← Chapters

အခန်း ၁၇၁

Vol. 14 Ch. 171

အခန်း ၁၇၁

Vol. 14 Ch. 171

အခန်း (၁၇၁) အရောင်းအဝယ်၊ မိန်နျင် ရောက်လာပြီ

သက်ရှည်ကဘရားကျောင်းကား တိတ်ဆိတ်ငြိမ်သက်နေ၏။

လင်းပေါင်အာနှင့် အမြီးလေးတို့က ပြင်းပြင်းထန်ထန် ကျင့်ကြံနေကြ၏။

ပါရမီကြောင့်လည်း ဖြစ်နိုင်သည်။

အင်မော်တယ်နယ်မြေတွင် တစ်ဖန်ပြန်လည် ရောက်ရှိနေခြင်းကြောင့်လည်းဖြစ်နိုင်၏။

အချိန်တိုင်းမှာပင် ကျင့်စဉ်စွမ်းအင်က တိုးတက်နေသည်။

ဗောဓိပင်အောက်တွင်မူ ရွှေရောင်အသားလုံးကြီးက တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားရှိ ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအင်များကို မျိုချနေ၏။

အထူးသဖြင့် ခမ်းနားကြီးကျယ်သော အင်မော်တယ်စွမ်းအင်များကို ရွှေရောင် အသားလုံးကြီးက အဆက်မပြတ် မျိုချနေခြင်းဖြစ်သည်။

အသားလုံးကြီးက ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာ၏။

အသားလုံးကြီးတစ်ခုလုံးတွင် သက်စောင့်စွမ်းအင်က ပိုမိုပြင်းထန်လာပြီး သေးငယ်သော အက်ကြောင်းအချို့ ထွက်ပေါ်လာသည်။

ရွှေရောင်အသားလုံးကြီးက မည်သည့်အချိန်တွင် အပြည့်အဝ ကွဲအက်သွားမည်ကို မသိရပေ။

ထိုအချိန်ရောက်လျှင် အသားလုံးကြီးထဲမှ မည်သည့်အရာက ထွက်ပေါ်လာမည်နည်း။

နတ်ရေကန်ထဲတွင်။

အရောင်ငါးမျိုးရှိသော ကြာပန်းတစ်ပွင့်က အပြည့်အဝ ပွင့်လန်းနေပြီး စူးရှတောက်ပကာ အော်ရာများ စီးဆင်းနေ၏။

နတ်ရေကန်ဘေးရှိ မျှော်စင်လေးထဲတွင်။ ပိုင်ယွဲ့က ချမ်ချန်ကန်းပြောသော အရောင်းအဝယ်ကို သေချာဂရုတစိုက် နားထောင်နေသည်။

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“ဒီအရောင်းအဝယ်ကို မင်း ဘယ်လိုထင်လဲ...”

ပိုင်ယွဲ့၏ အမူအရာက တည်ကြည်လေးနက်နေပြီး တိတ်ဆိတ်နေသည်။

ချမ်ချန်ကန်း၏ အရောင်းအဝယ်က ဟွမ်ဖူမိသားစုအတွက် အင်မော်တယ်မိုင်းတွင်း ထောက်ပံ့မှုနှင့် ပတ်သက်နေ၏။

အပြန်အလှန်အားဖြင့် ချမ်ချန်ကန်းက ဟွမ်ဖူ မိသားစုအတွက် အထူးပစ္စည်းအချို့ကို ထောက်ပံ့ပေးမည်ဖြစ်သည်။

မည်သည့် အထူးပစ္စည်းများဖြစ်သည်ကိုမူ ချမ်ချန်ကန်းက အသေးစိတ် မပြောပြပေ။

ပိုင်ယွဲ့ကို သာမန်မျှသာပြောပြခဲ့၏။

ဤအထူးပစ္စည်းများက အင်မော်တယ် ကျင့်ကြံခြင်းအတွက် လိုအပ်သော တာအိုဆိုင်ရာ နားလည်သဘောပေါက်မှုကို ထောက်ပံ့ပေးနိုင်သည်။

