← Chapters

အခန်း ၁၈၃

Vol. 15 Ch. 183

အခန်း ၁၈၃

Vol. 15 Ch. 183

အခန်း (၁၈၃) တာအိုရောင်းရင်း... မင်း ဘယ်လိုထင်လဲ

သူ ထိတ်လန့်သွား၏။

ဤမျှထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားမျိုး။

သူက အလျင်အမြန် ပြောလိုက်သည်။

“တာအိုရောင်းရင်း... ပြောစရာရှိရင်ပြောပါ...”

“ခုနက တကယ့်ကို နားလည်မှုလွဲတာ သက်သက်ပါ...”

ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်၏။

“မင်းက နားလည်မှုလွဲတယ်ပြောတိုင်း နားလည်မှုလွဲတာ ဖြစ်သွားရောလား...”

“မင်းက ရှမီအင်မော်တယ်နယ်မြေရဲ့အရှင်သခင်ဆိုမှတော့ မင်းရဲ့စွမ်းအားက အရမ်းသန်မာရမယ်မလား။ ဒီဖိအားကို မင်း သေချာပေါက်ခံနိုင်ရည်ရှိမှာပါ...”

ဝူမင်ခမျာ အလွန်ကြောက်ရွံ့နေပြီး သူသည် သံသရာစက်ဝန်း ခြောက်သွယ်ထဲမှ နောက်ဆုံးတော့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ထပ်သေရတော့မလို့လား။

ပို၍ အရေးကြီးသည်မှာ အကယ်၍ ဤတစ်ကြိမ်သေရမည်ဆိုပါက သူတကယ် သေသွားနိုင်ခြေများသည်။

“တာအိုရောင်းရင်... ကိုယ်တော် တကယ်မလိမ်ပါဘူး။ အဲ့ဒါက တကယ့်ကို နားလည်မှုလွဲတာပါ။ တာအိုရောင်းရင်းကို ဒေါသထွက်စေခဲ့မိတာ ကိုယ်တော့်ရဲ့အမှားပါ။ ကိုယ်တော်သေချာပေါက် ပြန်လည် ပေးဆပ်ပါ့မယ်...”

“အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်တစ်ဦးအနေနဲ့ တာအိုရောင်းရင်းက ဘယ်လိုအခြေအနေတွေ၊ တောင်းဆိုချက်တွေပဲ တောင်းဆိုပါစေ ငအကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်...”

ဝူမင်သည် အသက်ငယ်သေးပုံ ပေါက်သော်လည်း ဤနေရာတွင် ချမ်ချန်ကန်းက မည်သည့်ညှာတာမှုမျှ မပြသခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူက ကလေးအစစ် မဟုတ်ပေ။

သို့သော် ဤဝူမင်၏ပါးစပ်မှ လျော်ကြေးဟု ပြောလိုက်သောအခါ ချမ်ချန်ကန်း အတော်လေး စိတ်ဝင်စားသွား၏။

သူက ဖိအားကို ဆက်မပေးတော့ပေ။

အကယ်၍ ဖိအားဆက်ပေးနေမည်ဆိုပါက ဖိအားကို အားကိုးရုံဖြင့် ဝူမင်ကို ဖျက်ဆီးပစ်ရန် လုံလောက်၏။

သူက တကယ်ပဲ အင်မော်တယ်နယ်မြေ၏အရှင်သခင်ဖြစ်နေလျှင်တောင် အခြေအနေက အတူတူပင်ဖြစ်သည်။

“ဘယ်လို အခြေအနေပဲဖြစ်ဖြစ်... အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တယ်လား...”

