← Chapters

အခန်း ၁၈၇

Vol. 15 Ch. 187

အခန်း ၁၈၇

Vol. 15 Ch. 187

အခန်း (၁၈၇) ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်ထောင်၊ အဆင့်အတန်း

“ဗောဓိ... ငါ မင်းဆီက နောက်တစ်ခု ထပ်ငှားမယ်...”

“သခင်.. သဘောရှိလုပ်ပါ...”

ဗောဓိ၏အသံက ထွက်ပေါ်လာ၏။

ဤဗောဓိပင်က အင်မော်တယ်မြေတွင် ပေါက်ရောက်နေခြင်းဖြစ်သည်။

၎င်းက ယခင်ကနှင့် များစွာကွာခြားသွားပြီဖြစ်ပြီး ခမ်းနားကြီးကျယ်လှသော အင်မော်တယ် အဆီအနှစ်များပါဝင်နေကာ အင်မော်တယ် သစ်ပင်တစ်ပင်ကဲ့သို့ ပြောင်းလဲနေ၏။

ချမ်ချန်ကန်းက လက်ညှိုးကို မြှောက်၍ ဗောဓိပင်မှ သစ်ကိုင်းတစ်ကိုင်းကို ယူလိုက်သည်။

ထို့နောက် ထိုဗောဓိသစ်ကိုင်းကို ပန်းပုထုလိုက်၏။

“ဒါက...”

ဝူမင်က ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားပြီး မျက်လုံးပြူးကာ စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် အဓိပ္ပာယ်မရှိသော အတွေးတစ်ခု ပေါ်လာသည်။

သို့သော် ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

မိန်နျင်နှင့် ပိုင်ယွဲ့တို့ကလည်း သူမရှေ့ရှိ မြင်ကွင်းကို ကြည့်နေကြ၏။

ချမ်ချန်ကန်းက ဗုဒ္ဓတာအိုကျမ်းစာဖြစ်သော အမည်မဲ့ နိဗ္ဗာနကျမ်းစာကို တိတ်တဆိတ် ရွတ်ဆိုနေရင်း မြင့်မြတ်သော စည်းချက်ကို အသုံးပြုနေသည်။

မကြာမီ ချမ်ချန်ကန်း၏ လက်ထဲတွင် ဗောဓိသစ်ကိုင်းက ပြာများထဲမှ ပြန်လည် မွေးဖွားလာသော ဖီးနစ်ကျောက်စိမ်းဆွဲသီး တစ်ခုအဖြစ် ပန်းပုထုခံလိုက်ရ၏။

ဗုဒ္ဓအလင်းတန်းများက တောက်ပနေပြီး အသက်ဝင် ပီပြင်လှသည်။

ဝူမင်၏ မျက်လုံးအိမ်များက ရုတ်ခြည်း ကျဉ်းမြောင်းသွားပြီး သူ အလွန် ထိတ်လန့်သွားကာ မြေကြီးပေါ်သို့ ဖင်ထိုင်ရက် ကျသွား၏။

‘ဘုန်း’ ခနဲ အသံနှင့်အတူ သူ၏ လက်ထဲရှိ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ကလည်း သူ့ဘေးသို့ ကျသွားပြီး သူ၏ မျက်နှာက ကြက်သေသေနေသည်။

“ငါ့ဗုဒ္ဓတောင် ဈာန်လျောရပြီ... ဘယ်လောက်တောင် ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာနဲ့ တာအိုစည်းချက်လဲ... ဒါက တာအိုစည်းချက် ပစ္စည်းတစ်ခုပဲ...”

“ဗုဒ္ဓတာအို... ဓားတာအို... လုံးဝ မတူညီတဲ့ တာအိုစည်းချက်ပစ္စည်းနှစ်ခု။ ဆရာက တကယ်ပဲ မတူညီတဲ့ တာအိုလမ်းစဉ်နှစ်ခုကို ကျင့်ကြံထားတာလား...”

ဝူမင် ဤမျှထိတ်လန့်နေသည်ကို မြင်သောအခါ မိန်နျင်က ဝင်မပြောဘဲ မနေနိုင်တော့ပေ။

“အရင်က စီနီယာက သစ်သားဓား တစ်လက်ကို ပန်းပုထုခဲ့တယ်။ အဲဒါက ဓားတာအိုကို ကျင့်ကြံဖို့အတွက် တာအိုစည်းချက်ပစ္စည်း းတစ်ခုပဲ...”

“သုံး... သုံးခု...”