အင်မော်တယ်များကို အတားအဆီးများမှ ကျော်လွှားနိုင်ရန်နှင့် ကျင့်စဉ်အဆင့်ကို ထိုးဖောက်နိုင်ရန် ကူညီပေးမည် ဖြစ်၏။

ချမ်ချန်ကန်းပြောသည်ကို ပိုင်ယွဲ့ ကြားသောအခါ သေချာပေါက် သူမ အံ့အားသင့်သွားသည်။

ချမ်ချန်ကန်းတွင် အင်မော်တယ်များကို အဆင့်ထိုးဖောက်ရန် ကူညီပေးနိုင်သော အထူးပစ္စည်းများရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ကြောက်မက်ဖွယ်ကောင်းသော တာအိုစည်းချက်များ ပါဝင်သည့် ထိုပစ္စည်းများကို လောကတွင် ရှာတွေ့ရန် ခက်ခဲလှ၏။

ချမ်ချန်ကန်း၏ ကျင့်စဉ်စွမ်းအင်က ခန့်မှန်းရခက်သော်လည်း ချမ်ချန်ကန်းက တာအိုစည်းချက်များ ပါဝင်သည့် ထိုပစ္စည်းများကို ထုတ်ပေးနိုင်လိမ့်မည်ဟု ပိုင်ယွဲ့ မထင်ခဲ့ပေ။

ပို၍ အရေးကြီးသည်မှာ အင်မော်တယ် ကျောက်တုံးများက ဟွမ်ဖူမိသားစုတွင်လည်း တန်ဖိုးကြီးမားသော သယံဇာတများ ဖြစ်ကြသည်။

ချမ်ချန်ကန်း၏ အစီအစဉ်မှာ ဟွမ်ဖူမိသားစုမှ နှစ်စဉ် အင်မော်တယ်ကျောက်တုံးများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ရယူရန်ဖြစ်၏။

ပိုင်ယွဲ့က ဟွမ်ဖူမိသားစု၏ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူမက ဤကိစ္စနှင့် ပတ်သက်၍ ချမ်ချန်ကန်းနှင့် အရောင်းအဝယ်လုပ်ရန် အရည်အချင်း မပြည့်မီပေ။

ထို့ပြင် ဤတာအိုစည်းချက် ပစ္စည်းများက အင်မော်တယ်များကို ကျင့်စဉ်အဆင့် ထိုးဖောက်ရန် တကယ်ကူညီပေးနိုင်ခြင်းရှိမရှိ ဆိုသည်မှာလည်း။

ယခု ဤအရာများအားလုံးက ချမ်ချန်ကန်း ပြောသည်များသာဖြစ်ပြီး တကယ်ရော မှန်ကန်ပါမည်လား။

ဤသည်က မသိရသေးသောအရာတစ်ခု ဖြစ်နေဆဲပင်။

သေချာပေါက် အကယ်၍ ချမ်ချန်ကန်း၏ လက်ထဲတွင် တာအိုစည်းချက်များပါဝင်သည့် ထိုကဲ့သို့သော ပစ္စည်းမျိုး တကယ်ရှိနေမည် ဆိုပါက အင်မော်တယ်များကို အဆင့်ထိုးဖောက်ရန် ကူညီပေးနိုင်မည် ဆိုပါက ဟွမ်ဖူမိသားစုက ချမ်ချန်ကန်းနှင့် သေချာပေါက် အရောင်းအဝယ် လုပ်ချင်လိမ့်မည်ဟု သူမ ယုံကြည်၏။

ပိုင်ယွဲ့၏ အမူအရာကို ကြည့်၍ ချမ်ချန်ကန်းကလည်း အခြေအနေကို အကြမ်းဖျင်း သိလိုက်သည်။

“ဒီအရောင်းအဝယ်နဲ့ ပတ်သက်ပြီး မင်း စဉ်းစားလို့ ရပါတယ်... အဲဒီပစ္စည်းတွေမှာ အဲဒီလို အစွမ်းမျိုးရှိမရှိဆိုတာကိုတော့ မိန်နျင်ဆီကနေ မင်း သိနိုင်ပါလိမ့်မယ်...”

