← Chapters

အခန်း ၁၉၀

Vol. 16 Ch. 190

အခန်း ၁၉၀

Vol. 16 Ch. 190

အခန်း (၁၉၀) ပိုင်ယွဲ့... ငါ့ရဲ့ တပည့် ဖြစ်ချင်လား

“စနစ်... ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးတစ်ထောင်လုံးကို နယ်မြေတန်ဖိုး အဖြစ်ပြောင်းလဲလိုက်...”

လဲလှယ်မှု အောင်မြင်သွား၏။ ချမ်ချန်ကန်းက နယ်မြေတန်ဖိုး သန်း ၅၀ ရရှိသွားသည်။

“နယ်မြေတန်ဖိုး သန်း ၅၀...”

ချမ်ချန်ကန်းက ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများက နက်ရှိုင်းနေ၏။

ယခုအချိန်အထိ ဤသည်က သူ၏အများဆုံး နယ်မြေတန်ဖိုးဖြစ်သည်။

တစ်ညတွင်းချင်း ချမ်းသာသွားသလို ခံစားရ၏။

*အရမ်းကောင်းတာပဲ။ အရသာရှိလိုက်တာ။*

“ဟင်း... ကောင်းကင်တာအို စောင့်ရှောက်သူ ရဲ့ တာဝန်က နှမြောစရာပဲ မဟုတ်ရင် ပြိုင်ဘက်ကင်းနယ်မြေ စနစ် ဗားရှင့်၅.၀ကို အဆင့်မြှင့်တင်ပြီး လုပ်ဆောင်ချက် အသစ်တွေရနိုင်မှာ...”

သူက မျက်လုံးများကို အနည်းငယ် မှေးလိုက်၏။

“သေခြင်းရှင်ခြင်းကို ထိန်းချုပ်တာလား...”

“စနစ်ကို ကြိုတင်အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ပုံပဲ။ ပေါင်အာ ရှမီအင်မော်တယ်နယ်မြေကိုသွားတဲ့အခါ သူမကို ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်...”

သို့သော် ထိုမတိုင်မီ ချမ်ချန်ကန်း လုပ်ရမည့် ကိစ္စနှစ်ခု ရှိသေး၏။ တစ်ခုက တာအိုစည်းချက်ပစ္စည်းအချို့ ပြုလုပ်ရန် ဖြစ်သည်။

သူ ပြုလုပ်ထားသော တာအိုစည်းချက် ပစ္စည်းများ၏ အရည်အသွေးကို သူ မသိသော်လည်း ထုတ်လုပ်လိုက်သော တာအိုစည်းချက်ပစ္စည်းများက အကောင်းဆုံး အရည်အသွေးများဖြစ်ရန် သူ သေချာပေါက် မျှော်လင့်မိ၏။

ဒုတိယအချက်မှာ ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်ကို ဆက်လက်ချဲ့ထွင်ရန် နယ်မြေတန်ဖိုးများကို လဲလှယ်ခြင်းဖြစ်သည်။

ချမ်ချန်ကန်း၏ စိတ်အာရုံ လှုပ်ရှားလိုက်ပြီး နယ်မြေတန်ဖိုးများကို အသုံးပြုလိုက်၏။

ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်က ထပ်မံ ချဲ့ထွင်သွားသည်။

မမြင်နိုင်သော အခြေအနေတွင် နယ်မြေက ချဲ့ထွင်သွားပြီး မည်သူကမျှ သတိမထားမိကြပေ။

နယ်မြေတန်ဖိုး သန်း ၅၀ ကို လုံးဝ အသုံးပြုပြီးသွားသောအခါ ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံသွားလေသည်။

“ပြီးသွားပြီ... ဒီတစ်ကြိမ် ဝူမင်နဲ့မိန်နျင်တို့ အင်မော်တယ်နယ်မြေကိုသွားပြီး ကျန်တဲ့ တောင်ပေါင်းတစ်သိန်းတောင်တန်း ရဲ့ ၇၀ ရာခိုင်နှုန်းကို လွှမ်းခြုံဖို့ အင်မော်တယ် ကျောက်တုံးအလုံအလောက် ပြန်ယူလာဖို့ မျှော်လင့်ပါတယ်...”

