← Chapters

အခန်း ၁၅၉

Vol. 13 Ch. 159

အခန်း ၁၅၉

Vol. 13 Ch. 159

အခန်း (၁၅၉) လမ်းစဉ်များက အဆုံးမရှိပေ၊ အင်မော်တယ်သူတော်စင်များ

သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေခဲ့သည်။

မိန်နျင်ထံမှ သိရှိရသည်မှာ ဤအောက်ဘုံရှိ ကောင်းကင်တာအိုအစောင့်အရှောက်နေရာဆိုသည်မှာ အထက်ဘုံမှ ပြန်လည်မွေးဖွားလာသော ပါရမီရှင် များအတွက် သီးသန့်ပြင်ဆင်ထားခြင်း ဖြစ်၏။

အထက်ဘုံမှ ပါရမီရှင်များကသာ အထက်ဘုံ အင်မော်တယ်များ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ကြပေသည်။

အဘယ်ကြောင့်ဆိုသော် အထက်ဘုံရှိ လူတိုင်းသည် ပြန်လည်ဝင်စားပြီး ကျင့်ကြံရန် အရည်အချင်း မပြည့်မီကြသောကြောင့် ဖြစ်သည်။

အင်မော်တယ်နယ်မြေထောင်ပေါင်းများစွာ၌ နယ်မြေတစ်ခုစီတိုင်းတွင် နယ်မြေအရှင်သခင်အဖြစ် အုပ်စိုးသော အင်မတန်စွမ်းအားကြီးသူတစ်ဦးစီရှိကြ၏။ ၎င်းတို့သည် ကျူးရှို့တိုက်ကြီးမှ ကောင်းကင်တာအိုအစောင့်အရှောက်များနှင့် ဆင်တူကြပေသည်။

အင်မော်တယ်နယ်မြေတိုင်းတွင် ပါရမီရှင်စာရင်းရှိကြ၏။

သို့သော် စာရင်းထဲသို့ လူတိုင်း ဝင်နိုင်သည်တော့ မဟုတ်ပေ။

အင်မော်တယ်နယ်မြေ၏ တာအိုအသိအမှတ်ပြုခြင်းခံရသူများသာ ပါရမီရှင်စာရင်းထဲ ဝင်ရောက်နိုင်ကြသည်။

အင်မော်တယ်နယ်မြေအများစု၌ လူနည်းစုလောက်သာ စာရင်းဝင်နိုင်ကြ၏။

အဆိုးဆုံးမှာ တစ်ဦးတစ်ယောက်မျှ စာရင်းမဝင်နိုင်ခြင်းမျိုးပင်ဖြစ်ကြသည်။

ထိုသို့ဖြစ်ပါက အင်မော်တယ်နယ်မြေသည် ပိုင်ရှင်မဲ့ပြီး ခေါင်းဆောင်ကင်းမဲ့နေမည်ဖြစ်ရာ နောက်ပိုင်းတွင် အခြားစွမ်းအားကြီးသော အင်မော်တယ်နယ်မြေများ၏ သိမ်းပိုက်ခြင်းကို ခံရပေလိမ့်မည်။

ချမ်ချန်ကန်းက ပို၍ အံ့သြသွားရသည်မှာ ဤရွှယ်ဝူအင်မော်တယ်နယ်မြေတွင် စာရင်းဝင်သူကိုးဦးရှိနေပြီး အလားအလာ အလွန်ကောင်းမွန်နေခြင်းဖြစ်သည်။

မိန်နျင်၏ သခင်သည် ရွှယ်ဝူအင်မော်တယ်နယ်မြေ ပါရမီရှင်စာရင်း၏ အဆင့်ခုနစ်နေရာမှ ပုဂ္ဂိုလ်ဖြစ်ပြီး သတ္တမမင်းသမီးဟုလည်း ခေါ်ဝေါ်ကြ၏။ သူမသည် ကျူးရှို့တိုက်ကြီးသို့ ပြန်လည်ဝင်စားလာသူ ဖြစ်သည်။

ချမ်ချန်ကန်း ပို၍ အံ့သြသွားရသည်မှာ ထိုသတ္တမမင်းသမီးကို သူ သိရှိနေခြင်းပင် ဖြစ်သည်။

ရှေးဟောင်းကောင်းကင်ဘုံ မြေခွေးမျိုးနွယ်မှ ပိုင်ယွဲ့ပင် ဖြစ်ချေသည်။

ကမ္ဘာကြီးကား ကျဉ်းမြောင်းလှပေစွ။

သူ့ဘေးနားရှိ လူများသည် အထက်ဘုံမှ ပြန်လည်ဝင်စားလာသော ပါရမီရှင်များ ဖြစ်နေကြ၏။

အရာအားလုံးကို သိရှိလိုက်ရပြီးနောက် ချမ်ချန်ကန်းလည်း အနည်းငယ် နားလည်သဘောပေါက်သွားချေသည်။

ကျူးရှို့တိုက်ကြီးရှိ ကျူးရှို့ဒယ်စောက်၏ အရှင်သခင်နေရာ သို့မဟုတ် ကောင်းကင်တာအိုအစောင့်အရှောက်နေရာဆိုသည်မှာ အထက်ဘုံမှ ပါရမီရှင်များနှင့်သာ ထိုက်တန်ခြင်းဖြစ်သည်။

