အခန်း ၁၉၁
Vol. 16 Ch. 191
အခန်း (၁၉၁) အဆင့်မြှင့်တင်ခြင်းနှင့် ကွဲပြားသော သေဆုံးနည်းများကို တွေ့ကြုံခံစားခြင်း
ချမ်ချန်ကန်း၏ စကားက ပိုင်ယွဲ့ကို လုံးဝ မထင်မှတ်ထားစေခဲ့ပေ။
*ဘာ... စီနီယာက ဘာဖြစ်လို့ ရုတ်တရက် ငါ့ကို တပည့်အဖြစ် လက်ခံချင်ရတာလဲ။ ကြားတာများ မှားသွားသလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ချမ်ချန်ကန်းက မျက်မှောင်ကြုတ်လိုက်၏။
“မင်းက မဖြစ်ချင်ဘူးလား...”
အကယ်၍ ဤပိုင်ယွဲ့က သူ၏ တပည့်ဖြစ်ရန် ဆန္ဒမရှိခဲ့လျှင် ပိုင်ယွဲ့က ကောင်းကင်တာအို စောင့်ရှောက်သူဖြစ်လာလျှင်ပင် ချမ်ချန်ကန်း၏ ဗားရှင့်၅.၀အဆင့်မြှင့်တင်မည့် တာဝန်က လုံးဝ အောင်မြင်မည်မဟုတ်ပေ။
ထိုအခါ ချမ်ချန်ကန်းက သဘာဝကျကျပင် ကျူးရှို့ဒယ်စောက်ကို သူမထံ လွှဲပေးမည် မဟုတ်ချေ။
“စီနီယာ... ပိုင်ယွဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ စီနီယာက ကျွန်မကို ရုတ်တရက် တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ”
ဤအခိုက်တွင် ပိုင်ယွဲ့မှာ ပုံမှန် အေးဆေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် ခက်ခဲနေ၏။
ချမ်ချန်ကန်းက သူမကို အဘယ်ကြောင့် ရုတ်တရက် တပည့်အဖြစ် လက်ခံလိုက်သည်ကို မသိပေ။
ပိုင်ယွဲ့က သူမကိုယ်သူမ အလွန်ရှင်းလင်းစွာ သိထား၏။
သူမက အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ချမ်ချန်ကန်း၏ တပည့်ဖြစ်ရန် အရည်အချင်း ပြည့်မီချင်မှ ပြည့်မီမည်ဖြစ်သည်။
ဘေးနားရှိ ဝူမင်ပင်လျှင် အနည်းငယ် ဆွံ့အသွားပြီး ဘာပြောရမှန်း မသိဖြစ်နေ၏။
ယုတ္တိအရဆိုရလျှင် သခင်၏ ပြိုင်ဘက်ကင်းသောဟန်ပန်ဖြင့် အင်မော်တယ်သူတော်စင်တစ်ပါးလည်း ဖြစ်သည်။
သူ့ရတပည့် ဖြစ်ဖို့အတွက် အင်မော်တယ်တစ်သောင်းနယ်မြေများထဲမှ ထိပ်တန်းပါရမီရှင်များသာ ထိုက်တန်၏။
ဥပမာအားဖြင့် လူဝင်စားလာသော ဗုဒ္ဓ၊ နတ်ဘုရားသားတော်၊ မဟာဂိုဏ်းများ၏ ဆက်ခံသူ၊ မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်တို့ဖြစ်သည်။
ထိုအင်မော်တယ်နယ်မြေများ၏ ထိပ်တန်း ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် ပိုင်ယွဲ့တွင် ကွာဟချက် အချို့ရှိနေဆဲဖြစ်၏။
ထို့ကြောင့် ဝူမင်၏ အမြင်တွင် ပိုင်ယွဲ့က သခင်၏ တပည့်ဖြစ်ရန် အရည်အချင်း မပြည့်မီပေ။
ချမ်ချန်ကန်းအတွက်မူ ပိုင်ယွဲ့ထံမှ တုံ့ပြန်မှုကိုရရှိသောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။
“အရမ်းကောင်းတယ်...”
