အခန်း ၁၈၀
Vol. 15 Ch. 180
အခန်း (၁၈၀) ဒီအရှင်က ပြိုင်ဘက်ကင်းပဲ၊ မင်းက လွတ်လပ်ခွင့်ရပြီ
ပြောဆိုသမျှ ဥပဒေဿ ဖြစ်ခြင်း။
အင်မော်တယ်နယ်မြေရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကဲ့သို့ သန်မာသော ဗားဂျရာ နတ်ဆိုးနှိမ်နင်းတုတ်ကို ကိုင်ဆောင်ထားသည့် ရဟန်းအနန္တပင်လျှင် ဤအခိုက်တွင် ချမ်ချန်ကန်းကို ရင်ဆိုင်ရချိန်၌။
သူ့ထံတွင်လည်း ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် သူက ရုတ်တရက် ဒူးထောက်ချလိုက်ရ၏။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...”
ရဟန်းအနန္တက လုံးဝထိတ်လန့်သွားပြီး ဤအရာအားလုံးကို မယုံကြည်နိုင်သေးပေ။
*သူ... သူ... သူ တကယ်ပဲ နောက်တစ်ကြိမ် ဒူးထောက်လိုက်ရပြန်ပြီ*
ပြီးခဲ့သည့်အကြိမ်က သူက ကိုယ်တိုင် ဒူးထောက်၍ အသနားခံခဲ့ခြင်းဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ မတူတော့ပေ။
သူက သိသိသာသာကို အရမ်း အစွမ်းထက်နေပြီဖြစ်သည်။
သို့သော် အဘယ်ကြောင့် ဒူးထောက်ရသနည်း။
ချမ်ချန်ကန်းက ဂရုမစိုက်သည့်အလား ကြည့်နေ၏။
ဤအခိုက်တွင် သူက နတ်ဘုရားတစ်ပါးကဲ့သို့ အထက်စီးတွင်ရှိနေသည်။
အခြားတစ်ဖက်တွင် ရဟန်းအနန္တက အားနည်းသော ပုရွက်ဆိတ်တစ်ကောင်နှင့် ပိုတူနေ၏။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ကိုယ်တော့်မှာ အင်မော်တယ်နယ်မြေရဲ့ စွမ်းအား ရှိနေပြီလေ... ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ...”
ရဟန်းအနန္တက ဤအရာအားလုံးကို လုံးဝ မယုံကြည်နိုင်သေးပေ။
“အိုး... ဆရာတော်... ပြိုင်ဘက်ကင်းတယ်ဆိုတာဘာလဲ မင်း သိလား...”
“ပြိုင်ဘက်ကင်းတယ်...”
မရေမတွက်နိုင်သော ကျင့်ကြံသူများက ရေရွတ်လိုက်ကြ၏။
ချမ်ချန်ကန်း၏ ဆိုလိုရင်းကို သူ နားမလည်ခဲ့ပေ။
သို့သော် ချမ်ချန်ကန်းက သူ့ညာလက်ကို ဖြည်းညင်းစွာမြှောက်လိုက်ပြီး ရဟန်းအနန္တထံသို့ လက်ဝါးဖြန့်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့်စွမ်းအား လှုပ်ရှားမှုမျှ မရှိပေ။
သို့သော် ရဟန်းအနန္တက သေမင်း ကျရောက်လာတော့မည်ကို သဘာဝအလျောက် အာရုံခံမိလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ တောင့်တင်းသွား၏။
“မင်း... မင်း... ဘာလုပ်... လုပ်မလို့လဲ...”
ရဟန်းအနန္တ၏အသံက တုန်ယင်နေပြီး သူ၏မျက်လုံးများထဲရှိ ကြောက်ရွံ့မှုကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
သေရတော့မည်။ သေရတော့မည်။
သူ သေရတော့မည်ဟု ခံစားနေရ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ဆရာတော်... သွေးမြူမီးရှူးမီးပန်းလေး လုပ်ပေးရမလား...”
ရဟန်းအနန္တက ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်ခဲ့ပေ။
ချမ်ချန်ကန်းက ဆန့်တန်းထားသော သူ၏ ညာလက်ကို ဖြည်းညင်းစွာ ဆုပ်လိုက်သည်ကို မြင်လိုက်ရ၏။
ဖောင်း...
