← Chapters

ဦးတည်ချက်…ကောင်းကင်ဦးစီး(၁၀၈)နေရာ

Vol. 019 Ch. 909

ဦးတည်ချက်…ကောင်းကင်ဦးစီး(၁၀၈)နေရာ

Vol. 019 Ch. 909

“မင်းအောင်မြင်မယ်ဆိုရင် ငါက မင်းကို မိုးဆင့်ခေါ်ခြင်းနဲ့ ဆန်းကြယ်အာစီနယ်(လက်နက်)ကို သင်ပေးမှာ ဖြစ်တယ်။ မအောင်မြင်ရင်တော့ မင်းက ဒီကောင်းကင်ဘုံမန္တာန်နှစ်ခုနဲ့ ကံမစပ်လို့ပဲ။ငါ မင်းကို တစ်ကြိမ် ကယ်တင်ပေးခဲ့ပြီး ဖြစ်တဲ့အတွက် မင်းနဲ့ငါ့ဆရာရဲ့ ကံတရားကို ငါက ဖြည့်ဆည်းပေးပြီး ဖြစ်တယ်လို့ ယူဆလို့ ရပြီ။ အကောင်းဆုံး ကြိုးစားပါ…”

ချင်းရွှေသည် ဝမ်လင်းကို ကြည့်၏။အနည်းငယ် စဉ်းစားပြီးနောက် သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်တန်း၏။ထိုအခါ ရေခဲသလင်းလို ကြည်လင်နေသည့် အရည်ကြည်တစ်စက်သည် ဝမ်လင်းရှေ့၌ မြောလွင့်လာသည်။

“ဒီထဲမှာ မိုးဆင့်ခေါ်ခြင်းမန္တာန်ကို သုံးကြိမ်အသုံးပြုနိုင်တဲ့ အစွမ်းပါဝင်တယ်။ဒါကို မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် အသုံးပြုပါ…”

ချင်းရွှေသည် ပြန်လှည့်ကာ လေဟာနယ်ထဲသို့ လျှောက်လှမ်းရင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။သူ ပျောက်ကယ်သွားသည့်အခိုက်၌ သူ့မျက်လုံးထဲရှိ အတိတ်ကို အောက်မေ့မှုသည် ပို၍ပင် အားကောင်းလာသည်။သူက ခပ်တိုးတိုး ရေရွတ်မိ၏။

“စောနကလူဟာ ငါ့ဆရာထက်တောင် အားကောင်းသေးတယ်…။ဒါပေမဲ့ သူက ငါ့ကို ရင်းနှီးတဲ့ ခံစားချက် ပေးနေတယ်။ ငါ သူ့ကို အရင်တုန်းက မြင်ဖူးရမယ်…”

ဝမ်လင်းသည် ထွက်ခွာသွားသည် ချင်းရွှေ၏ပုံရိပ်ကို ကြည့်နေ၏။သူက အချိန်အတန်ကြာ စဉ်းစားနေရင်း ချင်းရွှေထွက်ခွာသွားသည့် အရပ်သို့ လက်နှစ်ဖက်ယှက်၍ လေးစားသမှု ပြုနေသည်။ထို့နောက် သူက ရေခဲသလင်းကို ဆွဲယူပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

“စောနက လူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ အနှိုင်းမဲ့ကျင့်ကြံသူ ဖြစ်လိမ့်မယ်…”

ထို့နောက်တွင်တော့ ဝမ်လင်းသည် လီယွမ်၏မိသားစု ရှိရာသို့ ဦးတည်သွားတော့သည်။

“မဟာမိတ်ကြယ်အဖွဲ့အစည်းမှာရော တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေလား ငါ မသိဘူး။ ဒိလူက သန်မာလွန်းလှတယ်။ နိဗ္ဗာနပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် သူ့ကို ခုခံနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် ကြယ်များကြား၌ သွားလာနေ၏။သူ့မျက်လုံးသည် တောက်ပနေသည်။

“ဒါပေမဲ့လည်း ငါက ကောင်းကင်ဖိဆန်ခြင်းပုတီးစေ့က တတိယအဆင့်ရဲ့ ဦးတည်ရာကို တွေ့မြင်ခဲ့ပြီး သွားပြီ…” ဝမ်လင်း၏ မျက်လုံးသည် လေဟာနယ်ကွေးညွတ်ခြင်းကို အစွမ်းကို အသုံးပြုကာ သွားလာနေရင်း တောက်ပနေတော့၏။