ထို့နောက် ကျူးရှို့ဒယ်စောက်က ပိုင်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီးနောက် သူမက ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို အောင်မြင်စွာ ရရှိသွားပြီး သူမ၏ လက်ဖဝါး နှစ်ဖက်ကြားတွင် ဒယ်စောက်ပုံစံ အမှတ်အသား းတစ်ခု ပေါ်လာ၏။
ဤသည်ကား ကောင်းကင်တာအို စောင့်ရှောက်သူ ဖြစ်ခြင်း၏ လက္ခဏာပင်ဖြစ်၏။
ပိုင်ယွဲ့က ဆန္ဒရှိသရွေ့ သူမက ကျူးရှို့တိုက်ကြီး၏ ကောင်းကင်တာအို စွမ်းအားကို အချိန်မရွေး ထုတ်သုံးနိုင်၏။
ယခု သူမသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံမှုသာရှိသော်လည်း ကောင်းကင်တာအို စွမ်းအားကို အသုံးပြုမည်ဆိုပါက အင်မော်တယ်တစ်ပိုင်းကို ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။
ရုတ်တရက် ကောင်းကင်တာအို စောင့်ရှောက်သူဖြစ်လာခြင်းက ပိုင်ယွဲ့ကို အိပ်မက်တစ်ခုကဲ့သို့ လက်တွေ့မဆန်သော ခံစားချက်ကို လုံးဝ ပေးစွမ်းနေ၏။
သို့သော် သူမက ကောင်းကင်တာအို စောင့်ရှောက်သူဖြစ်လာလျှင်ပင် သူမရှေ့ရှိ ချမ်ချန်ကန်းက သူမကို ခန့်မှန်းရခက်သော ခံစားချက်ကို ပေးစွမ်းနေဆဲဖြစ်သည်။
သူမတွင် ကိုယ်ပိုင်ခံစားချက်တစ်ခု ရှိနေ၏။
ချမ်ချန်ကန်းကို ရန်စခြင်းက ကောင်းကင်တာအို စောင့်ရှောက်သူ ဖြစ်လာလျှင်တောင်မှ သေရဦးမည်ပင်။
“တပည့်ပိုင်ယွဲ့က ဆရာ့ကို ဂါရဝပြုပါတယ်...”
ပိုင်ယွဲ့က ဒူးထောက်ချလိုက်၏။
“ပိုင်ယွဲ့... မင်းက ကောင်းကင်တာအို စောင့်ရှောက်သူဖြစ်လာပြီဆိုပေမဲ့ ယာယီပဲ ရှိသေးတယ်။ အကယ်၍ တပည့်လက်ခံပွဲမှာ မင်း မနိုင်ဘူးဆိုရင် ဒီကျူးရှို့ဒယ်စောက်နဲ့ ကောင်းကင်တာအို စောင့်ရှောက်သူ နေရာက မင်းနဲ့ မသက်ဆိုင်တော့ဘူး...”
“သေချာပေါက် ဒါတွေက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ တပည့် ဖြစ်နေပြီပဲ...”
ပိုင်ယွဲ့၏ မျက်လုံးများက ပြတ်သားနေ၏။
“စီနီ… ဆရာ စိတ်မပူပါနဲ့။ ပိုင်ယွဲ့က တပည့်လက်ခံပွဲမှာ အကောင်းဆုံး ကြိုးစားပြီး ဆရာ့ကို စိတ်မပျက်စေရပါဘူး...”
“အရမ်းကောင်းတယ်... နောက်ဆုတ်လို့ရပြီ...”
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ပြန်လွှတ်လိုက်၏။
ပိုင်ယွဲ့ ထွက်သွားပြီးနောက် ဝူမင်က နားမလည်နိုင်ဖြစ်နေသည်။
“သခင်... ဘာဖြစ်လို့ ပိုင်ယွဲ့ကို တပည့်အဖြစ် လက်ခံချင်ရတာလဲ...”
“ငါ့ရဲ့ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်...”
