← Chapters

အခန်း ၁၈၄

Vol. 15 Ch. 184

အခန်း ၁၈၄

Vol. 15 Ch. 184

အခန်း (၁၈၄) ခြောက်လှန့်ခြင်း၊ ချမ်ချန်ကန်း၏ ရည်ရွယ်ချက်

ထိုအရာက အမှန်ပင်ဖြစ်၏။

ဤဝူမင်၏ လူဝင်စားခြင်းက အင်မော်တယ်မိုင်းတွင်းကို သူနှင့်အတူ မည်သို့ ယူဆောင်လာနိုင်မည်နည်း။

*အမှားကြီး မှားသွားပြီ*

အခြားတစ်ဖက်တွင် ချမ်ချန်ကန်းက အမူအရာ ကင်းမဲ့စွာဖြင့် ဝူမင်ကို စိုက်ကြည့်နေ၏။

ဝူမင်က ချမ်ချန်ကန်း၏ အကြည့်ကြောင့် တုန်လှုပ်နေသည်။

အလွန်ကြောက်ရွံ့နေ၏။

သေရတော့မည့် ခံစားချက်မျိုးရနေသည်။

သူ့စကားမှားသွားတာများလား။

သို့သော် သူ ဘာမှမပြောခဲ့သလိုပဲ။

ချမ်ချန်ကန်းက စဉ်းစားနေ၏။

သူက ဝူမင်ကို ထွက်သွားခွင့် မပြုနိုင်ပေ။

ပြိုင်ဘက်ကင်းနယ်မြေထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဤဝူမင်ကို သူ မဖမ်းနိုင်တော့ပေ။

သို့သော် ထိုအရာမှလွဲ၍ လက်ရှိပြဿနာကို ဖြေရှင်းရန် အခြားနည်းလမ်း မရှိတော့သည့်ပုံ ပေါက်၏။

ပြိုင်ဘက်ကင်းသောစွမ်းအားက ဝူမင်ကို ထပ်မံဖိနှိပ်လိုက်သည်။

ဝူမင်ခမျာ ပို၍ ကြောက်ရွံ့သွား၏။

*ချမ်ချန်ကန်းက သူ့ကို အခုပဲ သတ်တော့မလို့လား*

“တာအိုရောင်းရင်း... သင် မကျေနပ်ရင် ကိုယ်တော်တို့ ထပ်ဆွေးနွေးလို့ရပါတယ်...”

“မင်းနဲ့အတူ ရှမီအင်မော်တယ်နယ်မြေကို လိုက်သွားဖို့ ငါ စိတ်မဝင်စားဘူး...”

ချမ်ချန်ကန်းက တိုက်ရိုက်ပြောလိုက်၏။

“တာအိုရောင်းရင ရှမီအင်မော်တယ်နယ်မြေကို မသွားဘူးဆိုရင် အဲဒီ့အင်မော်တယ်မိုင်းတွင်း တွေကို ဘယ်လိုသွားယူမလဲ...”

ဝူမင်က အနေခက်နေ၏။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်မိုင်းတွင်းက အထက်ဘုံတွင်ရှိနေပြီး ဤကျူးရှို့တိုက်ကြီးသို့ ရွှေ့ပြောင်း၍ မရနိုင်ပေ။

ချမ်ချန်ကန်းက ဤပြဿနာကို မစဉ်းစားမိခဲ့ပေ။

သို့သော် ယခုက ထိုအရာများကို စဉ်းစားရန် အချိန်မဟုတ်ချေ။

သူက အေးစက်စွာ ပြောလိုက်၏။

“ဘုန်းကြီးလေး... မင်း သေချင်တာလား... ရှင်ချင်တာလား...”

“တာအိုရောင်းရင်း… ကိုယ်တော်က သေချာပေါက် ရှင်ချင်တာပေါ့...”

ဝူမင်က အလျင်အမြန် ပြောလိုက်သည်။

ချမ်ချန်ကန်းက ထပ်ပြောလိုက်၏။

“မင်းကိုယ်မင်း ရှမီအင်မော်တယ်နယ်မြေရဲ့ အရှင်သခင်လို့ ပြောနေမှတော့ ဘာသက်သေ ရှိလို့လဲ...”