တောင်ပိုင်းနယ်မြေ၌ တသီးတသန့်ဖြစ်နေသည့် ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ရှိသည်။ထိုဂြိုဟ်သည် ပျက်သုဉ်းခြင်းဂြိုဟ်ဟု အမည်ရ၏။လွန်ခဲ့သော အချိန်များက ၎င်းဂြိုဟ်သည် တောင်ပိုင်းနယ်မြေတွင် ကျော်ကြားခဲ့ရုံမျှမက မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင်ပင် ထင်ရှားခဲ့ပေသည်။

ရှေးဟောင်းအချိန်များက အမွေအနှစ်ရခဲ့သည့် အတားအဆီးပညာရပ်များနှင့် မိသားစု ဖြစ်သည့် လီမိသားစု။ ပျက်သုဉ်းခြင်းအတားအဆီး၏ ထည်ဝါမှုနှင့် လီမိသားစုသည် အလွန်စွမ်းအား ရှိခဲ့ကာ အလုံးစုံကြယ်အဖွဲ့အစည်းကို တကြိမ်တခါက တုန်လှုပ်ခဲ့ပေသည်။သို့သော်လည်း မိသားစု၏မျိုးဆက်များ လျော့ကျလာမှုနှင့် ပျက်သုဉ်းခြင်းအတားအဆီးသည် အပြင်သို့ ပေါက်ကြားသွားခဲ့သည့်အတွက် လီမိသားစုသည် သူ့စွမ်းအားကနေ ရုတ်လျော့ခဲ့ရပေသည်။

လီမိသားစု၏ အင်အား လျော့ကျလာသည်နှင့်အတူ လူအများ၏ မှတ်ဉာဏ်ထဲ၌ သူတို့၏ တောက်ပမှုသည်လည်း မှုန်ဝါးလာခဲ့တော့သည်။

ပျက်သုဉ်းခြင်းဂြိုဟ်သည် သီးသန့်ဆန်လှသည်။မည်သည့်ကျင့်ကြံသူကမျှ သည်နေရာသို့ မလာကြပေ။လီမိသားစု ချန်ထားခဲ့သော မရေမတွက်နိုင်သော အတားအဆီးများ မကျန်ရှိတော့သောကြောင့် မဟုတ်ရင် သူတို့သည် ပျက်သုဉ်းခြင်းကျင့်ကြံခြင်းဂြိုဟ်ကို ဖမ်းဆုပ်မိနိုင်လိမ့်မည် မဟုတ်ပေ။

ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်ရှိ လီမိသားစု အိမ်တော်အတွင်း၌ လီယွမ်သည် အကွာအဝေးတစ်ခုထံသို့ ငေးကြည့်နေသည်။

“အစ်ကိုရှု…ယောင်မိသားစုက မင်းနောက်ကို လိုက်သတ်နေရာ ငါ မကူညီချင်လို့ မဟုတ်ပါဘူး။ ဒါက ငါ ဘာမှ တတ်နိုင်စွမ်း မရှိလို့ပါ…”

လီယွမ်၏မျက်နှာသည် ခါးသက်နေ၏။သူက ဝမ်လင်းကို ကူညီချင်၏။သို့သော် သူ့ကျင့်ကြံမှုအဆင့်ဖြင့် မကူညီနိုင်ရုံသာမက ဝန်ထုတ်ဝန်ပိုးပင် ဖြစ်လာနိုင်သည်။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ရှုမူကို အတော်လေး ကျေးဇူးတင်မိသည်။

သက်ပြင်းချပြီးနောက် လီယွမ်သည် မတ်တပ်ရပ်ကာ အခန်းထဲကနေ လှမ်းထွက်လာ၏။သူက ကောင်းကင်ထက်သို့ ငေးမောကြည့်ရင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှသည် သူ့ခေါင်းထဲ၌ အစီအရီ ပေါ်လာခဲ့ပေသည်။

“အစ်ကိုရှု…သင်သာ ရောက်လာရင် ငါက သင့်ကို ပျက်သုဉ်းခြင်းအတားအဆီး နှလုံးသားကို ချက်ခြင်း ပေးလိုက်မှာပါ…” လီယွမ်သည် ခပ်ဖွဖွ ရေရွတ်နေရင်း သူ့မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွား၏။သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ တုန်လှုပ်မိသွား၏။