အကြောဆန့်ပြီးနောက် ချမ်ချန်ကန်းက တာအိုစည်းချက်ပစ္စည်းများကို စတင် ပြုလုပ်နေပြီ ဖြစ်သည်။

ယွင်ကျိုးပြည်နယ်၊ ရှေးဟောင်း ကြေးနီတောင်တန်း။

ထိုလျှို့ဝှက်ဆန်းကြယ်သော မြေအောက်နန်းတော်တွင် ထို့ပါယဲ့၊ ဟုန်ရီနှင့် မြွေနယ့်နယ့်တို့က မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်လာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

ဤကာလအတွင်း ရွှေစပါးအုံးမြွေ မျိုးနွယ်စုများက နတ်ဆိုးသုံးကောင်၏ ခြေရာများကို ရှာဖွေရန် မြေအောက်နန်းတော်ထဲသို့ လူများကို ဆက်တိုက်စေလွှတ်နေခဲ့၏။

သို့သော် မြေအောက်နန်းတော်ထဲသို့ စေလွှတ်ခံရသူများက ပြန်မထွက်လာကြတော့ပေ။

နတ်ဆိုးသုံးကောင်နှင့် ပတ်သက်၍မူ သူတို့က မြေအောက်နန်းတော်ထဲတွင် သေဆုံးသွားပြီလားဟု ရွှေစပါးအုံးမြွေ မျိုးနွယ်စုများက သံသယဝင်လာကြသည်။

နောက်ဆုံးတွင် ရွှေစပါးအုံးမြွေ မျိုးနွယ်စုများက မြေအောက်နန်းတော်ကို ပိတ်ဆို့၍ ရှေးဟောင်းကြေးနီတောင်မှ ထွက်ခွာသွားခဲ့ရ၏။

ညအချိန်ဖြစ်ပြီး အလင်းရောင်မရှိဘဲ ရှေးဟောင်းကြေးနီတောင်၏ နက်ရှိုင်းသော နေရာတွင် ကျယ်လောင်သော ဝုန်းခနဲအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ပိတ်ဆို့ထားသော မြေအောက်နန်းတော်က ပေါက်ကွဲပွင့်သွားပြီး သွေးများလူးနေသော လူသန်ကြီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။

သူ၏ မျက်နှာက ဖြူရော်နေပြီး မှောင်မိုက်ကာ ကြည့်ရဆိုးနေပြီး သူ့တွင် ချိုများ ရှိသော်လည်း တစ်ဖက်က ချွန်ထက်သော လက်နက်တစ်ခုဖြင့် ချိုးဖျက်ခံထားရသည်။

ဤလူသန်ကြီးက ထို့ပါယဲ့ ဖြစ်၏။

သူက မြေအောက်နန်းတော်ထဲမှ ခက်ခက်ခဲခဲ လမ်းလျှောက်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများ စီးကျနေသည်။ ခြေလှမ်းတိုင်းက သွေးကွက်များ ဖြစ်နေ၏။

‘ဘုန်း’ ခနဲ အသံတစ်ခုနှင့်အတူ ထို့ပါယဲ့က ခွန်အားများအားလုံး ကုန်ခမ်းသွားသကဲ့သို့ မှောက်လျက် လဲကျသွားသည်။

ဤအချိန်၌ သူ၏ နောက်မှ ခြေသံများ ကြားလိုက်ရ၏။

မြေအောက်နန်းတော်၏ အမှောင်ထုထဲမှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။

အရိပ်၏ ခြေလှမ်းများက နှေးကွေးပြီး တည်ငြိမ်ကာ စွမ်းအားများ ပြည့်နှက်နေပြီး အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ်များလည်း ပါဝင်နေ၏။

နောက်ဆုံးတွင် အရိပ်က ထို့ပါယဲ့၏ ရှေ့တွင် ရပ်တန့်သွားသည်။

“မင်း တော်တော် ကောင်းတယ်... ငါ မင်းကို ထွက်ပြေးခွင့်ပြုလုနီးပါး ဖြစ်သွားတယ်...”

အနက်ရောင်အရိပ်က စကားဆိုလိုက်ပြီး သူ၏ အသံက အေးစက်ကာ မည်သည့်ခံစားချက်မျှ မပါဝင်ဘဲ ယောက်ျား သို့မဟုတ် မိန်းမ ဖြစ်သည်ကို မခွဲခြားနိုင်ပေ။

ထို့ပါယဲ့က ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်ပြီး သူ၏ အမူအရာက အေးစက်ကာ မကျေမနပ် ဖြစ်နေပြီး သရော်လိုက်၏။

“သခင်က မင်းကို ဘယ်တော့မှလွှတ်ပေးမှာ မဟုတ်ဘူး...”

