← Chapters

အခန်း ၁၇၈

Vol. 14 Ch. 178

အခန်း ၁၇၈

Vol. 14 Ch. 178

အခန်း (၁၇၈) အဝေးမှ ရောက်ရှိလာကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ

တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် အင်မော်တယ်သက်တန့်တစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွား၏။

အင်မော်တယ်သက်တန့် ပျောက်ကွယ်သွားသောအခါ ရဟန်းအနန္တ၏ ပုံရိပ်က ထွက်ပေါ်လာသည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အငွေ့အသက်ကို သူ ခံစားလိုက်ရ၏။

သူ့မျက်လုံးများထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။

ဤတောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် ဘာတွေဖြစ်ပျက်နေမှန်းမသိပေ။

ကျင့်ကြံသူများစွာက အဘယ်ကြောင့် ဤနေရာသို့ ရောက်လာကြသနည်း။

သေချာပေါက် ရဟန်းအနန္တအတွက်မူ သူက ဤကိစ္စကို ဂရုမစိုက်ပေ။

သူက အရှက်ရမှုကို ဆေးကြောရန်နှင့် တစ်ချိန်တည်းမှာပင် ဓာတ်တော်ကို ယူဆောင်ရန် ရောက်လာခြင်းဖြစ်၏။

အခြားသူများက သူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

မကြာမီ ရဟန်းအနန္တက ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်သွား၏။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ချမ်ချန်ကန်းက ရင်းနှီးနေသော အစွမ်းထက် အငွေ့အသက် တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

သူက မျက်လုံးများကို အနည်းငယ် မှေးလိုက်၏။

“စွမ်းအားကြီးမားပြီး ရင်းနှီးနေတဲ့ အငွေ့အသက်... အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်နဲ့ယှဉ်ရင်တောင် လုံးဝ မအားနည်းဘူး... ဘယ်သူများလဲ...”

စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် ချမ်ချန်ကန်းက ဖေးရှန်းတောင်မှ ပျောက်ကွယ်သွား၏။

ပြန်လည်ထွက်ပေါ်လာသောအခါ ရဟန်းအနန္တ ၏ရှေ့သို့ရောက်ရှိနေလေပြီ။

ရဟန်းအနန္တကိုမြင်သောအခါ ချမ်ချန်ကန်းက အံ့အားသင့်သွား၏။

ဤဘုန်းကြီးအိုက ယခင်က တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် သူ၏ အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကြောင့် ထွက်ပြေးသွားသး မဟုတ်ပါလား။

ပြန်ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့အပြင် ချမ်ချန်ကန်းက သူ့ခန္ဓာကိုယ်မှ အာဏာရှင်ဆန်ပြီး အေးစက်သော အငွေ့အသက်တစ်ခုကိုလည်း ခံစားလိုက်ရ၏။

ကြည့်ရသည်မှာ ရည်ရွယ်ချက် မကောင်းသည့် ဧည့်သည်ဖြစ်ပုံရသည်။

သေချာပေါက် ချမ်ချန်ကန်း၏ မျက်လုံးများက သူ မည်သည့်နေရာမှ လာသည်ဖြစ်စေ တည်ငြိမ်ပြီး ဂရုမစိုက်သည့်အလားရှိနေ၏။

အကယ်၍ သူ့ကို ပြဿနာလာရှာမည်ဆိုပါက ချမ်ချန်ကန်းက ဘုန်းကြီးအိုကို ဖျက်ဆီးပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

တိုက်ဆိုင်စွာပင် ဘုန်းကြီးအို၏ စွမ်းအား လှိုင်းဂယက်က အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် ထက် မအားနည်းပေ။

သူ့ကို သတ်လိုက်မည် ဆိုပါက နယ်မြေတန်ဖိုးများရရှိနိုင်မည်ဖြစ်၏။

ငါးဆားနယ်ရတနာသေတ္တာပါ ကျလာရန် အခွင့်အရေးပင် ရှိနေနိုင်သေးသည်။

သို့သော် ရဟန်းအနန္တအတွက်မူ ချမ်ချန်ကန်း ရုတ်တရက်ပေါ်လာခြင်းက သူ့ကို လုံးဝ အံ့အားသင့်သွားစေ၏။

သူက ခြေလှမ်းများကို အလျင်အမြန် ရပ်တန့်လိုက်သည်။

“ဆရာတော်... ဘယ်ကို သွားမလို့လဲ...”