“တာအိုရောင်းရင်း…သင်မယုံရင် ကိုယ်တော် မဟာတာအိုကို သစ္စာဆိုလို့ ရပါတယ်...”

ချမ်ချန်ကန်းက ခပ်ဖွဖွ ပြောလိုက်၏။

“အရမ်းကောင်းတယ်... ငါ မင်းကိုယုံတယ်...”

သူ့စိတ်ထဲတွင် အခြားအကြံအစည် းတစ်ခု ရှိနေသည်။

“ဘုန်းကြီးလေး... အခု မင်းက အင်မော်တယ်မိုင်းတွင်းကို မထုတ်ပေးနိုင်ဘူး။ မင်း ရှင်ချင်တယ်ဆိုရင်တော့ နည်းလမ်း တစ်ခုပဲ ရှိတယ်။ အဲဒါက ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ပဲ”

“တာအိုရောင်းရင်း… သင် အရမ်း လွန်လွန်းနေပြီ...”

ထိုဝူမင်က ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ ချက်ချင်း မပျော်မရွှင်ဖြစ်သွား၏။

*သူ ဘာပြောလိုက်တာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက သူက ရှမီအင်မော်တယ်နယ်မြေရဲ့ အရှင်သခင်လေ။ ချမ်ချန်ကန်းကို ဆရာအဖြစ် အသိအမှတ်ပြုခိုင်းတယ်တဲ့။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ကို စော်ကားနေတာပဲ*

“ရှမီအင်မော်တယ်နယ်မြေမှာ ငါ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သင့်ကို ဆရာအဖြစ်အသိအမှတ်ပြုဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... တာအိုရောင်းရင်း မစဉ်းစားနဲ့...”

“ကောင်းပြီ... မဖြစ်နိုင်ဘူး ဆိုတော့လည်း မင်းကိုငါ သတ်ရမှာပေါ့...”

ချမ်ချန်ကန်းက ဝူမင်နှင့် အပိုစကားများ မပြောတော့ပေ။

ထိတ်လန့်ဖွယ်ကောင်းသော အဆုံးအစမဲ့သော ဖျက်ဆီးခြင်း စွမ်းအားများကို ထုတ်လွှတ်လိုက်၏။

သေခြင်းတရား၏ ခံစားချက်က ဝူမင်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

ဝူမင်၏ မျက်နှာကို အကြီးအကျယ် ပြောင်းလဲသွားစေ၏။

ဤချမ်ချန်ကန်းက အရမ်းပြတ်သားလွန်းသည်။

*ငါကမင်းကို နောက်ပြောင်ရုံသက်သက်ပါ။ မင်းက သတ်ဖို့လုပ်နေပြီ။ မလုပ်ပါနဲ့*

ဝူမင်ကလည်း သိထား၏။ အကယ်၍ ချမ်ချန်ကန်းက သူ့ကို သတ်ချင်သည် ဆိုပါက သူ သေချာပေါက် ချမ်ချန်ကန်း၏လက်ထဲတွင် သေရမည်ဖြစ်သည်။ ထို့ကြောင့် သူက အပိုစကားတွေ ဘယ်လိုလုပ်ပြောရဲမှာလဲ။

“တာအိုရောင်းရင်... တာအိုရောင်းရင်း... နောက်တာပါ... နောက်တာပါ... အတည် မယူပါနဲ့...”

‘ဒုန်း’ ခနဲ အသံတစ်ခု ထွက်ပေါ်လာ၏။

ဝူမင်က အရိုးမပါသည့်အလား မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်သည်။

“ဝူမင်က ဆရာ့ကို ဂါရဝပြုပါတယ်... ဆရာသခင် ကြီးမြတ်ပြီး အင်မော်တယ်တာအိုလမ်းစဉ်မှာ တိုးတက်ပါစေလို့ ဆုတောင်းပါတယ်...”

လင်းပေါင်အာ - “...”

အမြီးလေး - “...”

ချမ့်ချန်ကန်း - “...”