လှိုင်းတစ်ခုသည် ကောင်းကင်ထက်၌ ပေါ်လာကာ စတင်ပျံ့လာသည်။

ဝမ်လင်း၏ပုံရိပ်သည် ထိုလှိုင်းထဲကနေ လှမ်းလျှောက်ထွက်လာသည်။သူက လေထဲ၌ ရှိနေကာ လီယွမ်ကို ချက်ခြင်း တွေ့မြင်သွားသည်။သူက ပြုံး၍ ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။

လီမိသားစု၏ဘိုးဘေးခန်းမထဲ၌ အနက်ရောင်ရေကန်တစ်ခု ရှိ၏။ဝမ်လင်းနှင့်လီယွမ်တို့သည် ထိုရေကန်ထဲ၌ ထိုင်နေကြကာ ယင်းရေကန်ထဲရှိ ရေဝဲကတော့ထဲကနေ အေးစက်စက်အော်ရာတစ်ခု ထွက်ပေါ်နေ၏။

သို့ရာတွင် ထိုရေဝဲကတော့သည် အားနည်းလွန်းလှသည်။၎င်းက သူတို့နှစ်ယောက်ကို လှည့်လည်ရင်း လှိုင်းတွန့်များ ဖန်တီးနေသည်။လီယွမ်သည် မျက်လုံးမှိတ်ထားရင်း သူ့မျက်ခုံးနှစ်ခုကြားကနေ အနက်ရောင်အလင်းတစ်ခု ထွက်လာနေ၏။ထိုအလင်းသည် အနက်ရောင်လိုင်းများ အဖြစ်သို့ ပြောင်းလဲကာ ရေကန်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအနက်ရောင်မျဉ်းလိုင်းများ ရေကန်နှင့် ထိမိသည်နှင့် လှိုင်းတွန့်များစွာကို ဖြစ်ပေါ်စေလာသည်။

ဝမ်လင်းသည် လီယွမ်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။သူတို့နှစ်ယောက်သည် သည်နေရာ၌ သုံးရက်တိတိ ကျင့်ကြံနေခဲ့ပြီး ဖြစ်သည်။ဝမ်လင်းသည် သည်နေရာသို့ လွန်ခဲ့သော သုံးရက်က ရောက်လာခဲ့သည်။ထို့နောက် သူနှင့်လီယွမ်တို့သည် ပျက်သုဉ်းခြင်းအတားအဆီးနှလုံးသားကို အမွေဆက်ခံနိုင်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အတားအဆီးနှလုံးသားရှိမှသာ ပျက်သုဉ်းခြင်းအတားအဆီးသည် ၎င်း၏အစစ်အမှန်စွမ်းအားကို ပြသနိုင်မည် ဖြစ်၏။သို့သော်လည်း အတားအဆီးနှလုံးသား အမွေအနှစ်သည် လီမိသားစု၏ဘိုးဘေးခန်းမ၌သာ ပြုလုပ်နိုင်စွမ်း ရှိသည်။

လီယွမ်ထံမှ အနက်ရောင်လိုင်းများသည် ရေကန်ထဲသို့ ဝင်ရောက်ပြီးနောက် ရေကန်၏အစိတ်အပိုင်း ဖြစ်လာခဲ့သည်။တစ်ချိန်တည်းမှာ အနက်ရေများသည် ဝမ်လင်း၏အနီးအနား၌ စုစည်းလာကာ သူ့မျက်ခုံးနှစ်ခုကြားတွင် တဖြည်းဖြည်း သိပ်သည်းလာသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေရင်း လီယွမ်သည် မောပန်းသည့်ဟန်ပန် ဖြစ်ပေါ်လာသည်။အတားအဆီးနှလုံးသား အမွေအနှစ်သည် သူတို့၏ဘိုးဘေး သေခါနီးအချိန်မှ လွှဲပေးတက်ခြင်း ဖြစ်သည်။

ခုချိန်၌ ဝမ်လင်းကို ပြန်ပေးဆပ်နိုင်ဖို့ သူသည် ချက်ခြင်း သူ့အတားအဆီးနှလုံးသားကို တစ်ဝက်တိတိ ခွဲထုတ်ပစ်ကာ ဝမ်လင်းထံသို့ ပေးပစ်ခြင်း ဖြစ်သည်။ငါးရက်မြောက်နေ့၌ လီယွမ်သည် အတော်လေး အိုစာသည့်ပုံ ပေါက်လာသည်။သည်ငါးရက်သည်နှစ်ငါးဆယ်လောက် ကုန်ဆုံးသွားသည့်အလား။ သူ့မျက်ခုံးနှစ်ခုကြားရှိ အနက်ရောင်လိုင်းသည်ပင် အတော်လေး မှိန်ဖျော့သွားကာ ၎င်း၏ တစ်ဝက်ကျော်သည် ရေကန်ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည့်အတွက် အတော်လေး အားနည်းသွားလေပြီ။