ရွှစ်...

အနက်ရောင်အရိပ်က ဘာမှမပြောတော့ပေ။ လက်ညှိုးကို မြှောက်လိုက်၏။

အမှောင်ညတွင် ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ထို့ပါယဲ့၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။

ထို့ပါယဲ့၏ မျက်လုံးအိမ်များက ပြန့်ကျဲသွားပြီး သက်စောင့်စွမ်းအင်များ ပျောက်ကွယ်သွား၏။

ထို့နောက် ချက်ချင်းပင် ခန္ဓာကိုယ်ကို ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းစေခဲ့ပြီးပြာအဖြစ် လောင်ကျွမ်းသွားတော့မည့်အလား ဖြစ်နေသည်။

အရိပ်က လောင်ကျွမ်းနေသော ထို့ပါယဲ့၏ ရုပ်အလောင်းကို အေးစက်စွာ ကြည့်လိုက်ပြီး ဂရုမစိုက်တော့ဘဲ မြေအောက်နန်းတော်ထဲသို့ ပြန်ဝင်သွား၏။

မြေအောက်နန်းတော်၏ အဝင်ဝက ပျောက်ကွယ်သွားသည်။

အချိန်ဘယ်လောက်ကြာသွားမှန်း မသိပေ။

ပြင်းထန်သော မီးတောက်များထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

သေဆုံးနေပြီဖြစ်သော ထို့ပါယဲ့က ဘေးကင်းစွာဖြင့် ထွက်လာသည်။

သူ၏ အငွေ့အသက်က အားနည်းနေသော်လည်း သူ၏ဒဏ်ရာများက လုံးဝ ပြန်လည် ကောင်းမွန်သွားလေပြီ။

သူက ပါးစပ်ကိုဟ၍ မီးတောက်ကို မျိုချလိုက်၏။

ထို့ပါယဲ့က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး တည်ကြည်လေးနက်သည့်ပုံ ပေါက်နေကာ ပျောက်ကွယ်သွားသော မြေအောက်နန်းတော်၏ အဝင်ဝကို ကြည့်၍ လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

“သခင် သင်ပေးထားတဲ့ အမည်မဲ့ နိဗ္ဗာနကျမ်းစာကြောင့် ငါက ပြန်လည် ရှင်သန်နိုင်တဲ့စွမ်းရည် ရှိနေလို့ပေါ့။ မဟုတ်ရင် ငါ သေသွားလောက်ပြီ...”

“မြွေမိစ္ဆာနယ့်နယ့်... ဟုန်ရီ မင်းတို့ တောင့်ခံထားရမယ်။ မင်းတို့ကို ကယ်ဖို့ သခင့်ကို ငါ သွားရှာတဲ့အထိ စောင့်နေပါ...”

တုံ့ဆိုင်းမနေဘဲ ထို့ပါယဲ့က ဤနေရာမှ ထွက်ခွာသွား၏။

“သခင်... ဒါက နောက်ထပ်ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတစ်ခုပဲ...”

ခြံဝင်းထဲတွင် ချမ်ချန်ကန်းက ဗုဒ္ဓဘာသာ ပုတီးစေ့တစ်ကုံးကို ပန်းပုထုနေသည်။

မကြာမီ ဤပုတီးစေ့ကုံးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။

ခမ်းနားကြီးကျယ်သော ဗုဒ္ဓစည်းချက်များ ထွက်ပေါ်လာခြင်းက ဘေးနားတွင် ထိုင်နေသော ဝူမင်ကို ကြောက်ရွံ့ရိုသေမှုနှင့် လေးစားအားကျမှုများဖြစ်ပေါ်စေသည်။

ချမ်ချန်ကန်းက သမ်းဝေလိုက်ပြီး ပန်းပုထုထားသော ပုတီးစေ့ကို ဝူမင်ထံသို့ ပစ်ပေးလိုက်၏။

နဖူးကို ပွတ်သပ်ရင်း ချမ်ချန်ကန်းက တကယ်တော့ အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။