ချမ်ချန်ကန်းထံတွင် မည်သည့် ကျင့်စဉ်စွမ်းအင် လှုပ်ရှားမှုမျှမရှိပေ။

ထူးခြားမှုမရှိသည့်ပုံပေါက်နေပြီး အလွန်သာမန်ဆန်လှ၏။

သို့သော် ယခင်က သူသည် ချမ်ချန်ကန်းနှင့် တွေ့ခဲ့ဖူးသည်။

သူ၏ရှေ့ရှိ ချမ်ချန်ကန်းက အလွန်အစွမ်းထက်ကြောင်း သူ သိထား၏။

ကျောင်းထိုင်ဆရာတော် ပေးအပ်လိုက်သော ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်သာမရှိခဲ့လျှင် ချမ်ချန်ကန်းကို လာရှာရန် သူ လုံးဝဝံ့ရဲမည် မဟုတ်ပေ။

သူက စကားဆိုလိုက်၏။

“ဒကာကြီး... နေကောင်းရဲ့လား...”

ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

“အရမ်းကောင်းတယ်...”

သူတို့နှစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြ၏။

ချမ်ချန်ကန်းထံတွင် မည်သည့်ကျင့်စဉ်စွမ်းအင် လှုပ်ရှားမှုမျှ မရှိသေးပေ။

အခြားတစ်ဖက်တွင် ရဟန်းအနန္တရှိနေသော်လည်း သူက စွမ်းအား အငွေ့အသက်များကို မထုတ်လွှတ်ဘဲ မနေနိုင်ခဲ့ပေ။

ချမ်ချန်ကန်းကို ရင်ဆိုင်ရချိန်တွင် သူ၏ ရှေ့၌ ဒူးထောက်၍ အသနားခံခဲ့ရသော သူ၏ ရယ်စရာကောင်းသည့် အဖြစ်အပျက်ကို အမြဲ သတိရနေမိ၏။

ဤကဲ့သို့သော အရှက်ရမှုကို ချမ်ချန်ကန်းအား သတ်ဖြတ်ခြင်းဖြင့်သာ ဆေးကြောနိုင်မည် ဖြစ်သည်။

ထိုအာဏာရှင်ဆန်သော အငွေ့အသက်က တောင်ကျရေနှင့် လှိုင်းလုံးကြီးများကဲ့သို့ ရုတ်ခြည်းထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ကျင့်ကြံသူများက ယင်းကို သတိပြုမိသွားကြပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အငွေ့အသက်လဲ...”

“အင်မော်တယ်တစ်ပိုင်းအဆင့်များ ဖြစ်နေမလား...”

“မဟုတ်ဘူး... ဤစွမ်းအား အငွေ့အသက်က အင်မော်တယ်တစ်ပိုင်းထက်တောင် ပိုကြောက်စရာ ကောင်းတယ်...”

တည်ကြည်လေးနက်သော ကျင့်ကြံသူ တစ်ဦးက ပြောလိုက်၏။

ဤစကား ထွက်ပေါ်လာသောအခါ အချို့လူများက ထိတ်လန့်သွားကြသည်။

“အထက်ဘုံက အင်မော်တယ်များ ဖြစ်နေမလား...”

