အခန်း ၁၉၂
Vol. 16 Ch. 192
အခန်း (၁၉၂) ကံကောင်းခြင်း
ဝူမင်က အိပ်မက်ဆိုး မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအိပ်မက်ဆိုးထဲမှာ သူ ဆက်တိုက် သေဆုံးနေရ၏။
အကြိမ်ကြိမ်ပြန်လည် ရှင်သန်လာရ၏။
အစပိုင်းတွင် အပိုင်းရှစ်ပိုင်း ခုတ်ပိုင်းခံရခြင်း ဖြစ်၏။
ထို့နောက် အသားပြားအဖြစ် ရိုက်ချခံရသည်။
မီးရှို့ပြီး ပြာကျသည်အထိ လောင်ကျွမ်းခံရ၏။
နတ်ဆိုးများ၏ မျိုချခြင်းကို ခံရပြန်သည်။
သွေးမြူမှုန်တစ်ခုအဖြစ် လက်သီးဖြင့် အထိုးခံရခြင်း အစရှိသဖြင့် သေဆုံးရသည့် နည်းလမ်းမျိုးစုံက မျက်စိကျိန်းလုမတတ်ပင်။
သို့သော် အကြိမ်တိုင်းမှာ သူ မည်သို့ သေဆုံးသည်ဖြစ်စေ မည်မျှဆိုးရွားစွာ သေဆုံးသည်ဖြစ်စေ သေဆုံးပြီးတိုင်း ပြန်လည်ရှင်သန်လာနိုင်၏။
ထပ်မံပြန်လည်ရှင်သန်လာသည်။
ဝူမင်က သူ့ရှေ့ရှိ အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးကို ကြည့်နေ၏။
ဖြူရော်နေသော မျက်နှာဖြင့် သူ မေးခွန်းတစ်ခု မေးချင်လာသည်။
“သခင်... သခင်က နတ်ဆိုးလား…”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
အဆက်မပြတ် စမ်းသပ်မှုများမှတစ်ဆင့် ဤ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းက သူ ထင်ထားသည်ထက် ပို၍အသုံးဝင်နေသည်။
ဤလုပ်ဆောင်ချက်က ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နေသည်ဟု ဖော်ပြနိုင်၏။
ပြိုင်ဘက်ကင်းနယ်မြေထဲတွင် သေဆုံးသွားသူ မည်သူ့ကိုမဆို သူက ပြန်လည် ရှင်သန်စေနိုင်သည်။
ထိုနည်းတူစွာ သက်ဆိုင်ရာ နယ်မြေတန်ဖိုးများကိုလည်း ရရှိနိုင်၏။
နယ်မြေတန်ဖိုးကို တစ်ကြိမ်သာရရှိနိုင်ခြင်းက အနည်းငယ် နှမြောစရာကောင်းသည်။
ထပ်မံ ပြန်လည်ရှင်သန်လာပြီးနောက် ပစ်မှတ်ထံမှ နယ်မြေတန်ဖိုးများကို ထပ်မံ မရရှိနိုင်တော့ပေ။
အကယ်၍ ဘတ်ဂ်များကို ဖယ်ရှားပြီး အဆုံးအစမဲ့ ပြန်လည်ရှင်သန်ခြင်းနှင့် အဆုံးအစမဲ့ နယ်မြေတန်ဖိုးများကို ရရှိနိုင်မည်ဆိုပါက အလွန်ကောင်းမည်ဖြစ်၏။
ချမ်ချန်ကန်းက စဉ်းစားနေ၏။
နယ်မြေတန်ဖိုးရရှိရန် အနာဂတ်တွင် ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများကို သတ်ပစ်ရမလား။
ပြီးရင် ပြန်ရှင်လာအောင် လုပ်ပေးရမလား။
ဝူမင်က ချွေးများရွှဲနစ်နေပြီး မြေကြီးပေါ်သို့ လဲကျသွားကာ မောဟိုက်နေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သပ်နေမ်၏။
နောက်ဆုံးတွင် သူက ပျော့ခွေနေသော သူ၏ ဒုတိယညီလေးကိုပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“ရှိသေးတယ်... ရှိသေးတယ်... ငါ... ငါ... ငါ မသေသေးဘူး...”
“ဝူမင်... သေရတာ ဘယ်လို ခံစားရလဲ...”
