← Chapters

အခန်း ၁၆၇

Vol. 13 Ch. 167

အခန်း ၁၆၇

Vol. 13 Ch. 167

အခန်း(၁၆၇)အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်၏ တုန်လှုပ်မှု

နောက်တစ်လအကြာတွင် ဖေးရှန့်တောင်မှ ပြိုင်ဘက်ကင်းအရှင်သခင် ချမ်ချန်ကန်းက တပည့်လက်ခံပွဲတစ်ရပ်ကို ကျင်းပမည် ဖြစ်သည်။

သန်းတစ်သောင်းတွင် တစ်ယောက်သာ ရွေးချယ်မည် ဖြစ်၏။

ထိုအချိန်ကျလျှင် ချမ်ချန်ကန်း၏ တပည့်ဖြစ်လာသူ မည်သူမဆို ကျူးရှိူ့ဒယ်စောက်ကို ရရှိနိုင်မည်ဖြစ်သည်။

ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအိုအစောင့်အရှောက် ဖြစ်လာမည်ဖြစ်၏။

ဤသတင်းသည် ကျူးရှိူ့ပွဲတော်မှ စတင် ပျံ့နှံ့လာခဲ့သည်။

သတင်းသည် ရက်အနည်းငယ်အတွင်းမှာပင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်သွားစေခဲ့ချေသည်။

အထူးသဖြင့် ပြည်နယ်အသီးသီးမှ ပြန်လည်မွေးဖွားလာကြသော ပါရမီရှင်များသည် နောက်တစ်လအကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲအကြောင်း ကြားသိရသောအခါ အားလုံးအလွန် စိတ်လှုပ်ရှားနေပုံ ပေါက်နေကြ၏။

သူတို့၏ အမြင်တွင်မူ သူတို့ကိုယ်သူတို့ ယုံကြည်ချက် အပြည့်ရှိနေကြသည်။

ချမ်ချန်ကန်း၏တပည့် သေချာပေါက် ဖြစ်လာမည်ဟု သူတို့ ယုံကြည်နေကြပေသည်။

ကျူးရှိူ့ဒယ်စောက်ကိုရရှိပြီး ကောင်းကင်တာအိုအစောင့်အရှောက် သေချာပေါက် ဖြစ်လာနိုင်မည်ဟု ယုံကြည်နေကြ၏။

နောက်တစ်လအကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲအတွက် ကျူးရှိူ့တိုက်ကြီးမှ ပါရမီရှင်များအားလုံး အပြင်းအထန် ကျင့်ကြံနေကြပေသည်။

သူတို့၏ စွမ်းအားများကို မြှင့်တင်ကာ တပည့်လက်ခံပွဲအတွက် စတင် ပြင်ဆင်နေကြလေ၏။

တစ္ဆေပြည်နယ်။

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင် ရောက်လာပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ ဦးတည်သွားလေသည်။

လမ်းတစ်လျှောက်တွင် “ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ” ချမ်ချန်ကန်း၏ လုပ်ဆောင်ချက်များကိုလည်း ကြားသိခဲ့ရ၏။

ကောင်းကင်ဘုံက မွေးဖွားပေးလိုက်သကဲ့သို့ ဖေးရှန့်တောင်တွင် တိတ်တဆိတ် ကျင့်ကြံနေသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးဖြစ်သည်။

အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ဦးကို သတ်ဖြတ်ပြီး အစိမ်းရောင်ဆံပင်နှင့်စ္ဆေအင်မော်တယ်ကို လက်တစ်ဝါးတည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

ထို့နောက် ကျူးရှိူ့ပွဲတော်တွင် အသူရာအင်မော်တယ်နယ်မြေမှ ပါရမီရှင်ကို ဖျက်ဆီးပစ်ကာ သူ၏ တာအိုအစောင့်အရှောက် အင်မော်တယ်ကိုပါ ထွက်ပြေးအောင် ခြောက်လှန့်နိုင်ခဲ့သည်။