*ကောင်းလိုက်တဲ့ ကောင်လေး*

ဝူမင်က လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာက ထိတ်လန့်၍ လှုပ်ရှားသွား၏။

မိန်နျင်နှင့် ပိုင်ယွဲ့တို့က မြေကြီးပေါ်တွင် ထိုင်နေသော ဝူမင်ကို ကြည့်၍ ဘာပြောရမှန်း မသိတော့ပေ။

*ဒီကတုံးလေးက တကယ်ပဲ နယ်မြေတစ်ခုရဲ့ အရှင်သခင်လား*

ချမ်ချန်ကန်းက ဖီးနစ်ကျောက်စိမ်းဆွဲသီးကို ဝူမင်ထံသို့ ပစ်ပေးလိုက်သည်။ ဝူမင်က အလျင်အမြန် ဖမ်းယူလိုက်၏။

*အိုး ဘုရားရေ။ အဲ့ကျောက်တုံးဓားထဲမှာ ပါဝင်တဲ့ တာအိုစည်းချက်ထက်တောင် ပိုပြီး သန့်စင်ပြီး ပိုသန်မာနေသေးတာပဲ*

အကယ်၍ ကျောက်တုံးဓားကို ဓားပုံစံအတိုင်း ပန်းပုထုထားရုံမျှသာဖြစ်ခဲ့လျှင် ဤဖီးနစ် ကျောက်စိမ်းဆွဲသီးကို ဗုဒ္ဓတာအိုကျမ်းစာဖြစ်သော အမည်မဲ့ နိဗ္ဗာနကျမ်းစာအပေါ် အခြေခံ၍ မြင့်မြတ်သော စည်းချက်နှင့် ပေါင်းစပ်ကာ ပန်းပုထုထားခြင်း ဖြစ်၏။

၄င်းက ရှေးဟောင်းတာအိုစည်းချက်ပစ္စည်း တစ်ခု ဖြစ်သည်။

တန်ဖိုးကား ထိုကျောက်တုံးဓားထက် အဆပေါင်း ဒါဇင်ချီ၍ ပိုများ၏။

“ဆရာ.. ဒါက...”

ဝူမင်က သူ၏ လက်ထဲရှိ ဖီးနစ် ကျောက်စိမ်းဆွဲသီးကို ကြည့်၍ မျက်ရည်များ ကျလာသည်။

“ဒီဖီးနစ်ကျောက်စိမ်းဆွဲသီးက ရှမီအင်မော်တယ်နယ်မြေမှာ ငါချန်ထားခဲ့တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ယှဉ်ရင် စကားတစ်ခွန်းတည်းနဲ့ ပြောရရင် ငါ့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက အစပ်ကြက်သား... ထွီ... အစပ်ကြက်သားလောက်တောင် မကောင်းဘူး...”

ချမ်ချန်ကန်းရှိနေသဖြင့် သူ့ထံတွင် သန့်စင်ရန် တာအိုစည်းချက် ပစ္စည်းများ စဉ်ဆက်မပြတ် ရှိနေနိုင်၏။

အထွတ်အထိပ်ကျင့်ကြံမှုသို့ ပြန်လည် ရောက်ရှိရန်မှာ လွယ်ကူလှသည်။

ဤဘဝတွင် သူက ကိုယ်ပိုင် အကန့်အသတ်များကိုပင် ဖောက်ထွက်နိုင်ပြီး ပို၍ သန်မာလာနိုင်၏။

ဒဏ္ဍာရီလာအဆင့်သို့ ခြေလှမ်းနိုင်မည် ဖြစ်သည်။

သူက အလွန်စိတ်လှုပ်ရှားသွားပြီး ချမ်ချန်ကန်း၏ ပေါင်ကို တင်းကျပ်စွာ ဖက်ထားကာ နှာရည်နှင့် မျက်ရည်များ ကျလာ၏။

“ဆရာ… တပည့် အင်မော်တယ်နယ်မြေကို မပြန်ချင်တော့ဘူး... ဆရာက တပည့်ကို အနားမှာပဲ နေခွင့်ပြုရမယ်...”

