← Chapters

အခန်း ၁၉၆

Vol. 16 Ch. 196

အခန်း ၁၉၆

Vol. 16 Ch. 196

အခန်း (၁၉၆) စမ်းသပ်ချက် မျှော်စင်၊ အသက်အန္တရာယ် ရှိနိုင်သလား

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ဆရာက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သတ်ဖြတ်ခဲ့တယ်။ သူက ဖာထျန်းရဲ့ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်လို့ ကြားဖူးတယ်။ ဖာထျန်းကလွဲရင် ကျူးရှို့တိုက်ကြီးမှာ တခြား အင်မော်တယ်တွေရှိမရှိတော့ တပည့်မသိဘူး...”

ပိုင်ယွဲ့က ဖာထျန်းအကြောင်း ပြောပြနေသည်ကို မြင်သောအခါ ချမ်ချန်ကန်း၏ အမူအရာက တည်ကြည်လေးနက်သွား၏။

“ဖာထျန်းက မင်းရဲ့ပြိုင်ဘက်ဖြစ်ပုံရတယ်...”

“ဟုတ်ပါတယ် ဆရာ... ဖာထျန်းက နတ်ဘုရားနဲ့ နတ်ဆိုးအာဏာရှင်ခန္ဓာကို ပိုင်ဆိုင်ထားပြီး အရမ်းအစွမ်းထက်တယ်။ အကယ်၍ တပည့်သာ တပည့်လက်ခံပွဲမှာ ပါဝင်ရင် သူ့ကို အနိုင်ယူနိုင်မလားဆိုတာ သေချာမသိဘူး...”

ပိုင်ယွဲ့က ဝန်ခံလိုက်၏။

ရွှယ်ဝူအင်မော်တယ်နယ်မြေတွင် ပိုင်ယွဲ့နှင့် ဖာထျန်းတို့ တိုက်ပွဲများစွာဖြစ်ပွားခဲ့ဖူးသည်။

သို့သော် သူမက တစ်ကြိမ်မျှ မနိုင်ခဲ့ပေ။

ယခု သူက တူညီသောအောက်ဘုံသို့ ဝင်စားပြီး ပြန်လည်ကျင့်ကြံလာခဲ့၏။

ဤသည်က ပိုင်ယွဲ့ မထင်မှတ်ထားခဲ့သောအရာဖြစ်သည်။

ထို့ကြောင့် ဖာထျန်း၏သတင်းကို ကြားကတည်းက ပိုင်ယွဲ့က ဖိအားများစွာကို အမြဲခံစားနေရ၏။

“ပိုင်ယွဲ့... မင်းက ငါ့ရဲ့တပည့်ဖြစ်နေပြီ ဆိုမှတော့ မင်းရဲ့ ကိုယ်ပိုင် စွမ်းအားကို ယုံကြည်မှု ရှိရမယ်။ မင်းရဲဆရာအတွက် မင်းကိုယ်မင်းယုံကြည်ပါ...”

ချမ်ချန်ကန်းက ပိုင်ယွဲ့၏ ပခုံးပေါ်သို့ လက်တင်၍ တည်ကြည်လေးနက်စွာ အားပေးလိုက်၏။

*အင်း... အရမ်းအေးစက်တယ်၊ အရမ်း နူးညံ့ပြီး ထိရတာတကယ့်ကို သက်တောင့်သက်သာ ရှိတယ်။ အဟမ်း အဟမ်း.... ငါ ဘာတွေ တွေးနေတာလဲ... ဒါက ငါ့ရဲ့ တပည့်ပဲ*

ပိုင်ယွဲ့က ချမ်ချန်ကန်း ဘာတွေတွေးနေမှန်း မသိပေ။

သူမ၏ ပခုံးပေါ်ရှိ ချမ်ချန်ကန်း၏ လက်မှ နွေးထွေးမှုကို ခံစားရင်း ချမ်ချန်ကန်း၏ အားပေးစကားများကို နားထောင်နေ၏။

ပိုင်ယွဲ့က ယုံကြည်မှုများပြည့်နှက်လာပြီး သူမက ပြတ်သားသောအကြည့်ဖြင့် ချမ်ချန်ကန်းကို ကြည့်လိုက်သည်။

“ဆရာ... တပည့်လက်ခံပွဲမှာ တပည့်က ဖာထျန်းကို သေချာပေါက် ရှုံးမှာမဟုတ်ဘူး...”

