အခန်း ၁၇၄
Vol. 14 Ch. 174
အခန်း (၁၇၄) တုကူး ဓားသိုင်းကိုးကွက်ဖြင့် ရန်သူကို သတ်ဖြတ်ခြင်း၊ ငါးဆားနယ် ရတနာသေတ္တာ
“စီနီယာရဲ့ အရောင်းအဝယ်ကို ဟွမ်ဖူမိသားစုဆီ မိန်နျင်ကိုသွားပြီး သတင်းပို့ခိုင်းလိုက်ပါ့မယ်... ဟွမ်ဖူမိသားစုက စီနီယာနဲ့ ပူးပေါင်းရတာကို အရမ်း ဝမ်းသာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်...”
ပိုင်ယွဲ့၏ မျက်လုံးများက တောက်ပနေပြီး ဆုံးဖြတ်ချက်ချပြီးသွားပြီ ဖြစ်သည်။
အင်မော်တယ်ကျောက်တုံးများက တန်ဖိုးကြီးသော်လည်း ဤတာအိုစည်းချက် ပါဝင်သည့်ပစ္စည်းများနှင့်ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
စီနီယာ၏ ကျင့်စဉ်စွမ်းအင်က ခန့်မှန်းရခက်ပြီး အင်မော်တယ်သူတော်စင်တစ်ပါးလည်း ဖြစ်သည်။ အကယ်၍ စီနီယာ၏ တပည့် ဖြစ်လာနိုင်မည်ဆိုပါက အကောင်းဆုံးပင်ဖြစ်သည်။
သို့သော် စီနီယာ၏ တပည့်မဖြစ်နိုင်လျှင်တောင်မှ သူ့ကို သေချာပေါက် ရိုသေသင့်သည်။
စီနီယာကို ဆန့်ကျင်မည့်အစားပေါ့။
သေချာပေါက် ပိုင်ယွဲ့၏ အမြင်တွင် ဟွမ်ဖူမိသားစုက စီနီယာနှင့် အရောင်းအဝယ်လုပ်ရန် လုံးဝ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
မိန်နျင် ထွက်ခွာသွား၏။
ချမ်ချန်ကန်းက ဗောဓိပင်၏ သစ်ကိုင်း တစ်ပိုင်းဖြင့် ဖန်တီးပေးလိုက်သော သစ်သားဓားကို ယူဆောင်၍ သူမ ထွက်ခွာသွားသည်။
ရွှယ်ဝူအင်မော်တယ်နယ်မြေသို့ ပြန်သွားရန်၊ ဟွမ်ဖူမိသားစုထံသွားရန်နှင့် အရောင်းအဝယ် အကြောင်းပြောပြရန်ဖြစ်၏။
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။
မိန်နျင်ပြန်ရောက်လာမည့် သတင်းကောင်းကို သူ စောင့်မျှော်နေ၏။
သေခြင်းရှင်ခြင်း နယ်မြေထဲတွင် လင်းပေါင်အာနှင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် တို့၏ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။
လင်းပေါင်အာ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီဖြစ်ပြီး သူမ၏ မျက်နှာက ဖြူရော်နေ၏။
မြင့်မြတ်အင်မော်တယ်ဓားကို ကိုင်ဆောင်ထားသော လက်က အဆက်မပြတ် တုန်ယင်နေပြီး စွမ်းအင်အမြောက်အမြား ကုန်ဆုံးသွားသည်။
အခြားတစ်ဖက်ရှိ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် ဘက်တွင်မူ သူ၏ ကျင့်ကြံမှုက လင်းပေါင်အာနှင့် အဆင့်တူအထိ ဖိနှိပ်ခံထားရသော်လည်း အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် အတွက်မူ ဤအရာအားလုံးက ဘာမှ မဟုတ်ပေ။
အဆင့်တူတွင်ပင် သူ၏ ကိုယ်ပိုင် နည်းလမ်းများနှင့် တိုက်ပွဲ အတွေ့အကြုံများကို အသုံးပြု၍ လင်းပေါင်အာကို လုံးဝ ဖိနှိပ်ထားနိုင်သည်။
ထို့ကြောင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က မည်သည့် ဒဏ်ရာမှမရခဲ့ပေ။
သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
“ချန်မေ့အင်မော်တယ်အရှင်သခင် ထွက်သွားပြီဆိုပေမဲ့ ချမ်ချန်ကန်းက သူ့ရဲ့ စွမ်းအား ခန့်မှန်းရခက်တယ်... ငါက သူ့ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူး... သူ့လက်ထဲကနေ ထွက်ပြေးဖို့က အရမ်းခက်ခဲတယ်... မဖြစ်နိုင်သလောက်ပဲ...”