ဝူမင်က တံတွေးတစ်ချက်မျိုချလိုက်ပြီး လုံးဝ စကားမပြောနိုင်တော့ပေ။
သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်း…
ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းမျိုးကို အင်မော်တယ်တစ်သောင်းနယ်မြေတွင်ပင် ဝူမင် ဘယ်သောအခါကမှ မမြင်တွေ့ခဲ့ဖူးချေ။
ဤအရာအားလုံးက ဝူမင်၏ စိတ်ကူးထက် လုံးဝ ကျော်လွန်နေသည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော နည်းလမ်းမျိုးက လောကတွင်ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ခြုံပြောရလျှင် ချမ်ချန်ကန်း၏ စွမ်းအားက ဝူမင်၏ အသိဉာဏ်ကို လွှမ်းမိုးသွားလေပြီ။
ပြန်လည်ရှင်သန်ခြင်းဆိုသည်မှာ ကြီးမားလွန်းသော မျှော်လင့်ချက် းတစ်ခု ဖြစ်သည်ဟု မူလက သူ ထင်ခဲ့မိ၏။
အထူးသဖြင့် သူ၏ လူဝင်စားခြင်းက ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။
သို့သော် ဤနေရာရှိ ချမ်ချန်ကန်းအတွက်မူ ပြန်လည်ရှင်သန်ခြင်းဆိုသည်မှာ လွယ်ကူသောကိစ္စတစ်ခု ဖြစ်၏။
“ဝူမင်... မင်း ဘာလို့ စကားမပြောတာလဲ...”
ဝူမင် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချမ်ချန်ကန်းက မပြောဘဲ မနေနိုင်တော့ဘဲ သူ့စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။
ကလေးတစ်ယောက်ကို လူမဆန်စွာ သတ်ဖြတ်ရတာ အရမ်း ရက်စက်လွန်းနေမလား။
မဟုတ်ဘူး။ ဤဝူမင်က ကလေးမဟုတ်ပေ။
နယ်မြေအရှင်သခင်ဖြစ်လာနိုင်ဖို့ဆိုတာ နှစ်သောင်းချီ အသက်ရှင်ခဲ့တဲ့ မိစ္ဆာအိုကြီး တစ်ကောင်မှသာဖြစ်နိုင်သည်။
ထိုသိူ့တွေးကြည့်လိုက်ရင် ချမ်ချန်ကန်း၏ စိတ်ထဲရှိ အပြစ်ရှိစိတ်များက လုံးဝ ပျောက်ကွယ်သွားလေတော့၏။
ဝူမင်က သတိပြန်ဝင်လာပြီး သူ၏ မျက်နှာပေါ်တွင် မချိပြုံးတစ်ခုရှိနေ၏။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... သခင်က ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်ပြီး ဒီလောက် စွမ်းအားကြီးရတာလဲဆိုတာကို ဒီလက်အောက်ငယ်သားက တွေးနေတာပါ။ ဒီလက်အောက်ငယ်သားအတွက် ရိုးရိုးလေးပဲ လေးစားအားကျစရာပါပဲ...”
ပြန်လည်ရှင်သန်လာနိုင်သော်လည်း သေဆုံးရမှုတိုင်းက သူ့အတွက်မူ ညှဉ်းပန်းနှိပ်စက်မှု သက်သက်ပင်ဖြစ်၏။
အကယ်၍ ဤတစ်ကြိမ်သေဆုံးသွားလျှင် သူ ထပ်မံပြန်လည်ရှင်သန်လာမည် မဟုတ်ကြောင်း စိုးရိမ်ပြီး ဝူမင်က အလွန် ကြောက်ရွံ့နေ၏။
ချမ်ချန်ကန်းက ခပ်ဖွဖွလေး ပြုံးလိုက်သည်။
“လာပါ... နောက်စမ်းသပ်ချက်တစ်ခု သွားလုပ်ရအောင်...”
“အား... စမ်းသပ်ချက်တွေ ရှိသေးတယ်လား...”
ဝူမင်က ထိတ်လန့်သွား၏။
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။
ထို့နောက် စိတ်အာရုံလှုပ်ရှားလိုက်သည်နှင့် သူက ဝူမင်နှင့်အတူ သက်ရှည်ကဘုရားကျောင်းထဲမှ ပျောက်ကွယ်သွား၏။
ပြန်ပေါ်လာသောအခါ ပြိုင်ဘက်ကင်းနယ်မြေ၏ အစွန်အဖျားသို့ ရောက်ရှိနေလေပြီ။
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ပြိုင်ဘက်ကင်းနယ်မြေထဲမှ ထွက်သွားမည် ဖြစ်သည်။
“သခင်... ဒီမှာ ဘာလုပ်နေတာလဲ...”
