← Chapters

အခန်း ၁၇၃

Vol. 14 Ch. 173

အခန်း ၁၇၃

Vol. 14 Ch. 173

အခန်း (၁၇၃) သစ်သားဓားထဲမှ ခမ်းနားကြီးကျယ်လှသော တာအိုစည်းချက်

လင်းပေါင်အာက မြင့်မြတ်အင်မော်တယ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများက ပြတ်သားနေ၏။

ချမ်ချန်ကန်းက သူမကို အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်အား အဘယ်ကြောင့် သတ်ခိုင်းမှန်း မသိပေ။

သို့သော်လည်း လင်းပေါင်အာအတွက်မူ သူမ၏ဆရာဖြစ်သော ချမ်ချန်ကန်းကို သေချာပေါက် ခြွင်းချက်မရှိ နာခံမည် ဖြစ်သည်။

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“ပေါင်အာ... မင်းက အခု အင်မော်တယ်အရှင်သခင်အဆင့်ရှိတဲ့ အင်မော်တယ်တစ်ပါးကို ရင်ဆိုင်ရမှာဆိုတော့... သူ့ကို သတ်နိုင်ပါ့မလား...”

လင်းပေါင်အာက တိတ်ဆိတ်သွားသည်။

“ဆရာ… ဆရာ ပေးအပ်တဲ့တာဝန်ကို ပြီးမြောက်အောင် တပည့် အကောင်းဆုံး ကြိုးစားပါ့မယ်...”

ကျူးရှို့ပွဲတော် ပြီးဆုံးကတည်းက သူမက ကိုယ့်ကိုယ်ကိုယ် သိမြင်လာခဲ့သည်။

သူမသည် အလွန်အားနည်းလွန်းနေ၏။

ချမ်ချန်ကန်းကို လုံးဝ မကူညီနိုင်ခဲ့ပေ။

သူမက ချမ်ချန်ကန်း၏ တပည့် ဖြစ်နေသော်လည်း လင်းပေါင်အာ၏ စိတ်ထဲတွင် အလွန်ရှင်းလင်းနေ၏။

သူမက ချမ်ချန်ကန်း၏ တပည့်ဖြစ်ရန် အရည်အချင်း လုံးဝမပြည့်မီပေ။

ထို့ကြောင့် လင်းပေါင်အာ လုပ်ရမည့် တစ်ခုတည်းသော အရာမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားရန်သာဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ပိုမို သန်မာလာစေရန်ဖြစ်သည်။

တစ်နေ့နေ့ကျလျှင် ချမ်ချန်ကန်း၏ တပည့်ဖြစ်ရန် တကယ်အရည်အချင်း ပြည့်မီလာမည်ဟု မျှော်လင့်မိသည်။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ မျက်လုံးများက အေးစက်နေ၏။

“အောက်ဘုံက ပုရွက်ဆိတ်လေးက ငါ့ကို သတ်ချင်တယ်ပေါ့... ကိုယ့်အဆင့်ကိုယ် မသိတာပဲ...”

ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

“အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်... အဲဒီလို မဖြစ်နိုင်ဘူးလား...”

“မင်းမျက်လုံးထဲမှာ အောက်ဘုံက ပုရွက်ဆိတ်တွေက မင်းထင်သလောက် အားနည်းချင်မှ အားနည်းမှာပါ...”

ထို့နောက် ချမ်ချန်ကန်းက လင်းပေါင်အာကို ထပ်ပြောလိုက်၏။

“ပေါင်အာ... မြင့်မြတ်အင်မော်တယ်ဓားက ဒီအင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် ရဲ့မူလဓားပဲ...”

“အခုမြင့်မြတ်အင်မော်တယ်ဓားက မင်းလက်ထဲ ရောက်နေပြီဆိုတော့... ဒီမြင့်မြတ်အင်မော်တယ်ဓားကို မင်းရဲ့ ကိုယ်ပိုင်အဖြစ် တကယ်သတ်မှတ်နိုင်ဖို့ မင်းကိုယ်ပိုင် စွမ်းအားနဲ့ သူ့ကို သတ်ရမယ်...”

