← Chapters

အခန်း ၁၈၆

Vol. 15 Ch. 186

အခန်း ၁၈၆

Vol. 15 Ch. 186

အခန်း (၁၈၆) အံ့အားသင့်သွားခြင်း၊ အင်မော်တယ်တာအိုလမ်းစဉ်ကို ပြန်လည်တည်ဆောက်မည်

“အား... အား... အား... ဆရာ.. ဒါက တကယ်ပဲ တာအိုစည်းချက်လား...”

မူလက ဗောဓိပင်အောက်တွင် ကျင့်ကြံနေသော ဝူမင်တစ်ယောက် ထိုကျောက်တုံးဓားကို မြင်ပြီးနောက် ချမ်ချန်ကန်း၏ ရှေ့သို့ရောက်လာရန် မစောင့်နိုင်တော့ပေ။

သူက လုံးဝ မယုံကြည်နိုင်ဘဲ ကျောက်တုံးဓားကို စိုက်ကြည့်နေသော အကြည့်များက ပို၍ပင် ပြင်းပြနေ၏။

ထိုအရာက အမှန်ပင်ဖြစ်၏။

၄င်းက တာအိုစည်းချက်ပစ္စည်းတစ်ခု ဖြစ်သည်။

ထိုမျှမက ဝူမင်က ထိုကျောက်တုံးဓားထဲမှ ခမ်းနားကြီးကျယ်လှသော တာအိုစည်းချက်ကို ခံစားနေရဆဲဖြစ်၏။

မိန်နျင်နှင့် ပိုင်ယွဲ့တို့က သူ့ကို သံသယဖြင့် ကြည့်နေကြသည်။

“စီနီယာ... ဒီကတုံးနဲ့ ကလေးလေးက...”

ကတုံးလေးက သူတို့ နှစ်ယောက်ကို စိုက်ကြည့်လိုက်၏။

“ငါ့နာမည်ကဝူမင်... ကလေး မဟုတ်ဘူး...”

“ဝူမင်...”

ပိုင်ယွဲ့က ရေရွတ်လိုက်ပြီး ဤနာမည်ကို တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ခံစားလိုက်ရသည်။

မိန်နျင် တစ်စုံတစ်ခုကို သတိရသွား၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက ရှမီအင်မော်တယ်နယ်မြေရဲ့ နယ်မြေအရှင်သခင် ပျံလွန်တော်မူသွားတယ်လို့ ကြားဖူးတယ်... သူ့နာမည်က ဝူမင်လို့ ခေါ်တယ် ထင်တယ်...”

သေချာပေါက်ပင်။

မိန်နျင်က သူမရှေ့ရှိ ကတုံးလေးကို ရှမီအင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်နှင့် မဆက်စပ်မိခဲ့ပေ။

သို့သော် ကတုံးလေး၏ ခေါင်းပေါ်တွင် ဗုဒ္ဓအလင်းတန်းတစ်လွှာ လင်းလက်နေသည်ကို မြင်လိုက်ရပြီး သူက မာနကြီးသော မျက်နှာထားဖြင့် လက်အုပ်ချီကာ ‘အမိတ္တဘ ဟု ပြောလိုက်၏။

“ဟွန့်... သင်တို့နှစ်ယောက်က ကိုယ်တော့်ရဲ့နာမည်ကို ကြားဖူးတဲ့ပုံပဲ...”

“ဟုတ်တယ်... လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းက ရှမီအင်မော်တယ်နယ်မြေရဲ့ အရှင်သခင်က ကိုယ်တော်ပဲ...”

“ဘာ...”

မိန်နျင်နှင့် ပိုင်ယွဲ့တို့မှာ ကတုံးလေး၏ စကားကြောင့် ဆွံ့အသွားကြ၏။

ထိုအရာက ဒဏ္ဍာရီလာနယ်မြေအရှင်သခင် ဖြစ်ပြီး သူတို့ရှေ့ရှိ ဆံပင်ပင်သေချာ မပေါက်သေးသော ကလေးလေးတစ်ယောက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ထို့အပြင် နယ်မြေအရှင်သခင် က အချိန်ကြာမြင့်စွာကပင် ပျံလွန်တော်မူသွားခဲ့ပြီ မဟုတ်ပါလော။

ဝူမင်က သရော်ပြုံး ပြုံးလိုက်၏။

“ဘုန်းကြီးတွေက လိမ်မပြောဘူး။ အံ့သြတဲ့ပုံစံ မလုပ်နဲ့။ ကိုယ်တော်က နယ်မြေအရှင်သခင် ပဲ။ အဲဒီလောက် အလွယ်တကူ ဘယ်လိုလုပ် သေနိုင်မှာလဲ...”

