အခန်း ၁၇၇
Vol. 14 Ch. 177
အခန်း (၁၇၇) အခြေတည်စိတ်ဝိညာဉ် ပဉ္စမအဆင့်၊ စောင့်ဆိုင်းခြင်း
ဖေးရှန်းတောင်
ချမ်ချန်ကန်းက တောင်ထွတ်ပေါ်တွင် ရပ်လျက် အဝေးက ကောင်းကင်ယံကို ကြည့်နေ၏။
သူ ယခု ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်းနယ်မြေက အလွန် ကျယ်ပြောနေလေပြီ။
နယ်မြေတန်ဖိုး တစ်စိတ်တစ်ပိုင်းကို အင်မော်တယ်ကျောက်တုံးများနှင့် လဲလှယ်ခြင်းနှင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သတ်ဖြတ်ခြင်းမှရရှိခဲ့သည်။
သို့သော် နယ်မြေတန်ဖိုးအများစုမှာ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံနေကြသော ထိုကျင့်ကြံသူများထံမှ လာခြင်းဖြစ်၏။
ပြိုင်ဘက်ကင်းနယ်မြေထဲတွင် သူတို့၏ ကျင့်ကြံမှုများက ချမ်ချန်ကန်းအတွက် နယ်မြေတန်ဖိုး အများအပြားကို ယူဆောင်လာပေးခဲ့သည်။
ထို့ကြောင့် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည့် အရှိန်နှုန်းမှာ။
ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံသူ မည်မျှကျင့်ကြံနေသနည်း ဆိုသည့်အချက်အပေါ် မူတည်နေ၏။
ခြုံပြောရလျှင်။
နေ့စဉ်နေ့တိုင်း ကျင့်စဉ်အဆင့် အတားအဆီးများကို ဖောက်ထွက်နိုင်သော ကျင့်ကြံသူများစွာရှိသည်။
ပြိုင်ဘက်ကင်းနယ်မြေသာ ဆက်လက် ချဲ့ထွင်လာသည်နှင့်အမျှ ကျင့်ကြံသူ များစွာက အဆင့်ဖောက်ထွက်နိုင်မည်ဖြစ်၏။
ဤသံသရာစက်ဝိုင်းက ဆက်တိုက်လည်ပတ်နေပြီး ချမ်ချန်ကန်းကို စဉ်ဆက်မပြတ် နယ်မြေတန်ဖိုးများ ထောက်ပံ့ပေးနေသည်။
လင်းပေါင်အာ ဘက်တွင်မူ ချမ်ချန်ကန်းက သူမကို အပျက်အစီးဓားခန္ဓာပေးအပ်ပြီးနောက် သူမ၏ စွမ်းအားက ခုန်ပျံကျော်လွှား တိုးတက်လာခဲ့၏။
ထိုမျှမက ကျင့်ကြံခြင်းတွင်လည်း တိုးတက်မှုက ပို၍ပင် မြန်ဆန်လာခဲ့သည်။
ဤအစွမ်းထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံက အဆုံးအစမဲ့၏။
အမြီးလေးကဲ့သို့ ဆေးရည်သောက်ပြီးမှ ဆေးစွမ်းအင် အနည်းငယ်ကို စုပ်ယူရန် မလိုအပ်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိလင်းပေါင်အာက ဆေးလုံးကို တိုက်ရိုက်သန့်စင်နိုင်နေပြီဖြစ်၏။
ဆေးလုံးကို တိုက်ရိုက်သန့်စင်လိုက်လျှင်ပင် လင်းပေါင်အာကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေတော့ပေ။
သူမ၏ လက်ရှိ အပျက်အစီးဓားခန္ဓာဖြင့် ဆေးလုံးကိုသန့်စင်ရာတွင် ခန္ဓာကိုယ်က အပြည့်အဝခံနိုင်ရည်ရှိနေ၏။
ရက်အနည်းငယ် အတွင်းမှာပင် လင်းပေါင်အာက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ခန္ဓာကိုယ်မှ ပြောင်းလဲသွားသော ဆေးလုံး၏ ၃၀ ရာခိုင်နှုန်းကို သန့်စင်ပြီးသွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ ကျင့်စဉ်အဆင့် အရ ရက်အနည်းငယ် အတွင်းမှာပင် အခြေတည်စိတ်ဝိညာဉ်ဒုတိယအဆင့်မှ အခြေတည်စိတ်ဝိညာဉ်ပဉ္စမအဆင့်သို့ ထိုးဖောက်သွား၏။
အဆင့်သုံးဆင့်ကို တိုက်ရိုက် ဖောက်ထွက်သွားခြင်းဖြစ်သည်။
သေချာပေါက် ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ခြင်းက ဆေးလုံးများ သန့်စင်ခြင်းနှင့် အင်မော်တယ်မြေတွင် ကျင့်ကြံခြင်းတို့နှင့် များစွာ သက်ဆိုင်၏။
သို့သော် ပို၍အရေးကြီးသောအချက်မှာ သူမ ပိုင်ဆိုင်ထားသော ထိတ်လန့်ဖွယ် ခန္ဓာကိုယ်ဖွဲ့စည်းပုံပင်ဖြစ်သည်။
ထို့အပြင် ဤအရာအားလုံးက အစပြုရုံမျှသာ ရှိသေး၏။
ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ အထက်ဘုံသို့ မတက်လှမ်းမီ ကျင့်ကြံခြင်းအရဆိုရလျှင် သူမ၏ ကျင့်ကြံမှု အရှိန်နှုန်းက ပို၍ပင် မြန်ဆန်လာနိုင်သည်။
ဤသည်ကား မည်သူမှ စိတ်ကူး၍ မရနိုင်သော အရာနည်း။
ချမ်ချန်ကန်းက အဝေးရှိ ကောင်းကင်ယံမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အကြောဆန့်လိုက်၏။
“တပည့်လက်ခံပွဲ... ဒီကျူးရှို့ဒယ်စောက်က ဘယ်သူ့အတွက်လဲ...”