ထိုအရာက အမှန်ပင်ဖြစ်၏။

ချမ်ချန်ကန်း ဤတာအိုစည်းချက်ပစ္စည်းများကို ပြုလုပ်ရာတွင် စိတ်အင်အား အနည်းငယ် ကုန်ဆုံးသွားဆဲဖြစ်၏။

တစ်ရက်လျှင် ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းနှစ်ခု သို့မဟုတ် သုံးခု ပြုလုပ်ခြင်းက ချမ်ချန်ကန်းကို ပင်ပန်းသည်ဟု ခံစားရစေသည်။

*ပင်ပန်းတယ်။ ငါးဆားနယ်တစ်ကောင်လို နှစ်ရက်လောက်မနေရရင် ငါ့ရဲ့ အလုပ်ကြိုးစားမှုအတွက် ငါ တကယ့်ကို စိတ်မကောင်းဖြစ်မိမှာပဲ*

ဤနည်းဖြင့် ၇ ရက် ကြာမြင့်ခဲ့၏။

ချမ်ချန်ကန်းက တာအိုစည်းချက်ပစ္စည်း ၁၀ ခု ပြုလုပ်ခဲ့သည်။

၎င်းတို့ထဲမှ ငါးခုကို ဗုဒ္ဓကျမ်းစာများဖြင့် ကောင်းချီးပေးပြီးနောက် ဗုဒ္ဓတာအို၏ တာအိုစည်းချက်ပစ္စည်းများ ဖြစ်လာကာ အင်မော်တယ်နယ်မြေသို့သွားမည့် ဝူမင်ထံသို့ ပေးအပ်မည်ဖြစ်၏။

အခြားတာအိုစည်းချက်ပစ္စည်းငါးခုလည်း ရှိသေးသည်။

၎င်းတို့ကို ဝူမင်၏ အကဲဖြတ်မှုအောက်တွင် အဆင့်မြင့်လေးခုနှင့် ထိပ်တန်းအဆင့်ခြောက်ခုရှိ၏။

တာအိုစည်းချက်ပစ္စည်း ၁၀ ခု ပြုလုပ်ပြီးနောက် ချမ်ချန်ကန်းက ဆက်မလုပ်တော့ပေ။

“ဝူမင်... ဒီနှစ်ရက်အတွင်း ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ ပြီးရင် သုံးရက်နေရင် အင်မော်တယ်နယ်မြေကိုသွားကြ”

ချမ်ချန်ကန်းက ပြောလိုက်၏။

ဝူမင်က ခေါင်းညိတ်လိုက်သည်။

“ပြဿနာမရှိပါဘူး သခင်...”

တပည့်လက်ခံပွဲအတွက်မူ အချိန်အနည်းငယ် ကျန်သေး၏။

သို့သော် ချမ်ချန်ကန်းက ဆက်၍ မစောင့်နိုင်တော့ပေ။

သူ၏စိတ်အာရုံကို လှုပ်ရှားလိုက်သည်။

အင်မော်တယ်မြေတွင် ကျင့်ကြံနေသော ပိုင်ယွဲ့က ခြံဝင်းထဲတွင် ထွက်ပေါ်လာ၏။

ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်လာသဖြင့် ပိုင်ယွဲ့ခမျာ လန့်သွားသည်။

“ပိုင်ယွဲ့...”

ချမ်ချန်ကန်း၏အသံက ထွက်ပေါ်လာ၏။

ပိုင်ယွဲ့က သတိပြန်ဝင်လာသည်။

သူမက ရိုသေလေးစားသည့်ပုံ ပေါက်နေ၏။

“စီနီယာကို ဂါရဝပြုပါတယ်...”

“စီနီယာက ကျွန်မကို ဘာအတွက်ရှာနေမှန်း မသိဘူး...”

ချမ်ချန်ကန်းက လက်ကို မြှောက်လိုက်၏။

ကျူးရှို့ဒယ်စောက်ကြီး ထွက်ပေါ်လာသည်။

ကျူးရှို့ဒယ်စောက်ကိုကြည့်ရင်း ပိုင်ယွဲ့က နားမလည်နိုင် ဖြစ်နေ၏။

ကျူးရှို့ဒယ်စောက်ထဲရှိ စွမ်းအားက နိုးထလာပြီး ကောင်းကင်တာအိုက ပဲ့တင်ထပ်နေသည်ကို ချမ်ချန်ကန်း ခံစားလိုက်ရသည်။

“ပိုင်ယွဲ့... တပည့်လက်ခံပွဲအတွက် အချိန်အနည်းငယ် ကျန်သေးတယ်။ ကျူးရှို့ဒယ်စောက်ကို မင်းဆီ ယာယီလွှဲပေးဖို့ ငါ စီစဉ်ထားတယ်...”