သေချာပေါက် ဝူမင်က ပိုင်ယွဲ့နှင့် မိန်နျင်တို့ကို တွေ့ဆုံရန် အလွန်ပျင်းရိနေ၏။

လူမိုက်လေး နှစ်ယောက်မျှသာဖြစ်ပြီး တာအိုစည်းချက် ပစ္စည်းများက ပို၍ အရေးကြီးသည်။

သူ မစောင့်နိုင်တော့ပေ။

“ဆရာ... ဆရာက အင်မော်တယ်သူတော်စင် တစ်ပါးလား...”

မိန်နျင်၏ စကားများအရ ဝူမင်၏ စကားများက အလိမ်အညာ မဟုတ်သည့်ပုံ ပေါက်၏။

ဖြစ်နိုင်သည်မှာ သူက တကယ်ပဲ အင်မော်တယ်နယ်မြေ၏ အရှင်သခင် ဖြစ်နေခြင်းဖြစ်သည်။

ချမ်ချန်ကန်းက ဝူမင်ကို တစ်ချက် ကြည့်လိုက်သော်လည်း သူက အင်မော်တယ်သူတော်စင်တစ်ပါးဖြစ်ကြောင်း ဝန်မခံခဲ့ပေ။

“ဒီပစ္စည်းကဘယ်လိုလဲ... မင်းက အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်ဆိုတော့ သိသင့်တယ်...”

ပြောရင်းနှင့် သူက ကျောက်တုံးဓားကို ဝူမင် ထံသို့ ပစ်ပေးလိုက်သည်။

သူက တိတ်ဆိတ်နေလိုက်၏။

ဝူမင်က အင်မော်တယ်နယ်မြေ၏ အရှင်သခင် ဖြစ်သည်ဆိုမှတော့ သူက အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝရမည်။

မြင့်မြတ်သော စည်းချက်ပေါင်းစပ်ခြင်းမှတစ်ဆင့် ပြုလုပ်ထားသော ဤကျောက်တုံးဓားက တာအိုစည်းချက်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်ခြင်းရှိမရှိ သူ မသိပေ။

ဝူမင်က ကျောက်တုံးဓားကို အလျင်အမြန် ဖမ်းယူလိုက်ပြီး သူ၏ မျက်နှာက လှုပ်ရှားသွားကာ ယုံကြည်နိုင်စရာမရှိအောင် ဖြစ်သွား၏။

“ဘယ်လောက်တောင် သန့်စင်ပြီး ခမ်းနားကြီးကျယ်တဲ့ တာအိုစည်းချက်လဲ... ဒါက ထိပ်တန်းအဆင့်တာအိုစည်းချက် ပစ္စည်းတစ်ခုဖြစ်ရမယ်...”

အကယ်၍ သူသာ ဗုဒ္ဓတာအိုကို မဟုတ်ဘဲ ဓားတာအိုကို ကျင့်ကြံမည်ဆိုပါက ဤတာအိုစည်းချက်ပစ္စည်းမှတစ်ဆင့် သူ ကျင့်ကြံနိုင်မည်ဖြစ်၏။

အထူးသဖြင့် ၎င်းအတွင်းရှိ တာအိုစည်းချက်က အလွန်သန့်စင်ပြီး ခမ်းနားကြီးကျယ်လွန်းသည်။

သူ မသေဆုံးမီက နယ်မြေအရှင်သခင် ဖြစ်ခဲ့လျှင်တောင် ဤတာအိုစည်းချက် ပစ္စည်းမှတစ်ဆင့် သေချာပေါက် ကျင့်ကြံနိုင်မည်ဖြစ်၏။

အနည်းငယ် နှမြောစရာ ကောင်းသည်သာ။

အကယ်၍ ချမ်ချန်ကန်းကသာ ဗုဒ္ဓတာအိုကို ကျင့်ကြံသော သူတော်စင်တစ်ပါး ဖြစ်ခဲ့လျှင် အလွန်ကောင်းမည်ဖြစ်၏။

“ဝူမင်... ဒီကျောက်တုံးဓားက ဘယ်လိုလဲ...”