ထိုအရာက အဆုံးစွန်သော ဖျက်ဆီးခြင်းစွမ်းအားဖြစ်သည်။
ရဟန်းအနန္တက အော်ဟစ်သံတစ်ချက်မျှပင် မပြုလုပ်နိုင်ဘဲ ပူဖောင်းတစ်လုံး ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ သွေးမြူမှုန် တစ်ခုအဖြစ် ပြောင်းလဲသွား၏။
အသားနှင့် သွေးများပါဝင်သော ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်အပါအဝင် အားလုံးက ဤအခိုက်တွင် လုံးဝဖျက်ဆီးခံလိုက်ရသည်။
ချမ်ချန်ကန်းက သွေးမြူမှုန်ကို ကြည့်၍ ညာလက်ကို အောက်ချလိုက်၏။
ဤသည်ကား သူ၏ ပြိုင်ဘက်ကင်းမှုပင်ဖြစ်၏။
ပြိုင်ဘက်ကင်းနယ်မြေထဲတွင်ဖြစ်၏။
လက်ချောင်းလေး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် လုပ်ဆောင်နိုင်လေသည်။
အင်မော်တယ်ဆိုရင်ရော ဘာဖြစ်လဲ။
အင်မော်တယ်နယ်မြေရှိ အသန်မာဆုံး တည်ရှိမှုပင်လျှင် သေရမည့်လမ်းသာရှိ၏။
ပြိုင်ဘက်ကင်းတယ်ဆိုတာ အကြောင်းပြချက် မရှိတာပဲ။
သူ့ကိုသတ်ရန် တစ်လျှောက်လုံး လာခဲ့သော မရေမတွက်နိုင်သည့် အင်မော်တယ်များကား သေဆုံးသွားကြလေပြီ။
တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးကို လွှမ်းခြုံထားသော ထိတ်လန့်ဖွယ် ဖိအားကြီးက နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။
ကျင့်ကြံသူများကို သက်ပြင်းချနိုင်စေသည်။
သူတို့ အသက်ရှင်ကျန်ရစ်ခဲ့ကြပြီ။
အရမ်းကြောက်ဖို့ကောင်းလွန်း၏။
သူတို့သည် ထိုထိတ်လန့်ဖွယ်ရာ ဖိအားကြောင့် တိုက်ရိုက်ဖျက်ဆီးခံရတော့မည်ဟု ထင်ခဲ့ကြ၏။
ပိုင်ယွဲ့လည်း ထိတ်လန့်သွားသည်။
“အဲဒီအာဏာရှင်ဆန်တဲ့ ဖိအားက ပျောက်ကွယ်သွားပြီလား။ သူ သေသွားပြီလား...”
သို့သော် ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
အာဏာရှင်ဆန်သောဖိအားကို ကြည့်ခြင်းအားဖြင့် လုံးဝ ဆုံးဖြတ်နိုင်သည်။
ထိုသူက မဟာတာအိုရတနာများကို သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်ပြီး ကောင်းကင်အင်မော်တယ်လျှို့ဝှက်နယ်မြေ၏ စွမ်းအားကို ထုတ်သုံးနိုင်စွမ်းရှိရမည်။
ထိုကဲ့သို့သော မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက ဘယ်လိုလုပ် အလွယ်တကူ သေဆုံးသွားနိုင်ပါမည်နည်း။
ပိုင်ယွဲ့ကို မယုံကြည်နိုင်အောင်ဖြစ်စေခဲ့၏။
ထိုအရာက ထောင်သောင်းချီသော အင်မော်တယ်နယ်မြေများတွင်ပင် ရှားပါးကြောင်း သိထားရမည်။
ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေသို့ ရောက်ရှိနေသော အင်မော်တယ်များက အဆင့်အတန်း မြင့်မားကြသည်။
အကယ်၍ သတ်ဖြတ်ခံရမည်ဆိုပါက မျိုးစုံသော အသက်ကယ်ကတ်ပြားများကို သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်ထားရမည် ဖြစ်၏။
သတ်ဖြတ်ခံရရန်ဆိုသည်မှာ လွယ်ကူသောကိစ္စ လုံးဝမဟုတ်ပေ။
လုံးဝပင် မဖြစ်နိုင်ချေ။
ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေ ၏ စွမ်းအားကို ပိုင်ဆိုင်ထားသော တာအိုစောင့်ရှောက်သူ အင်မော်တယ်အရှင်သခင်က ကျူးရှို့တိုက်ကြီးတွင် သေဆုံးသွားခဲ့၏။
တကယ့်ကို ဟာသတစ်ခုပင်ဖြစ်တော့၏
“ပိုင်ယွဲ့... နင် ဘာတွေ တွေးနေတာလဲ...”
ဘေးနားရှိ အားမြောင်က ပိုင်ယွဲ့၏ အမူအရာ အလွန် ဆိုးရွားနေသည်ကို မြင်လိုက်ရ၏။
ပိုင်ယွဲ့က ပြောလိုက်သည်။
“အားမြောင်... ခုနက အရမ်းအစွမ်းထက်တဲ့ အင်မော်တယ်တစ်ပါး တောင်ပေါင်းတစ်သိန်းတောင်တန်းကို ရောက်လာတယ်။ အဲ့ဒီဖိအားကို နင် ခံစားမိမှာပါ...”