လုပ်ဆောင်ချက်တိုင်းက လူများကို တုန်လှုပ်စေရန် လုံလောက်ပေသည်။

ထို့ပြင် နောက်ဆုံးရ သတင်းကြီးမှာ

ကျူးရှိူ့ဒယ်စောက်ကို ပိုင်ဆိုင်ထားပြီး တပည့်လက်ခံပွဲ ကျင်းပမည့်သူမှာ ချမ်ချန်ကန်းပင်ဖြစ်သည်ဟူ၍တည်း။

“ငါ့ရဲ့အင်မော်တယ်ဓားကို ခိုးသွားတဲ့ကောင်ပဲ”

“သူ့ရဲ့ စွမ်းအားက အဲဒီလောက်တောင် အားကောင်းနေတာလား”

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်က တီးတိုးရေရွတ်လိုက်၏။

သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တဖျပ်ဖျပ် လက်နေလေသည်။

ချမ်ချန်ကန်းသည် ဤမျှ အားကောင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူ၏ မျှော်လင့်ချက်များထက် အများကြီး သာလွန်နေချေသည်။

သူသည် မူလက တစ္ဆေပြည်နယ်သို့ လာရောက်ပြီး ချမ်ချန်ကန်းနှင့် စာရင်းရှင်းကာ သူ၏ မူလဓားဖြစ်သော မြင့်မြတ်သောအင်မော်တယ်ဓားကို ပြန်ယူရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ယခုကြည့်ရသည်မှာ ပြန်ယူ၍ ရနိုင်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ အခြားအင်မော်တယ်နယ်မြေများမှ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များပင် ဤမျှ ထိတ်လန့်သွားခဲ့ကြသည် မဟုတ်ပါလော။

သူကိုယ်တိုင်ပင် ဤလူကို အနိုင်ယူနိုင်ရန် ယုံကြည်ချက် သိပ်မရှိတော့ချေ။

“မင်းသားကိုး အလိုရှိနေတဲ့ ကျူးရှိူ့ဒယ်စောက်ကလည်း ဒီကောင်ရဲ့ လက်ထဲမှာပဲရှိနေတာပဲ၊ ကြည့်ရတာ မင်းသားကိုး ကျူးရှိူ့ဒယ်စောက်ကိုရဖို့ဆိုတာ အဲဒီလောက် မလွယ်တော့ဘူးထင်တယ်”

“အရင်ဆုံး အခြေအနေကို စုံစမ်းကြည့်ပြီးမှ ဆုံးဖြတ်တာ ပိုကောင်းမယ်”

ထိုအချိန်၌ပင် အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်သည် ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို သတိပြုမိသွားသဖြင့် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်လေ၏။

“အင်မော်တယ်အရှင်သခင်ချန့်မိန်ရဲ့ အရှိန်အဝါပဲ။ သူလည်း ဒီကျူးရှိူ့တိုက်ကြီးမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး”

“ကြည့်ရတာ သူ စောင့်ရှောက်ပေးနေတဲ့ သတ္တမမင်းသမီးလည်း ဒီအောက်ဘုံမှာ ရှိနေတာပဲ”

တစ်ချိန်တည်းမှာပင် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့ချေသည်။

သူတို့သည် ဤအောက်ဘုံတွင် အတူတူ ရှိနေကြပြီဆိုတော့ သေချာပေါက် သေရေးရှင်ရေး တိုက်ပွဲဝင်ရတော့မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျူးရှိူ့တိုက်ကြီးရှိ အထက်ဘုံက ပါရမီရှင်တစ်ဦးသာ ကျူးရှိူ့ဒယ်စောက်ကိုရရှိပြီး ကောင်းကင်တာအိုအစောင့်အရှောက် ဖြစ်လာနိုင်မည် မဟုတ်ပါလော။

ပို၍အရေးကြီးသည်မှာ သူသည် အင်မော်တယ်အရှင်သခင် သတ္တမအလွှာ

ကျင့်ကြံခြင်းအဆင့်ရှိနေခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ချန့်မိန်အင်မော်တယ်အရှင်သခင်သည် အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာ ကျင့်ကြံခြင်းအဆင့်သာ ရှိခဲ့ပေသည်။