လက်တစ်ချက်လှမ်းလိုက်ရာ ကျူးရှို့ဒယ်စောက်က သူ့လက်ထဲသို့ ရောက်လာ၏။
ကျူးရှို့ဒယ်စောက်က ကောင်းကင်တာအို စွမ်းအားများ ပါဝင်နေသည်။
အကယ်၍ ကျူးရှို့ဒယ်စောက်ကို ထိန်းချုပ်နိုင်မည်ဆိုပါက ကျူးရှို့တိုက်ကြီး တစ်ခုလုံး၏ ကောင်းကင်တာအိုကို ကြီးကြပ်နိုင်မည်ဖြစ်၏။
ကောင်းကင်တာအို၏ ကောင်းချီးပေးမှုဖြင့် သူ ပိုင်ဆိုင်ထားသော စွမ်းအားက သဘာဝအလျောက် တားဆီး၍ မရနိုင်တော့ပေ။
သို့သော် ချမ်ချန်ကန်းအတွက်မူ ဤစွမ်းအားက အားနည်းလွန်းနေ၏။
ကောင်းကင်တာအိုက ဘာမို့လို့လဲ။
သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကောင်းကင်တာအိုပင်လျှင် ခေါင်းငုံ့၍ ကျွန်အဖြစ် ခစားရမည်ဖြစ်သည်။
ပြိုင်ဘက်ကင်းနယ်မြေအပေါ် ထိန်းချုပ်မှုဖြင့် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ပါရမီရှင်များစွာရောက်ရှိနေပြီဖြစ်ကြောင်း အလွန်ရှင်းလင်းစွာသိထား၏။
ကျူးရှို့တိုက်ကြီး၏ ပါရမီရှင်များ သို့သော် ကံမကောင်းစွာဖြင့် အထက်ဘုံ၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာဟလှသည်။
ဤပါရမီရှင်အများစု၏ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြ၏။
ရွှေဗဟိုချက်နယ်ပယ်အဆင့်ရှိသူများမှာ အလွန်နည်းပါးလှသည်။
အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုရှိသော ပါရမီရှင်များကို ဆိုလျှင်တော့ ပြောစရာပင်မလိုတော့ပေ။
အထက်ဘုံတွင် ဝင်စား၍ ပြန်လည်ကျင့်ကြံသော ထိုကောင်းကင်ဘုံ ပါရမီရှင်များက ကျူးရှို့ဒယ်စောက်ကိုသာ လုယူချင်ကြမည်ဆိုပါက သူတို့၏ ကျင့်ကြံမှုက အနည်းဆုံး နတ်ဘုရား အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိနေရမည်ဖြစ်ကြောင်း သိထားရမည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရား အသွင်ပြောင်းခြင်းအဆင့်တွင်သာ အင်မော်တယ်တံဆိပ်ကို နိုးထစေပြီး ပြန်လည် ကျင့်ကြံနိုင်မည်ဖြစ်၏။
ချမ့်ချန်ကန်းက ခေါင်းခါလိုက်သည်။
အောက်ဘုံနှင့် အထက်ဘုံက တကယ့်ကို ကွာခြားလှ၏။
ကျူးရှို့ဒယ်စောက်က အောက်ဘုံမှ ပါရမီရှင်များကို ရွေးချယ်မည် မဟုတ်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ရွေးချယ်စရာ လုံးဝမရှိသောကြောင့်ဖြစ်၏။
လက်ရှိအချိန်တွင် ချမ်ချန်ကန်းက မိန်နျင်နှင့် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် မှလွဲ၍ အခြားတာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များကို မတွေ့ရသေးသလို အထက်ဘုံမှ ကောင်းကင်ပါရမီရှင်များကိုလည်း မတွေ့ရသေးပေ။
သို့မဟုတ် အထက်ဘုံမှ ထိုကောင်းကင်ပါရမီရှင်များက အချိန်ကြာမြင့်စွာကပင် ပုန်းအောင်းနေခဲ့ကြခြင်းလည်းဖြစ်နိုင်၏။
ချမ်ချန်ကန်းအတွက်မူ ယခုအခါ သူက တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင် အနည်းငယ် ထပ်ရှိလာရန် တကယ့်ကိုမျှော်လင့်နေသည်။
