← Chapters

အခန်း ၁၆၆

Vol. 13 Ch. 166

အခန်း ၁၆၆

Vol. 13 Ch. 166

အခန်း (၁၆၆) အသားလုံး၊ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်

ရွှေရောင်ဓာတ်တော်က စူးရှတောက်ပနေ၏။

အဆုံးမဲ့သော ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်ပြီးနောက် ၎င်းသည် ရွှေရောင်အသားလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။

ဟုတ်ပေသည်။ အသားလုံးလေးတစ်ခုသာ ဖြစ်၏။

အသားလုံးလေးတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းအသားလုံးအတွင်းရှိ သက်စောင့်စွမ်းအင်များကို ချမ်ချန်ကန်းပင် ခံစားသိရှိနိုင်ပေသည်။

သက်စောင့်စွမ်းအင်များ ပြည့်နှက်နေသော အသားလုံးလေးတစ်ခု။ ၎င်းက မည်သည့်အရာ ဖြစ်မည်ကို သူ မသိနိုင်သေးပေ။

သေချာသည်မှာ ဤအသားလုံးလေးက မည်သည့်အရာမှန်း မသိသော်လည်း

ချမ်ချန်ကန်းသည် ဓာတ်တော်မှ အသားလုံးအဖြစ်သို့ ပြောင်းလဲနေသော ဖြစ်စဉ်ကို မတားဆီးဘဲ ဆက်လက် စောင့်ကြည့်နေခဲ့၏။

ဤသည်မှာ ရဟန်းကျန်းကန် သူ့ကိုယ်သူ ဗုဒ္ဓမီးတောက်များဖြင့် မီးရှို့ပူဇော်ပြီးနောက် ကျန်ရစ်ခဲ့သော ဓာတ်တော်ဖြစ်ပေသည်။

ဤအသားလုံးသည် ဆင်းရဲသားရဟန်ကျန်းကန်များ ဖြစ်နိုင်မည်လော။

ချမ်ချန်ကန်းသည် ယခုတိုင် မသိရှိသေးပေ။

ခဏအကြာတွင် ထုတ်လွှတ်နေသော ဗုဒ္ဓအလင်းတန်းများသည် နောက်ဆုံး၌ ပျောက်ကွယ်သွားလေ၏။

လင်းပေါင်အာနှင့် အမြီးလေးတို့သည် မျက်ရည်များ ကျဆင်းလာသဖြင့် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ကာ လှမ်းကြည့်လိုက်ကြသည်။

“ဟင်… ဘာလို့ အသားလုံးလေး ဖြစ်နေတာလဲ”

“အီ… အီ… အီ…”

ချမ်ချန်ကန်းသည် ရွှေရောင်အသားလုံးကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် အလင်းရောင်များ လက်နေ၏။

ထိုအသားလုံးကို ထိုးဖောက်မြင်နိုင်ရန် သူ ကြိုးစားကြည့်သော်လည်း အသားလုံးထဲတွင် သမုဒ္ဒရာပမာ ကျယ်ဝန်းလှသော အဆုံးမဲ့ ဗုဒ္ဓအလင်းတန်းများကိုသာ မြင်တွေ့ရပေသည်။

ထို့ပြင် ဤအသားလုံးသည် အချိန်တိုင်း စက္ကန့်တိုင်း အင်မော်တယ်စွမ်းအင်များကို စုပ်ယူနေချေသည်။

ထိုအသားလုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓတာအိုစည်းချက်များ ပါဝင်နေပြီး ထူးခြားဆန်းကြယ်သော အရာတစ်ခုခုကို မွေးဖွားပေးတော့မည့်ပုံ ပေါက်နေကြောင်းကို သူ ခံစားသိရှိနိုင်ပေသည်။

လင်းပေါင်အာသည် မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ လက်ညှိုးလေးဖြင့် သွားထိုးကြည့်လေ၏။

အသားလုံးလေးက အလွယ်တကူ ရှောင်တိမ်းသွားသည်။

ထို့နောက် အသားလုံးလေးသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားတော့၏။

“ဘယ်ပြေးမလို့လဲ”

ချမ်ချန်ကန်းက လက်ကိုမြှောက်ကာ ဖမ်းဆုပ်လိုက်လေသည်။

ကောင်းကင်ယံရှိ ဟင်းလင်းပြင်ထဲမှ ဧရာမလက်ကြီးတစ်ဖက် ပေါ်ထွက်လာပြီး အသားလုံးကို ပြန်လည်ဖမ်းဆုပ်လာခဲ့ချေသည်။