အလွှာတစ်လွှာသာ ကွာဟသော်လည်း

စွမ်းအားကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှပေသည်။

ဤသို့ ဆုံတွေ့ရခြင်းသည် ကံကြမ္မာပင် ဖြစ်၏။

ချန့်မိန်အင်မော်တယ်အရှင်သခင်ကို ရှင်းလင်းပစ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ချေသည်။

“အရင်ဆုံး ချန့်မိန်အင်မော်တယ်အရှင်သခင်ကို ရှင်းမယ်၊ ပြီးရင် သတ္တမမင်းသမီးကို သတ်မယ်”

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်လေသည်။

အင်မော်တယ်သက်တံအဖြစ် ပြောင်းလဲကာ မိန်နျင်ရှိရာ အရပ်သို့ ဦးတည်သွားလေတော့၏။

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်သည် မိန်နျင်၏ အရှိန်အဝါကို သတိပြုမိသောအခါ မိန်နျင်ကလည်း သဘာဝအတိုင်း သတိပြုမိခဲ့ပေသည်။

သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်လာပြီး ဖေးရှန့်တောင်သို့ သွားမည့်ခရီးကို ရပ်တန့်ကာ အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်လာနေသည့် အရပ်သို့ လှမ်းကြည့်လိုက်လေ၏။

“အဲဒီကောင်ပဲ။ သူလည်း ဒီအောက်ဘုံကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဘယ်သူ့ကို စောင့်ရှောက်ပေးဖို့ လာတာလဲ မသိဘူး”

ရုတ်တရက် မိန်နျင်က အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်၏ အရှိန်အဝါက သူမထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရ၏။

“ငါက အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာမှာပဲရှိသေးတယ်ထင်ပြီး လာသတ်ဖို့ ကြိုးစားနေတာလား”

မိန်နျင်က ခပ်ဟဟလေး ရယ်မောလိုက်ပြီး သူမ၏ အရှိန်အဝါကို ဖုံးကွယ်ကာ ကျင့်ကြံခြင်းအဆင့်ကို အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာတွင်သာ ဆက်လက် ထိန်းသိမ်းထားလိုက်လေသည်။

မကြာမီမှာပင် အင်မော်တယ်သက်တံတစ်ခု ရောက်ရှိလာ၏။

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်ပင် ဖြစ်ချေသည်။

သူက လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

“အင်မော်တယ်အရှင်သခင်ချန့်မိန် မတွေ့ရတာ နှစ်အတော်ကြာပြီနော်၊ အဆင်ပြေရဲ့လား”

“သိပ်မဆိုးပါဘူး... အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်လည်း ကျူးရှိူ့တိုက်ကြီးကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး”

“မင်းသားကိုး ပြန်လည်ဝင်စားတဲ့ အောက်ဘုံကို လိုက်လာတာလေ”

“သတ္တမမင်းသမီး ပြန်လည်ဝင်စားတဲ့ နေရာနဲ့ တိုက်ဆိုင်နေလိမ့်မယ်လို့ မထင်ထားဘူး၊ သတ္တမမင်းသမီးကရော ဘယ်မှာလဲ အင်မော်တယ်အရှင်သခင်ချန့်မိန်”

မိန်နျင်သည် အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်ထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကို မခံစားမိသကဲ့သို့ ခပ်ဟဟ ပြုံးနေဆဲပင် ဖြစ်၏။

“သတ္တမမင်းသမီးက ဖေးရှန့်တောင်မှာရှိတယ်။ အဲဒီမှာ စီနီယာတစ်ယောက်ရှိနေတော့ ရှင် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး”

“စီနီယာဟုတ်လား၊ မင်းပြောတဲ့ ချမ်ချန်ကန်းဆိုတဲ့ကောင်လား”

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်၏ မျက်လုံးများ အေးစက်သွားချေသည်။

ရုတ်တရက် မိန်နျင်သည် ကျူးရှိူ့ပွဲတော်တွင် လင်းပေါင်အာ ကိုင်ဆောင်ထားသော ဓားကို သတိရသွား၏။