“ကျွန်မဆီ လွှဲပေးမလို့လား...”

ပိုင်ယွဲ့က နားမလည်နိုင် ဖြစ်နေ၏။

“ဟုတ်တယ်... မင်းကို ကောင်းကင်တာအိုစောင့်ရှောက်သူ ဖြစ်ခွင့်ပေးမလို့...”

ပိုင်ယွဲ့က လန့်သွားသည်။

“စီနီယာ... တပည့်လက်ခံပွဲကရော...”

“စိတ်မပူပါနဲ့... ကျူးရှို့ဒယ်စောက်ကို မင်းဆီ ပေးပြီး မင်းကို လောလောဆယ် ကောင်းကင်တာအို စောင့်ရှောက်သူ ဖြစ်ခွင့်ပေးမယ်။ ငါ့မှာ တခြားအစီအစဉ်တွေ ရှိတယ်...”

“အချိန်ကျလာရင် တပည့်လက်ခံပွဲမှာ ကျူးရှို့ဒယ်စောက်နဲ့ ကောင်းကင်တာအို စောင့်ရှောက်သူနေရာက မင်းနဲ့ တကယ် ထိုက်တန်ရဲ့လားဆိုတာ မင်းကိုယ်တိုင် တိုက်ခိုက်ဖို့ လိုသေးတယ်...”

“မင်း ဆန္ဒရှိလား...”

ချမ်ချန်ကန်းက မေးလိုက်၏။

“စီနီယာက ဘာဖြစ်လို့ ဒီလိုလုပ်မှန်း မသိပေမဲ့ စီနီယာရဲ့ အစီအစဉ်တွေကို လိုက်နာဖို့ ကျွန်မဆန္ဒရှိပါတယ်...”

“အရမ်းကောင်းတယ်...”

ချမ်ချန်ကန်းက ကျူးရှို့ဒယ်စောက်ပေါ်ရှိ အမှတ်အသားကို ဖယ်ရှားလိုက်ပြီး ကျူးရှို့ဒယ်စောက်၏ ထိန်းချုပ်မှုကိုလည်း လွှတ်ပေးလိုက်၏။

ချက်ချင်းပင် ကျူးရှို့ဒယ်စောက်က ရောင်ခြည်တစ်ထောင်ကို ထုတ်လွှတ်လိုက်ပြီး ပိုင်ယွဲ့ထံသို့ ပြေးဝင်သွားသည်။

*ခွေးမသား ဒီလောက်တောင် စိတ်အားထက်သန်နေရလား*

ချမ်ချန်ကန်းက အလွန်မပျော်မရွှင်ဖြစ်သွား၏။

အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ဦးနှင့် သာထိုက်တန်ပုံရသည်။

ကျူးရှို့ဒယ်စောက်၏ ကောင်းကင်တာအို ဆက်ဆံမှုက ကွဲပြားခြားနားလှသည်။

အကယ်၍ ဤကျူးရှို့ဒယ်စောက်သာ အသုံးမဝင်ခဲ့လျှင် ချမ်ချန်ကန်းက တိုက်ရိုက် ဖျက်ဆီးပစ်လောက်ပြီဖြစ်၏။

ပိုင်ယွဲ့က မခုခံခဲ့ပေ။

ကျူးရှို့ဒယ်စောက်က သူမ၏ လက်ထဲသို့ ကျရောက်သွားသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပိုင်ယွဲ့က ကျူးရှို့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို ခံလိုက်ရ၏။

ကျူးရှို့ဒယ်စောက်က သူမ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝပေါင်းစပ်သွားသည်။

ဤအချိန်၌ ချမ်ချန်ကန်းက ထပ်မံ စကားဆိုလိုက်၏။

“ပိုင်ယွဲ့... မင်းက ငါ့တပည့်ဖြစ်ချင်လား...”

All Chapters