ဤအခိုက်တွင် ပြိုင်ဘက်ကင်းနယ်မြေစနစ် ဗားရှင်း ၅.၀ ၏ အဆင့်မြှင့်တင်မည့် တာဝန်က ပြီးဆုံးသွားပြီဖြစ်ပြီး စနစ်ကလည်း အဆင့်မြှင့်တင်နေဆဲဖြစ်၏။
အကယ်၍ ပေါင်အာသာ အင်မော်တယ်နယ်မြေသို့ မသွားခဲ့လျှင် ချမ်ချန်ကန်းက စနစ်ကို အဆင့်မြှင့်တင်ရန် ဤမျှလောနေစရာမလိုသည်မှာ သေချာသည်။
သေချာပေါက် ပိုင်ယွဲ့ကို တပည့်အဖြစ် လက်ခံခြင်းကလည်း သူ၏ကိုယ်ပိုင် အစီအစဉ်များရှိ၏။
ပိုင်ယွဲ့၏ နောက်ကွယ်တွင် ဟွမ်ဖူမိသားစုရှိပြီး သူမကို တပည့်အဖြစ် လက်ခံပြီးနောက် အင်မော်တယ်နယ်မြေဘက်တွင် အနာဂတ်၌ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
နောက်ထပ် အချက်တစ်ချက် ရှိသေး၏။ အဓိကအားဖြင့် ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ကြည့်ရတာ အမြင်ကြည်လင်နေပြီး လောလောဆယ်တွင် အင်မော်တယ်နယ်မြေမှ အခြားပါရမီရှင်များကို မတွေ့ရသေးသောကြောင့်ဖြစ်သည်။
မကြာမီ ပြိုင်ဘက်ကင်းနယ်မြေစနစ် ဗားရှင်း၅.၀ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးသွားပြီး ချမ်ချန်ကန်းက လုပ်ဆောင်ချက် အသစ်ဖြစ်သော သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို ရရှိသွား၏။
ဤလုပ်ဆောင်ချက်အသစ် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းနှင့် ပတ်သက်သမျှ အားလုံးကို ချမ်ချန်ကန်း သိရှိသွားသည်။
အလွန်အစွမ်းထက်သော လုပ်ဆောင်ချက် တစ်ခုဖြစ်၏။
ချမ်ချန်ကန်း၏ မျက်လုံးများထဲတွင် စူးရှတောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
“ဝူမင်...”
ချမ်ချန်ကန်းက ခေါ်လိုက်သည်။
“သခင်... ဘာအမိန့်များရှိလို့လဲ...”
“မင်းကို စမ်းသပ်စရာတစ်ခုရှိတယ်...”
“ပြဿနာသေးသေးလေးပါ... ပြဿနာ သေးသေးလေးပါ... သခင်က ကြိုက်သလို စမ်းသပ်လို့ ရပါတယ်...”
ဝူမင်၏ စကားကို ကြားသောအခါ ချမ်ချန်ကန်းက ပြုံးလိုက်၏။
*လာစမ်းပါ... မင်းရဲ့ အဲ့စကားကိုပဲ စောင့်နေတာ”
ချမ်ချန်ကန်း၏ မျက်နှာပေါ်ရှိ အပြုံးက ဝူမင်ကို မကောင်းသောခံစားချက်တစ်ခု ပေးစွမ်းနေသည်။ သူက သူ၏ကတုံးခေါင်းကို ပွတ်သပ်ရင်း အားနည်းစွာဖြင့် ပြောလိုက်၏။
“သခင်... ဘာစမ်းသပ်ချက်လဲ...”
“မင်း အခုချက်ချင်း သိလာလိမ့်မယ်...”
ပြောပြီးနောက် ချမ်ချန်ကန်းက လက်ညှိုးကို မြှောက်လိုက်၏။
ဖျက်ဆီးခြင်းအလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
ဝူမင်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။
“အား အား အား အား... သခင်... ဘာလို့ ကျွန်တော့်ကို သတ်ရတာလဲ...”
ဤသည်က ဝူမင်ခမျာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ မျက်နှာကဖြူရော်သွား၏။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားမျိုး။
*ပြီးသွားပြီပဲ။ ဒါက သခင်ရဲ့ စွမ်းအားပဲ။ လုံးဝ မခုခံနိုင်ဘူး။ အရမ်းကြောက်ဖို့ ကောင်းတယ်...
“ဖောင်း…”
ဝူမင်၏ နှလုံးသားက တိုက်ရိုက် ထိုးဖောက်ခံလိုက်ရ၏။
ဝူမင်က နှလုံးကိုကိုင်၍ နှာရည်နှင့် မျက်ရည်များ ကျလာကာ မြေကြီးပေါ်သို့ လဲကျသွားသည်။
“အမိတ္တဘက အောက်မှာ ရှိပါတယ်။ သခင်က အထက်မှာ ရှိပါတယ်။ သခင် ဒီလက်အောက်ခံက သခင်ကို အမြဲတမ်း သစ္စာရှိခဲ့ပါတယ်။ ကျွန်တော့်ကို မသတ်ပါနဲ့...”
“ဟင်... ဝူမင် မင်းရဲ့ သက်စောင့်စွမ်းအင်က တော်တော် ခိုင်မာလိမ့်မယ်လို့ မထင်ထားဘူး...”
ချမ်ချန်ကန်း အံ့အားသင့်သွား၏။
သူ၏ တိုက်ခိုက်မှုစွမ်းအားက အလွန်အစွမ်းထက်ပြီး အင်မော်တယ်များကို ဖျက်ဆီးပစ်ရန် ပြဿနာမရှိပေ။
ဝူမင်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကျင့်ကြံမှုသာရှိသော်လည်း သူ မသေဆုံးခဲ့ပေ။
ဝူမင်က ငိုယိုနေ၏။
“သခင်... ကျွန်တော် နောင်တရတယ်... စမ်းသပ်ချက် မလုပ်ချင်တော့ဘူး... ထပ်မစမ်းသပ်ပါနဲ့တော့... အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ...”