ချမ်ချန်ကန်းက အမူအရာကင်းမဲ့စွာဖြင့် ဝူမင်ကို စိုက်ကြည့်နေ၏။

ရိုးရိုးသားသားပြောရလျှင် ဝူမင်၏စကားကို သူ သံသယရှိသည်။

ဝူမင်လည်း ရှိနေသောနေရာတွင် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်၏။

လက်ရှိတွင် သူ့အသက်က ချမ်ချန်ကန်း၏ လက်ထဲတွင် လုံးဝရှိနေသည်။

သူသည် ယခုလေးတင်မှ ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့ အလွယ်တကူ သေသွား၍ မဖြစ်ပေ။

“မင်းက အင်မော်တယ်နယ်မြေရဲ့အရှင်သခင် ဆိုမှတော့ ငါလိုချင်တဲ့ လျော်ကြေးက မင်းအတွက် မခက်ခဲလောက်ပါဘူး...”

“တာအိုရောင်းရင်း ကျေးဇူးပြုပြီး ပြောပါ...”

ချမ်ချန်ကန်းက ပြောလိုက်၏။

“မင်း အင်မော်တယ်မိုင်းတွင်း ထုတ်ပေးနိုင်မလား...”

“အင်မော်တယ်မိုင်းတွင်းလား...”

ဝူမင်က လန့်သွားသည်။

“မထုတ်ပေးနိုင်ဘူးလား...”

ဝူမင်က အလျင်အမြန် ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။

“တာအိုရောင်းရင်း... သင်ပြောတဲ့ အင်မော်တယ်မိုင်းတွင်းကို ကိုယ်တော်သေချာပေါက် ထုတ်ပေးနိုင်ပါတယ်...”

သူက သက်ပြင်းချလိုက်သည်။

ချမ်ချန်ကန်းက မည်သည့်လျော်ကြေးမျိုး တောင်းမည်ကိုလည်း သူ စိုးရိမ်နေခဲ့၏။

အင်မော်တယ်မိုင်းတွင်းတစ်ခုမျှသာ ဖြစ်သည်။

အင်မော်တယ်မိုင်းတွင်းက တန်ဖိုးကြီးပြီး ရှားပါးသော်လည်း ရရှိနိုင်ဆဲဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူကအင်မော်တယ်နယ်မြေ၏ အရှင်သခင် ဖြစ်ခဲ့ဖူးသည်။

“အရမ်းကောင်းတယ်... လျော်ကြေးအနေနဲ့ အင်မော်တယ်မိုင်းတွင်းတစ်ရာထုတ်ပေး။ ပြီးရင် မင်းကို သေခွင့်ပြုမယ်”

သို့သော် ချမ်ချန်ကန်း ဤစကားကို ပြောလိုက်သောအခါ ဝူမင်ခမျာ လုံးဝ ဆွံ့အသွား၏။

*အင်မော်တယ်မိုင်းတွင်းတစ်ရာလား။ ဒီကောင်က တော်တော်လောဘကြီးတာပဲ*

အကယ်၍ သူသာ အင်မော်တယ်နယ်မြေ၏ အရှင်သခင်ဖြစ်နေဆဲဆိုပါက အင်မော်တယ်မိုင်းတွင်းတစ်ရာ ထုတ်ပေးရန်ကက မခက်ခဲပေ။

သို့သော် ယခု သူ့အတွက်မူ သူက အင်မော်တယ်နယ်မြေ၏ အရှင်သခင် မဟုတ်တော့ပေ။

ရှမီအင်မော်တယ်နယ်မြေသို့ ပြန်သွားလျှင် အလွန်ဆုံး အင်မော်တယ်မိုင်းတွင်းခုနစ်ခု သို့မဟုတ် ရှစ်ခုသာ ထုတ်ပေးနိုင်မည်ဖြစ်၏။

ချမ်ချန်ကန်းလိုချင်သော အင်မော်တယ်မိုင်းတွင်းတစ်ရာကို သူ လုံးဝ မထုတ်ပေးနိုင်ပေ။

ဝူမင်က ယခုအခါ အလွန်အနေခက်နေပြီး အားနည်းစွာဖြင့် ပြောလိုက်သည်။

“တာအိုရောင်းရင်း အင်မော်တယ်မိုင်းတွင်း တစ်ရာဆိုတာက အရမ်းများမနေဘူးလား...”