တကယ်တမ်းတော့ ဤကာလအတွင်း လင်းပေါင်အာနှင့် အမြီးလေးတို့၏ ကြိုးစားအားထုတ်မှုများကို ချမ်ချန်ကန်းလည်း မြင်တွေ့ခဲ့ရသည်။

သူက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို တိုက်ရိုက် သတ်ပစ်နိုင်၏။

သို့သော် သူ မလုပ်ခဲ့ပေ။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သတ်ဖြတ်ပြီးနောက် လင်းပေါင်အာ ကြီးထွားလာမည်ဟု သူ မျှော်လင့်မိခြင်းသာ ဖြစ်သည်။

ပိုမိုကြီးမားသော တိုးတက်မှုကိုရရှိနိုင်ရန် အင်မော်တယ်အရှင်သခင်တစ်ပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အခွင့်အရေးဆိုသည်မှာ သိပ်များများစားစား မရှိပေ။

မည်သို့ပင် ဆိုစေကာမူ လင်းပေါင်အာက သူ လက်ခံခဲ့သော ပထမဆုံးတပည့်ဖြစ်သည်။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ စွမ်းအားက အလွန်ကြီးမားလှသဖြင့် လင်းပေါင်အာက သူနှင့် တိုက်ခိုက်ရာတွင် ကြီးမားသော တိုးတက်မှုကို သေချာပေါက် ရရှိနိုင်မည်ဖြစ်၏။

အပိုစကားများ မလိုတော့ပေ။

ချမ့်ချန်ကန်း၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ကျင့်စဉ်စွမ်းအင်ကို ဖိနှိပ်လိုက်သည်။

ဤသည်က ထိတ်လန့်ဖွယ်ရာကိစ္စပင်ဖြစ်သည်။

ပိုင်ယွဲ့နှင့် မိန်နျင်တို့၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွား၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ချမ်ချန်ကန်း မည်သို့လုပ်လိုက်သည်ကို သူမတို့ နှစ်ယောက်စလုံး မမြင်လိုက်ရပေ။

သို့သော် ခမ်းနားကြီးကျယ်လှသော အထက်ဘုံ အင်မော်တယ်အရှင်သခင်တစ်ပါး၏ ကျင့်စဉ်စွမ်းအင်က အခြေတည်စိတ်ဝိညာဉ် ဒုတိယအဆင့်အထိ လုံးဝ ဖိနှိပ်ခံလိုက်ရသည်။

အဓိပ္ပာယ်မရှိချေ။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် အတွက်မူ မည်သူကမျှ သူ၏လောက် ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။

“ငါ့ရဲ့ကျင့်စဉ်စွမ်းအင်... ငါ့ရဲ့စွမ်းအား... မင်း ဘာလုပ်လိုက်တာလဲ...”

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဖုံးကွယ်၍မရနိုင်သော ကြောက်ရွံ့မှုများရှိနေ၏။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချမ်ချန်ကန်းက ကောင်းကင်ယံတွင် သေခြင်းရှင်ခြင်းနယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။ လင်းပေါင်အာနှင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်တို့ နှစ်ဦးစလုံး ထိုအထဲတွင်ရှိနေ၏။

“ပေါင်အာ... သူ့ကို သတ်လိုက်...”

“ဒါမှမဟုတ်ရင် သူက မင်းကို သတ်လိမ့်မယ်...”

လင်းပေါင်အာက ခေါင်းညိတ်လိုက်ပြီး ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်၍ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ထံ ပြေးဝင်သွားသည်။

သူမ စိတ်ထဲတွင် ကျိန်ဆိုလိုက်၏။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သေချာပေါက် သတ်မည်ဖြစ်ပြီး ဆရာ့ကို စိတ်မပျက်စေရဟု တွေးလိုက်သည်။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ မျက်နှာကား ကြည့်ရဆိုးနေ၏။

“ငါ့ရဲ့ ကျင့်စဉ်စွမ်းအင်က ဖိနှိပ်ခံထားရပေမဲ့... မင်းလို အောက်ဘုံက ပုရွက်ဆိတ်လေးက ဒီအင်မော်တယ်ကို သတ်ချင်သေးတယ်ဆိုတော့ စိတ်ကူးယဉ်လွန်းနေပြီ...”