*ဒီကောင်က သတ္တိ လုံးဝ မရှိဘူးပဲ*

ချမ်ချန်ကန်းက ဆွံ့အသွား၏။

*ဒါက တကယ်ပဲ အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်လား*

ချမ်ချန်ကန်းက သံသယဝင်သွားသည်။

ဝူမင်လည်း အနေခက်နေ၏။

သူ့မျက်နှာက နီရဲသွားသည်။

သူလည်း မလိုချင်ပေ။

ဒါပေမဲ့ တခြားနည်းလမ်းမှမရှိတာ။

အကယ်၍ အသနားခံမတောင်းပန်ရင် ချမ်ချန်ကန်း၏ လက်ထဲတွင် မကြာမီ သေဆုံးသွားမည်ကို သူ ကြောက်ရွံ့နေ၏။

ပြန်လည်မွေးဖွားလာရန် အလွန် ခက်ခဲခဲ့သည်။

သူ ထပ်မသေချင်တော့ပေ။

ပို၍ အရေးကြီးသည်မှာ အကယ်၍ ဤတစ်ကြိမ်သေရမည်ဆိုပါက သူ ထပ်မံပြန်လည်ရှင်သန်ရန် အခွင့်အရေးရှိမည်ဟု ယုံကြည်မှုမရှိချေ။

ဝူမင်က သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုမှတော့ သေချာပေါက် ချမ်ချန်ကန်းက သူ့ကို တိုက်ရိုက်သတ်ပစ်မည် မဟုတ်ပေ။

ချမ်ချန်ကန်းထံတွင် ဝူမင်ကို ထိန်းချုပ်ရန် နည်းလမ်းလည်း မရှိချေ။

သို့သော် ဤအရာအားလုံးက ချမ်ချန်ကန်း အတွက်မူ လုံးဝ အရေးမကြီးပေ။

ခြောက်လှန့်ဖို့ကိစ္စ၌ သူက အတော်ဆုံးပင်။

“မင်း စိတ်ဝိညာဉ်ကို လွှတ်ပေးလိုက်...”

ချမ်ချန်ကန်းက ဝူမင်ကို ပြောလိုက်၏။

ဝူမင်၏အမူအရာက ရှုပ်ထွေးသွားပြီး ချမ်ချန်ကန်း ဘာလုပ်မည်ကို မသိပေ။

သေချာပေါက် အရာအားလုံးကို ချမ်ချန်ကန်း ပြောသည့်အတိုင်း သူ လုပ်ဆောင်လိုက်သည်။

ထို့နောက် ဝူမင်က ထိတ်လန့်ဖွယ် စွမ်းအားတစ်ခု သူ၏ စိတ်ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။

မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ၏စိတ်ဝိညာဉ်က တုန်ခါသွားပြီး ပြင်းထန်သော နာကျင်မှုဖြင့် မြေကြီးပေါ်သို့ လဲကျသွားသည်။

သူ့မျက်နှာက ဖြူရော်သွားပြီး သွေးဆုတ်သွားစေသည်အထိဖြစ်သွားသည်။

ကံကောင်းစွာဖြင့် နာကျင်မှုက တစ်ခဏသာ ကြာခဲ့၏။

သို့သော် ထိုမျှနှင့်ပင် ဝူမင်ကို သေရတော့မည့် ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။

*အစ်ကို... ငါ မင်းကို ဆရာအဖြစ် အသိအမှတ်ပြုပြီးပြီလေ။ မင်းက ငါ့ကို သတ်ချင်သေးတာလား*

“ငါက မင်းရဲ့စိတ်ဝိညာဉ်ထဲမှာ သေခြင်းတံဆိပ်တစ်ခုထည့်ထားလိုက်ပြီ။ မင်း ဘယ်နေရာမှာပဲရှိနေပါစေ ငါ့ရဲ့စိတ်အာရုံ လှုပ်ရှားလိုက်တာနဲ့ မင်းရဲ့စိတ်ဝိညာဉ်ထဲက သေခြင်းတံဆိပ်က ပေါက်ကွဲပြီး မင်းကို ချက်ချင်း သတ်ပစ်လိမ့်မယ်...”