ဝူမင်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။

“ဆရာက ဓားတာအိုမှာ သာမန်မဟုတ်ဘဲ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီပဲ။ ဒီကျောက်တုံးဓားထဲမှာပါဝင်တဲ့ သန့်စင်ပြီး ခမ်းနားကြီးကျယ်တဲ့ တာအိုစည်းချက်က ရှမီအင်မော်တယ်နယ်မြေမှာတောင် အလွန် ရှားပါးပြီး အဖိုးဖြတ်လို့မရတဲ့ရတနာ တစ်ပါးပါပဲ...”

“အထူးသဖြင့် ဓားတာအိုကို ကျင့်ကြံတဲ့ နယ်မြေအရှင်သခင်ဆိုရင်လည်း ဒီပစ္စည်းကို သေချာပေါက်ရချင်မှာပါ...”

“တကယ်လား...”

ချမ်ချန်ကန်းက သူ၏ အမူအရာကို မပြသသော်လည်း အနည်းငယ် အံ့အားသင့်သွား၏။

မြင့်မြတ်သော စည်းချက်ပေါင်းစပ်ခြင်းမှတစ်ဆင့် ပြုလုပ်ထားသော အရာများက နယ်မြေအရှင်သခင်အတွက်ပင် အသုံးဝင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သေချာပေါက် ဤကျောက်တုံးဓားက ချမ်ချန်ကန်းက မြင့်မြတ်သော စည်းချက်ပေါင်းစပ်ခြင်းမှတစ်ဆင့် ပြုလုပ်ထားသော အရည်အသွေးမြင့် ပစ္စည်းတစ်ခုလည်းဖြစ်၏။

မည်သို့ပင် ဆိုစေကာမူ ဤကာလအတွင်း သူက ပန်းပုထုခြင်းကို နှစ်သက်လာခဲ့သည်။

ဘာမှလုပ်စရာမရှိသည့်အခါ သစ်သား သို့မဟုတ် ကျောက်တုံးပန်းပုများကို အသုံးပြု၍ အချို့ကို ပြုလုပ်တတ်၏။

ဤကျောက်တုံးဓားက ယခုအချိန်အထိ ပြုလုပ်ခဲ့သမျှတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။

ဘေးနားရှိ ပိုင်ယွဲ့နှင့် မိန်နျင်တို့ နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ချမ်ချန်ကန်းနှင့် ဝူမင်တို့၏ စကားပြောဆိုမှုကို နားထောင်လိုက်ကြ၏။

သူတို့ အလွန်အံ့အားသင့်သွားကြသည်။

ဤကတုံးလေးက တကယ်ပဲ ရှမီအင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်လား။

အကယ်၍ ဤသို့သာဖြစ်ခဲ့လျှင် စီနီယာက အရမ်းအစွမ်းထက်လွန်းနေချေသည်။

သူတို့ ရှင်းလင်းစွာ ကြားလိုက်ရ၏။

ဤကတုံးလေးက ချမ်ချန်ကန်းကို ဆရာဟု ခေါ်ဆိုနေသည်။

မူလက သူတို့နှစ်ယောက်က ဤသည်မှာ ချမ့်ချန်ကန်း လက်ခံထားသော တပည့်အသစ် တစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့ကြ၏။

သို့မဟုတ် သူ၏ကလေးဖြစ်မည်ဟု ထင်ခဲ့ကြသည်။

ဝူမင်ပြောသည့်အတိုင်း ထိုကျောက်တုံးဓားက အဖိုးဖြတ်၍ မရနိုင်သော ရတနာတစ်ပါးဖြစ်ပြီး ဓားတာအိုကို ကျင့်ကြံသော နယ်မြေအရှင်သခင် များအတွက်ပင် အသုံးဝင်သည်။

ဤသည်က သူတို့ကို တကယ်ကို ထိတ်လန့်တုန်လှုပ်သွားစေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဝူမင်က သူ၏ ချစ်သူကို ပွတ်သပ်နေသည့်အလား ကျောက်တုံးဓားကို ပွတ်သပ်နေ၏။

သူ၏ မျက်လုံးများက တောက်ပနေပြီး သူ၏ အခြားလက်တစ်ဖက်က ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်သည်။

ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ် ထွက်ပေါ်လာ၏။

ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ထဲရှိ စွမ်းအားကို ခံစားလိုက်ရသည်။

မိန်နျင်က ထိတ်လန့်တကြား အော်လိုက်မိ၏။

“ဒါက ရှမီအင်မော်တယ်နယ်မြေမှာရှိတဲ့ လဲ့ယင်ဘုရားကျောင်းက ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ် မဟုတ်ဘူးလား...”