“များတယ်လား... ဘုန်းကြီးလေး... မင်းကိုယ်မင်း ရှမီအင်မော်တယ်နယ်မြေရဲ့ အရှင်သခင်လို့ ကြွေးကြော်ထားတာလေ။ အင်မော်တယ်မိုင်းတွင်းတစ်ရာထုတ်ပေးဖို့ဆိုတာက မင်းအတွက် မခက်ခဲလောက်ပါဘူး...”

“ဒါ့အပြင်... မင်းရဲ့အသက်က အင်မော်တယ်မိုင်းတွင်းတစ်ရာလောက်ပဲ တန်တယ်လို့ ငါ မထင်ဘူး...”

ဝူမင်က ရယ်ကျဲကျဲ လုပ်လိုက်၏။

“တာအိုရောင်းရင်းပြောတာမှန်ပါတယ်။ ကိုယ်တော့ရဲ့ အသက်နဲ့ ယှဉ်ရင် အင်မော်တယ်မိုင်းတွင်းတစ်ရာက တကယ့်ကို ဘာမှမဟုတ်ပါဘူး...”

“ဒါပေမဲ့ အခုမှ ကိုယ်တော်ကလူဝင်စားလာတာဆိုတော့ အင်မော်တယ်နယ်မြေရဲ့ အရှင်သခင် မဟုတ်တော့ဘူးလေ...”

ချမ်ချန်ကန်း၏ မျက်လုံးများက အေးစက်သွား၏။

“အဲဒီလိုဆိုရင်တော့ ငါ လိုချင်တဲ့ လျော်ကြေးကို မရနိုင်ဘူးပေါ့...”

ဝူမင်က အလျင်အမြန် ပြောလိုက်သည်။

“စိတ်မဆိုးပါနဲ့ တာအိုရောင်းရင်းရဲ့... ကိုယ်တော်သာ အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်ပြန်ဖြစ်လာတဲ့အခါကျ သင်လိုချင်တဲ့ အင်မော်တယ်မိုင်းတွင်းတစ်ရာကို သေချာပေါက် ပေးပါ့မယ်...”

ခမ်းနားကြီးကျယ်လှသော အင်မော်တယ်နယ်မြေ၏ အရှင်သခင်က ချမ်ချန်ကန်း၏ရှေ့တွင် နှိမ့်ချနေရသည်မှာ သူ့တစ်ယောက်တည်းသာ ရှိလောက်မည်။

သို့သော် တခြားနည်းလမ်းမရှိပေ။

ပြန်လည်မွေးဖွားလာရန်က အလွန်ခက်ခဲ၏။

သူသည် ဤကဲ့သို့ ထပ်မသေချင်တော့ပေ။

ချမ်ချန်ကန်းက ဝူမင်ကို ဖြည်းညင်းစွာ ကြည့်လိုက်သည်။

ဝူမင်က လိမ်နေခြင်းမဟုတ်ပေ။

သို့သော် ချမ်ချန်ကန်းအတွက်မူ ဝူမင်က တကယ်ပဲ အင်မော်တယ်နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်သည်ဆိုပါက သူ့ကို ဤကဲ့သို့ သတ်ပစ်လိုက်ခြင်းက အနည်းငယ်မတန်ပေ။

စဉ်းစားကြည့်ပြီးနောက် ချမ်ချန်ကန်းက ထပ်ပြောလိုက်၏။

“ကောင်းပြီ... မင်းကို ငါ အရင် မသတ်သေးဘူး...”

“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း...”

“အခု မင်း အင်မော်တယ်မိုင်းတွင်း ဘယ်နှခု ထုတ်ပေးနိုင်လဲ...”

