်နျင်ကို အဖော်အဖြစ် ခေါ်ထားရင် ကောင်းမလား။*
ဟုတ်ပေသည်၊ ဤချမ်ချန်ကန်းက အတွေးနယ်ချဲ့နေရုံသာ တတ်နိုင်ပြီး လက်တွေ့မှာမူ ည၏အဖော်လုပ်ဖို့ ပြောဆိုရဲသူ မဟုတ်ပေ။
*ဟူး...၊ ငါက တကယ်ကို အတွေ့အကြုံနုသေးတာပဲ။ အဲဒါ မကောင်းဘူး။*
ချမ်ချန်ကန်းက ဘာမှမပြောတော့ဘဲ ငေးမောနေသည်ကို မြင်သောအခါ မိန်နျင်ကလည်း အနှောင့်အယှက်ဖြစ်မည်စိုး၍ ငြိမ်နေမိသည်။ ချမ်ချန်ကန်းက အတွေးစကို ဖြတ်ကာ အလုပ်ကို အာရုံစိုက်လိုက်သည်။ ညတာက ရှည်လျားလွန်းသဖြင့် အလုပ်ကိစ္စကို အရင်ပြီးအောင် လုပ်ပြီးမှ ကျန်တာကို စဉ်းစားရပေမည်။
“မိန်နျင်… ငါ့ရဲ့ နောက်လာမယ့် မေးခွန်းတွေကို သေချာဖြေဖို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ပါ စီနီယာ”
“အဟမ်း… အဟမ်း…၊ ဒါဆို ငါစမေးမယ်။ မင်းရဲ့နာမည်…..”
“မိန်နျင်ပါ”
“ကျား/မ”
မိန်နျင်က စိတ်ထဲမှ အနည်းငယ် ဆွံ့အသွားသော်လည်း အမှန်အတိုင်း ဖြေလိုက်သည်။
“မ ပါ”
“မွေးရပ်မြေ….”
“မွေးရပ်မြေလား”
အထက်ဘုံရဲ့ ဘယ်နေရာကလဲလို့ မေးတာ”
“ဪ… စီနီယာ၊ ကျွန်မရဲ့ မွေးရပ်မြေက ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ မွေးတာပါ”
“ကျင့်ကြံမှုအဆင့်”
“အင်မော်တယ်အရှင်သခင် အလွှာ(၇) ပါ”
“ရင်သားအတိုင်းအတာက ဘယ်လောက်လဲ”
ချမ်ချန်ကန်းက လှမ်းကြည့်လိုက်သည်။
*အင်း…၊ လှိုင်းတံပိုးတွေ ထနေသလိုပဲ၊ အမြင်အရတော့ တော်တော်ကြီးတာပဲ*
“စီနီယာ…၊ ရင်သားအတိုင်းအတာဆိုတာ ဘာကိုမေးတာလဲ”
“အဟမ်း… အဟမ်း…၊ ငါပြောတာ မင်းနားမလည်ပါဘူး။ ငါ့ဘာသာငါပဲ အကဲခတ်လိုက်မယ်၊ မင်းဖြေစရာ မလိုတော့ပါဘူး။ ဒါနဲ့ မင်းက အပျိုပဲလား”
မိန်နျင်အတွက်မူ ဤမေးခွန်းများက အလွန်ပင် နက်နဲလွန်းလှသည်။ ချမ်ချန်ကန်း၏ စကားလုံးတော်တော်များများကို သူမ နားမလည်သဖြင့် စီနီယာ၏ အသိပညာဗဟုသုတအပေါ် ပိုမိုကြည်ညိုမိသည်။
စီနီယာသည် အမှန်တကယ်ပင် အင်မော်တယ်သူတော်စင်ကြီး ဖြစ်ထိုက်ပေသည်။ သူမ၏ ရင်သားအရွယ်အစား၊ အပျိုဖြစ်ခြင်း မဖြစ်ခြင်း စသည့်မေးခွန်းများက သူမအတွက် အရေးမကြီးပါ။ အရေးကြီးသည်မှာ ဤမေးခွန်းများကို ဖြတ်ကျော်နိုင်ဖို့သာ ဖြစ်သည်။
ဤသို့ဖြင့် ချမ်ချန်ကန်းသည် အထက်ဘုံအကြောင်း၊ အထူးသဖြင့် အထက်ဘုံမှ ပါရမီရှင်များ လူ့ပြည်တွင် ပြန်လည်ဝင်စားပြီး ကျင့်ကြံခြင်းအကြောင်း သတင်းအချက်အလက်များကို ပိုမိုသိရှိလာခဲ့လေသည်။