“ဒီကောင်မလေးကိုဖမ်းပြီး ချမ်ချန်ကန်းကို ခြိမ်းခြောက်ဖို့အသုံးချရင် ငါ့အတွက် အခွင့်အရေး ရှိနိုင်သေးတယ်...”
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က ဆုံးဖြတ်ချက်ချလိုက်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။
နှစ်ဖက်ကြားတွင် ပြင်းထန်သော တိုက်ပွဲ ထပ်မံဖြစ်ပွားသွား၏။
ရုတ်တရက် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ လက်ချောင်းငါးချောင်းက လင်းယုန်လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး လင်းပေါင်အာ၏ လည်ချောင်းဆီသို့ ဆုပ်ကိုင်လိုက်သည်။
လင်းပေါင်အာလည်း အန္တရာယ်ကို သဘာဝအလျောက် အာရုံခံမိပြီး နောက်သို့ ဆုတ်လိုက်၏။
ကြည့်ရှုနေရင်းနှင့် ပိုင်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“စီနီယာ... သူမက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ရဲ့ ပြိုင်ဘက်မဟုတ်တဲ့ပုံပဲ...”
ချမ်ချန်ကန်းက ခပ်ဖွဖွလေး ပြုံးလိုက်သည်။
“မပြီးသေးပါဘူး... ကောက်ချက်ချဖို့ စောလွန်းနေပါသေးတယ်...”
အမှန်ပင်။
ချမ်ချန်ကန်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လင်းပေါင်အာ၏ မျက်လုံးများက တောက်ပလာ၏။
သူမက နောက်ဆုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ တိုက်ခိုက်ရေး နည်းလမ်းက သိသိသာသာ ပြောင်းလဲသွားသည်။
ခုခံခြင်းမှ တိုက်ခိုက်ခြင်းသို့ ပြောင်းလဲကာ မြင့်မြတ်အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်၏။
အသုံးပြုလိုက်သော ဓားသိုင်းပညာရပ်မှာ ချမ့်ချန်ကန်း သင်ကြားပေးထားသည့် တုကူး ဓားသိုင်းကိုးကွက်ဖြစ်သည်။
ထိတ်လန့်ဖွယ်ရာဓားသိုင်းက လေပြင်းများနှင့် မိုးခြိမ်းသံများခြံရံလျက် ရုတ်တရက် တိုက်ခိုက်လာ၏။
သေခြင်းရှင်ခြင်းနယ်မြေတစ်ခုလုံးက ဓားစွမ်းအင်ပင်လယ်ပြင်အဖြစ် ပြောင်းလဲသွားသည်။
ဤအခိုက်တွင် လင်းပေါင်အာမှာ ဓားသခင်တစ်ဦးနှင့် ပိုတူနေ၏။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်တိုင်း အလွန် မြန်ဆန်လှပြီး ဓားအလင်းတန်းများက အေးစက်ကာ အရိပ်အယောင်များ ထွက်ပေါ်နေသည်။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ပင်လျှင် လင်းပေါင်အာ၏ ဓားဝှေ့ယမ်းသည့် လမ်းကြောင်းကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲလှ၏။
သူက ထိတ်လန့်သွားပြီး ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရသည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
“ရွှစ် ရွှစ် ရွှစ်... “
မကြာမီ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်မှာ ဓားဒဏ်ရာရသွား၏။
အသားများက မြင့်မြတ်အင်မော်တယ်ဓား၏ ခုတ်ပိုင်းမှုကိုခံရပြီး သွေးများ စီးကျလာကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
“သေစမ်း….”