ရေကန်ထဲရှိ ရေဝဲကတော့သည် ပို၍ သိပ်သည်းလာ၏။၎င်းက ဆက်လက်၍ လှည့်ပတ်နေရင်း တဖြည်းဖြည်း မုန်တိုင်းတစ်ခုလို ဖြစ်လာသည်။

လီယွမ်သည် သူ့ပင်ပန်းနေသည့် ခန္ဓာကိုယ်ကို ရေကန်ထဲကနေ ဆွဲယူကာ ထိုင်ချလိုက်၏။သူက ရေထဲရှိ ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည်။ “အစ်ကိုရှု…ငါက သင့်ရဲ့ ကြင်နာမှုအတွက် ပြန်ပေးဆပ်နိုင်ခဲ့ပြီ…”

သူက မျက်လုံးမှိတ်လိုက်၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အားနည်းနေသည်။သူက စတင်ကျင့်ကြံတော့သည်။ ဝမ်လင်းကို သူက အများအပြား ပြန်ပေးဆပ်ခြင်းပင်။ သူ့အတားအဆီးနှလုံးသား၏ အစိတ်အပိုင်းကို ထုတ်ယူခဲ့သည့်အတွက် သူ့အတားအဆီးစွမ်းရသည် အတော်လေး လျော့ကျသွားခဲ့ပြီ ဖြစ်၏။

ဝမ်လင်းသည် ရေကန်ထဲ၌ ထိုင်နေရင်း ဝဲကတော့သည် ပို၍ပင် သိပ်သည်းလာတော့၏။ခြောက်ရက်မြောက်နေ့၌ မုန်တိုင်းတစ်ခု ဖြစ်လာကာ ရေများကို အထက်သို့ မြင့်တက်ပြီး ဝမ်လင်းကို ဝန်းရံသွားစေသည်။အေးစက်စက်စွမ်းအင်သည် ပျံ့နှံ့နေကာ ရေခဲစများပါ ထွက်ပေါ်လာသည်။ကန်၏ အချို့နေရာများသည် အေးခဲကုန်သည်။

အနက်ရောင်ရေများ လှည့်လည်နေမှုအောက်တွင် အနက်ရောင်လိုင်းများသည် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်ကာ ရှုပ်ထွေးသောပန်းပွင့်ပုံစံကို ဖစြ်ပေါ်စေပြီး တစ်လွှာပြီးတစ်လွှာ ဖြစ်လာသည်။

ဤအခိုက်အတန့်၌ ဝမ်လင်းသည် ထူးဆန်းသောအခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ထင်ရ၏။ သူ့စိတ်ထဲ၌ ပေါ်လာသည့် ပျက်သုဉ်းခြင်းအတားအဆီးနှင့် ပတ်သတ်သည့် အရ ာအားလုံးသည် သူ့အရင်သိထားခဲ့သည့် အတားအဆီးမှတ်ဉာဏ်များနှင့် ပေါင်းစပ်သည်။

အနက်ရောင်လိုင်းများ သူ့အား ခပ်နှိပ်လာနေရင်း အမျိုးမျိုးသော ဆန်းကြယ်သည့်အတားအဆီးများသည် သူ့စိတ်နှလုံးထဲ၌ ပို၍ လေးနက်ထည်ဝါလာတော့သည်။

ကိုးရက်မြောက်နေ့တွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့ပတ်လည်ရှိ အနက်ရောင်ရေဝဲကတော့သည် ရုတ်တရက် ပျက်စီးသွားသည်။ရေများသည် အေးစက်စက်စွမ်းအင်နှင့်အတူ နေရာအနှံ့သို့ ပြန့်ကျဲကုန်၏။

ဝမ်လင်း၏မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ပေါ်လာကာ သူ့မျက်လုံးထဲ၌ မရေမတွက်နိုင်သောအတားအဆီးများ တဖျပ်ဖျပ် ဖြစ်နေတော့၏။

ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်သည်။ပြန့်ကျဲသွားသည့် အနက်ရောင်ရေအားလုံးသည် တုန်ခါကုန်ကာ သူ့လက်ဝါးထက်၌ အနက်ရောင်အလုံးတစ်ခု အဖြစ်သို့ သိပ်သည်းသွားသည်။