ခုနက သူ အသက်ရှင်နိုင်ခဲ့ခြင်းမှာ ဝူမင်က သေမည့်ဒဏ်ရာမှ ရှောင်ရှားနိုင်ရန် အသက်ကယ်လျှို့ဝှက်နည်းစနစ်ဖြစ်သော “ငါ၏ အင်မော်တယ်ဗုဒ္ဓ”ကို အသုံးပြုလိုက်သောကြောင့်ဖြစ်၏။
သေချာပေါက် တစ်ကြိမ်သာ ကာကွယ်နိုင်မည် ဖြစ်သည်။
အကယ်၍ ချမ်ချန်ကန်းက သူ့ကို ထပ်သတ်ချင်မည်ဆိုပါက ဝူမင်က တားဆီးနိုင်မည် မဟုတ်ပေ။
အကယ်၍ သူ သေသွားမည်ဆိုပါက တကယ် ပြီးဆုံးသွားပြီဖြစ်ပြီး သံသရာခြောက်သွယ်ထဲမှ ပြန်လည် ရှင်သန်လာရန် ပို၍ပင် မဖြစ်နိုင်တော့ချေ။
ချမ်ချန်ကန်းက ဝူမင်၏ ငိုယိုသံများအပေါ် အလွန်ကူကယ်ရာမဲ့ ဖြစ်နေ၏။
ခမ်းနားကြီးကျယ်သော နယ်မြေအရှင်သခင်က ဤကဲ့သို့ ငိုယိုလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၏။
“ဝယမင်... လိမ္မာစမပါ... ငါ ညင်ညင်သာသာ လုပ်ပေးမယ်...”
ပြောရင်းနှင့် ချမ့်ချန်ကန်းက ထပ်မံ လှုပ်ရှားလိုက်ပြီး ညာလက်ကို လက်ဝါးဓားအဖြစ် ပြောင်းလဲကာ ခုတ်ပိုင်းလိုက်၏။
သေခြင်း၏ စွမ်းအားများ ရှိနေဆဲဖြစ်သည်။
ဝူမင်က စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်၏။
“အား...”
ဤတစ်ကြိမ်တွင် အံ့သြစရာမရှိတော့ပေ။
ဝူမင်က ချမ်ချန်ကန်း၏ လက်ဝါးဓားကြောင့် သေဆုံးသွားခဲ့၏။
သက်စောင့်စွမ်းအင်များ ပျောက်ကွယ်သွားခြင်းက ဝူမင်က သေဆုံးသွားပြီး ရုပ်အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ကောင်းပြီ... လုပ်ဆောင်ချက်အသစ်ကို စမ်းကြည့်ရအောင်...”
ချမ်ချန်ကန်းက ဝူမင်၏ ရုပ်အလောင်းအပေါ် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို အသုံးပြုလိုက်၏။
တစ်မုဟုတ်ချင်းပင် ဝူမင်၏ သက်စောင့်စွမ်းအင်များက ပြန်လည်ရရှိလာပြီး ဒဏ်ရာများကျက်သွားကာ သူ ဘယ်သောအခါကမှ ဒဏ်ရာ မရခဲ့ဖူးသည့်အလား ဖြစ်သွားသည်။
“ငါ... ငါ... ငါ မသေသေးဘူးလား...”
ဝူမင်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်နှာက ကြောင်တောင်တောင်ဖြစ်နေကာ မယုံကြည်နိုင်ဖြစ်နေ၏။
*ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ။ ခုနက သခင်ရဲ့ ခုတ်ပိုင်းတာကို ခံလိုက်ရတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ။ ခုနက ဖြစ်သွားတာတွေက စိတ်ကူးယဉ် အိပ်မက်တစ်ခုလား*
ဤအခိုက်တွင် ဝူမင်၏ စိတ်ထဲတွင် ဘာဖြစ်လို့လဲဆိုတာ အခါတစ်သိန်းလောက် စဉ်းစားမိနေ၏။
ချမ်ချန်ကန်းက ဝူမင်ကို ပြန်မဖြေဘဲ ခန့်မှန်းရခက်သည့်ပုံပေါက်ကာ ပြုံးနေရုံသာ ဖြစ်သည်။
သို့သော် ဝူမင်၏ မျက်လုံးထဲတွင် ချမ်ချန်ကန်း၏ အပြုံးက ကြောက်မက်ဖွယ် ကောင်းနေ၏။
နောက်ထပ် အေးစက်သော ခံစားချက် တစ်ခုပင်။
သူက တံတွေးတစ်ချက် မျိုချလိုက်ပြီး တုန်ယင်နေသည်။
“သခင်... ဒါက သခင်ပြောတဲ့ စမ်းသပ်ချက်လား...”