“တပည့်ကို ဆရာ့ရဲ့ အသစ္စာရှိဆုံးနဲ့ အားအကိုးရဆုံး အစေခံ ဖြစ်ခွင့်ပြုပါ~”

ပိုင်ယွဲ့နှင့် မိန်နျင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်စီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။

မဟုတ်ဘူး။

ဤသူက အဆင့်မြင့်နယ်မြေအရှင်သခင် မဖြစ်နိုင်ပေ။

နယ်မြေအရှင်သခင်များက လက်လှမ်းမမီနိုင်သော နေရာတွင်ရှိကြ၏။

အင်မော်တယ်နယ်မြေတိုင်းရှိ အသန်မာဆုံး တည်ရှိမှုဖြစ်ပြီး ပေါင်ကို ဖက်၍ ဤကဲ့သို့သော အရာမျိုးကို ဘယ်လိုလုပ် လုပ်နိုင်ပါမည်နည်း။

သူတို့က ရှမီအင်မော်တယ်နယ်မြေမှ မဟုတ်သော်လည်း ဝူမင်အတွက် မျက်နှာပူမိကြသည်။

အရှက်ရစရာဟု ခံစားရ၏။

သေချာပေါက် ဤသည်မှာ အဓိကအားဖြင့် ပိုင်ယွဲ့နှင့် မိန်နျင်တို့က အင်မော်တယ် တာအိုလမ်းစဉ်မှ သူတော်စင်များ၏ ထိတ်လန့်ဖွယ်ကောင်းမှုကို မသိကြသေးသောကြောင့်ဖြစ်သည်။

မဟာတာအိုသုံးခုကို ကျင့်ကြံပြီး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းက ကောင်းကင်ဘုံကို မည်မျှဆန့်ကျင်နေသနည်း ဆိုသည်ကို သူ့ထက် ပို၍ မသိကြပေ။

အကယ်၍ သိခဲ့လျှင် သူတို့အခြေအနေက ဤနေရာရှိ ဝူမင်ထက် ပိုကောင်းမည် မဟုတ်ပေ။

ချမ်ချန်ကန်းပင်လျှင် ဆွံ့အသွား၏။

ရိုးရိုးသားသားပြောရလျှင် ဤဝူမင်၏ စွမ်းဆောင်ရည်က သူ့ကို လုံးဝ အံ့အားသင့်သွားစေသည်။

အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်သာ ရှိသေးသော်လည်း ချမ်ချန်ကန်းက ဝူမင်ကို ကလေးတစ်ယောက်ကဲ့သို့ မဆက်ဆံခဲ့ပေ။

သူ ဘယ်လောက်ကြာကြာ အသက်ရှင်ခဲ့လဲ ဆိုတာကို သရဲတစ္ဆေတွေပဲ သိလိမ့်မည်။

သူ့ခြေထောက်ကို အားပြု၍ ဝူမင်ကို ကန်ထုတ်လိုက်၏။

“ဆရာ... ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့ အား အား အား...”

“ရွှစ်…”

ဝူမင်က ကြယ်တံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖေးရှန်းတောင်မှ ကန်ထုတ်ခံလိုက်ရသည်။

ပြန်လာဖို့ အချိန်အနည်းငယ် ကြာလိမ့်မည်ဟု ခန့်မှန်းရ၏။

“ကောင်းပြီ... ငါတို့ ဆက်ပြောကြတာပေါ့...”

ချမ်ချန်ကန်းက မိန်နျင်နှင့် ပိုင်ယွဲ့တို့ကို ဆက်ပြောလိုက်သည်။

“မင်းတို့လည်း မြင်တဲ့အတိုင်းပဲ။ ငါ့အတွက် တာအိုစည်းချက်ပစ္စည်းတွေ လုပ်ရတာ မခက်ခဲပါဘူး”

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်၏။

သူမက ပို၍ ရိုသေလေးစားလာပြီး စကားဆိုလိုက်သည်။

“စီနီယာ... ဟွမ်ဖူမိသားစုကလည်း စီနီယာနဲ့ အရောင်းအဝယ်လုပ်ချင်ပါတယ်။စီနီယာ ဆန္ဒရှိလား မသိဘူး”

“ဘယ်လို အရောင်းအဝယ်လဲ...”

ပိုင်ယွဲ့က သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူ၍ ချမ်ချန်ကန်းထံသို့ ပေးလိုက်၏။

“ဒီသိုလှောင်လက်စွပ်ထဲက အင်မော်တယ် ကျောက်တုံးတွေက ဟွမ်ဖူမိသားစုနဲ့ စီနီယာနဲ့ကြားက အရောင်းအဝယ်အတွက်ပါ။ အထဲမှာ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး တစ်ထောင်ရှိပါတယ်...”