ယနေ့ခေတ်တွင် အင်မော်တယ်များ အောက်ဘုံသို့ ဆင်းသက်လာမှုက ပိုပို၍ မကြာခဏ ဖြစ်ပေါ်လာ၏။

အောက်ဘုံရှိ ကျင့်ကြံသူများအတွက်မူ သူတို့ကလည်း အန္တရာယ်ကို သဘာဝအလျောက် အာရုံခံမိကြသည်။

မည်သို့ပင်ဆိုစေကာမူ အထက်ဘုံတွင်ရှိသောအင်မော်တယ်များကို ရင်ဆိုင်ရာတွင် ချမ်ချန်ကန်းမှလွဲ၍ သူတို့က လုံးဝ ခုခံနိုင်စွမ်းမရှိကြပေ။

အကယ်၍ အင်မော်တယ်များက သူတို့ကို သတ်ချင်သည်ဆိုပါက သူတို့တွင် သေဆုံးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။

ကောင်းကင်ယံထက်တွင် ချမ်ချန်ကန်းက ရဟန်းအနန္တနှင့် မျက်နှာချင်းဆိုင်နေဆဲ ဖြစ်၏။

ချမ်ချန်ကန်း အစွမ်းထက်ကြောင်း သိထားသဖြင့် ရဟန်းအနန္တက ပေါ့ဆရန် မဝံ့ရဲပေ။

သူ၏စွမ်းအားကို အထွတ်အထိပ် အခြေအနေသို့ မြှင့်တင်လိုက်ပြီး ချမ်ချန်ကန်းကိုရင်ဆိုင်ရန် ဗားဂျရာ နတ်ဆိုးနှိမ်နင်းတုတ်ကို အချိန်မရွေး အသုံးပြုရန် ပြင်ဆင်ထား၏။

ဆန့်ကျင်ဘက်အနေဖြင့် ချမ်ချန်ကန်းက ရဟန်းအနန္တကို တည်ငြိမ်စွာ ကြည့်နေရုံသာရှသည်။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် သူက ပြိုင်ဘက်ကင်းဖြစ်၏။

မည်သည့်အရာကိုမျှ ပြင်ဆင်နေရန် လုံးဝမလိုအပ်ပေ။ အကယ်၍ သူသာ သူ့ရှေ့ရှိ ရဟန်းအနန္တကို သတ်ချင်သည်ဆိုပါက လက်ချောင်းလေး လှုပ်ရှားလိုက်ရုံသာ လိုအပ်၏။

မဟုတ်ဘူး... လက်ချောင်းကို အသုံးပြုရန်ပင် မလိုအပ်ပေ။

စိတ်အာရုံကို လှုပ်ရှားလိုက်ရုံဖြင့် လုံလောက်ချေသည်။

အကယ်၍ ရဟန်းအနန္တသာသိခဲ့လျှင် မည်သို့ ခံစားရမည်နည်း။

“ဆရာတော်... ဆိုရိုးစကားရှိတယ် မဟုတ်လား... အမိတ္တဘက ကောင်းမွန်မြင့်မြတ်တယ်ဆိုပေမဲ့ ဆရာတော်ရဲ့ သတ်ဖြတ်ချင်နေတဲ့ပုံစံကို ကြည့်ရတာ... ဒီအရှင်ကို သတ်ချင်နေတာလား...”

ချမ်ချန်ကန်းက အလွန်သိချင်နေ၏။ ယခင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်၍ ထွက်ပြေးသွားခဲ့သော ရဟန်းအနန္တက အဘယ်ကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ပြန်ပေါ်လာသနည်း။

အထူးသဖြင့် သူ့အပေါ် ရန်လိုမှုများ ရှိနေခြင်းပင်။

သူ့အတွက် ရည်ရွယ်လာခြင်းဖြစ်နိုင်သည်။

သေချာပေါက် အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ထိုအခါ ချမ်ချန်ကန်းက အလွန်ဝမ်းသာမည် ဖြစ်၏။