ထို့ကြောင့် လင်းပေါင်အာနှင့် အမြီးလေးတို့သည် ပါရမီအလွန်မြင့်မားကြသော်လည်း ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို မခံရခြင်းမှာ အထက်ဘုံရှိ အင်မော်တယ်နယ်မြေမှ တာအိုအသိအမှတ်ပြုမခံရသောကြောင့် ဖြစ်ပေသည်။

ကျူးရှို့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို ရရှိရန်မှာ ပါရမီမြင့်မားရုံသာမက အထက်ဘုံအင်မော်တယ်နယ်မြေ၏ တာအိုအသိအမှတ်ပြုမှုကိုပါရရှိရန် လိုအပ်ပေသည်။

ချမ်ချန်ကန်းသည် မျက်လုံးကို အသာမှေးစင်းလိုက်ပြီး ကျူးရှို့တိုက်ကြီး၏ ကောင်းကင်တာအိုအပေါ် မကျေမနပ် ဖြစ်သွား၏။

ဤကောင်းကင်တာအိုသည် လူပါးဝသည့်ပုံ ပေါက်နေချေသည်။

အောက်ဘုံမှ ပါရမီရှင်များကို အထင်သေးခြင်းလော။

မိန်နျင်ထံမှ ချမ်ချန်ကန်းသည် အသုံးဝင်သော သတင်းအချက်အလက်များစွာ ရရှိလိုက်၏။

ထို့ကြောင့် သူမကို ကျေးဇူးတင်မိပေသည်။

မိန်နျင်သည် ပိုင်ယွဲ့၏ တာအိုအစောင့်အရှောက်ဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ပိုင်ယွဲ့ကလည်း သူနှင့် သိကျွမ်းနေခဲ့သည်။

မိန်နျင်သည် ချမ်ချန်ကန်းအပေါ် အမြင်ကြည်လင်နေသော်လည်း ချမ်ချန်ကန်းမှာမူ စိတ်မကောင်း ဖြစ်သွားရချေသည်။

သူ့ရှေ့မှ မိန်နျင်ကို သူ ဘာမှလုပ်၍မရတော့ပေ။

ယုန်သည် ကိုယ့်တွင်းဝရှိ မြက်ကို ပြန်မစားဟူသော ဆိုရိုးစကားရှိပေသည်။

ဤမိန်နျင်နှင့် ပိုင်ယွဲ့၏ ပတ်သက်မှုသည် တွင်းဝရှိ မြက်ကဲ့သို့ ဖြစ်နေချေပြီ။

ချမ်ချန်ကန်း သိလိုသည်မှာ တစ်ခုရှိနေသေးသည်။

“မိန်နျင်... မင်းရဲ့အမြင်အရ ငါ့ကို ဘာကြောင့် အင်မော်တယ်သူတော်စင်လို့ ထင်ရသလဲ”

မိန်နျင်က ပြန်လည်ဖြေလိုက်သည်။

“စီနီယာရဲ့ ကူချင်နည်းစနစ်ရဲ့ အောင်မြင်မှုက ပြီးပြည့်စုံတဲ့အဆင့်ရောက်နေလို့ပါ။ ကူချင်သံစဉ်ထဲမှာ ပါဝင်တဲ့ စည်းချက်တွေကလည်း အင်မတန်ကြွယ်ဝပြီး ခမ်းနားလှပါတယ်။ ကျွန်မရဲ့ ကျင့်ကြံခြင်းကလည်း ကူချင်နည်းစနစ်ဖြစ်နေတော့ စီနီယာ တီးခတ်တာကို နားဆင်ပြီး ကူချင်စည်းချက်ကို စုပ်ယူလိုက်တဲ့အခါ ဉာဏ်အလင်းပွင့်သွားပြီး ကျင့်ကြံခြင်းအဆင့်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အဲ့ဒါမျိုးက အင်မော်တယ်သူတော်စင်မှတစ်ပါးကလွဲလို့ အခြားဘယ်အင်မော်တယ်ကမှ အဲ့လိုမစွမ်းဆောင်နိုင်ဘူးလေ”

ချမ်ချန်ကန်းသည် ရုတ်တရက် သဘောပေါက်သွား၏။

“ကြည့်ရတာ မင်းလည်း အင်မော်တယ်သူတော်စင်တွေအကြောင်း သိပ်မသိဘူးထင်တယ်”

မိန်နျင်သည် သက်ပြင်းချကာ ဆိုလေသည်။

“စီနီယာကတော့ နောက်နေပြန်ပါပြီ၊ ဒါက ကျွန်မအတွက် အင်မော်တယ်သူတော်စင်တစ်ပါးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပါ။ ဒါပေမယ့် အင်မော်တယ်နယ်မြေမှာ ရှိစဉ်တုန်းကတော့ ဒီအကြောင်း ကြားဖူးခဲ့ပါတယ်”

“ဘာအကြောင်းလဲ”