“ဒီကတုံးလေးရဲ့ လက်ထဲကို ဘယ်လို ရောက်နေတာလဲ...”

ပိုင်ယွဲ့က လန့်သွားပြီး စိတ်ထဲတွင် တွေးလိုက်၏။

“ဒီကတုံးလေးက တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ စီနီယာနဲ့ တိုက်ခိုက်ခဲ့တဲ့သူ ဖြစ်နေမလား။ ဒါပေမဲ့ ကျင့်ကြံမှုက အရမ်းအားနည်းလွန်းတယ်။ သူက ဘယ်လိုလုပ် ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်ကို ရောက်နေတာလဲ...”

ဝူမင်က မိန်နျင်ကို စိုက်ကြည့်လိုက်၏။

“ဒကာမ... ငါ့ကို ကတုံးလေးလို့ မခေါ်နဲ့။ ကိုယ်တော်ကလည်း နယ်မြေတစ်ခုရဲ့ အရှင်သခင်ပါပဲ...”

*လူမိုက်လေးနှစ်ယောက်က သူ့ကို အဲဒီလို ခေါ်ရဲတယ်*

သူ အလွန်မပျော်မရွှင်ဖြစ်သွား၏။

ဝူမင်၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် အင်မော်တယ် းစွမ်းအားများ ထုတ်လွှတ်လိုက်ပြီး သူ၏ နောက်တွင် ပေတစ်သိန်းမြင့်သော ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူ ရှိနေသည့်အလားပင် မြင်လိုက်ကြရ၏။

မိန်နျင်၏ နှလုံးသားက တုန်လှုပ်သွားပြီး သူမ သေရတော့မလို ခံစားလိုက်ရ၏။

ဤကတုံးလေးက သေချာပေါက် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်မျှသာဖြစ်သည်။

သူမ၏ ကျင့်ကြံမှုနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။

*ဘယ်လိုလုပ် ဒီလိုမျိုး ထိတ်လန့်သွားအောင် ခြောက်လှန့်နိုင်ရတာလဲ*

ချမ်ချန်ကန်းက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သူ၏လက်ကြီးကို ဝူမင်၏ ခေါင်းပေါ်တွင် တင်လိုက်၏။

“ဝူမင်... ငါ့ရဲ့ဂုဏ်သရေရှိ ဧည့်သည်တွေကို ဒီလိုဆက်ဆံရဲတယ်ဆိုတော့... မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား...”

ဝူမင်ခမျာ လည်ပင်းက ကျုံ့သွားပြီး သတ်ဖြတ်လိုစိတ်များကြောင့် ဆံပင်များ ထောင်ထလာသည်ကိုသာ ခံစားလိုက်ရ၏။

ဤအမျိုးသမီး၏ ကျင့်ကြံမှုက အလွန် အားနည်းသော်လည်း သူမ၏ အလှအပကတော့ သာလွန်လှသည်။

*အိုး... ညှို့ယူဖမ်းစားနိုင်တဲ့ မျက်လုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေး၊ အမျိုးသမီး မိစ္ဆာမလေးပဲ။ ဆရာက သူမနဲ့ ပတ်သက်မှု ရှိနေတာများလား*

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝူမင်၏အမူအရာက ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်သေးသေးလေးက ခါးကိုင်းသွားကာ သူ့မျက်နှာပေါ်တွင် မြှောက်ပင့်နေသော သရော်ပြုံးတစ်ခုရှိနေ၏။

အထူးသဖြင့် နှစ်အနည်းငယ်သာရှိသေးသော ကလေးငယ်တစ်ယောက်၏ အသွင်အပြင်ကြောင့် အပြုံးက လူများနှင့် တိရစ္ဆာန်များကို ပို၍ အန္တရာယ် မပြုနိုင်သည့်ပုံ ပေါက်နေသည်။

“ဆရာ... ဝူမင် မရဲပါဘူး... မရဲပါဘူး... မှားပါတယ်... မှားပါတယ်...”