သူက ယဉ်ကျေးမနေတော့ဘဲ သူ၏ စွမ်းအားများ ပေါက်ကွဲထွက်လာကာ လင်းပေါင်အာကို သတ်ဖြတ်ရန် မည်သည့် ညှာတာမှုမှမရှိဘဲ အင်မော်တယ်နည်းစနစ်များကို အသုံးပြုလိုက်သည်။

သေခြင်းရှင်ခြင်း နယ်မြေထဲတွင် လင်းပေါင်အာနှင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်တို့ကြား တိုက်ပွဲက ပေါက်ကွဲသွား၏။

ချမ့်ချန်ကန်း၊ ပိုင်ယွဲ့နှင့် မိန်နျင်တို့က တိုက်ပွဲကို ကြည့်ရှုနေကြသည်။

ပိုင်ယွဲ့က ပြောလိုက်၏။

“စီနီယာ... သူ့ကို အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်နဲ့ ယှဉ်တိုက်ခိုင်းတာ... အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ရဲ့ ကျင့်ကြံမှု ဖိနှိပ်ခံထားရတယ်ဆိုပေမဲ့ သူက အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်နေတုန်းပဲ... တိုက်ပွဲအတွေ့အကြုံလည်း များတယ်ဆိုတော့ သူမ အဆင်ပြေပါ့မလား...”

ဘေးနားရှိ မိန်နျင်ကလည်း ပိုင်ယွဲ့၏ စကားကို သဘောတူ၏။

သေခြင်းရှင်ခြင်းနယ်မြေထဲတွင် တိုက်ပွဲက တစ်ခဏသာ ကြာသေးသည်။

လင်းပေါင်အာမှာ အကြိမ်များစွာ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး အန္တရာယ်များက နေရာတိုင်းတွင် ရှိနေ၏။

ကံကောင်းစွာဖြင့် သူမ၏ ထူးချွန်သော ဓားသိုင်းပညာရပ်များကြောင့် ထိုအန္တရာယ်များကို ဖောက်ထွက်နိုင်ခဲ့သည်။

ချမ်ချန်ကန်း၏ မျက်လုံးများက ဂရုမစိုက်သည့်အလား အေးစက်နေ၏။

“ငါ သူ့ကို ယုံကြည်တယ်...”

ပြောစရာမလိုပေ။

သူ၏ ကိုယ်ပိုင်ပြိုင်ဘက်ကင်းနယ်မြေထဲတွင် လင်းပေါင်အာ၏ အသက်အန္တရာယ် ကြုံတွေ့လာရပါက သေချာပေါက် ဝင်ရောက် ကယ်တင်မည် ဖြစ်သည်။

အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က သူမကို ဘယ်လိုလုပ် သတ်နိုင်ပါမည်နည်း။

ယခုအချိန်တွင်တော့ လင်းပေါင်အာကို သွေးဆူစေရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

သေခြင်းရှင်ခြင်း တိုက်ပွဲအပြီးတွင် လင်းပေါင်အာ၏ စွမ်းအားကို ပိုမိုမြန်ဆန်စွာ တိုးတက်လာစေရန် သေချာပေါက် ကူညီပေးနိုင်လိမ့်မည်ဖြစ်၏။

ဤသည်ကား ချမ်ချန်ကန်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

ဤအင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်နှင့်ပတ်သက်၍မူ အမှန်တရားကို ပြောရလျှင် သူ၏ ကိုယ်ပိုင်ရန်သူဖြစ်သော်လည်း သူက စိတ်ထဲပင် မထားခဲ့ပေ။

ပို၍အရေးကြီးသည်မှာ ယခု ဤအင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် ကို မိန်နျင်က သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ဖမ်းဆီးထားခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် မည်မျှပင် သန်မာစေကာမူ သူက အချိန်မရွေး ဖိချေ၍ သတ်ပစ်နိုင်သော ပိုးကောင်လေး တစ်ကောင်မျှသာဖြစ်၏။

သူက သေခြင်းရှင်ခြင်းတိုက်ပွဲကို ဂရုမစိုက်တော့ပေ။

မိန်နျင်ကို လှည့်ကြည့်လိုက်၏။

“မင်း အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်... အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို ဒီကိုခေါ်လာနိုင်လိမ့်မယ်လို့ မထင်ထားဘူး...”