အင်မော်တယ်ကျောက်တုံးများကို အင်မော်တယ်များ ကျင့်ကြံရန် အသုံးပြုရုံသာမက အင်မော်တယ်တစ်သောင်းနယ်မြေ၏ အမာခံငွေကြေးလည်းဖြစ်ကြောင်း သိထားရမည်။

အထူးသဖြင့် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးက ပို၍ပင် ဖြစ်၏။

ဤထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးတစ်ထောင်ကို ထုတ်ယူလိုက်ခြင်းက ရွှယ်ဝူအင်မော်တယ်နယ်မြေရှိ ထိပ်တန်း အင်မော်တယ်အင်အားစုဖြစ်သော ဟွမ်ဖူမိသားစုကိုပင် မလွှဲမရှောင်သာ ထိခိုက်နစ်နာစေမည် ဖြစ်သည်။

“ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်ထောင်...”

ချမ်ချန်ကန်းက တကယ်ကို ထိတ်လန့်သွား၏။

သူ့မျက်နှာက အမူအရာ ကင်းမဲ့နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများက တောက်ပ၍ စူးရှနေသည်။

ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်ခုက နယ်မြေတန်ဖိုး ၅၀,၀၀၀ နှင့် လဲလှယ်နိုင်သည်။

ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးတစ်ထောင်ဆိုတာ ဘယ်လို သဘောတရားမျိုးလဲ။

ချမ်ချန်ကန်း စိတ်ကူး၍ပင် မရနိုင်ပေ။

အကယ်၍ အားလုံးကို နယ်မြေတန်ဖိုးများနှင့် လဲလှယ်ရန် အသုံးပြုမည်ဆိုပါက အမှတ် သန်း ၅၀ ဖြစ်သွားမည်။

သုညတွေ အများကြီးပဲ။

အကယ်၍ နယ်မြေတန်ဖိုးကို ချဲ့ထွင်ရန် အသုံးပြုမည်ဆိုပါက တောင်ပေါင်းတစ်သိန်းတောင်တန်းကို လုံးဝ လွှမ်းခြုံသွားရန်က ပြဿနာမရှိနိုင်ဘူး မဟုတ်လား။

ချမ်ချန်ကန်းက သူ၏ လက်ထဲရှိ သိုလှောင်လက်စွပ်ကို ကစားရင်း ခပ်ဖွဖွ ပြုံးလိုက်၏။

“ပိုင်ယွဲ့... မိန်နျင်... မင်းတို့က သိုလှောင်လက်စွပ်ကို ငါ့ဆီ လွှဲပြောင်းပေးဖို့ အရမ်းစိတ်အေးနေတာပဲ.။ ငါက စကားလှည့်ပြီး အဲဒီအင်မော်တယ် ကျောက်တုံးတွေကို ငါ့အတွက် ယူထားလိုက်မှာကို မကြောက်ဘူးလား...”

“စီနီယာရဲ့ စွမ်းအားနဲ့ဆိုရင် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးတစ်ထောင်က စီနီယာအတွက် ဘာမှမဟုတ်ပါဘူး”

“စီနီယာက သဘောထားကြီးပါတယ်။ ဒီလိုမျိုး သေချာပေါက် လုပ်မှာမဟုတ်ပါဘူး”

ပိုင်ယွဲ့နှင့် မိန်နျင်တို့က အလွန် တ္တိရှိပြီး ချမ်ချန်ကန်းကို အလွန် ယုံကြည်ကြသည့်ပုံ ပေါက်၏။

သို့သော် ဤနေရာတွင် ချမ်ချန်ကန်းက အလွန် ရှင်းလင်းစွာ သိထားသည်။

သူ လိုအပ်နေသည်မှာ အင်မော်တယ် ကျောက်တုံးများဖြစ်၏။ ယခု သူ၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

အလွယ်တကူ ဘယ်လိုလုပ် ပြန်ထုတ်ပေးနိုင်ပါမည်နည်း။

“ငါက သဘောထားကြီးတယ်လို့ မင်းတို့ ထင်ရင် မင်းတို့ စိတ်ပျက်ရလိမ့်မယ်...”

ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး သူက ပြောလိုက်၏။

“ပြောစမ်း... မင်းတို့က ဘာနဲ့ အရောင်းအဝယ် လုပ်ချင်တာလဲ”

ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးအမြောက်အမြားရှိနေသဖြင့် ဟွမ်ဖူမိသားစုနှင့် ဤအရောင်းအဝယ်က မလွယ်ကူပေ။

ပိုင်ယွဲ့က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရိုသေစွာ ပြောလိုက်၏။

“မိသားစုက ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးတစ်ထောင်ကို အသုံးပြုပြီး စီနီယာနဲ့ အဆင့်မြင့် တာအိုစည်းချက်ပစ္စည်း သုံးခု၊ အလယ်အလတ်အဆင့် တာအိုစည်းချက်ပစ္စည်းငါးခုနဲ့ လဲလှယ်ချင်ပါတယ်...”