သူ လုပ်နိုင်စွမ်းမရှိတော့ပေ။
တိုက်ခိုက်ခြင်းမှ ခုခံခြင်းသို့သာ ပြောင်းလဲနိုင်တော့ပြီး ဓားစွမ်းအင် ပင်လယ်ပြင်ထဲတွင် လင်းပေါင်အာ၏ နောက်ထပ်တိုက်ခိုက်မှုကို အချိန်မရွေး ခုခံနိုင်ရန် ပြင်ဆင်နေရသည်။
“ဒါက ဆရာ သင်ပေးထားတဲ့ တုကူး ဓားသိုင်းကိုးကွက်ပဲ... ဒီကနေ့ နင့်ကိုသတ်ပြီး ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို ပြည့်ဝအောင် ငါ ဒီဓားသိုင်းကိုသုံးမယ်...”
အသံဆုံးသည်နှင့် ဓားသိုင်းက ထိတ်လန့်ဖွယ် ကောင်းလှပြီး ပေါ့ပါးသွက်လက်နေသော်လည်း အလွန် သန်မာကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
ဓားအလင်းတန်းများ လင်းလက်သွားတိုင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ စူးရှတောက်ပနေသည်။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ဒဏ်ရာများက ပို၍ များပြားလာ၏။
မကြာမီ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားရာများပြည့်နှက်သွားပြီး သွေးလူးနေသော လူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်၏ အရေးကြီးအစိတ်အပိုင်းများ အားလုံးက မြင့်မြတ်အင်မော်တယ်ဓား၏ ထိုးစိုက်မှုကိုခံခဲ့ရသည်။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က ဟိန်းဟောက်လိုက်ပြီး အသည်းအသန် ခုခံနေ၏။
သို့သော် ထောင်ချောက်မိနေသော သားရဲ တစ်ကောင်နှင့် ပိုတူနေသည်။
သေဆုံးရမည်မှာ စောစော သို့မဟုတ် နောက်ကျသေချာနေပြီဖြစ်၏။
ကြည့်ရှုနေရင်းနှင့် ပိုင်ယွဲ့က ဤမြင်ကွင်းကြောင့် ဆွံ့အသွားရသည်။
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဓားသိုင်းလဲ...”
သူမပင်လျှင် လင်းပေါင်အာ၏ ဓားဝှေ့ယမ်းသည့်အရှိန်ကို မဖမ်းဆုပ်နိုင်ပေ။
အရမ်းသန်မာလွန်းသည်။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က နှစ်သောင်းချီ အသက်ရှင်နေထိုင်ခဲ့ပြီး တိုက်ပွဲ အတွေ့အကြုံများ ကြွယ်ဝကာ နည်းလမ်းများစွာရှိသည်ကို သိထားရမည်။
သို့သော် ယခုအခါ လင်းပေါင်အာ၏ ပြိုင်ဘက် မဟုတ်တော့ပေ။
ဤလင်းပေါင်အာက စီနီယာ၏ တပည့်ဖြစ်ရသည်မှာ ထိုက်တန်လှ၏။
အနာဂတ်တွင် သူမ သေချာပေါက် မျိုးဆက်သစ်ဓားအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်မည်ဖြစ်သည်။
ချမ်ချန်ကန်းက သူ၏ မျက်လုံးများကို မှေးလိုက်၏။
ဤသည်က သူ သင်ကြားပေးထားသော တုကူးဓားသိုင်းကိုးကွက်ဖြစ်သည်။
လင်းပေါင်အာက အင်မော်တယ်အရှင်သခင်ပင် ယှဉ်မနိုင်သော အဆင့်အထိ ကျင့်ကြံထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
*အရမ်းကောင်းတယ်... တကယ် ကြိုးစားတာပဲ... *
ချမ်ချန်ကန်းက လင်းပေါင်အာ၏ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်နေ၏။
“ငါ မင်းကိုသတ်မယ်ကွ...”