“ဘယ်လို ခံစားရလဲ...”
“အဲဒါက... ကောင်းပါတယ်...”
“ကောင်းတယ်ဆိုရင်လည်း ရပါတယ်။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ကြုံတွေ့ပြီးရင် မင်း အသားကျသွားပါလိမ့်မယ်...”
ချမ်ချန်ကန်းက ထပ်မံစတင်လိုက်၏။
“မလုပ်ပါနဲ့ အား အား အား...”
ဝူမင်၏ မျက်နှာက ကြောက်လန့်သွားပြီး အလွန်ကြောက်ရွံ့သွားကာ ဗုဒ္ဓအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပြီး အသည်းအသန် ထွက်ပြေးသွား၏။
ကံမကောင်းစွာဖြင့် ခြေနှစ်လှမ်းသာ ဝေးသေးပြီး ချမ်ချန်ကန်း၏ လက်ဝါးဓားက အပိုင်းရှစ်ပိုင်းအဖြစ် ခုတ်ပိုင်းလိုက်သည်။
သေဆုံးရသည့် အခြေအနေက အလွန် ဆိုးရွားလှပြီး ကြားရသူများ ဝမ်းနည်းသွားစေကာ မြင်ရသူများ မျက်ရည်ကျသွားစေနိုင်၏။
ကံကောင်းစွာဖြင့် လင်းပေါင်အာနှင့် အမြီးလေးတို့က ဘုရားကျောင်းထဲတွင် ကျင့်ကြံနေကြသည်။
မဟုတ်လျှင် သူတို့ အလွန်ထိတ်လန့်သွားလောက်မည်ဖြစ်၏။
ထို့နောက် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းအောက်တွင် ဝူမင်က ထပ်မံ ပြန်လည်ရှင်သန်လာပြန်သည်။
ဝူမင်၏ ဦးရေပြားများလည်း ထုံကျဉ်သွား၏။
သူ ထပ်မံ ပြန်လည်ရှင်သန်လာခဲ့ပြန်သည်။
သူ့ရဲ့သေခြင်းရှင်ခြင်းက သခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ သခင်က ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ခဲ့တာလဲ။ အရမ်းကြောက်ဖို့ကောင်းတယ် …အရမ်း ကြောက်စရာကောင်းတယ်။ ငါ အိမ်ပြန်ချင်တယ်…ဝါးးး”
“ဝူမင်... မင်း ဘာလို့ ထွက်ပြေးနေတာလဲ။ မင်း သေသွားရင် ငါက မင်းကို ပြန်ရှင်လာအောင် လုပ်ပေးမှာပါ...”
နှစ်ကြိမ်ပြန်လည်ရှင်သန်လာပြီးနောက် သူ့၌ အသက်အန္တရာယ်မရှိကြောင်း သိလိုက်ရသဖြင့် ဝူမင် စိတ်အေးသွား၏။
သူက သက်ပြင်းချလိုက်ပြီး သူ့သခင်ရှေ့တွင် ထွက်ပြေးရန် လမ်းမရှိကြောင်း သိလိုက်ရသဖြင့် မြေကြီးပေါ်တွင် လဲကျသွားပြီး သူ၏ လက်မောင်းများနှင့် ခြေထောက်များကို ဖြန့်ကားကာ ‘ထိုက်’ ကြီးမားသောပုံစံ ယူလိုက်သည်။
“မပြေးတော့ဘူး... မပြေးတော့ဘူး... သခင်က သခင့်ရဲ့ လက်အောက်ငယ်သားကို ကြိုက်သလို ရိုက်သတ်လိုက်ပါတော့...”
“ကောင်းပြီ... မင်းကို သေဆုံးနည်း အမျိုးမျိုး ခံစားရအောင် ငါ သေချာပေါက် လုပ်ပေးမယ်။ ပျော်ပျော်ပါးပါး ခံစားလိုက်စမ်း...”
ပြောပြီးနောက် ချမ့်ချန်ကန်းက ထပ်မံ စတင်လိုက်ပြီး လက်ကြီးတစ်ဖက် ပေါ်လာကာ ဝူမင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။