ဘုန်းကြီးအိုကြီးထံမှ အာဏာရှင်ဆန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသော်လည်း သူက လက်အုပ်ချီကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒကာတော်... ဒကာတော်က ဘုန်းကြီးကို အကြီးအကျယ် အရှက်ခွဲခဲ့တယ်... ဘုန်းကြီး ပြန်ရောက်ပြီးတဲ့နောက်မှာ အိပ်မပျော် စားမဝင်ဖြစ်ခဲ့ရပြီး တစ်နေ့လုံး ဗုဒ္ဓမီးတောက်ရဲ့ လောင်ကျွမ်းမှုကို ခံခဲ့ရတယ်... ဒါကြောင့် ဘုန်းကြီးက ဒါကို ပြန်လည်တုံ့ပြန်ရမယ်...”

“အကြီးအကျယ် အရှက်ခွဲခဲ့တယ်ဟုတ်စ...”

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“ဒါပေမဲ့ ငါမှတ်မိသလောက်ဆိုရင် မင်းကဒူးထောက်ပြီး အသနားခံခဲ့တာ မဟုတ်ဘူးလား... မင်းက လက်စားချေချင်တယ်ဆိုရင်တော့ လူမှားနေပြီ ထင်တယ်...”

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မူလက ကြင်နာတတ်သောရုပ်သွင်ရှိသည့် ရဟန်းအနန္တက ရုတ်တရက် ဒေါသထွက်လာပြီး မျက်နှာပျက်သွား၏။

“အပိုစကားတွေ...”

ထိတ်လန့်ဖွယ်ရာ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဒေါသတကြီး စီးဆင်းနေသော မြစ်တစ်စင်းအဖြစ် ပြောင်းလဲကာ ဝင်တိုက်လိုက်သည်။

ချမ်ချန်ကန်းက ကျောက်ဆောင်တစ်ခုကဲ့သို့ ဒေါသတကြီး စီးဆင်းနေသောမြစ်၏ လှိုင်းလုံးကြီးများကြားတွင် မလှုပ်မယှက် ရပ်နေ၏။

အင်္ကျီစပင်လျှင် လွင့်ခါမသွားခဲ့ပေ။

“ဟွန့်... ကျူးရှို့တိုက်ကြီးမှာ ဒီလိုအစွမ်းထက်တဲ့သူတစ်ယောက်ရှိနေတာက ဘုန်းကြီးရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်နေတာ အမှန်ပဲ...”

“ဒီနေ့ ဘုန်းကြီးက မင်းကိုသတ်မယ်... ဒါမှသာ ဘုန်းကြီး ခံစားခဲ့ရတဲ့ အရှက်ရမှုတွေကို ဆေးကြောနိုင်မှာပဲ...”

ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

“အိုး... ဒီအရှင်မျှော်လင့်နေပါ့မယ်... ဒါပေမဲ့ ဆရာတော်ကို ဘာကများ ယုံကြည်မှုတွေ ပေးထားလဲဆိုတာတော့ မသိဘူး...”

ရိုးရိုးသားသားပြောရလျှင် သူ့ရှေ့ရှိ ရဟန်းအနန္တက ပြီးခဲ့သည့်အကြိမ်က အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကို ခံလိုက်ရသဖြင့် ဤအခြေအနေအထိ ထိတ်လန့်သွားခဲ့ခြင်းဖြစ်၏။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် မဟုတ်လျှင်တောင်မှ အမှတိပြည့် အထူးလုပ်ဆောင်ချက်ကို သူ အသုံးပြုလိုက်သည်နှင့် သူက ဒူးထောက်၍ အသနားခံလာရသည်အထိ ထိတ်လန့်သွားမည်ဟု ချမ်ချန်ကန်းက ယုံကြည်၏။

သို့သော် ပြီးခဲ့သည့်အကြိမ်က ပြိုင်ဘက်ကင်းနယ်မြေ အပြင်ဘက်တွင် ဖြစ်သဖြင့် ချမ်ချန်ကန်းက ဤရဟန်းအနန္တကို မသတ်နိုင်ခဲ့ပေ။