ထိုအင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က ဒေါသထွက်ကာ မျက်လုံးများနီရဲနေပြီး အောက်ဘုံမှ ပုရွက်ဆိတ်တစ်ကောင်၏ ထောင့်ကျဉ်းထဲသို့ မောင်းနှင်ခံရခြင်းက လုံးဝ အရှက်ရစရာ ဖြစ်နေသည်။
တိုက်ပွဲအတွင်း လင်းပေါင်အာက သူမကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နေပြီး ကောင်းကင်နှင့် မြေကြီး းတစ်သားတည်း ဖြစ်နေသကဲ့သို့ရှိနေ၏။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ လှုပ်ရှားမှုများက သူမ၏ မျက်လုံးထဲတွင် အလွန်နှေးကွေးနေသည်။
မကြာမီ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ အားနည်းချက်များကို သူမ ရှာတွေ့သွား၏။
သူမမျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာမှ ပြင်းထန်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သူမက တုကူး ဓားသိုင်းကိုးကွက်ကို ထပ်မံ အသုံးပြုလိုက်၏။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။
စူးရှတောက်ပသော ဓားအလင်းတန်းက အဆုံးမရှိသော အမှောင်ထုထဲတွင် ရုတ်တရက် ပေါ်လာသည့် အလင်းရောင်နှင့်တူနေ၏။
ဤဓားက တားဆီး၍ မရနိုင်ပေ။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ခေါင်းကို ခုတ်ဖြတ်လိုက်သည်။
ရွှတ်...
လည်ပင်းမှ သွေးများက ရေပူစမ်းကဲ့သို့ ပန်းထွက်လာ၏။
လင်းပေါင်အာ၏ မျက်နှာလေးမှာ ဖြူရော်နေပြီး သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် ဓားကိုင်ကာ ရပ်လျက် မောဟိုက်နေသည်။
သူမခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်များက လုံးဝ ကုန်ခမ်းသွားသဖြင့် ဓားကိုင်ထားသော သူမ၏ လက်သေးသေးလေးက တုန်ယင်နေ၏။
သူမ၏ နုနယ်သော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို ကိုယ်တိုင်သတ်ဖြတ်နိုင်ခဲ့ခြင်းက ဆရာ့၏ မျှော်လင့်ချက်များကို အချည်းနှီး မဖြစ်စေခဲ့ပေ။
“ကောင်းကောင်းလုပ်နိုင်ခဲ့တယ်...”
ချမ်ချန်ကန်း၏ လက်ထဲတွင် အသက်ကယ်ဆေးလုံးတစ်လုံးက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်မှတစ်ဆင့် ကုသရေးဆေးလုံးအဖြစ် ပြောင်းလဲသွားပြီး လင်းပေါင်အာကို ပေးလိုက်သည်။
သူမ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာ၏။
“ဆရာ.. တပည့် ဆရာ့ကို စိတ်မပျက်စေခဲ့ပါဘူး...”
“အင်း... ပေါင်အာ... မင်း ပင်ပန်းသွားပြီ...”
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး လင်းပေါင်အာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
လင်းပေါင်အာ၏ မျက်လုံးများထဲရှိ ပြတ်သားမှုကို သူမြင်နိုင်၏။
ထိုအရာက ပိုမို သန်မာလာစေရန်နှင့် ချမ်ချန်ကန်း၏ ခြေလှမ်းများကို လိုက်မီနိုင်ရန် ဖြစ်သည်။
ချမ်ချန်ကန်း၏ တပည့်တစ်ဦးအနေဖြင့် ချမ်ချန်ကန်းကို နောက်သို့ဆွဲချခြင်းမဖြစ်စေချင်ပေ။
သူမက ချမ်ချန်ကန်း၏နောက်တွင် အမြဲ ရှိနေချင်သည်။
ဤကိစ္စနှင့် ပတ်သက်၍ ချမ်ချန်ကန်းက လင်းပေါင်အာကို ပိုမို သန်မာလာစေရန် သေချာပေါက် ကူညီပေးမည်ဖြစ်၏။
ပိုင်ယွဲ့က သေခြင်းရှင်ခြင်းနယ်မြေထဲရှိ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ရုပ်အလောင်းကို ကြည့်၍ ရေရွတ်လိုက်သည်။
“အထက်ဘုံက အင်မော်တယ်အရှင်သခင်က နောက်ဆုံးမှာ အောက်ဘုံက ကောင်မလေး တစ်ယောက်ရဲ့ လက်ထဲမှာ သေသွားလိမ့်မယ်လို့ မထင်ထားဘူး...”