မိန်နျင်က အရိုအသေပေး၍ ရိုသေလေးစားစွာ ပြောလိုက်သည်။

“စီနီယာရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး... အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က စီနီယာနဲ့ ရန်ငြိုးရှိနေတယ်ဆိုတော့ ကျွန်မ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ...”

“ကျေးဇူးတရား...”

ပိုင်ယွဲ့က နားမလည်နိုင်ဖြစ်နေ၏။

သို့သော် သူမ ယခု ပို၍ စိတ်ဝင်စားနေသည်မှာ အင်မော်တယ်အရှင်သခင် ဆဋ္ဌမအဆင့်သာ ရှိသော မိန်နျင်က အင်မော်တယ်အရှင်သခင် သတ္တမအဆင့်ရှိသော အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို မည်သို့ ဖမ်းဆီးနိုင်ခဲ့သနည်း။

“ပိုင်ယွဲ့... ငါနဲ့ မင်းရဲ့ ဟွမ်ဖူမိသားစုကြားက အရောင်းအဝယ်ကို မင်း စဉ်းစားလို့ ရပါတယ်...”

“အခု မိန်နျင်ရောက်လာပြီဆိုတော့... ငါပြောခဲ့တာတွေ မင်းကို မလိမ်ဘူးဆိုတာ မင်း သိလာပါလိမ့်မယ်...”

မိန်နျင်က နားမလည်နိုင် ဖြစ်နေ၏။

သတ္တမမင်းသမီးက ချမ်ချန်ကန်းနှင့် မည်သည့် အရောင်းအဝယ် လုပ်ထားသည်ကို သူမ မသိပေ။

“မိန်နျင်... မင်းရဲ့ ကျင့်စဉ်စွမ်းအင် အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပါဦး...”

မိန်နျင်က ခေါင်းညိတ်လိုက်သည်။

“ဝုန်း..”

ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော ထိတ်လန့်ဖွယ်ရာ လှိုင်းဂယက်များ ထွက်ပေါ်လာ၏။

ထိုအရာက အင်မော်တယ်အရှင်သခင် အဋ္ဌမအဆင့်ဖြစ်သည်။

ပိုင်ယွဲ့ကို လုံးဝ ထိတ်လန့်တုန်လှုပ်သွားစေ၏။

ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ကျူးရှို့ပွဲတော် အချိန်ကဆိုလျှင် မိန်နျင်၏ ကျင့်ကြံမှုက အင်မော်တယ်အရှင်သခင် ဆဋ္ဌမအဆင့်သာရှိသေးကြောင်း သိထားရမည်။

ရက်အနည်းငယ် အတွင်းမှာပင် သူမ၏ ကျင့်ကြံမှုက အဆင့်ငယ်နှစ်ဆင့် တိုးတက်လာခဲ့သည်။

ဤသည်က ထိတ်လန့်ဖွယ်ရာ ကိစ္စပင်ဖြစ်သည်။

မထင်မှတ်ထားသော အရာဖြစ်၏။

ယုံကြည်နိုင်စရာမရှိပေ။

မိန်နျင် မည်သို့လုပ်နိုင်ခဲ့သည်ကို ပိုင်ယွဲ့ လုံးဝ မယုံကြည်နိုင်ချေ။

ပို၍ အရေးကြီးသည်မှာ မိန်နျင်က အောက်ဘုံတွင်ရှိနေခြင်းဖြစ်သည်။

အဆင့်ထိုးဖောက်ရန်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက် ခက်ခဲလှ၏။

အင်မော်တယ်တာအိုလမ်းစဉ်ဆိုသည်မှာ ဤမျှ လွယ်လွယ်ကူကူ နားလည်သဘောပေါက်နိုင်ပါမည်လား။

ပိုင်ယွဲ့ လုံးဝ ဆွံ့အသွား၏။

မိန်နျင်က ပြုံးလိုက်သည်။

“ဒီအရာအားလုံးက စီနီယာရဲ့ ကူညီမှုကြောင့်ပါ...”

“စီနီယာရဲ့ ကူညီမှုလား...”

“ဟုတ်ပါတယ်... စီနီယာက အင်မော်တယ်သူတော်စင်တစ်ပါးဖြစ်ပြီး ကူချင်တီးခတ်ခြင်း တာအိုလမ်းစဉ်က အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ... ဟွာလုံမြို့မှာ စီနီယာနဲ့တွေ့တုန်းက စီနီယာ ပေးသနားတဲ့ ခမ်းနားကြီးကျယ်တဲ့ တာအိုစည်းချက်ကို ရခဲ့လို့ အဆင့်ထိုးဖောက်နိုင်ခဲ့တာပါ...”