ချမ်ချန်ကန်းက ဝူမင်နှင့် အပိုစကားများ မပြောတော့ပေ။

တိုက်ရိုက်ပဲ ပြောလိုက်၏။

သူလိုအပ်သည်မှာ အင်မော်တယ်မိုင်းတွင်း သာ ဖြစ်သည်။

အကယ်၍ မထုတ်ပေးနိုင်လျှင် သေသင့်၏။

ဝူမင်က စဉ်းစားလိုက်သည်။

“တာအိုရောင်းရင်း.. အခု ကိုယ်တော်က အင်မော်တယ်မိုင်းတွင်း ရှစ်ခုလောက်ပဲ အလွန်ဆုံးထုတ်ပေးနိုင်တယ်...”

“ရှစ်ခု...”

ချမ်ချန်ကန်းက မျက်လုံးများကို အနည်းငယ် မှေးလိုက်၏။

အင်မော်တယ်မိုင်းတွင်းတစ်ရာနှင့် များစွာ ကွာခြားသော်လည်း ပိုင်ယွဲ့၏ မိသားစုတွင် အင်မော်တယ်မိုင်းတွင်းဆယ်ခုသာရှိသည်။

ဝူမင်ထံမှ အင်မော်တယ်မိုင်းတွင်းရှစ်ခုရရှိလျှင် ကောင်းမည်ဖြစ်၏။

ဝူမင်က ချမ်ချန်ကန်း မကျေနပ်မည်ကို စိုးရိမ်သဖြင့် ကြောက်ရွံ့နေသည့်ပုံ ပေါက်နေသည်။

သူ့ကို တိုက်ရိုက်သတ်ပစ်မည်ကို စိုးရိမ်နေ၏။

“အင်မော်တယ်မိုင်းတွင်းရှစ်ခုက အင်မော်တယ်မိုင်းတွင်းတစ်ရာနဲ့ အများကြီး ကွာခြားပေမဲ့ လုံးဝမရှိတာထက်စာရင်တော့ ကောင်းပါတယ်။ အင်မော်တယ်မိုင်းတွင်း ရှစ်ခုကို အရင်ထုတ်ပေး။ ငါ မင်းကို လောလောဆယ် မသတ်သေးဘူး...”

“ပြဿနာမရှိပါဘူး... တာအိုရောင်းရင်း ကိုယ်တော့်ကို ရှမီအင်မော်တယ်နယ်မြေဆီ ခေါ်သွားပေးပါ။ ငါက အင်မော်တယ်မိုင်းတွင်းရှစ်ခုကို တာအိုရောင်းရင်းဆီ လွှဲပြောင်းပေးဖို့ သွားပါ့မယ်...”

“မင်းကို ရှမီအင်မော်တယ်နယ်မြေဆီ ခေါ်သွားရမယ်...”

ချမ်ချန်ကန်းက နားမလည်နိုင်ဖြစ်နေ၏။

“ဟုတ်တယ်လေ...ကိုယ်တော့်ရဲ့လက်ရှိ ကျင့်ကြံမှုက အင်မော်တယ်တံခါးပေါက်ကို ဖွင့်ပြီး အင်မော်တယ်နယ်မြေတစ်သောင်းနယ်မြေဆီ သွားဖို့က မလုံလောက်သေးဘူး။ ဒါပေမဲ့ တာအိုရောင်းရင်းရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့ဒါကို လုပ်ဖို့က မခက်ခဲပါဘူး...”

ကတုံးလေးပြောသော အင်မော်တယ်တံခါးပေါက်ကို မည်သို့ ဖွင့်ရမည်ကို သရဲတစ္ဆေတွေသာသိလိမ့်မည်။

*အကယ်၍ မင်းနှင့်အတူ ရှမီအင်မော်တယ်နယ်မြေသို့ သွားရမည် ဆိုပါက ငါ့ရဲ့ပြိုင်ဘက်ကင်းနယ်မြေထဲကနေ ထွက်ရတော့မှာပေါ့။ ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ချမ်ချန်ကန်းက တစ်ခဏမျှ စကားမပြောနိုင် ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

“တာအိုရောင်းရင်း... သင် ဘယ်လိုထင်လဲ...”

All Chapters