ဤစကား ထွက်ပေါ်လာသည်နှင့် ပိုင်ယွဲ့ လန့်သွား၏။

“စီနီယာ... ဒါက ဘာကို ဆိုလိုတာလဲ...”

ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

“ခဏလောက် စောင့်ကြည့်လိုက်... မင်း သိလာလိမ့်မယ်...”

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ချမ်ချန်ကန်းက မိန်နျင်၏ အငွေ့အသက် ရောက်ရှိလာကြောင်းကို ရုတ်တရက် အာရုံခံမိလိုက်၏။

မိန်နျင်က အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို ဖမ်းဆွဲ၍ ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသည်။

ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ဤနယ်မြေထဲတွင် ပါဝင်နေသော ခမ်းနားကြီးကျယ်သည့် အင်မော်တယ်စွမ်းအင်များကို သူမ ခံစားလိုက်ရ၏။

မိန်နျင်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

သူမ၏ လက်ထဲတွင် အကျဉ်းသားတစ်ဦး ဖြစ်နေသော အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် ပင်လျှင် အံ့အားသင့်သွား၏။

“ဘယ်လောက်တောင် ပေါကြွယ်ဝတဲ့ အင်မော်တယ်စွမ်းအင်တွေလဲ... ဒါက အင်မော်တယ်နယ်မြေများ ဖြစ်နေမလား...”

မိန်နျင်က ပြုံးလိုက်သည်။ သူမ၏ အမြင်တွင် ဤအရာအားလုံးကို ချမ်ချန်ကန်း ဖန်တီးခဲ့ခြင်း ဖြစ်ရမည်။

ချမ်ချန်ကန်းတစ်ယောက်တည်းသာ ဤကဲ့သို့သော စွမ်းရည်မျိုးရှိပေသည်။

“တောင်ပေါင်းတစ်သိန်းတောင်တန်းထဲကို ဝင်လာပြီဆိုတော့... အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ရေ... ငါတို့ စီနီယာနဲ့ မကြာခင် တွေ့ရတော့မယ်...”

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က အံကြိတ်လိုက်ပြီး အလွန်မကျေမနပ် ဖြစ်နေ၏။

အင်မော်တယ်ဓားကို ယူဆောင်သွားပြီး အင်မော်တယ်စစ်သူကြီး ဆယ့်နှစ်ပါးကို သတ်ဖြတ်ခဲ့သော အောက်ဘုံမှ ပုရွက်ဆိတ် ချမ်ချန်ကန်း။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က သူနှင့် စာရင်းရှင်းရန် အချိန်ကြာမြင့်စွာကပင် အလိုရှိခဲ့သည်။ သို့သော် ဤကဲ့သို့သော နည်းလမ်းဖြင့် သူနှင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်မှတ်ထားခဲ့ပေ။

သူက မကျေမနပ်ဖြစ်နေသော်လည်း သူ လုပ်နိုင်စွမ်းရှိသည်မှာ ဘာမျှမရှိချေ။

အင်မော်တယ်နယ်မြေထဲတွင် ပါဝင်နေသော ခမ်းနားကြီးကျယ်လှသည့် အင်မော်တယ်စွမ်းအင်များက အင်မော်တယ် နှစ်ပါးစလုံးကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

သေးငယ်သော အောက်ဘုံတွင် အင်မော်တယ်နယ်မြေတစ်ခုရှိနေ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်ကား တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးတစ်ခုဖြစ်သည်။

မကြာမီ မိန်နျင်က အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် နှင့်အတူ ဖေးရှန်းတောင်သို့ ရောက်ရှိလာသည်။

ဤခမ်းနားကြီးကျယ်သော တောင်တန်းတွင် အခမ်းနားဆုံးသော အင်မော်တယ်စွမ်းအင်များ ပါဝင်နေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အံ့မခန်း ဖြစ်စေသည်။

“ဒါက ဖေးရှန်းတောင်ပဲ... စီနီယာက ဒီဖေးရှန်းတောင်မှာ တံခါးပိတ် ကျင့်ကြံနေတာ...”