ထိုအနက်ရောင်အလုံးသည် အနက်ရောင်တောက်ပမှုနှင့် အေးစက်စက်အော်ရာတစ်ခုကို ပေးစွမ်း၏။

ထိုအနက်ရောင်အလုံးကို စူးစိုက်ကြည့်နေရင်းကနေ ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်ကာ သူ့သိုလှောင်အိတ်ကို ပုတ်သည်။မြေခဲမြောက်များစွာ ပျံသန်းထွက်လာသည်။

ထိုမြေခဲများသည် လီယွမ်၏လမ်းညွှန်မှုအောက်၌ သူ မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ စုဆောင်းခဲ့ခြင်းပင်။ ဝမ်လင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မြေခဲအားလုံးသည် အနက်ရောင်အလုံးထဲသို့ ဝင်ရောက်သွားသည်။

အနက်ရောင်အလုံးသည် တဖြည်းဖြည်း ပို၍ အထည်ဒြပ် ဖြစ်လာ၏။တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်သည်။၎င်းအဆီအနှစ်က အနက်ရောင်အလုံးနှင့် ထိမိသွားသည့်အခါ တောက်ပလာခဲ့သည်။အနက်ရောင်အလုံးသည် တဖြည်းဖြည်း ကျုံ့လာရင်း ဝမ်လင်းရှေ့၌ ပုံသဏ္ဌာန် ပြောင်းလဲလာရင်း ရှစ်မြှောင့်သံလိုက်အိမ်မြှောင်တစ်ခု ဖြစ်လာခဲ့သည်။

“ပျက်သုဉ်းခြင်းအတားအဆီးကို ဆက်ခံတဲ့ မျိုးဆက်တိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်အတားအဆီးနှလုံးသား သံလိုက်အိမ်မြှောင် ပိုင်ဆိုင်ရတယ်။ ဂုဏ်ယူပါတယ်…အစ်ကိုရှု…” လီယွမ်က ပြုံး၍ ဆိုလာ၏။

ဝမ်လင်း လက်ဝါးပေါ်ရှိ သံလိုက်အိမ်မြှောင်သည် သူ့လက်ဝါးထဲသို့ ဝင်ရောက်သွားသည်။၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းရွှေ့လျားပြီး မျက်ခုံးနှစ်ခုကားတွင် ဖျပ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွားသည်။ဝမ်လင်းသည် လီယွမ်ဘေးနားသို့ လှမ်းလာလိုက်၏။သူက လက်နှစ်ဖက်ယှက်ကာ ပြောလာသည်။ “ကျေးဇူးအများကြီးတင်ပါတယ်…အစ်ကိုလီ…”

လီယွမ်သည် ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းယမ်းသည်။ “ဒီလို လုပ်ဖို့ မလိုအပ်ပါဘူး..အစ်ကိုလီ။ သင်ဟာ ငါ့လီမိသားစုရဲ့ ကျေးဇူးရှင်ပါ။ဒါ့ကြောင့် ဒီလိုလုပ်ပေးရမှာ ငါ့အတွက် သဘာဝ ပါပဲ။ အစ်ကိုရှု…ဘာဆက်လုပ်မယ် စီစဉ် ထားလဲ…”

ဝမ်လင်းသည် စဉ်းစားနေ၏။လွန်ခဲ့သောရက်များက သူ ပျက်သုဉ်းခြင်းဂြိုဟ်သို့ ရောက်လာကာ လီယွမ်နှင့် လာတွေ့သည့်အချိန်၌ လီယွမ်ထံကနေ အကြောင်းအရာများစွာ ကြားသိခဲ့ရသည်။သူက သူ့နာမည်ကိုပါ လူအများက နတ်ဆိုးဟု ခေါ်သည်ကိုပါ သိလာခဲ့သည်။

လီယွမ်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကောင်းကင်ဦးစီး (၁၀၈)နေရာအတွက် တိုက်ပွဲသည် နယ်မြေလေးခုလုံးတွင် ပြိုင်ပွဲကွင်းအဖြစ် ကျင်းပမည်ဟု သူ့အား ပြောခဲ့ပေသည်။ထိုအကြောင်းကို စဉ်းစားနေရင်း ဝမ်လင်းသည် ခိုင်မာစွာ ဆုံးဖြတ်ချက် ချပြီး ဖြစ်၏။

ထိုကောင်းကင်ဦးစီး နေရာကိုသာ သူသာ ရလျှင် ချင်းရွှေ ပြောပြခဲ့သည့် ကြီးကျယ်လှသည့် ကောင်းကင်ဘုံမန္တာန်နှစ်ခုအပြင် တန်လင်းဂြိုဟ်၏ ရှောင်မိသားစုမှ ကတိစကားလည်း ရှိနေသေး၏။

ကောင်းကင်အဆင့် ကောင်းကင်ဦးဆီး နေရာ (၃၆) နေရာကို ရရှိသူများသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် ရှေးဟောင်းအချိန်ကတည်းက တည်ရှိခဲ့သော ကျင့်ကြံခြင်းမိသားစုကြီးနှစ်ခု၏ ကတိစကားတို့ကိုပါ ဆုလဒ်ရရှိနိုင်မည် ဖြစ်၏။

ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက မေးလိုက်၏။ “အစ်ကိုလီကော ကောင်းကင်ဦးစီးနေရာအတွက် ပါဝင် တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူးလား…”

လီယွမ်က စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးမှ သူက မချင့်ပြုံးပြုံး၍ ဆိုလာသည်။

“ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ဘာမှ အသုံးဝင်မှာ မဟုတ်သေးဘူး။ငါက ပုံရိပ်ယောင်ယင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ တံခါးပိတ် ကျင့်ကြံတော့မယ်….”

လီယွမ်၏ စကားထဲ၌ ခိုင်မာသောစိတ်ဆုံးဖြတ်မှုတို့ ပါဝင်နေ၏။သူက အတိတ်တုန်းက သူ့မိသားစု ဆုံးရှုံးခဲ့သည့် တောက်ပမှုကို ပြန်လည် ဖော်ဆောင်ရပေမည်။

ဝမ်လင်းသည် ခေါင်းညိတ်ကာ တည်ငြိမ်စွာ ဆိုသည်။ “အစ်ကိုလီရဲ့ ပါရမီနဲ့ဆိုရင် ဒီချိုးဖျက်ဖို့က အချိန်တစ်ခုပဲ လိုမှာပါ….”

သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။ထို့နောက် မိုးကြိုးမူလမန္တာန်ကို ထိုကျောက်စိမ်းပြားထဲ၌ ရေးထွင်းလိုက်၏။

အစ်ကိုလီ…ဒီကျောက်စိမ်းပြားထဲမှာ ကျင့်ကြံခြင်းနည်းလမ်း တစ်ခု ရှိတယ်။သင်သာသ ဒီနည်းလမ်းကို သေချာလေ့လာ ကျင့်ကြံရင် အဆင့်ချိုးဖျက်နိုင်ဖို့ အခွင့်အရေးက ပိုများလာလိမ့်မယ်…”

လီယွမ်သည် ကျောက်စိမ်းပြားကို လက်ခံလိုက်၏။ သေချာအနီးကပ်ကြည့်ရှုပြီးနောက် သူ တုန်လှုပ်သွားသည်။သူ့လီမိသားစုသည် ရှေးဟောင်းအချိန်ကတည်းက အမွေအနှစ်များ ရရှိခဲ့သော်လည်း အများစုသည် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။သူတို့တွင် ပိုင်ဆိုင်ခဲ့သည့် တစ်ခုတည်းသောအရာသည် ပျက်သုဉ်းခြင်းအတားအဆီးသာ ရှိတော့၏။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးမူလမန္တာန်သည် အဖိုးမထိုက်တန်လွန်းသော်လည်း ရှားပါးနေဆဲသာ ဖြစ်သည်။သူက ခေါင်းညိတ်၍ ပြောလိုက်၏။ “အစ်ကိုရှု…ငါ ကျေးဇူးစကား မပြောတော့ဘူး။ တနေ့ ငါ အဆင့်ချိုးဖျက်ပြီးရင် အစ်ကိုရှုကို လာရှာပါ့မယ်။ငါတို့နှစ်ယောက်က ကောင်းကင်ဘုံသားတွေလို ကြယ်များကြားမှာ လျှောက်သွားကြတာပေါ့။ဒါက ပျော်ဖို့ ကောင်းမှာပါ…”

ဝမ်လင်းက ပြုံး၍ ဆိုလိုက်၏။ “အစ်ကိုလီ…နှုတ်ဆက်ခဲ့ပါတယ်…” ထိုသို့ ပြောပြီးနောက် သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းသည်။သည့်နောက် ဝမ်လင်းသည် ပျောက်ကွယ်သွားတော့သည်။

***

All Chapters