သို့သော် ပိုင်ယွဲ့အတွက်မူ သူမ စိတ်ကူး၍ပင် မရနိုင်သေးပေ။

သို့သော် မယုံကြည်ဘဲ မနေနိုင်တော့ချေ။ မည်သို့ပင်ဖြစ်စေ သူမရှေ့ရှိ အဖြစ်အပျက်က အမှန်တရားဖြစ်နေ၏။

လက်ရှိ မိန်နျင်က အင်မော်တယ်အရှင်သခင် အဋ္ဌမအဆင့်တွင် တကယ်ရှိနေသည်။

အချိန်တိုအတွင်း ဤမျှကြီးမားသော တိုးတက်မှုကို ရရှိချင်သည်ဆိုပါက ထိုအရာက မိန်နျင်၏ အင်မော်တယ်တာအိုလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုအတွက် အလွန် ကြီးမားသော အကူအညီဖြစ်ခဲ့ပုံရသည်။

“ပိုင်ယွဲ့... ငါပြောတာအမှန်ဆိုတာ မင်း အခု သိလောက်ပြီမလား... မိန်နျင်ရဲ့ ကျင့်စဉ်စွမ်းအင် တိုးတက်လာတာက အကောင်းဆုံးသက်သေပဲ...”

စဉ်းစားပြီးနောက် ချမ်ချန်ကန်း၏ စိတ်အာရုံ လှုပ်ရှားလိုက်ပြီး “မြင့်မြတ်သော စည်းချက်ပေါင်းစပ်ခြင်း”ကို အသုံးပြုလိုက်သည်။

“ဗောဓိပင်... မင်းဆီက သစ်ကိုင်းတစ်ကိုင်း ယူမယ်...”

“သခင့်သဘောပါ...”

ခုတ်ဖြတ်ခံလိုက်ရသော သစ်ကိုင်းက သစ်သားဓားတစ်လက်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၏။

သစ်သားဓားက ထူးခြားမှုမရှိသည့်ပုံ ပေါက်နေသည်။

သို့သော် သစ်သားဓားထဲတွင်ပါဝင်နေသော မဟာတာအို၏ အငွေ့အသက်က အလွန် ပြင်းထန်ပြီး ခမ်းနားကြီးကျယ်လှ၏။

“ဒီပစ္စည်းကိုကြည့်လိုက်...”

ချမ်ချန်ကန်းက သစ်သားဓားကို ပိုင်ယွဲ့ထံသို့ ပစ်ပေးလိုက်သည်။

ပိုင်ယွဲ့က သစ်သားဓားကို ဖမ်းလိုက်၏။

အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ဦးအနေဖြင့် မဟာတာအိုအပေါ် သူမ၏ နားလည်သဘောပေါက်မှုက အလွန် နက်ရှိုင်းသည်။

သစ်သားဓားထဲတွင် ပါဝင်နေသော မဟာတာအို၏ အငွေ့အသက်ကို ခံစားမိသောအခါ သူမ၏ မျက်လုံးအိမ်များမှာ ရုတ်ခြည်း ကျဉ်းမြောင်းသွား၏။

ခမ်းနားကြီးကျယ်လှသော တာအိုစည်းချက် တစ်မျိုးဟု ပြော၍ရသည်။

အင်မော်တယ်များအတွက် ဤတာအိုစည်းချက်က သေချာပေါက် အဖိုးတန်ဆုံးဖြစ်၏။

အကယ်၍ ဓားနည်းစနစ်ကို ကျင့်ကြံသော အင်မော်တယ်က ဤသစ်သားဓားကို ရရှိသွားမည်ဆိုပါက သစ်သားဓားထဲတွင် ပါဝင်နေသော တာအိုစည်းချက်ကို အပြည့်အဝ စုပ်ယူနိုင်မည် ဖြစ်သည်။

သေချာပေါက် အင်မော်တယ်များကို အဆင့်ငယ်တစ်ဆင့် ထိုးဖောက်ရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်၏။

All Chapters