ဤတစ်ကြိမ်တွင်မူ ပို၍ပင် သေချာသွားလေပြီ။

ရဟန်းအနန္တက သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့၏။

ချမ်ချန်ကန်းက သူ့ကို ဘယ်သောအခါမှ ထပ်မံ ထွက်ပြေးခွင့်ပြုမည် မဟုတ်တော့ပေ။

ရဟန်းအနန္တက ထိတ်လန့်ဖွယ်ရာ အင်မော်တယ်ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ကျင့်ကြံသူများက ၎င်းကို ခံစားလိုက်ရပြီး သူတို့အားလုံး၏ မျက်နှာများမှာ ဖြူဖျော့သွားကာ ခံနိုင်ရည်မရှိတော့ပေ။

ကောင်းကင်နတ်ဆိုးရှေးဟောင်းမြေခွေး မျိုးနွယ်စုများကြားတွင် ပိုင်ယွဲ့နှင့် အားမြောင် တို့က ကျင့်ကြံနေကြ၏။

ဤဖိအားကိုလည်း ခံစားလိုက်ရသည်။

အားမြောင်က ခံနိုင်ရည်မရှိပေ။

ပိုင်ယွဲ့၏ မျက်ခုံးနှစ်ခုကြားရှိ ပြန်လည်မွေးဖွားခြင အင်မော်တယ်တံဆိပ်က အလင်းတန်းတစ်ခု လင်းလက်သွားပြီး အင်မော်တယ်အရှင်သခင်၏ ဖိအားကို အလွယ်တကူ ခုခံလိုက်၏။

သူမက မျက်လုံးများကို ဖွင့်၍ ဖိအားများ ထွက်ပေါ်လာရာ အဝေးရှိနေရာကို ကြည့်လိုက်သည်။

“အင်မော်တယ်အရှင်သခင်ရဲ့ဖိအား... နောက်ထပ်တာအိုအစောင့်အရှောက်ပဲ အင်မော်တယ်အရှင်သခင်ပဲ... အင်မော်တယ်နယ်မြေက ပါရမီရှင်တစ်ယောက်ရောက်လာတဲ့ပုံပဲ...”

သူမဘေးရှိ အားမြောင်က ဤဖိအားအောက်တွင် မျက်နှာလေးမှာ ဖြူရော်ပြီး ကြည့်ရဆိုးနေသည်ကို မြင်လိုက်ရ၏။

သူမက အားမြောင်၏ မျက်ခုံးနှစ်ခုကြားကို လက်ညှိုးဖြင့် ခပ်ဖွဖွထိလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက အားမြောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

နွေးထွေးသွားပြီး အားမြောင်အတွက် အင်မော်တယ်ဖိအားကို လျင်မြန်စွာ ခုခံပေးလိုက်သည်။

အားမြောင်လည်း သက်သာရာ ရသွားစေ၏။

အားမြောင်၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။

“ပိုင်ယွဲ့... ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဖိအားလဲ...”

“ဤနေရာသို့ နောက်ထပ်အင်မော်တယ် တစ်ပါးဆင်းလာတာလား...”

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်၏။

“စိတ်မပူပါနဲ့... တောင်ပေါင်းတစ်သိန်းတောင်တန်းက စီနီယာ တံခါးပိတ်ကျင့်ကြံနေတဲ့နေရာပဲ... အကယ်၍ အင်မော်တယ်တစ်ပါးက ဒီနေရာသို့လာပြီး ရိုင်းရိုင်းစိုင်းစိုင်းလုပ်ရဲတယ်ဆိုရင် စီနီယာက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး...”

အားမြောင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ပိုင်ယွဲ့၏ စကားကို သဘောတူလိုက်သည်။

“စီနီယာက ပြိုင်ဘက်ကင်းပဲ... အင်မော်တယ်က ဘယ်လောက်ပဲ သန်မာနေပါစေ သူက စီနီယာရဲ့ ပြိုင်ဘက် မဟုတ်ဘူး...”

All Chapters