အားမြောင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများရှိနေဆဲ ဖြစ်၏။
“ဟုတ်တယ်။အဲဒီလောက် ကြောက်ဖို့ကောင်းတဲ့ဖိအား။အဲဒီ ဖိအားကြောင့် ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားတယ်...”
“အဲဒီဖိအားက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ အားမြောင်... အဲဒီ အင်မော်တယ်က ထွက်ပြေးသွားတာလား။ ဒါမှမဟုတ် စီနီယာရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာလား...”
“ဟီးဟီး... အဲဒီအင်မော်တယ်က တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်းလုပ်ရဲတယ်။ ခုနကဖိအားကြောင့် တောင်ပေါင်းတစ်သိန်းတောင်တန်းမှာရှိတဲ့ ကျင့်ကြံသူ တော်တော်များများ ဒဏ်ရာရသွားလောက်တယ်။ တောင်ပေါင်းတစ်သိန်းတောင်တန်းက အခု စီနီယာရဲ့နယ်မြေဆိုတာ နင်သိထားရမယ်...”
“စီနီယာရဲ့နယ်မြေကိုလာပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ဆိုရင်... သေချာပေါက် သေရမှာပဲ...”
ပိုင်ယွဲ့၏ အမူအရာက ရှုပ်ထွေးနေဆဲဖြစ်၏။
“ဒါပေမဲ့ အဲဒီအင်မော်တယ်က အရမ်း သန်မာတယ်လေ။ စီနီယာက...”
အားမြောင်က ပိုင်ယွဲ့၏ စကားကို ဖြတ်ပြောလိုက်ပြီး လက်ဝှေ့ယမ်းကာ လေးစားအားကျသည့် အမူအရာကို ပြသလိုက်သည်။
“အင်မော်တယ်တွေက ဘယ်လောက်ပဲ သန်မာပါစေ စီနီယာလောက် သန်မာလို့လား...”
“အဲဒါတော့ ဟုတ်တယ်...”
ပိုင်ယွဲ့က ခေါင်းညိတ်လိုက်၏။
ဘာမှထပ်မပြောတော့ပေ။
အကယ်၍ ချမ်ချန်ကန်းက ထိုအင်မော်တယ်ကို တကယ်သတ်ဖြတ်နိုင်ခဲ့သည်ဆိုပါက သူ၏ စွမ်းအားက ထိတ်လန့်ဖွယ်ရာ အဆင့်တစ်ခုသို့ လုံးဝရောက်ရှိနေပြီဟုဆိုလိုခြင်း ဖြစ်သည်။
ထိုအခါ သူမက ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
ချမ်ချန်ကန်းကို ဆရာအဖြစ် ရိုသေစွာ တောင်းဆိုမည်။
သူမက တိတ်တဆိတ် တွေးလိုက်၏။
“စီနီယာက ပုန်းအောင်းနေတဲ့ ဆရာကြီးတစ်ဦး ဖြစ်ပြီး သူ့ရဲ့စွမ်းအားက ခန့်မှန်းရခက်တယ်။ အခြား အင်မော်တယ်နယ်မြေက ပါရမီရှင် တွေလည်း စီနီယာရဲ့တပည့်ဖြစ်ဖို့ မျှော်လင့်ကြလိမ့်မယ် ထင်တယ်...”
တပည့်လက်ခံပွဲက သေချာပေါက် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ဤအခိုက်တွင် ပိုင်ယွဲ့၏ စိတ်ထဲတွင်ပင် ယုံကြည်မှုသိပ်မရှိတော့ချေ။
ခြုံပြောရလျှင် သူမက တပည့်လက်ခံပွဲတွင် ထင်ပေါ်ကျော်ကြားနိုင်ခြင်းမရှိဘဲ ချမ်ချန်ကန်း၏ တပည့် မဖြစ်နိုင်လျှင်တောင်မှ ပိုင်ယွဲ့က ချမ်ချန်ကန်းနှင့် မိတ်ဆွေဖွဲ့နိုင်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်၏။
ရဟန်းအနန္တ သေဆုံးသွားသော်လည်း အင်မော်တယ်စွမ်းအား၏ အဆီအနှစ်များက ရှိနေဆဲဖြစ်သည်။
ချမ်ချန်ကန်း၏ လက်ထဲတွင် သေချာပေါက် ဆေးလုံးတစ်လုံးအဖြစ် ပြန်လည် ပြောင်းလဲသွား၏။
ဤသည်ကား အင်မော်တယ်အရှင်သခင် အဆင့်ရှိ အစွမ်းထက်ပိုမြင့်သော အင်မော်တယ်ကို စုစည်းထားသော ဆေးလုံးဖြစ်ပြီး ၎င်းတွင်ပါဝင်သော စွမ်းအားက အလွန်အံ့အားသင့်ဖွယ် ကောင်းလှသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းပေါင်အာက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ဆေးလုံးမှ စွမ်းအားအနည်းငယ်ကို သန့်စင်ခြင်းဖြင့် အဆင့်အနည်းငယ်သာ ထိုးဖောက်နိုင်ခဲ့၏။