သူမက ပြုံးလိုက်ပြီး

“အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်... ရှင့်ရဲ့ဓားက စီနီယာ့လက်ထဲ ရောက်နေပုံရတယ်၊ စီနီယာနဲ့ ရန်ငြိုးရှိနေပုံပဲနော်”

“ဟမ့်…. အောက်ဘုံက ပုရွက်ဆိတ်လေးတစ်ကောင်ပဲ။ ငါအရှင်က သူ့ကို သတ်ပြီး ငါ့ရဲ့ဓားကို ပြန်ယူမှာ”

အလွန်ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ မိန်နျင်က တခစ်ခစ် ရယ်မောလိုက်လေ၏။

“အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်... ရှင်က စီနီယာ့ကို ရင်ဆိုင်ချင်နေတာဆိုတော့ ကိုယ့်စွမ်းအားကိုယ် မသိတာပဲ”

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်က နှာမှုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာကာ မိန်နျင်ကို သတ်ဖြတ်ရန် ပြင်လိုက်လေ၏။

မိန်နျင်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး “အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်... ရှင် ဘာလုပ်ချင်တာလဲ”

“ငါအရှင် ဘာလုပ်ချင်လဲ မင်း မသိဘူးလား”

“မင်းကို သတ်မယ်၊ ပြီးရင် သတ္တမမင်းသမီးကို သတ်မယ်၊ ဟိုအောက်ဘုံက ပုရွက်ဆိတ်ကိုတော့ ငါအရှင် သေချာပေါက် သတ်ပစ်မယ်”

မိန်နျင်၏ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပြုံးရွှင်စွာဖြင့် လှောင်လိုက်သည်။

“အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင် ရှင်က ကျွန်မကိုတောင် မသတ်နိုင်ဘဲ စီနီယာ့ကို သတ်ဖို့ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်”

“ဖေးရှန့်တောင်ကို သွားဖို့ အချိန်ကိုက်ပဲ။ ရှင်က စီနီယာနဲ့ ရန်ငြိုးရှိနေတယ်ဆိုတော့ ရှင့်ကို လက်ဆောင်အဖြစ် စီနီယာ့ဆီ ခေါ်သွားပေးမယ်လေ”

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်သည် အထင်သေးစွာဖြင့်

“ဟမ့်... အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာလေးကများ ကိုယ့်စွမ်းအားကိုယ်မသိဘဲ ပါးစပ်ကနေ အကြီးကြီးတွေ ပြောရဲတယ်ပေါ့လေ”

“အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာ ဟုတ်လား”

မိန်နျင်၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းထောင့်လေးများ အနည်းငယ် မြင့်တက်သွားပြီး သူမ၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကို ဆက်လက် ဖုံးကွယ်မထားတော့ဘဲ ပေါက်ကွဲထွက်ပေါ်စေလိုက်လေ၏။

ဝုန်း…

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများက တုန်လှုပ်ဖွယ်ရာထွက်ပေါ်လာခဲ့သည်။

မိန်နျင်၏ ကျင့်ကြံခြင်းအဆင့်ကို ပြန်ကြည့်လိုက်ရာ အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာမှ အင်မော်တယ်အရှင်သခင် သတ္တမအလွှာသို့ မြင့်တက်သွားတော့သည်။

“ဒါက...”

အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်လည်း အံ့အားသင့်သွားပြီး မိန်နျင်၏ ကျင့်ကြံခြင်းအဆင့် ပြောင်းလဲသွားသည်ကိုမြင်သောအခါ အမြန် ရပ်တန့်လိုက်လေ၏။

သူ စိတ်လှုပ်ရှားသွားချေသည်။

ရာစုနှစ်အတော်ကြာ မတွေ့ရသည့်အချိန်အတွင်း ဤမိန်နျင်သည် အင်မော်တယ်အရှင်သခင် သတ္တမအလွှာသို့ ချိုးဖျက်နိုင်ခဲ့သည်လား။ ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

All Chapters