“ဆင်းရဲသားရဟန်းကျန်းကန် ပြန်လည်မွေးဖွားလာတာများလား”

ချမ်ချန်ကန်းက စိတ်ထဲမှ တွေးလိုက်မိ၏။

သို့သော်လည်း အသားလုံး၏ အရှိန်အဝါသည် ဘုန်းကြီးကျန်းကန်နှင့် လုံးဝ ကွဲပြားနေပေသည်။

ရွှေရောင်အသားလုံးတွင် အသိဉာဏ်ရှိသော်လည်း ယခုမှ စတင်မွေးဖွားလာသည့်ပုံ ပေါက်နေ၏။

အစပိုင်းတွင် ဤအသားလုံးသည် ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ်ခန့်သာ ရှိပေသည်။

သို့သော် အင်မော်တယ်စွမ်းအင်များကို စုပ်ယူပြီးနောက် ယခုအခါ အရွယ်အစား နှစ်ဆနီးပါး ကြီးမားလာခဲ့ချေပြီ။

အသားလုံးထဲမှ တာအိုဗုဒ္ဓသံစဉ်များ ဆက်တိုက်ထွက်ပေါ်နေပြီး အဆုံးမဲ့ ဗုဒ္ဓအလင်းတန်းများ လင်းလက်နေ၏။

အသားလုံးသည် ချမ်ချန်ကန်းကို ပြန်လည်မဖြေကြားခဲ့ပေ။

ချမ်ချန်ကန်း၏ လက်ထဲတွင် အသေအလဲ ရုန်းကန်နေရုံသာဖြစ်ပြီး အန္တရာယ်ကို အာရုံခံမိပုံရကာ ထွက်ပြေးချင်နေပုံပေါ်သည်။

ဤဓာတ်တော်က ဘယ်လိုအရာမျိုးအဖြစ် ပြောင်းလဲသွားသနည်း။

ချမ်ချန်ကန်း အလွန်သိချင်နေမိ၏။

လင်းပေါင်အာနှင့် အမြီးလေးတို့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။

အသားလုံးသည် ဖမ်းမိသွားသောအခါ လွတ်မြောက်နိုင်မည်မဟုတ်မှန်း သိသွားပုံရသဖြင့် မထွက်ပြေးတော့ဘဲ ဗောဓိပင်နောက်တွင် သွားပုန်းနေလေ၏။

ဤဗောဓိပင်က သူ့ကို လုံခြုံမှုပေးနိုင်သည်ဟု ထင်မှတ်နေပုံရသည်။

တစ်ချိန်တည်းမှာပင် အသားလုံး၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်တောက်ပနေ၏။

အသားလုံးထဲတွင် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုရှိနေသကဲ့သို့ ဤနေရာရှိ အင်မော်တယ်စွမ်းအင်အားလုံးကို လုံးဝ ဝါးမျိုပစ်ချင်နေပုံရသည်။

ချမ်ချန်ကန်းသည် ဤအသားလုံးနှင့် ပတ်သက်၍ မည်မျှသိရှိထားကြောင်း ဗောဓိပင်ကို မေးမြန်းလိုက်လေ၏။

မည်သို့ပင်ဆိုစေ ဗောဓိပင်က ဤအသားလုံးကို စောင့်ရှောက်ရန် တာဝန်ရှိပေသည်။

ဤအသားလုံးနှင့် ဆက်ဆံရေးက မဆိုးလှချေ။

ဤအမေးကို ဗောဓိပင်က ပြန်လည်ဖြေကြားသည်။

“သခင့်ကို တင်ပြပါတယ်။ ဒီလက်အောက်ငယ်သားက ဒီဓာတ်တော်ကနေ အသားလုံးအဖြစ် ပြောင်းလဲသွားတဲ့ အကြောင်းကို သိပ်မသိပါဘူး။ ဒါပေမဲ့ ဒီဓာတ်တော်ထဲမှာ သက်ရှိတစ်ခု ရှိနေပါတယ်။ ဒီက အင်မော်တယ်စွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက် သက်ရှိတစ်ခု မွေးဖွားလာပုံရပါတယ်”

“ဒါဆိုရင် ဒီအသားလုံးက သက်ရှိတစ်ခုပေါ့”

ချမ်ချန်ကန်းက ဆိုလိုက်၏။

“သခင်ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အသားလုံးက အပြည့်အဝ မမွေးဖွားနိုင်သေးတဲ့ပုံ ပေါက်နေပါတယ်”

ချမ်ချန်ကန်းက ဗောဓိပင်၏ စကားကို သဘောတူပေသည်။

အသားလုံးသည် အင်မော်တယ်စွမ်းအင်များကို စုပ်ယူပြီးနောက် ဆက်လက် ပြောင်းလဲနေသေးသည်ကို ကြည့်ခြင်းအားဖြင့် ဤအချက်ကို သိနိုင်ပေသည်။

ချမ်ချန်ကန်းက ရဟန်းကျန်းကန် ပြန်လည်ရှင်သန်လာသည်ဟု ထင်ခဲ့မိ၏။

သို့သော် ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်နိုင်တော့ချေ။

“သခင် ဒီအသားလုံးကို ဘယ်လို စီစဉ်မလဲဆိုတာ မသိဘူး”

“အပြည့်အဝ မမွေးဖွားနိုင်သေးဘူးဆိုတော့ အပြည့်အဝ မွေးဖွားလာတဲ့အထိ စောင့်ကြည့်ပြီးမှ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားကြတာပေါ့”

ချမ်ချန်ကန်းကလည်း သိပ်ဂရုမစိုက်ပေ။

မည်သို့ပင်ဆိုစေ သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ဤအသားလုံးက သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ပါချေ။

“ဗောဓိ… ဒီအသားလုံးကို မင်းပဲ ဆက်စောင့်ရှောက်ထားလိုက်ပါဦး၊ နောက်ဆုံးကျရင် ဒီအသားလုံးက ဘာဖြစ်လာမလဲဆိုတာ ငါ သိချင်နေသေးတယ်

“အမိန့်အတိုင်းပါ သခင်”

ရှမီအင်မော်တယ်နယ်မြေ၊ လဲ့ယင်အင်မော်တယ်ဘုရားကျောင်း

မိုင်ကိုးသောင်းအထိ လင်းထိန်နေသော ဗုဒ္ဓအလင်းတန်းများရှိနေပြီး ပေတစ်သောင်းအမြင့်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူက ကောင်းကင်နှင့် မြေကြီးကြားတွင် မတ်မတ်ရပ်တည်နေ၏။

ထိုအချိန်၌ ရဟန်းအိုကြတစ်ပါးသည် ဗုဒ္ဓရုပ်ပွားတော်ကြီးရှေ့တွင် ဒူးထောက်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓမီးတောက်များ လောင်ကျွမ်းနေချေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးသံတရဲရဲ ဖြစ်နေပြီး ဗုဒ္ဓဘာသာကျမ်းစာများကို ရွတ်ဆိုရင်း နာကျင်မှုကြောင့် ခပ်တိုးတိုး ညည်းတွားနေကာ သူ၏ခန္ဓာကိုယ်က အချိန်တိုင်း တုန်ယင်နေလေ၏။

ဤရဟန်းကား ကျန်းကန်၏ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင် ရဟန်းအနန္တဖြစ်သည်။

ထိုနေ့က တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ချမ်ချန်ကန်းနှင့် တွေ့ဆုံပြီးနောက် ရှမီအင်မော်တယ်နယ်မြေသို့ ထွက်ပြေးလာခဲ့ရာ လဲ့ယင်င်မော်တယ်ကျောင်းတော်တွင် ဖမ်းဆီးအပြစ်ပေးခံရခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ နေ့စဉ်နေ့တိုင်း ဗုဒ္ဓမီးတောက်များဖြင့် လောင်ကျွမ်းခံရကာ အသက်ရှင်လျက်နှင့် သေရသည်ထက် ဆိုးရွားသော တစ်ခါမျှ မကြုံဖူးသော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားနေရပေသည်။

ထိုအချိန်တွင် ရဟန်းအိုကြီးတစ်ပါးရောက်လာပြီး အရိုးနှင့်အရေသာကျန်တော့ကာ ရွှေရောင်လွှမ်းနေပြီး ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ ထင်ရသည်။

သူသည် ရဟန်းအနန္တ‌အနီးသို့ လျှောက်သွားလိုက်သည်။

အနန္တသည် ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တောင်းပန်လိုက်လေ၏။

“ကျောင်းထိုင်ဆရာတော်… တပည့်တော်ကို ကယ်ပါ….ကယ်ပါဦးဘုရား”

ကျောင်းထိုင်ဆရာတော်ရဟန်းအိုကြီးသည် တည်ကြည်သော အမူအရာဖြင့် ဆိုလိုက်သည်။

“အနန္တ… မင်းကို ကျူးရှိူ့တိုက်ကြီးဆီသွားဖို့ ငါ မိန့်ကြားတယ်”