သူ့ကို လာရောက်ပြဿနာရှာပြီး ကျူးရှို့ဒယ်စောက်ကို လုယူရန်က အကောင်းဆုံးပင်ဖြစ်သည်။
ဤနည်းဖြင့် ထိုတာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များကို သတ်ဖြတ်လိုက်ပါက အနည်းဆုံး နယ်မြေတန်ဖိုး သန်းချီ၍ ရရှိနိုင်မည်ဖြစ်၏။
ကံကောင်းလျှင် ငါးဆားနယ်ရတနာသေတ္တာ အနည်းငယ်လည်း ထွက်လာနိုင်သေးသည်။
ချိုမြိန်မှုကို ခံစားရပြီးနောက် အပျက်အစီးဓားခန္ဓာကိုရရှိခဲ့၏။
ချမ်ချန်ကန်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုမိုရရှိရန် မျှော်လင့်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အမြီးလေးသည် သွေးမျိုးဆက်မရှိဘဲ သူမက ကိုယ်တိုင် အသိဉာဏ်ပွင့်လာခြင်းသာဖြစ်သည်။
သူမ၏ပါရမီက အလွန်မြင့်မားသော်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံမရှိသောကြောင့် နောက်ဆုံးတွင် သူမ၏ ကျင့်ကြံမှုက အကန့်အသတ်ရှိနေမည်ဖြစ်၏။
“ငါ သိုသိုသိပ်သိပ်နေရမယ်ထင်တယ်... မဟုတ်ရင် အဝေးမှာ ပုန်းနေတဲ့ အဲဒီ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်တွေက ငါ့ကိုလာပြီး ပြဿနာရှာရဲမှာ မဟုတ်ဘူး...”
ချမ်ချန်ကန်းက ရေရွတ်လိုက်သည်။ တစ်ခါတစ်ရံတွင် အရမ်း နာမည်ကြီးလွန်းခြင်းက ချမ်ချန်ကန်းအတွက် မကောင်းလှပေ။
ကျန်ရှိနေသော အချိန်များတွင်။
ချမ်ချန်ကန်းက ဖေးရှန်းတောင်တွင် ငါးဆားနယ်တစ်ကောင်ကဲ့သို့ ဘဝကို ဖြတ်သန်းနေ၏။
လင်းပေါင်အာ၏ ကျင့်ကြံမှုက အဆင့်များစွာ ထိုးဖောက်သွားခဲ့ပြီး နတ်ဘုရား အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်နေပြီဖြစ်သည်။
အမြီးလေးဘက်တွင်မူ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီး ဆေးရည်သောက်ပြီးနောက် သူမက ရွှေဗဟိုချက်နယ်ပယ် းပထမအဆင့် ကျင့်ကြံမှုရှိနေပြီဖြစ်၏။
ဤရက်ပိုင်းအတွင်း ဖေးရှန်းတောင်က အလွန် တိတ်ဆိတ်နေသည်။
မိန်နျင်က ရွှယ်ဝူအင်မော်တယ်နယ်မြေသို့ သွားခဲ့ပြီး ပြန်မလာသေးပေ။
ဟွမ်ဖူမိသားစုနှင့် အရောင်းအဝယ်က ဘယ်လိုနေလဲ မသိပေ။
ချမ်ချန်ကန်းကတော့ ဤနေရာ၌ သူက နေ့စဉ်နေ့တိုင်း ငါးဆားနယ်တစ်ကောင်ကဲ့သို့ နေထိုင်နေပြီး သူ ရရှိထားသော အင်မော်တယ်များ၏ သိုလှောင်လက်စွမ်များထဲတွင် ဆေးပင်များစွာ ရှိနေ၏။
ဤဆေးပင်များအားလုံးကို ချမ်ချန်ကန်းက စိုက်ပျိုးထားပြီး အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်မှတစ်ဆင့် ၎င်းတို့က ရှင်သန်ကြီးထွားကာ နေ့စဉ်နေ့တိုင်း ပိုမို ကြွယ်ဝလာနေသည်။
ဘဝက ရိုးရှင်းပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
ဗောဓိပင်အောက်တွင် ရွှေရောင် အသားလုံးကြီးက ပိုမို ကြီးမားလာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ လင်းလက်နေကာ ၎င်းအပေါ်တွင် အက်ကြောင်းများ ပိုမို များပြားလာသည်။