မိန်နျင်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရိုသေလေးစားမှုအပြည့် ရှိနေသည်။ ထို့နောက် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို ဖေးရှန်းတောင်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွား၏။

မကြာမီ မိန်နျင်က အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သက်ရှည်ဘုရားကျောင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ချမ်ချန်ကန်းနှင့် ပိုင်ယွဲ့တို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်၏။

မိန်နျင်ကိုမြင်သောအခါ ပိုင်ယွဲ့က အံ့အားသင့်သွားသည်။

မိန်နျင်တစ်ယောက် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“မိန်နျင်... နင်ဘာလို့ ဒီကို ရောက်နေတာလဲ...”

မိန်နျင်က ပြုံးလိုက်သည်။

“စီနီယာက ကျွန်မနဲ့ ဆွေးနွေးစရာရှိတယ်ဆိုလို့ ဒီကိုရောက်လာတာပါ...”

“မိန်နျင်က တကယ်ပဲ စီနီယာကို သိနေတာပဲ...”

ပိုင်ယွဲ့က အံ့အားသင့်သွား၏။

“ဟုတ်တယ်... စီနီယာနဲ့ ငါက ဟွာလုံမြို့ရဲ့ ယန်ယွီမျှော်စင်မှာ...”

“အဟမ်း အဟမ်း...”

မိန်နျင်၏ စကားမဆုံးမီမှာပင် ချမ်ချန်ကန်း၏ ချောင်းဟန့်သံကြောင့် ပြတ်တောက်သွားသည်။

သူ ယန်ယွီမျှော်စင်သို့ သွားခဲ့ကြောင်း သတင်းကို မိန်နျင်သိနေခြင်းက လုံလောက်နေပြီဖြစ်၏။

အခြားလူများ ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။

စီနီယာတစ်ယောက်၏ ပုံရိပ်ကို ဖျက်ဆီးပစ်ခြင်းပင်ဖြစ်သည်။

သူက စကားလမ်းကြောင်း လွှဲလိုက်သည်။

“မိန်နျင်... မင်း ခေါ်လာတဲ့ ဒီလူက ဘယ်သူလဲ...”

ဤအခိုက်၌ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ မျက်နှာကား အလွန်ဖြူရော်နေပြီး သူ၏ အမူအရာက ကြည့်ရဆိုးနေ၏။

သူက ချမ်ချန်ကန်းကို ကြည့်လိုက်သော်လည်း ချမ်ချန်ကန်း၏ စွမ်းအားအတိမ်အနက်ကို လုံးဝမမြင်နိုင်ပေ။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မည်သည့်ကျင့်စဉ်စွမ်းအင် လှုပ်ရှားမှုကိုမျှ အာရုံမခံနိုင်ချေ။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ အမြင်တွင် ဤချမ်ချန်ကန်းက သာမန်လူ တစ်ယောက် ဖြစ်နိုင်သည်။

သို့မဟုတ်ပါက ဤချမ်ချန်ကန်း၏ ကျင့်စဉ်စွမ်းအင်က ခန့်မှန်းရခက်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်၏။

ထို့ကြောင့် သူက ချမ်ချန်ကန်းထံမှ မည်သည့်အရာကိုမျှ အာရုံမခံနိုင်ခြင်း ဖြစ်သည်။ သေချာပေါက် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က ဒုတိယအချက်ကို ပို၍ ယုံကြည်နေလေသည်။

All Chapters