ချမ်ချန်ကန်းက မေးလိုက်သည်။

မိန်နျင်သည် ချမ်ချန်ကန်းက မည်သည့်အတွက်ကြောင့် မေးမြန်းမှန်း မသိသော်လည်း သူတော်စင်များ၏ ထူးဆန်းသောစရိုက်ဟုသာ တွေးတောကာ ပြန်လည်ဖြေကြားလိုက်သည်။

“သူတော်စင်ဆိုတာက အမြင့်မြတ်ဆုံးနဲ့ အရှိန်အဝါမဲ့ဆုံးပုဂ္ဂိုလ်တွေပဲ။ အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာမှာတောင် အဲ့တာက ဒဏ္ဍာရီတစ်ခုသဖွယ်ဖြစ်နေတုန်းပဲ။ အင်မော်တယ်တာအိုဆိုသည်မှာလည်း လမ်းစဥ်တစ်ခုပဲ။ လမ်းစဉ်တွေက အဆုံးမရှိဘူး။ သတ်ဖြတ်ခြင်းလမ်းစဉ်၊ အသက်ရှည်ခြင်းလမ်းစဉ်၊ အချစ်လမ်းစဉ်၊ စစ်တုရင်၊ ကဗျာ၊ ပန်းချီ စသည်ဖြင့် ကျင့်ကြံသူတစ်ဦးစီ လျှောက်လှမ်းသော လမ်းစဥ်များက လုံးဝမတူညီကြဘူး။ ကူချင်လမ်းစဉ်သည်လည်း အဲ့လမ်းစဥ်များအနက် တစ်ခုပဲ”

“ကူချင်၊ စစ်တုရင်၊ ကဗျာနဲ့ ပန်းချီတွေကလည်း လမ်းစဥ်တွေပဲလား”

ချမ်ချန်ကန်းလည်း အံ့သြသွားရသည်။

မိန်နျင်သည် ခေါင်းငြိမ့်ပြကာ “ဟုတ်ပါတယ် စီနီယာ” ဟု ဆို၏။

“စီနီယာ့ရဲ့ ကူချင်နည်းစနစ်ဆိုင်ရာ အောင်မြင်မှုက ကူချင်လမ်းစဉ်ဖြစ်ရမယ်။ လမ်းစဥ်တစ်ခုစီကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်တဲ့ စီနီယာ့လိုလူများလိုပဲ အခြားသူများကို လမ်းစဉ်အကြောင်း နားလည်သဘောပေါက်စေပြီး ကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်တဲ့သူတွေကို သူတော်စင်လို့ ခေါ်ဆိုကြပါတယ်”

မိန်နျင်၏ စိတ်ထဲ၌ သံသယအချို့ ဖြစ်ပေါ်မိသည်။

သူမရှေ့မှ စီနီယာသည် အင်မော်တယ်သူတော်စင်ဖြစ်ပါလျက်နှင့် ဤအကြောင်းအရာများကို သူမထက် ပိုမိုသိရှိရမည် မဟုတ်ပါလော။

သို့သော် သူမအား အင်မတန်အပြစ်ကင်းစင်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

သို့သော် မိန်နျင်သည် ချမ်ချန်ကန်းအား အင်မော်တယ်သူတော်စင်မဟုတ်ဟု သံသယ မဝင်ခဲ့ပေ။

သူသာ အင်မော်တယ်သူတော်စင်မဟုတ်လျှင် အစောင့်အရှောက်အင်မော်တယ်ဖြစ်သော ရှဲ့ပေါ်အား ကူချင်သံစဉ်ဖြင့် မည်သို့ အနိုင်ယူနိုင်မည်နည်း။

သူသာ အင်မော်တယ်သူတော်စင်မဟုတ်လျှင် သူမ၏ နယ်ပယ်ချိုးဖျက်မှုကို မည်သို့ ကူညီပေးနိုင်မည်နည်း။

သူမသည် သာမန်အင်မော်တယ်စစ်သည်လေး မဟုတ်ဘဲ အင်မော်တယ်အရှင်သခင်ဖြစ်သည်။ အင်မော်တယ်စစ်သည်များ၊ အင်မော်တယ်စစ်သူကြီးများသည် ပုစွန်ဆိတ်လေးများသာဖြစ်ချေသည်။

နောက်တစ်ချက်မှာ ချမ်ချန်ကန်း ကူချင်တီးခတ်စဉ်က ထွက်ပေါ်လာသော တာအိုစည်းချက်သည် အင်မတန်ခမ်းနားပြီး အားကောင်းလွန်းလှသည်။

သူမ၏ တာအိုအင်မော်တယ်အမြုတေကပင် မခုခံနိုင်ဘဲ အညံ့ခံလိုက်ရသည် မဟုတ်ပါလော။

ထို့ကြောင့် မိန်နျင်၏ အမြင်တွင်မူ ချမ်ချန်ကန်းသည် အင်မော်တယ်သူတော်စင် ဖြစ်ကို ဖြစ်ရမည်ဟု ယုံကြည်နေချေတော့သည်။

သူမ၏ စိတ်ထဲ၌ လုံးဝသံသယရှိမနေခဲ့ပေ။

All Chapters