ဝူမင်က နားမလည်နိုင် ဖြစ်နေ၏။
ချမ်ချန်ကန်းက ဝူမင်ကို ပြန်မဖြေခဲ့ပေ။ နောက်တစ်ခုက။
နောက်ဆုံး စမ်းသပ်ချက်ဖြစ်၏။ အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် ထိုအခါ ဝူမင်နှင့်ပေါင်အာတို့ အင်မော်တယ်နယ်မြေသို့ သွားရာတွင် စိုးရိမ်စရာမလိုတော့ဘဲ သူတို့၏ အသက်အန္တရာယ်က အာမခံချက်ရှိသွားမည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် ချမ်ချန်ကန်းက ယုန်ဖြူလေးတစ်ကောင်ကို ဖမ်းလိုက်၏။
၎င်းကို ပြိုင်ဘက်ကင်းနယ်မြေအပြင်ဘက်သို့ ပစ်လွှတ်လိုက်သည်။ ဝူမင်က နားမလည်နိုင် ဖြစ်နေ၏။
“ဝူမင်... အဲဒါကို သတ်လိုက်...”
“အမိတ္တဘ... သခင်... ယုန်လေးက အရမ်း ချစ်စရာကောင်းတာလေ...”
“ကရုဏာစိတ်ရှိတာ အရမ်းကောင်းတယ်။ ဒါဆို ငါ မင်းကို သတ်မယ်...”
“အား… .. ယုန်သေရမယ်...”
ဝူမင်က အော်ဟစ်လိုက်ပြီး ယုန်ကို ရိုက်သတ်လိုက်၏။
ချမ်ချန်ကန်းက ယုန်အပေါ် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို အသုံးပြုလိုက်သော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။
“အင်း... အဆင်မပြေဘူးလား...”
၎င်းကို မြင်သောအခါ ချမ်ချန်ကန်းက စိတ်ထဲတွင် တွေးလိုက်၏။
သေချာပေါက် ချမ်ချန်ကန်းက အရှုံးမပေးခဲ့ပေ။ ထို့နောက် ချမ်ချန်ကန်းနှင့် ဝူမင်တို့၏ ဆက်တိုက်ကြိုးစားမှုများ ဖြစ်လာခဲ့သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်း အပြင်ဘက်တွင် ဖုန်းထျန်းမြို့ဟုခေါ်သော မြို့တစ်မြို့ရှိ၏။
ဖုန်းထျန်းမြို့တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများရှိပြီး အလွန်စည်ကားကာ မြို့ထဲတွင် လူများအဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။
ဤအချိန်၌ လူငယ်လေးတစ်ယောက် မြို့ထဲသို့ ဝင်လာ၏။
သူက ပိုးသားအင်္ကျီနှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောကာ ခန္ဓာကိုယ်တစ်ခုလုံး စူးရှတောက်ပနေပြီး ကျောတွင် ဓားတစ်လက်လွယ်ထားကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး ထူးခြားသော အငွေ့အသက်ရှိသည်ကို မြင်တွေ့နိုင်သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် လင်းလက်နေသော စူးရှတောက်ပသည့် အရောင်အဝါများ အားလုံးက မှော်လက်နက်မှ ထွက်ပေါ်နေခြင်း ဖြစ်၏။
ခန္ဓာကိုယ်တစ်ခုလုံးတွင် အနည်းဆုံး ဆယ်ခုထက် မနည်းရှိသည်။
ထို့အပြင် မှော်လက်နက်တိုင်းက အလွန် အစွမ်းထက်သော စွမ်းအားများကို ထုတ်လွှတ်နေပြီး ၎င်းတို့က ထိပ်တန်းမှော်လက်နက်များဖြစ်ကြောင်း သိနိုင်၏။
အနီးကပ် ကြည့်လိုက်သောအခါ မထင်မှတ်ထားဘဲ ဤလူငယ်လေးက ဟွာလုံမြို့မှ အရှက်တကွဲ ထွက်ပြေးလာခဲ့သော မိုဝမ်ထျန်းဖြစ်နေသည်။