ထို့နောက် သူက လက်အုပ်ချီ၍ မိန်နျင်ကို အရိုအသေ ပေးလိုက်၏။

“အမိတ္တဘ... ဒကာမနှစ်ယောက်... အရာအားလုံးက ကိုယ်တော်စိတ်လောသွားလို့ပါ... စိတ်လောသွားလို့ပါ... ဒကာမနှစ်ယောက်က ကိုယ်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်...”

မိန်နျင် - “...”

ပိုင်ယွဲ့ - “...”

ထိုထိတ်လန့်ဖွယ်ရာ အင်မော်တယ်စွမ်းအားများကို သူမကဲ့သို့ အင်မော်တယ်အရှင်သခင် အဋ္ဌမအဆင့် ကျင့်ကြံမှုရှိနေလျှင်တောင် ခံနိုင်ရည် မရှိနိုင်ကြောင်း မိန်နျင် သေချာသိ၏။

ခုနက ပုရွက်ဆိတ်တစ်ကောင်လောက်ပင် သေးငယ်သွားသလို ခံစားလိုက်ရသည်။

သူမ ၁၀၀ ရာခိုင်နှုန်း သေချာနိုင်သည်။

သူမရှေ့ရှိ ကတုံးလေးက နယ်မြေအရှင်သခင် တစ်ယောက်မဟုတ်ဘဲ အင်မော်တယ် အင်ပါယာသို့မဟုတ် အင်မော်တယ်ဘုရင် တစ်ပါး သေချာပေါက်ဖြစ်ရမည်။

ဤမျှအစွမ်းထက်သောတည်ရှိမှုက ချမ်ချန်ကန်းကို ဆရာအဖြစ် အသိအမှတ်ပြုရန် ဆန္ဒရှိနေ၏။

မျှော်လင့်ထားသည့်အတိုင်း စီနီယာက ခန့်မှန်းရခက်လှသည်။

“ဝူမင်... ဒါဆို မင်းဘာဖြစ်လို့ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကို ထုတ်ယူလိုက်တာလဲ... တိုက်ခိုက်ချင်လို့လား...”

ချမ်ချန်ကန်းက မေးလိုက်၏။ ဝူမင်က ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာက ပြတ်သားနေသည်။

“ဆရာ... တိုက်ဆိုင်စွာပဲ တပည့်က အင်မော်တယ် မဖြစ်သေးဘူးဆိုတော့ အင်မော်တယ်တာအိုလမ်းစဉ်ကို ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေတာပါ...”

“အင်း...”

“ဆရာက ဓားတာအိုကို ကျင့်ကြံတဲ့ အင်မော်တယ်သူတော်စင်တစ်ပါးဆိုတော့ တပည့်လည်း ဆရာ့နောက်ကိုလိုက်ပြီး ဓားတာအိုကို ကျင့်ကြံပါ့မယ်”

*ဟီးဟီး... သစ်ပင်ကြီးအောက်မှာ ခိုနားရတာ အေးမြတယ်လေ။ ဒီနည်းနဲ့ဆိုရင် ဒီဘဝမှာ ငါ့ရဲ့ အောင်မြင်မှုတွေက အရင်ဘဝထက် သေချာပေါက် သာလွန်သွားမှာပါ...”

ပြောရင်းနှင့် ဝူမင်၏ အမူအရာက တည်ကြည်လေးနက်ပြီး ရိုသေလေးစားကာ မျှော်လင့်နေသည့်ပုံ ပေါက်နေပြီး ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကို လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်၏။

“ဒီဗုဒ္ဓတာအိုလက်နက်ကို ဓားပုံစံအဖြစ် ပြန်လည်ပုံဖော်ပေးဖို့ သခင်ကို တောင်းဆိုပါတယ်... ဟီးဟီးဟီး... တာအိုအင်မော်တယ် လက်နက်တစ်ခု ဖြစ်လာရင် ပိုကောင်းတာပေါ့...”

ချမ်ချန်ကန်းက မေးစေ့ကို ပွတ်သပ်လိုက်ပြီး စဉ်းစားလိုက်၏။

ဘုန်းကြီးတစ်ပါးက ဓားကို သုံးလို့ရလား*

All Chapters