ထိုတည်ငြိမ်သော စကားများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

*အစ်ကို... မင်းကတကယ်ရက်စက်တာပဲ…*

ဝူမင်က အလွန်ကြောက်ရွံ့သွားသဖြင့် တံတွေးမျိုချလိုက်သည်။

သူက ဖြူရော်သွား၏။

သူ့စိတ်ဝိညာဉ်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။

သို့သော် ချမ်ချန်ကန်းထားခဲ့သော သေခြင်းတံဆိပ်၏ အငွေ့အသက်ကို သူ ရှာမတွေ့ခဲ့ပေ။

ချမ်ချန်ကန်းက ပြောလိုက်၏။

“သေခြင်းတံဆိပ်ကို မင်း ရှာချင်တိုင်းရှာလို့ မရဘူး...”

“မင်းက ငါ့အတွက် သေချာ အလုပ်လုပ်ပေးသရွေ့ ငါက မင်းကို သဘာဝကျကျပဲ သတ်မှာမဟုတ်ဘူး...”

ဝူမင်၏ အမူအရာက ကျဆင်းသွား၏။

ချမ်ချန်ကန်း၏စကားများကို သူ သံသယ မရှိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ခုနက စိတ်ဝိညာဉ်ထဲမှ နာကျင်မှုက အလွန်ပြင်းထန်လွန်း၏။

သူ၏စိတ်ဝိညာဉ်က လေထဲရှိ ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ အချိန်မရွေး ငြိမ်းသွားနိုင်သည်ဟု ခံစားရ၏။

ချမ်ချန်ကန်းက သူ့ခန္ဓာကိုယ်ပေါ်တွင် သေခြင်းတံဆိပ် ချန်ထားခဲ့သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ သူ မစဉ်းစားနိုင်တော့ပေ။

ဤအရာအားလုံးက ချမ်ချန်ကန်းက သူ့ကို ခြောက်လှန့်နေခြင်းသာဖြစ်သည်ကို ပို၍ပင် မထင်မှတ်ထားခဲ့ချေ။

ချမ်ချန်ကန်းက ပြုံးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခန့်မှန်းရခက်သော အသွင်ရှိနေ၏။

“မင်းက ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီ ဆိုမှတော့ မင်းအတွက် မခက်ခဲလောက်တော့ပါဘူး...”

ပြောပြီးနောက် ဝူမင်ကို ဖိနှိပ်ထားသော ဖိအားကို သူ ဖယ်ရှားလိုက်သည်။

ဝူမင်က နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ပြေလျော့သွား၏။

“ကျေးဇူးတင်ပါတယ် ဆရာ...”

“မင်းရဲ့လက်ရှိ ကျင့်ကြံခြင်းက ဘယ်လောက်လဲ...”

ချမ်ချန်ကန်းက မေးလိုက်သည်။

ဝူမင်က ချမ်ချန်ကန်းကို ဆရာအဖြစ် အသိအမှတ်ပြုရန် အလွန်ဝန်လေးနေသော်လည်း ယခုအချိန်တွင်တော့ ပြီးသွားလေပြီ။

သူက သူ၏ကိုယ်ပိုင်အဆင့်အတန်းကိုလည်း အလျင်အမြန် ပြင်ဆင်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ကိုယ်ပိုင် အသက်က ချမ်ချန်ကန်း၏ လက်ထဲတွင် ရှိနေသည်။

ဝူမင်၏စိတ်ထဲတွင်တော့ အမြဲတမ်းနောင်တရမှုများ ပြည့်နှက်နေ၏။

ချမ်ချန်ကန်းက မည်မျှအစွမ်းထက်ကြောင်း သူ သိထားခဲ့သည်။

*ပြီးတော့ အဖေကို ပြန်ဒုက္ခပေးတဲ့ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်…*

အကယ်၍ ချမ်ချန်ကန်း၏ လက်ထဲတွင် ရဟန်းအနန္တ သေဆုံးသွားသည့် မြင်ကွင်းကို သူ့ကိုသာ စောစောစီးစီး ပြောပြခဲ့လျှင် သူက ဖေးရှန်းတောင်တွင် အရူးလိုနေပြီး ချမ်ချန်ကန်း ပြန်လာမည့်အချိန်ကို စောင့်နေမည် မဟုတ်ပေ။

သူ အချိန်ကြာမြင့်စွာကပင် ထွက်ပြေးသွားလောက်ပြီဖြစ်၏။

သေချာပေါက် ဤသည်က သူ၏ကိုယ်ပိုင် အကြံအစည်သာဖြစ်သည်။

ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် သူ ထွက်ပြေးချင်သည်က လုံးဝ မဖြစ်နိုင်ပေ။

“ဆရာ့ကို ပြန်ဖြေရရင် တပည့်က အခုမှ ပြန်လည်မွေးဖွားလာတာဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ ဒီနေရာက အင်မော်တယ်စွမ်းအင် အများကြီးကို စုပ်ယူထားပြီး ဗုဒ္ဓနဲ့ တာအို လက်နက်အချို့ရှိလို့ ဟင်းလင်းပြင် သန့်စင်ခြင်းပထမအဆင့်ကျင့်ကြံမှု ရှိပါတယ်။ အကယ်၍ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကို အသုံးပြုမယ်ဆိုရင် အင်မော်တယ်တစ်ပိုင်း တိုက်ခိုက်ရေး စွမ်းအားကို ဖော်ထုတ်နိုင်ပါတယ်...”

“ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အများကြီး တိုးတက်လာတဲ့ပုံပဲ...”

“ဟုတ်ပါတယ်... ဒီဗျားဂျရာ နတ်ဆိုးနှိမ်နင်းတုတ်က ဗုဒ္ဓရတနာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ်ရာ ဗုဒ္ဓစည်းချက်တွေ ပါဝင်ပါတယ်။ အသုံးပြုသူရဲ့ ကျင့်ကြံမှု မြင့်မားလေလေ ဒီဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ရဲ့ စွမ်းအားက ပိုသန်မာလေလေ ဖြစ်ပါတယ်...”

ချမ်ချန်ကန်းက ထပ်ပြောလိုက်၏။

“အရမ်းကောင်းတယ်... ဒါဆို မင်း ရှမီအင်မော်တယ်နယ်မြေကို ဘယ်တော့ ပြန်နိုင်မလဲ...”

ချမ်ချန်ကန်း၏စိတ်ထဲတွင် အကြံအစည် တစ်ခုရှိနေသည်။

ဝူမင်ကို သူ့အား ဆရာအဖြစ် အသိအမှတ်ပြုခိုင်းခြင်း။

ဤနည်းဖြင့် ချမ်ချန်ကန်းက အင်မော်တယ်နယ်မြေသို့ မသွားရသေးသော်လည်း ဝူမင်ရှိနေသဖြင့် ကြိုတင်၍ တိုးတက်အောင် လုပ်ဆောင်နိုင်၏။

ဘယ်လိုပဲဖြစ်ဖြစ် ဤဝူမင်က လွန်ခဲ့သည့် နှစ်ပေါင်းသုံးသောင်းက အင်မော်တယ်နယ်မြေ၏ အရှင်သခင် ဖြစ်ခဲ့ဖူးသည်။

ရှမီအင်မော်တယ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် သူ၏ စွမ်းအားကို သေချာပေါက် ပြသနိုင်မည်ဖြစ်၏။

ထို့အပြင် အင်မော်တယ်မိုင်းတွင်းကိစ္စကို ကောင်းကောင်း ကိုင်တွယ်ရန်ဖြစ်သည်။

ရှမီအင်မော်တယ်နယ်မြေမှ အင်မော်တယ် ကျောက်တုံးများများ ယူဆောင်လာနိုင်ရန် သူ့ကို အကောင်းဆုံး ကြိုးစားစေမည်။

ဤသည်က သူ့ကို အသက်ရှင်ခွင့် ပေးခဲ့သော ချမ်ချန်ကန်း၏ ရည်ရွယ်ချက်ပင်ဖြစ်တော့၏။

All Chapters