မြို့ထဲသို့ဝင်လာသောအခါ မိုဝမ်ထျန်းက အလွန်စိတ်လှုပ်ရှားနေ၏။
ဖုန်းထျန်းမြို့သို့ ရောက်ရှိလာသောအခါ ပြိုင်ဘက်ကင်းဆရာကြီးရှိရာ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်ရှိရန် အချိန်နီးကပ်လာပြီဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့် လူတစ်ယောက်တည်းနှင့် ဟွာလုံမြို့မှ ဖုန်းထျန်းမြို့သို့ တစ်လမ်းလုံးလာခဲ့ရ၏။
လမ်းခရီးက ဘယ်လောက်ခက်ခဲလဲဆိုတာ သူ ကိုယ်တိုင်ပဲ သိသည်။
လူသတ်ချင်နေသော ကျင့်ကြံသူများ၊ သောင်းကျန်းနေသော နတ်ဆိုးများနှင့် သရဲတစ္ဆေများ၊ အန္တရာယ်များသော ချောက်ကမ်းပါးများက နေရာတိုင်းမှာရှိနေသည်။
သူ၏ ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်တွင်သာရှိပြီး ၎င်းတို့နှင့် တွေ့လျှင် သေရမည်ဖြစ်၏။
မိုဝမ်ထျန်းပင်လျှင် ဖုန်းထျန်းမြို့သို့ အသက်ရှင်လျက် ရောက်ရှိလာခြင်းက အံ့ဖွယ် တစ်ခုဟုထင်နေမိသည်။
မိုဝမ်ထျန်းက အန္တရာယ်များကို ဘယ်နှကြိမ် တွေ့ကြုံခဲ့ရမှန်း မသိတော့ပေ။
ပထမဆုံးအကြိမ်တွင် မြို့လုံးကျွတ်သတ်ဖြတ်ပြီး ရတနာများကို သန့်စင်နေသော ရွှေဗဟိုချက်နယ်ပယ် နတ်ဆိကျင့်ကြံသူတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး သေဆုံးနေသူများကြားတွင် ပုန်းအောင်းနေခြင်းဖြင့် သူ အသက်ရှင် ကျန်ရစ်ခဲ့၏။
ဒုတိယအကြိမ်တွင် တောင်ကတုံးတစ်ခု၌ အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိ အမျိုးသမီး သရဲတစ္ဆေတစ်ကောင်နှင့် ဆုံတွေ့ခဲ့ပြီး အမျိုးသမီးသရဲတစ္ဆေ၏ စားသောက်ခြင်းကို ခံရတော့မည်ဟု သူ ထင်ခဲ့သည်။
အမျိုးသမီး သရဲတစ္ဆေက သူက သူမ၏ ခင်ပွန်းနှင့် တူနေသည်ကို မြင်သောကြောင့် သူ့ကို လွှတ်ပေးလိုက်ပြီး မိုဝမ်ထျန်းက တောင်ကတုံးမှ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရပြန်၏။
ဆယ့်ရှစ်ကြိမ်မြောက်တွင် မြို့တစ်မြို့၌ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ထုတ်ဖော်ပြသမိခြင်းကြောင့် ကျင့်ကြံသူ အနည်းငယ်၏ ပစ်မှတ်ထားခြင်းကိုခံရပြီး သူ့ကို တစ်လမ်းလုံး လိုက်ဖမ်းခဲ့ကြသည်။
စိတ်ပျက်အားငယ်နေသော မိုဝမ်ထျန်းက ပေတစ်သောင်း မြင့်သော ချောက်ကမ်းပါးပေါ်မှ ခုန်ချခဲ့၏။
မူလက ဤတစ်ကြိမ်တွင် သူ သေချာပေါက် သေရမည်ဟု မိုဝမ်ထျန်း ထင်ခဲ့မိသည်။
မထင်မှတ်ထားဘဲ ချောက်ကမ်းပါးပေါ်တွင် ပေါက်နေသော သစ်ပင်တစ်ပင်ပေါ်သို့ ကျသွား၏။
ပို၍ အဓိပ္ပာယ်မရှိသည်မှာ သူက လိုဏ်ဂူ တစ်ခုကိုလည်း ရှာတွေ့ခဲ့ခြင်းပင်ဖြစ်သည်။
ထိုထဲတွင် အင်မော်တယ်တစ်ပိုင်း ထိုင်နေသည်ကိုပင် တွေ့လိုက်ရ၏။
ဒီကောင်က ကံကောင်းလွန်းတာက သောက်ကျိုးနည်း။
အင်မော်တယ်တစ်ပိုင်းက မည်သည့် အမွေအနှစ်မျှ မချန်ထားခဲ့သော်လည်း။ သို့သော် မိုဝမ်ထျန်းအတွက် မှော်လက်နက် များစွာနှင့် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြား ချန်ထားခဲ့၏။