အနန္တလည်း အံ့အားသင့်သွား၏။

“ကျောင်းထိုင်ဆရာတော်… တပည့်တော်တို့ရဲ့ ဗုဒ္ဓသားတော်က ပျံလွန်တော်မူသွားပြီပဲ၊ ဘာလို့ တပည့်တော်ကို ကျူးရှိူ့တိုက်ကြီးဆီ ထပ်သွားခိုင်းရတာလဲ ဘုရား”

“ဒီနေ့ ရုတ်တရက် ဗုဒ္ဓသားတော်ရဲ့ ဓာတ်တော်ကနေ သက်စောင့်စွမ်းအင်တွေ ထွက်ပေါ်လာတာကို ငါကိုယ်တော် အာရုံခံသိရှိလိုက်ရတယ်၊ ဗုဒ္ဓရဲ့ တရားတော်တွေက အသက်စွမ်းအားတွေဖြစ်တည်နေပြီမို့ ဗုဒ္ဓတစ်ပါး မွေးဖွားလာနိုင်ချေ အရမ်းများတယ်”

အနန္တလည်း တုန်လှုပ်သွားသော အမူအရာဖြင့် ဆိုလိုက်၏။

“ဗုဒ္ဓတစ်ပါး… အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဗုဒ္ဓသားတော်ရဲ့ ဓာတ်တော်ကနေ ဗုဒ္ဓတစ်ပါး မွေးဖွားလာသည်ဖြစ်စေ၊ မမွေးဖွားလာသည်ဖြစ်စေ သွားပြီးတော့ ဓာတ်တော်ကို ပြန်ယူခဲ့ပါ”

“ဒါ… ဒါပေမဲ့… ကျောင်းထိုင်ဆရာတော်… ကျူးရှိူ့တိုက်ကြီးမှာ အရမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်၊ ဓာတ်တော်ကလည်း သူ့လက်ထဲမှာပဲ ရှိတာ၊ တပည့်တော်က သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ဓာတ်တော်ကို ဘယ်လိုလုပ် ပြန်ယူလာနိုင်မှာလဲဘုရား”

ရဟန်အိုသည် အမိတ္တာဘဟု ရွတ်ဆိုလိုက်ပြီး ဗုဒ္ဓလက်နက်တစ်ခုကို ထုတ်ယူလိုက်လေ၏။

ဤသည်ကား တုတ်တစ်ချောင်းဖြစ်သည်။ ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓတာအိုစည်းချက်များပါဝင်ကာ နတ်ဘုရားများ၊ ဗုဒ္ဓများက လက်အုပ်ချီထားသကဲ့သို့ ထူးခြားသော ခံစားချက်မျိုး ပေးစွမ်းနေပေသည်။

၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်ပင် မခံနိုင်တော့ဘဲ ပြိုကျတော့မည့်အလား ဖြစ်သွားသည်။

“အနန္တ.. မင်းကို ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကို ချီးမြှင့်မယ်၊ ဒါက ဗုဒ္ဓနဲ့တာအိုတို့ရဲ့ အရေးကြီးတဲ့ လက်နက်တစ်ခုပဲ၊ အချိန်တိုအတွင်းမှာ အင်မော်တယ်အင်ပါယာအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ရရှိအောင် ကူညီပေးနိုင်တယ်၊ ဒီလက်နက်နဲ့ဆိုရင် အောက်ဘုံမှာ ဘယ်သူကများ တားဆီးနိုင်မှာလဲ၊ ဓာတ်တော်ကို ပြန်မယူလာနိုင်ဘူးလား”

အနန္တက အလွန်ဝမ်းသာသွားသည်။

ဤဗုဒ္ဓနှင့်တာအို၏ အရေးကြီးသော လက်နက်ဖြင့်ဆိုလျှင် ကျူးရှိူ့တိုက်ကြီးမှ ချမ်ချန်ကန်းသည် သေချာပေါက် သူ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည်မဟုတ်ပေ။

“ကျောင်းထိုင်ဆရာတော်ကို ကျေးဇူးတင်ပါတယ်ဘုရား”

“အရမ်းကောင်းတယ်၊ ဗုဒ္ဓသားတော် ပျံလွန်တော်မူသွားပြီဆိုပေမယ့် မင်းရဲ့ တာအိုအစောင့်အရှောက်အမှတ်အသားက မကြာခင် ပျောက်ကွယ်သွားတော့မှာပဲ။ မင်းဆီမှာ အင်မော်တယ်အမှတ်အသား အခွင့်ထူးကျန်နေသေးတယ်ဆိုတော့ ချက်ချင်း အောက်ဘုံကို ဆင်းပြီးဓာတ်တော်ကို ပြန်ယူခဲ့ချေ”

All Chapters