ကျွတ် ကျွတ်...

ပိုင်ယွဲ့၏ စကားကို ကြားသောအခါ ချမ်ချန်ကန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ကြည့်ရသည်မှာ ဤတာအိုစည်းချက်ပစ္စည်းက အင်မော်တယ်များအတွက် သာမန်အရာကောင်းတစ်ခု မဟုတ်ပေ။

တာအိုစည်းချက်ပစ္စည်း စုစုပေါင်းရှစ်ခုကို ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်ထောင်နှင့် လဲလှယ်နိုင်သည်။

ချမ်ချန်ကန်းက တောက်ပသော လမ်းကြောင်း တစ်ခုကို မြင်တွေ့လိုက်ရ၏။

*ဟားဟားဟားဟား... *

*ငါ့ရဲ့ ပြိုင်ဘက်ကင်းနယ်မြေက ကျူးရှိုးတိုက်ကြီးကို အောင်နိုင်မည့်နေ့က ရောက်လာတော့မည့်ပုံပဲ*

တစ်နည်းဆိုရသော် မူလက တာအိုစည်းချက် ပစ္စည်းများတွင်လည်း အဆင့်အတန်းများ ရှိကြ၏။

“ပြီးခဲ့တဲ့ အကြိမ်က သစ်သားဓားက ဘယ်အဆင့်လဲ...”

မိန်နျင်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

“အလယ်အလတ်အဆင့် တာအိုစည်းချက် ပစ္စည်းပါ...”

“အလယ်အလတ်အဆင့်လား...”

ချမ်ချန်ကန်းက မေးစေ့ကို ပွတ်သပ်လိုက်၏။

“ဟုတ်ပါတယ်။ တာအိုစည်းချက်ပစ္စည်းရဲ့ အဆင့်က အင်မော်တယ် ကျောက်တုံးတွေရဲ့ အဆင့်နဲ့ အတူတူပါပဲ။ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် နဲ့ ထိပ်တန်းအဆင့်ဆိုပြီး ရှိပါတယ်။ အဲဒါနဲ့ ကိုက်ညီစွာပဲ မြေကမ္ဘာအင်မော်တယ် လျှို့ဝှက်နယ်မြေ၊ ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေတွေမှာရှိတဲ့ အင်မော်တယ်တွေကို ကူညီပေးနိုင်ပါတယ်...”

“ပြီးတော့ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတွေက နယ်မြေအရှင်သခင် ရဲ့ ကျင့်ကြံမှု အတွက်တောင် အသုံးဝင်တယ်လို့ ကြားဖူးပါတယ်...”

“ဒါပေမဲ့ ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းတွေက လောကမှာ ရှားပါးပါတယ်။ နှစ်ရာချီကြာမှ တစ်ခုတွေ့ရဖို့တောင် အရမ်း ဖြစ်နိုင်ခြေနည်းပါတယ်...”

မိန်နျင်က ချမ်ချန်ကန်းအပေါ် ယုံကြည်မှုအပြည့်ရှိသော်လည်း ချမ်ချန်ကန်းက အကောင်းဆုံး တာအိုစည်းချက် ပစ္စည်းများကို ဖန်တီး၍ ပန်းပုထုနိုင်လိမ့်မည်ဟု သူမ မထင်ထားပေ။

မည်သို့ပင်ဆိုစေကာမူ အကောင်းဆုံး အရည်အသွေးရှိသော တာအိုစည်းချက် ပစ္စည်းများကို အင်မော်တယ်တာအိုလမ်းစဉ်မှ သူတော်စင်များက ပြုလုပ်ခဲ့သည်ဟု ဘယ်သောအခါကမှ မကြားဖူးခဲ့ချေ။

မိန်နျင် ဘာတွေ တွေးနေသည်ကို ချမ်ချန်ကန်း ဂရုမစိုက်ပေ။

ကျောက်တုံးဓားကို မိန်နျင်ထံသို့ တိုက်ရိုက် ပေးလိုက်၏။

“ဒီကျောက်တုံးဓားကရော မိန်နျင် မင်းက ဘယ်အဆင့်လို့ထင်လဲ”

All Chapters