ထိုမှော်လက်နက်များနှင့် စိတ်ဝိညာဉ်ကျောက်တုံးများမှတစ်ဆင့် မိုဝမ်ထျန်းက သူ့ကိုယ်သူ ပြန်လည် တည်ဆောက်ခဲ့သည်။
ယခု သူ၏ခန္ဓာကိုယ်တစ်ခုလုံး၊ သူ၏ အတွင်းခံအင်္ကျီနှင့် ဘောင်းဘီများအားလုံးက အလွန်အဆင့်မြင့်သော မှော်လက်နက်များ ဖြစ်ကြပြီး ဂိုဏ်းကြီးတစ်ခု၏ ဆက်ခံသူနှင့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး၏ ခံစားချက်မျိုး လုံးဝ ပေးစွမ်းနေ၏။
အထူးသဖြင့် လည်ပင်းတွင် ဝတ်ဆင်ထားသော ကျောက်စိမ်းဆွဲသီးပင်ဖြစ်သည်။
၎င်းကို ဟန်ကျန်းအင်မော်တယ်က ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး ပို၍ပင် သာမန် မဟုတ်ပေ။
၎င်းက ခန္ဓာကိုယ်ရှိ ကျင့်ကြံခြင်းအငွေ့အသက်များကို လုံးဝ ပိတ်ဆို့ထားနိုင်သည်။
အင်မော်တယ်အဆင့်ရှိသူများမှလွဲ၍ အခြားသူများက သူ၏ အစစ်အမှန် ကျင့်ကြံမှုကို သိရှိနိုင်မည် မဟုတ်ပေ။
ထိုသို့သာ မဟုတ်ခဲ့လျှင် အခြားမည်သူကမျှ မိုဝမ်ထျန်း၏ ကျင့်ကြံမှုကို ဖောက်ထွင်း မြင်နိုင်မည် မဟုတ်ချေ။
ဆိုရိုးစကားအတိုင်းပင် လူတွေက အဝတ်အစားကို အားကိုးတယ်၊ ဗုဒ္ဓက ရွှေကို အားကိုးတယ်။
ထိပ်တန်းအရည်အသွေးရှိ မှော်လက်နက် တစ်ခုကို ဝတ်ဆင်ထားသဖြင့် သူ့ကို ပြဿနာရှာရန် မည်သူကမျှ မဝံ့ရဲကြတော့ပေ။
သူတို့အားလုံးက မိုဝမ်ထျန်းကို ဂိုဏ်းကြတစ်ခု၏ ဆက်ခံသူ သို့မဟုတ် မြင့်မြတ်နယ်မြေတစ်ခု၏ မြင့်မြတ်သားတော်ဟု ထင်နေကြ၏။
ဟွာလုံမြို့မှ ဖုန်းထျန်းမြို့သို့ တစ်လမ်းလုံးတွင် သူက ကြီးငယ်အန္တရာယ်အသွယ်သွယ်ကို တွေ့ကြုံခဲ့ရသည်။
သို့သော် အကြိမ်တိုင်းတွင် မိုဝမ်ထျန်းက အန္တရာယ်များကို အောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ယခု ဖုန်းထျန်းမြို့သို့ ရောက်ရှိလာသောအခါ မိုဝမ်ထျန်းပင်လျှင် မှင်တက်သွားသလို ခံစားလိုက်ရ၏။
“လမ်းတစ်လျှောက်လုံး အသက်ရှင်နေသေးတယ်ဆိုတော့... ငါ ကံကောင်းတာပဲ...”
ဆက်မတွေးတော့ဘဲ သူ၏ လက်များကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး ပို၍ပင် ပြုံးလိုက်ကာ အထူးသဖြင့် သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေ၏။
“ဒီအရာအားလုံးက ကောင်းကင်ဘုံက ဖန်တီးထားတာဖြစ်ရမယ်။ ဒါကြောင့် အဲဒီ ပြိုင်ဘက်ကင်းဆရာကြီးရဲ့ တပည့် သေချာပေါက် ဖြစ်လာမှာပါ...”
“အခု ဖုန်းထျန်းမြို့ကို ရောက်နေပြီဆိုတော့ အဲဒီပြိုင်ဘက်ကင်းဆရာကြီးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာကို မကြာခင် ရောက်တော့မှာပဲ...”
“ညီမရူဟွာ... ငါသာ အဲဒီ ပြိုင်ဘက်ကင်းဆရာကြီးရဲ့ တပည့်ဖြစ်လာတဲ့အခါ ညီမကို ချက်ချင်း ပြန်လာခေါ်မယ်...”