သက်စောင့်စွမ်းအင်ကလည်း ပိုမိုပြင်းထန်ပြီး ခမ်းနားကြီးကျယ်လာကာ အတွင်းရှိသက်ရှိက အချိန်မရွေး မွေးဖွားလာနိုင်သည့်ပုံ ပေါက်နေ၏။
လင်းပေါင်အာနှင့် အမြီးလေးတို့က မျှော်လင့်စောင့်စားနေကြပြီး ရွှေရောင် အသားလုံးကြီးထဲတွင်ဘာရှိသနည်း ဆိုသည်ကို အလွန်သိချင်နေကြသည်။
တပည့်လက်ခံပွဲ ကျင်းပရန် လဝက်သာ လိုတော့၏။
ယနေ့ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ရောက်ရှိလာသော ပါရမီရှင် သိန်းနှင့်ချီရှိနေပြီ ဖြစ်သည်။ ပါရမီအလွန်မြင့်မားသူများရှိသလို ပါရမီနိမ့်ကျသူများလည်းရှိ၏။
သို့မဟုတ် ကျင့်ကြံမှုသန်မာသူများရှိသလို ကျင့်ကြံမှု အားနည်းသူများလည်းရှိသည်။
ဗုဒ္ဓဂိုဏ်းသုံးခုနှင့် အခြားဂိုဏ်းကိုးခုက ရောနှောနေကြ၏။
လူသားကျင့်ကြံသူများသာမကဘဲ အခြားသော မျိုးနွယ်ခြားမှ ကျင့်ကြံသူများလည်းပါဝင်ကြသည်။
လူတိုင်းက ချမ်ချန်ကန်း၏ တပည့် ဖြစ်ချင်ကြ၏။
အမှန်တရားကိုပြောရလျှင် တစ်လျှောက်လုံး သူတို့က ချမ်ချန်ကန်း၏ လုပ်ဆောင်ချက်များ အကြောင်းကို ကြားသိခဲ့ကြရသည်။
သို့သော် လူများစွာက ချမ်ချန်ကန်းမည်သို့ ရုပ်ဆင်းသဏ္ဌာန်ရှိသည်ကို ဘယ်သောအခါကမှ မမြင်ဖူးကြပေ။
မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်းက အထက်တွင်ရှိနေပြီး ကျူးရှို့ပွဲတော်မှ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်များမှလွဲ၍ သို့မဟုတ် ယခင်က ချမ်ချန်ကန်းနှင့် တစ္ဆေအင်မော်တယ်တို့၏ တိုက်ပွဲကို ကြည့်ရှုခဲ့ဖူးသော ကျင့်ကြံသူများမှလွဲ၍ လူများစွာက ချမ်ချန်ကန်း၏ အစစ်အမှန် မျက်နှာကို ဘယ်သောအခါကမှ မမြင်ဖူးကြပေ။
အချို့က သူက အလွန်ငယ်ရွယ်ပြီး ကျက်သရေရှိသည်ဟု ပြောကြ၏။
အချို့က သူက ချဉ်းကပ်ရလွယ်ကူသော အဘိုးအိုတစ်ဦးဖြစ်သည်ဟု ပြောကြသည်။
အချို့က သူက အလွန်ကြမ်းတမ်းသော လူသန်ကြီးတစ်ဦးဖြစ်သည်ဟု ပြောကြ၏။
ခြုံပြောရလျှင် မရေမတွက်နိုင်သောလူများက ချမ်ချန်ကန်း၏ အရာအားလုံး အကြောင်းကို ပြောဆိုနေကြသည်။
သေချာပေါက် ဤပါရမီရှင်များက တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်ရှိလာပြီး ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာကြ၏။
သူတို့ အားလုံးက ဖေးရှန်းတောင်ထဲသို့ ဝင်ရောက်ချင်ကြသည်။
သို့သော် ချမ်ချန်ကန်းက သူတို့ကို ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံခွင့် ပြုထားသော်လည်း ဖေးရှန်းတောင်ထဲသို့ ဝင်ရောက်ခွင့် မပြုထားပေ။
သေချာပေါက် ဤအချက်ကို သူတို့လည်း သိကြ၏။
စီနီယာက အထက်တွင်ရှိနေသည်ဆိုတော့ တွေ့ချင်တိုင်း တွေ့နိုင်ပါမည်လား။
သူတို့အတွက် စီနီယာက သူတံခါးပိတ် ကျင့်ကြံနေသည့်နေရာတွင် ကျင့်ကြံခွင့် ရခြင်းကပင် ဆုလာဘ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
လူတိုင်းက တပည့်လက်ခံပွဲ ကျင်းပမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေပြီ။