အခန်း ၁၈၅
Vol. 15 Ch. 185
အခန်း (၁၈၅) အရောင်းအဝယ်
ချမ်ချန်ကန်းက သူ့ကို အင်မော်တယ်နယ်မြေသို့ မည်သည့်အချိန်တွင် ပြန်မည်နည်းဟု မေးသောအခါ ဝူမင်အတွက်မူ ရှမီအင်မော်တယ်နယ်မြေသို့ အမြန်ဆုံး ပြန်သွားရန် သဘာဝကျ၏။
မည်သို့ပင်ဆိုစေကာမူ အောက်ဘုံ၏ ကျင့်ကြံမှုက အင်မော်တယ်နယ်မြေနှင့် ယှဉ်လျှင်အလှမ်းဝေးလွန်းလှသည်။
အထက်ဘုံသို့ပြန်သွားပြီး ချန်ထားခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များကို အားကိုးခြင်းဖြင့် သူ၏အထွတ်အထိပ် စွမ်းအားသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိနိုင်မည်ဖြစ်၏။
သို့သော် ယခုအခါ သူ၏ ကျင့်ကြံမှုဖြင့်အင်မော်တယ်တံခါးပေါက်ကို ဖွင့်ရန်မဖြစ်နိုင်ပေ။
“ဆရာသာ အင်မော်တယ်တံခါးပေါက်ကို ဖွင့်ပေးမယ်ဆိုရင် ရှမီအင်မော်တယ်နယ်မြေကို အချိန်မရွေး ပြန်သွားလို့ရပါတယ်...”
ဝူမင်က ပြောလိုက်သည်။
ချမ်ချန်ကန်း ထပ်မံတိတ်ဆိတ်သွားပြန်၏။
ကောင်းကင်နတ်ဆိုးရှေးဟောင်းမြေခွေး မျိုးနွယ်စု။
မိန်နျင်က ရွှယ်ဝူအင်မော်တယ်နယ်မြေမှ ပြန်ရောက်လာသည်။
ပိုင်ယွဲ့က ပြောလိုက်၏။
“မိန်နျင်... ဟွမ်ဖူမိသားစုနဲ့ စီနီယာကြားက အရောင်းအဝယ်နဲ့ ပတ်သက်ပြီး မိသားစုရဲ့ အစီအစဉ်က ဘယ်လိုလဲ...”
မိန်နျင်က ပြုံးလိုက်သည်။
“သတ္တမမင်းသမီး... ဟွမ်ဖူမိသားစုက သဘောတူလိုက်ပြီ။ ပြီးခဲ့တဲ့အကြိမ်က စီနီယာပေးလိုက်တဲ့ သစ်သားဓားက အဆင့်မြင့်တာအိုစည်းချက်ပစ္စည်းတစ်ခုဖြစ်ပြီး သူ့မှာပါဝင်တဲ့ တာအိုစည်းချက်က အလွန် တရာခမ်းနားကြီးကျယ်လှပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ မိသားစုထဲက ဓားတာအိုကိုကျင့်ကြံတဲ့ အင်မော်တယ်အရှင်သခင်တစ်ပါးကို အဆင့်တစ်ခု ထိုးဖောက်သွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်...”
ပိုင်ယွဲ့က ထိတ်လန့်သွား၏။
“ဒီလိုဆိုတော့ စီနီယာပြောတာတွေ အားလုံးက အမှန်ပဲပေါ့”
“သေချာတာပေါ့။ အခု မိသားစုက စီနီယာနဲ့ ပူးပေါင်းဖို့ မျှော်လင့်နေပြီး သတ္တမမင်းသမီးကို ကိုင်တွယ်ဖို့ လွှဲအပ်ထားပါတယ်...”
ပြောရင်းနှင့် မိန်နျင်က သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူလိုက်၏။
“ဒါက သခင်က နင့်ကို လွှဲပေးဖို့ ငါ့ကို ခိုင်းလိုက်တာပဲ...”
စစ်ဆေးကြည့်လိုက်ရာ သူမ အံ့အားသင့်သွားခြင်းကို မထိန်းနိုင်ခဲ့ပေ။
“ဒီလောက်များတဲ့ အင်မော်တယ် ကျောက်တုံးတွေ...”
“ဟုတ်တယ်။ မိသားစုက စီနီယာဆီမှာ တာအိုစည်းချက်ပါဝင်တဲ့ပစ္စည်းတွေ အများကြီးရှိသေးတယ်လို့ ခန့်မှန်းထားတယ်။ ဒါကြောင့် အခုမိသားစုက တချို့ကို အရောင်းအဝယ်လုပ်နိုင်ဖို့ မျှော်လင့်နေတယ်...”
“အဲ့လိုဆိုရင် ဟွမ်ဖူမိသားစုရဲ့စွမ်းအားက အကြီးအကျယ် တိုးတက်လာမှာဖြစ်ပြီး ကျန်းမိသားစုကိုတောင် ကျော်ဖြတ်ပြီး ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ အသန်မာဆုံး အင်မော်တယ်မိသားစုဖြစ်လာဖို့ အခွင့်အရေးတောင် ရှိတာပေါ့...”
မိန်နျင်က ဆက်ပြောလိုက်၏။
“သတ္တမမင်းသမီး... စီနီယာဆီသွားရအောင်။ မိသားစုက မကြာသေးခင်က ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ ပထမဆုံး အင်မော်တယ်မိသားစုနေရာအတွက် ကျန်း မိသားစုနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်။ ပြီးတော့ မိသားစုရဲ့စွမ်းအားကို တိုးတက်စေဖို့ စီနီယာ ထောက်ပံ့ပေးတဲ့ တာအိုစည်းချက် ပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်...”
“ကောင်းပြီ...”
မကြာမီ ပိုင်ယွဲ့နှင့် မိန်နျင်တို့က ဖေးရှန်းတောင်သို့ ရောက်ရှိလာပြီး ချမ်ချန်ကန်းနှင့် တွေ့ဆုံကြသည်။
သက်ရှည်ဘုရားကျောင်းထဲတွင် ကတုံးလေးတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
အထူးသဖြင့် ဤကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓစည်းချက်က အလွန် ပြင်းထန်ပြီး သူ၏ ကျင့်ကြံမှုကလည်း မအားနည်းပေ။
ဤမျှငယ်ရွယ်စဉ်မှာပင် သူက ဟင်းလင်းပြင် သန့်စင်ခြင်းပထမအဆင့် ကျင့်ကြံမှုရှိနေပြီ ဖြစ်သည်။
ဤသည်က အမျိုးသမီးနှစ်ဦးကို ထိတ်လန့်သွားစေ၏။
ဤကတုံးလေးက အင်မော်တယ်နယ်မြေမှ ပါရမီရှင်များဖြစ်နေမလား။
ဤသည်က အရမ်းသန်မာလွန်း၏။
ဝူမင်က အမျိုးသမီးနှစ်ဦးကို ကြည့်လိုက်ပြီး သူတို့၏ အဆင့်အတန်းများဖြစ်သော အင်မော်တယ်နယ်မြေမှ ပါရမီရှင်နှင့် တာအိုအစောင့်အရှောက်မှန်း မှတ်မိသွား၏။
*သူတို့ ဒီကိုဘာလာလုပ်တာလဲ*
ရုတ်တရက် ဝူမင်၏မျက်လုံးများက တောက်ပသွားသည်။
ချမ်ချန်ကန်းက သူ့ကို ရှမီအင်မော်တယ်နယ်မြေသို့ သွားရန် အင်မော်တယ်တံခါးပေါက်ကို မဖွင့်ပေးဘူး ဆိုမှတော့ ဤတာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်ကို အားကိုးလို့နိုင်သည်။
သူမနှင့်အတူ အင်မော်တယ်နယ်မြေသို့ လိုက်သွားလျှင် အဆင်ပြေသည်။
ဤတာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်နှင့် ချမ်ချန်ကန်းတို့ကြားက ဆက်ဆံရေးက ဘယ်လိုနေမလဲဆိုတာတော့ သူမသိပေ။
ဘာအတွက် လာတာလဲ။
ချမ်ချန်ကန်းက ပိုင်ယွဲ့နှင့် မိန်နျင်တို့ကို နတ်ရေကန်မျှော်စင်တွင် တွေ့ဆုံလိုက်သည်။
မိန်နျင် ပြန်ရောက်လာသည်ကို မြင်သောအခါ ချမ်ချန်ကန်းက ဟွမ်ဖူမိသားစုဘက်မှ အခြေအနေကို သိရန် မစောင့်နိုင်တော့ပေ။
ဟွမ်ဖူမိသားစုက သူ ပြောသော အရောင်းအဝယ်ကို သဘောတူမည်လား မသိချေ။
“စီနီယာ... မိန်နျင်ဆီကနေ မိသားစုရဲ့ အစီအစဉ်တွေကို ကျွန်မ သိပြီးပါပြီ...”
“အသေးစိတ် သိပါရစေ...”
*ငြင်းတော့ မငြင်းပါနဲ့*
ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ရန် အင်မော်တယ်ကျောက်တုံး အမြောက်အမြားရရှိရန် အခွင့်အရေးရဖို့ ခက်ခဲလှ၏။
အကယ်၍ ကျရှုံးသွားပါက အင်မော်တယ် ကျောက်တုံးယူဆောင်လာရန် ဝူမင်ကိုသာ ရှမီအင်မော်တယ်နယ်မြေသို့ ပြန်လွှတ်ခြင်းကိုသာ အားကိုးရတော့မည်။
ထိုနည်းတူစွာ ကျင့်ကြံသူများ၏ ကျင့်ကြံမှု အဆင့်ထိုးဖောက်ခြင်းနှင့် အစွမ်းထက် အင်မော်တယ်များကို သတ်ဖြတ်ခြင်းဖြင့် နယ်မြေတန်ဖိုးများရရှိကာ ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ခြင်းကိုသာ အားကိုးရတော့မည်ဖြစ်၏။
ထိုကဲ့သို့သော ထိရောက်မှုက သေချာပေါက် အင်မော်တယ်ကျောက်တုံးများမှတစ်ဆင့် နယ်မြေတန်ဖိုးများကို တိုက်ရိုက် လဲလှယ်သကဲ့သို့ မြန်ဆန်မည် မဟုတ်ပေ။
သို့သော် ချမ်ချန်ကန်းက အနည်းငယ် စိုးရိမ်နေသော်လည်း အပြင်ပန်းတွင်တော့ သူက ရေကဲ့သို့ တည်ငြိမ်နေပြီး ရှေးဟောင်း ရေတွင်းတစ်ခုကဲ့သို့ လှိုင်းမထဘဲ ဤအရောင်းအဝယ်ကို ဂရုမစိုက်သည့်ပုံ ပေါက်နေ၏။
ထို့ကြောင့် ပိုင်ယွဲ့နှင့် မိန်နျင်တို့မှာ အနည်းငယ် စိုးရိမ်လာကြသည်။
ပို၍ အရေးကြီးသော အချက်တစ်ချက် ရှိသေး၏။
မိန်နျင်က သူမ၏ မိသားစုထံမှ အင်မော်တယ် ကျောက်တုံးအမြောက်အမြား ယူဆောင်လာခဲ့သည်။
အရောင်းအဝယ် လုပ်ရန်အတွက် ချမ်ချန်ကန်းထံတွင် တာအိုစည်းချက်ပစ္စည်း အလုံအလောက် ရှိမည်လား မသိပေ။ ဘာမှ မရှိဘူးဆိုရင်တော့။ ဒါ ပြဿနာပဲ။ သို့သော် သူတို့က ချမ့်ချန်ကန်းကို ယုံကြည်ဆဲ ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ချမ့်ချန်ကန်းက ခန့်မှန်းရခက်သည်။ သူက တာအိုစည်းချက် ပစ္စည်း အချို့ကို ထုတ်ပေးရန် မခက်ခဲဘူးဟု ယုံကြည်၏။
ပိုင်ယွဲ့က ရိုသေစွာ ပြောလိုက်သည်။
“စီနီယာ... မိသားစုက စီနီယာနဲ့ အရောင်းအဝယ်လုပ်ဖို့ သဘောတူလိုက်ပါပြီ။ နှစ်စဉ်အင်မော်တယ်မိုင်းတွင်းထဲက အင်မော်တယ် ကျောက်တုံး ၈၀ ရာခိုင်နှုန်းကို ထုတ်ပြီး စီနီယာနဲ့ တာအိုစည်းချက် ပစ္စည်းတွေကို လဲလှယ်မှာပါ...”
“၈၀ ရာခိုင်နှုန်း...”
ချမ်ချန်ကန်းက မျက်လုံးများကို မှေးလိုက်၏။
အင်မော်တယ်မိုင်းတွင်းတစ်ခုက တစ်နှစ်လျှင် အင်မော်တယ် ကျောက်တုံး ၁၀၀ ထွက်ရှိပြီး အင်မော်တယ်မိုင်းတွင်း ဆယ်ခုဆိုလျှင် အင်မော်တယ် ကျောက်တုံး ၈၀၀ ခန့် ထွက်ရှိမည် ဖြစ်သည်။
ဤသည်က ပမာဏ အနည်းငယ် မဟုတ်ပေ။
“၈၀ ရာခိုင်နှုန်းသော အင်မော်တယ် ကျောက်တုံးတွေရဲ့အဆင့်က ဘယ်လိုလဲ...”
“စီနီယာ... အင်မော်တယ် ကျောက်တုံးတွေရဲ့ တစ်နှစ်တာ ထွက်နှုန်းက ၁၀၀၀ ပါ။ အဲဒီအထဲမှာ ထိပ်တန်းအဆင့်အင်မော်တယ် ကျောက်တုံး အချိုးအစားက အရမ်း နည်းပါးပါတယ်။ တစ်နှစ်ကို ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး အလုံး ၃၀ နီးပါးလောက်ပဲရှိတာပါ။ အဆင့်မြင့်နဲ့ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်တုံးတွေက ၂၀၀ ထက် မပိုပါဘူး။ ကျန်တာတွေကတော့ အားလုံးနီးပါး အဆင့်နိမ့် အင်မော်တယ် ကျောက်တုံးတွေပါပဲ...”
“ဒါပေမဲ့ စိတ်မပူပါနဲ့ စီနီယာ။ ၈၀ ရာခိုင်နှုန်းသော အင်မော်တယ် ကျောက်တုံးတွေထဲမှာ အရည်အသွေးပိုမြင့်တဲ့ အင်မော်တယ် ကျောက်တုံးတွေကို စီနီယာဆီ လွှဲပေးဖို့ မိသားစုက သတ်မှတ်ထားပါတယ်...”
“သဘောထားကြီးလိုက်တာ...”
ချမ်ချန်ကန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း အကောင်းဆုံး အင်မော်တယ် ကျောက်တုံးများ၏ ထွက်ကုန်က သူ စိတ်ကူးထားသည်ထက် နည်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သေချာပေါက် ဟွမ်ဖူမိသားစုက အင်မော်တယ်ကျောက်တုံးများ၏ ၈၀ ရာခိုင်နှုန်းကို ထုတ်ပေးခဲ့၏။
အရမ်း ကြွယ်ဝနေပြီဖြစ်သည်။
ချမ်ချန်ကန်းက အလွန်ကျေနပ်နေ၏။
*ဒါက တကယ်ကို သတင်းကောင်းပဲ*
သေချာပေါက် ချမ်ချန်ကန်းက အလွန်အကျွံ ဝမ်းသာမနေခဲ့ပေ။ သူက အမူအရာ ကင်းမဲ့စွာဖြင့် တည်ငြိမ်နေဆဲဖြစ်ပြီး ‘အင်း’ ဟုသာ ပြောလိုက်၏။
“ဒါဆို... နှစ်စဉ် အင်မော်တယ်မိုင်းတွင်းတွေကနေ အင်မော်တယ် ကျောက်တုံး ၈၀ ရာခိုင်နှုန်း ထုတ်ပေးမယ်ဆိုရင် တာအိုစည်းချက် ပစ္စည်းဘယ်နှခုနဲ့ လဲလှယ်ချင်တာလဲ...”
မြင့်မြတ်သော စည်းချက်ပေါင်းစပ်ခြင်းမှတစ်ဆင့် ပစ္စည်းများထဲသို့ တာအိုစည်းချက်ကို ထည့်သွင်းနိုင်သည်။
အင်မော်တယ်များက တာအိုစည်းချက်ကို နားလည်သဘောပေါက်ပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ တိုးတက်စေနိုင်၏။
ဤသည်က ချမ်ချန်ကန်းသိထားသည့် အရာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မိန်နျင်အပေါ်တွင် တွေ့မြင်ခဲ့ရပြီးဖြစ်၏။
အင်မော်တယ်များ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်သည်။
ဤသည်က သေချာပေါက် တန်ဖိုးကြီး၏။
အင်မော်တယ်နယ်မြေတွင် မည်မျှ တန်ဖိုးကြီးသည်ကိုတော့ မသိပေ။
သို့သော် သူ ချက်ချင်းသိလာရမည်ဖြစ်၏။
ပိုင်ယွဲ့က တစ်ခဏမျှ တုံ့ဆိုင်းနေသည်။
ပထမဆုံးအနေဖြင့် ပြီးခဲ့သည့်အကြိမ်က ဗောဓိသစ်ကိုင်းမှ ပြုလုပ်ထားသော သစ်သားဓားကို ထုတ်ယူလိုက်၏။
ထိုသစ်သားဓားထဲတွင် ပါဝင်သော တာအိုစည်းချက်က အလွန် ခမ်းနားကြီးကျယ်နေဆဲဖြစ်သည်။
မိသားစုထဲရှိ ဓားတာအို အင်မော်တယ်အရှင်သခင်ကို အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်တိုးတက်ရန် ကူညီပေးဖို့ မခက်ခဲသည်မှာ ထင်ရှား၏။
“စီနီယာ... ဤကဲ့သို့သော တာအိုပစ္စည်းမျိုးကို ၃ နှစ်မှာ တစ်ခါလောက် ထောက်ပံ့ပေးနိုင်မလာ။”
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပိုင်ယွဲ့က ဆက်ပြောလိုက်၏။
“တစ်ခုလောက် ထောက်ပံ့ပေးနိုင်မလား...”
ချမ်ချန်ကန်းက လန့်သွားပြီး အနည်းငယ် မသေချာဖြစ်သွား၏။
“ပိုင်ယွဲ့... မင်းက ၃ နှစ်မှာ တစ်ခုလို့ ပြောတာလား...”
ပိုင်ယွဲ့၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။
“အကယ်၍ စီနီယာက ၃ နှစ်မှာ တာအိုပစ္စည်း တစ်ခု မထောက်ပံ့ပေးနိုင်ဘူးဆိုရင်... ၅ နှစ်လည်းရပါတယ်...”
တာအိုစည်းချက်ပစ္စည်းများက တန်ဖိုးကြီးပြီး ရှားပါးကြောင်း အင်မော်တယ်နယ်မြေတွင် ရှာတွေ့ရန် ခက်ခဲကြောင်း ပိုင်ယွဲ့နှင့် မိန်နျင်တို့က အလွန်ရှင်းလင်းစွာ သိထားကြ၏။
များသောအားဖြင့် တာအိုပစ္စည်းတစ်ခုတွင် ပါဝင်သော တာအိုစည်းချက်က အလွန် အံ့မခန်းဖြစ်နေမည်ဆိုပါက အင်မော်တယ် အင်အားစုကြီးများ၏ လေလံပွဲများတွင် ဈေးကြီးပေး၍ ရောင်းချရမည် ဖြစ်သည်။
၅နှစ်လျှင် အင်မော်တယ်မိုင်းတွင်းမှ ထွက်ရှိသော စိတ်ဝိညာဉ်ကျောက်တုံး ၈၀ ရာခိုင်နှုန်းကို အဆင့်မြင့်တာအိုစည်းချက် ပစ္စည်းတစ်ခုနှင့် လဲလှယ်ခြင်းဖြစ်၏။
ဈေးနှုန်းက မျှတနေလေပြီ။
အထူးသဖြင့် ဤနေရာတွင် ပိုင်ယွဲ့က ချမ်ချန်ကန်းအပေါ် အမြတ်ထုတ်ရန် ရည်ရွယ်ချက် လုံးဝမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်း၏ ကျင့်ကြံမှုက သန်မာရုံသာမက ပို၍ အရေးကြီးသည်မှာ သူက အင်မော်တယ်သူတော်စင်တစ်ပါးလည်းဖြစ်နေသည်။
ဆိုရိုးစကားအတိုင်းပင် အနာဂတ်က ရှည်လျားပါသည်။
သူမက ချမ်ချန်ကန်းကို ရန်မစနိုင်ပေ။
နောက်ဆုံးတော့ ချမ်ချန်ကန်း၏ အမူအရာ ကင်းမဲ့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။
ကြည့်စမ်း။
ဤတာအိုစည်းချက်ပစ္စည်းက သူ စိတ်ကူးထားသည်ထက် ပို၍ တန်ဖိုးကြီးနေသည်။
သူက မြင့်မြတ်သော စည်းချက်ပေါင်းစပ်ခြင်းမှတစ်ဆင့် ပစ္စည်းအချို့ထဲသို့ တာအိုစည်းချက်ကို ပေါင်းစပ်ထည့်သွင်းရုံဖြင့် တာအိုစည်းချက် ပစ္စည်းတစ်ခုကို အချိန်မရွေး ဖန်တီးနိုင်ပြီး အချိန်ကုန်ခံရန် မလိုကြောင်း သိထားရမည်။
ချမ်ချန်ကန်းက ချမ်းသာလာမည့် ထူးခြားသော နည်းလမ်းတစ်ခုကို ရှာတွေ့သွားသည့်ပုံပေါက်၏။
သူ၏ စိတ်ထဲတွင် အကြံအစည် အချို့ ရှိနေသည်။
တာအိုစည်းချက်ပစ္စည်းများက သူ့အတွက် အရေးမကြီးသော်လည်း အင်မော်တယ်များ အတွက်တော့ မတူပေ။
ယခုအခါ အင်မော်တယ်ကျောက်တုံးအမြောက်အမြားရရှိရန် အခွင့်အရေးတစ်ခုရှိလာလေပြီ။
ထို့ကြောင့် ချမ့်ချန်ကန်းက စကားဆိုလိုက်၏။
“ဟွမ်ဖူမိသားစုက ဒီအရောင်းအဝယ်ကို လုပ်ဖို့ အရမ်းရိုးသားနေမှတော့ ဒီအရှင်ကလည်း ဟွမ်ဖူ မိသားစုကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ တစ်နှစ်ကို ဟွမ်ဖူမိသားစုအတွက် တာအိုပစ္စည်းတစ်ခု ထောက်ပံ့ပေးမယ်...”
ချမ်ချန်ကန်း၏စကား ထွက်ပေါ်လာသည်နှင့် ပိုင်ယွဲ့နှင့် မိန်နျင်တို့ ထိတ်လန့်သွားကြ၏။
“စီနီယာ... ရှင်... ရှင် ဘာပြောလိုက်တာလဲ...”
“ငါကြားတာ မမှားဘူးမလား... တစ်နှစ်ကို တာအိုပစ္စည်းတစ်ခုလား...”
တာအိုစည်းချက်ပစ္စည်းများက တန်ဖိုးကြီးပြီး ရှားပါး၏။
ချမ်ချန်ကန်းက တစ်နှစ်လျှင်တစ်ခု ထုတ်ပေးနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူက တကယ့်ကို ပိုက်ဆံအများကြီး ရှိတာပဲ။
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... တစ်နှစ်ကို တစ်ခု...”
ပြောပြီးနောက် ချမ်ချန်ကန်းက လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။
အဝေးမှ ကျောက်တုံးကြီးတစ်တုံးက လွင့်ပျံလာသည်။
အဝေးမှ ဝူမင်က ချမ်ချန်ကန်း ဘာလုပ်မည်ကို မသိသဖြင့် နားမလည်နိုင်စွာ ကြည့်နေ၏။
သူ၏အကြည့်အောက်တွင် ကျောက်တုံးကြီးက စတင် ပြိုကျသွားပြီးနောက် ကျောက်တုံးဓား တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ကျောက်တုံးကြီးက ကျောက်တုံးဓားအဖြစ် ပြိုကျသွားသောအခါ ခမ်းနားကြီးကျယ်သော တာအိုစည်းချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။
ဝူမင်က ၎င်းကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးအိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားသည်။
“ သောက်ကျိုးနည်း... တာအိုစည်းချက်ပစ္စည်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”