အကယ်၍ ဆေးလုံးကို အပြည့်အဝ သန့်စင်နိုင်မည်ဆိုပါက လင်းပေါင်အာက အင်မော်တယ်ဖြစ်လာရန် ကျင့်ကြံဖို့ သေချာပေါက် လုံလောက်မည်ဖြစ်သည်။
ယခု နောက်ထပ် ဆေးလုံးတစ်လုံး ထပ်ရလာလေပြီ။
အမြီးလေးမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိလာပြီးနောက် သူမအတွက်လည်း ကျင့်ကြံရန် အသုံးပြုနိုင်သည်။
ဆေးလုံးကို သိမ်းဆည်းလိုက်၏။
ဟင်းလင်းပြင်ထဲတွင် ဗုဒ္ဓနှင့်တာအို ရတနာဖြစ်သော ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်နှင့် သိုလှောင်လက်စွပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
သုက လက်ကို မြှောက်လိုက်၏။
သူက ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်နှင့် သိုလှောင်လက်စွပ်ကို လက်ထဲသို့ ဆွဲယူလိုက်သည်။
တစ်မုဟုတ်ချင်းပင် ချမ်ချန်ကန်းက ၎င်းထံမှ အလွန်အာဏာရှင်ဆန်သော ဗုဒ္ဓနှင့် တာအို စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
“ဒီအရာကြောင့် သူ့ရဲ့ စွမ်းအားတွေ ခုန်ပျံကျော်လွှား တိုးတက်လာတာပဲ... ဒီအရာနဲ့ ငါ့ကိုရင်ဆိုင်နိုင်မယ်လို့ မင်း ထင်နေတာလား...”
ချမ်ချန်ကန်းက ခေါင်းကို ခပ်ဖွဖွခါလိုက်ပြီး ဤဗုဒ္ဓနှင့်တာအိုရတနာကို သူ အရေးမစိုက်ခဲ့ပေ။
ထို့နောက် ချမ့်ချန်ကန်းက သိုလှောင်လက်စွပ်ကို အာရုံစိုက်လိုက်၏။
“ဒီသိုလှောင်လက်စွပ်ထဲမှာ အင်မော်တယ်ကျောက်တုံး ဘယ်နှတုံးရှိလဲ မသိဘူး...”
ကျင့်ကြံခြင်းမရှိဘဲ သိုလှောင်လက်စွပ်ကို ဖွင့်၍ မရပေ။
ထို့ကြောင့် အင်အားသုံး၍ ဖျက်ဆီးလိုက်၏။
အထဲမှ ပစ္စည်းများ ကျလာသည်။
သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းများက သိပ်မရှိလှပေ။
ဗုဒ္ဓဘာသာ ကျမ်းစာအချို့၊ အဝတ်အစားများနှင့် ဆေးမြစ်များမှလွဲ၍ အင်မော်တယ်ကျောက်တုံး အနည်းငယ်သာ ရှိ၏။
ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး သုံးခုသာရှိပြီး အခြားအဆင့် အင်မော်တယ် ကျောက်တုံးများမှာလည်း သိပ်မများလှပေ။
“ဒီကိုယ်တော်က တကယ့်ကိုဆင်းရဲသားပဲ...”
ဤအချိန်၌ ချမ်ချန်ကန်း၏လက်ထဲရှိ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်က တစ်စုံတစ်ရာ၏ ဆင့်ခေါ်မှုကို ခံလိုက်ရသည့်အလား ချမ်ချန်ကန်း၏ လက်ထဲမှ ရုန်းထွက်ချင်နေ၏။
ချမ်ချန်ကန်းက ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကို ဆုပ်ကိုင်ထားလိုက်သည်။
ဤဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်၏စွမ်းအားက ထိတ်လန့်ဖွယ် ကောင်းပြီး အာဏာရှင်ဆန်သော်လည်း ချမ်ချန်ကန်း၏ လက်ထဲမှ ရုန်းထွက်ရန်မှာ မဖြစ်နိုင်ပေ။
မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး ချမ်ချန်ကန်းက ဖေးရှန်းတောင်ရှိရာဘက်သို့ ကြည့်လိုက်၏။
သူ သတိပြုမိသွားသည်။
ဤဗုဒ္ဓရတနာကို ဆင့်ခေါ်နေသည်မှာ ဗောဓိပင်အောက်ရှိ ရွှေရောင်အသားလုံးကြီး ဖြစ်၏။
“ဆင့်ခေါ်နေတာလား... အသားလုံးက လုံးဝ ကြီးထွားလာတော့မယ့်ပုံပဲ...”