ပိုင်ယွဲ့က အကြိမ်ပေါင်းများစွာ သက်ပြင်းချလိုက်၏။
လင်းပေါင်အာ၏ သရုပ်မှန်ကို သူမ အနည်းငယ်သိထားသည်။ ဓားကိုးစင်းဂိုဏ်း ဂိုဏ်းချုပ်၏ သမီး၊ သာမန်အရည်အချင်းသာရှိပြီး စီနီယာ၏ တပည့်အဖြစ် အမှတ်မထင်ဖြစ်လာခဲ့ကာ ထိုအချိန်မှစ၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သူ ဖြစ်၏။
ဤမျှပါရမီရှင် ကောင်မလေးက ငယ်ရွယ်စဉ်မှာပင် အင်မော်တယ်အရှင်သခင် ကို သတ်ဖြတ်နိုင်ခဲ့သည်။
အနာဂတ်တွင် သူမသာ အင်မော်တယ်နယ်မြေသို့ တက်လှမ်းခြင်းပြုသည့်အခါ ပါရမီရှင်များ စာရင်းတွင် သေချာပေါက် နေရာတစ်နေရာ ရရှိမည်ဖြစ်သည်။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် သေဆုံးသွားသည်နှင့်အမျှ ချမ်ချန်ကန်း၏ စိတ်ထဲတွင်လည်း စနစ်၏ သတိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
စနစ်၏ သတိပေးချက်ကို ကြားသောအခါ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည်။
“စနစ်၏သတိပေးချက်- ပိုင်ရှင်၏ တပည့် လင်းပေါင်အာသည် အင်မော်တယ်အရှင်သခင် သတ္တမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် နယ်မြေတန်ဖိုး ၂.၉ သန်းရရှိပြီး ငါးဆားနယ်ရတနာသေတ္တာ တစ်လုံးကျလာပါသည်။”
ပြီးခဲ့သည့် အကြိမ်က ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ချမ်ချန်ကန်းက ကောင်းကင်ဘုံကိုးခုမှ အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်ကို သတ်ဖြတ်ခဲ့ရာ နယ်မြေတန်ဖိုး နှစ်သိန်းငါးသောင်းသုံးထောင်ရရှိခဲ့သည်။
ယခုတစ်ကြိမ်တွင် လင်းပေါင်အာက အင်မော်တယ်အရှင်သခင် သတ္တမအဆင့်ရှိသော အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သတ်ဖြတ်ခဲ့ရာ နယ်မြေတန်ဖိုး ၃ သန်းနီးပါး ရရှိခဲ့၏။
ဤသည်ကား အရမ်းအစွမ်းထက်လွန်းသည်။
ရုတ်တရက် အင်မော်တယ်ကျောက်တုံးကို လဲလှယ်၍ရသည့် နယ်မြေတန်ဖိုးက အနံ့မမွှေးတော့သလို ခံစားလိုက်ရ၏။
*အင်း... ဒါပေမဲ့ အင်မော်တယ်အရှင်သခင် က သတ်ရတာ အဲဒီလောက် မလွယ်ကူသလို အရူးလို တံခါးပေါက်ကိုလည်း လာပို့မှာ မဟုတ်ဘူးလေ။ ဒါနဲ့ နေပါဦး... ငါးဆားနယ် ရတနာသေတ္တာ က ဘာကြီးလဲ…*