“တပည့်လက်ခံပွဲအတွက် ရက်အနည်းငယ်ပဲ လိုတော့တယ်။ ကြိုးစားပြီး... ကောင်းကောင်း ကျင့်ကြံပါ...”

“အမ်း…ခေါင်းကိုင်အဖေနဲ့တူတယ်..”

ချမ်ချန်ကန်းက ထွက်သွား၏။

ပိုင်ယွဲ့က ချမ်ချန်ကန်း၏ ကျောပြင်ကို ကြည့်၍ ခေါင်းစောင်းကာ နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။

“ဒါနဲ့ စကားမစပ်... ဆရာပြောတဲ့ ခေါင်းကိုင်အဖေဆိုတာ ဘာအဓိပ္ပာယ်လဲ...”

ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ဘဲ ပိုင်ယွဲ့က ဆက်လက်ကျင့်ကြံနေပြီး တပည့်လက်ခံပွဲမတိုင်မီ သူမ၏ ကျင့်ကြံမှုကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တိုးတက်ရန် ကြိုးစားနေ၏။

ချမ်ချန်ကန်းက သစ်သားကုလားထိုင်ပေါ်တွင် ခြေချိတ်၍ လှဲလျောင်းနေသည်။

ပိုင်ယွဲ့နှင့် စကားပြောပြီးနောက် ထိုဖာထျန်းကို သူ အနည်းငယ် စိတ်ဝင်စားသွား၏။

ပိုင်ယွဲ့ကိုပင် ဤမျှမနာလိုဖြစ်စေသည့် ဇာတ်ကောင်မျိုးက ဘယ်လိုလဲဆိုတာ ကြည့်ရအောင်။

“အာ~~အာ”

အမြီးလေးက ပျင်းရိသော မျက်နှာလေးဖြင့် အိပ်ပျော်နေဆဲ ဖြစ်၏။

ချမ်ချန်ကန်းက သူမကို အနှောင့်အယှက် မပေးဘဲ ပြုံးလိုက်သည်။

ဤကဲ့သို့သော ဘဝလေးက အတော်လေး ကောင်းမွန်၏။

ကောင်းကင်က မှောင်မိုက်နေပြီး ကြယ်တာရာများ ပြည့်နှက်နေသည်။

ချမ်ချန်ကန်းက ဗောဓိပင်ကို မေးလိုက်၏။

“ဗောဓိ... တပည့်လက်ခံပွဲက မကြာခင် ကျင်းပတော့မယ်။ ဒီတပည့်လက်ခံပွဲကို ဘယ်လိုကျင်းပသင့်တယ်လို့ မင်းထင်လဲ...”

“ဗောဓိ မသိပါဘူး။ အရာအားလုံးက သခင့် ဆုံးဖြတ်ချက်အတိုင်းပါ...”

“အဲဒါတော့ ဟုတ်တယ်...”

ချမ်ချန်ကန်းက ပိုင်ယွဲ့ကို သဘောကျ၍ ကျူးရှို့ဒယ်စောက်ကို သူမထံ ကြိုတင်လွှဲပြောင်းပေးခဲ့ပြီး သူမကို ကောင်းကင်တာအို စောင့်ရှောက်သူ ဖြစ်လာစေခဲ့၏။

သို့သော် ပို၍ အရေးကြီးသော အကြောင်းရင်းမှာ စနစ် ဗားရှင်း ၅.၀ကို ကြိုတင်အဆင့်မြှင့်တင်ရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပေါင်အာက ဓားအင်မော်တယ်၏ အမွေအနှစ်ကို ရယူရန် ရှမီအင်မော်တယ်နယ်မြေသို့ သွားရမည် ဖြစ်၏။

အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်သည်။

ချမ်ချန်ကန်းက သူ၏ ပထမဆုံး ချစ်လှစွာသောတပည့်ကောင်းလေးကို အထက်ဘုံတွင် မကျဆုံးစေချင်ပေ။

တပည့်လက်ခံပွဲတွင် ချမ်ချန်ကန်းက သဘာဝကျကျ တရားမျှတမည်ဖြစ်၏။

ယခုအခါ သူ၏ တပည့်ဖြစ်နေပြီဖြစ်သော ပိုင်ယွဲ့ကို သဘောကျရုံဖြင့် မျက်နှာသာပေးမည် မဟုတ်ပေ။

“ဒီလိုဆိုရင်... တပည့်လက်ခံပွဲကို ဒီလို ကျင်းပမယ်...”

ချမ်ချန်ကန်း၏ စိတ်ထဲတွင် အကြံအစည် တစ်ခုရှိနေပြီဖြစ်သည်။

ထို့နောက် သူ၏ အတွေးများကို ဗောဓိကို ပြောပြလိုက်၏။

ဗောဓိက ချီးကျူးလိုက်သည်။

“သခင်က တကယ့်ကိုပြိုင်ဘက်ကင်းပါပဲ။ အကယ်၍ ဒီတပည့်လက်ခံပွဲကို သခင် ပြောတဲ့အတိုင်း ကျင်းပမယ်ဆိုရင် သေချာပေါက် အရမ်းစိတ်လှုပ်ရှားစရာ ကောင်းမှာပဲ..”

ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်၏။

“အရမ်းကောင်းတယ်... ဆုံးဖြတ်လိုက်ပြီ...”

ထို့နောက် ချမ်ချန်ကန်းက လက်ကိုမြှောက်၍ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးက အရောင်ပြောင်းသွားပြီး ကမ္ဘာမြေကြီးတစ်ခုလုံး တုန်လှုပ်ကာ တောင်များလှုပ်ခါသွားပြီး နိမိတ်လက္ခဏာများ ပြည့်နှက်နေ၏။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံသူ အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။

သူတို့က နားမလည်နိုင်သည့်ပုံ ပေါက်နေပြီး ဘာဖြစ်သွားမှန်း မသိကြပေ။

အမြီးလေးက နိုးလာပြီး အိပ်ချင်မူးတူးဖြင့် လက်နှစ်ဖက်ဖြင့် မျက်လုံးများကို ပွတ်သပ်နေ၏။

ပိုင်ယွဲ့က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းကင်ယံကို ကြည့်လိုက်သည်။

အာရုံစိုက်မှုအောက်တွင် ဟင်းလင်းပြင်ထဲတွင် မျှော်စင်ကြီးတစ်ခု တဖြည်းဖြည်း စုစည်းလာပြီး ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေကာ ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ စူးရှတောက်ပစွာ လင်းလက်နေ၏။

ပြိုင်ဘက်ကင်းနယ်မြေထဲရှိ ကျင့်ကြံသူ အားလုံးက ရွှေရောင်မျှော်စင်ကို မြင်တွေ့လိုက်ရသည်။

ဤသည်ကား ချမ်ချန်ကန်း အသုံးပြုခဲ့သော အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်မှ ဖန်တီးထားသည့် ရွှေရောင်မျှော်စင်ကြီး ဖြစ်၏။

မျှော်စင်ကြီးက ဆယ့်ရှစ်ထပ်ရှိပြီး တိမ်တိုက်များအထိ ထိုးတက်နေကာ ခမ်းနားကြီးကျယ်သော ရွှေတောင်ကြီး တစ်ခုကဲ့သို့ အသက်ရှူမှားလောက်အောင် လှပသည်။

“ပိုင်ယွဲ့... ငါ ကျူးရှို့ဒယ်စောက်ကို ယူတော့မယ်...”

ချမ်ချန်ကန်း၏ အသံက ပိုင်ယွဲ့၏ နားထဲသို့ ဝင်ရောက်လာ၏။

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ကျူးရှို့ဒယ်စောက်ကို ထုတ်ပေးလိုက်သည်။

ချက်ချင်းပင် ကျူးရှို့ဒယ်စောက်နှင့် ပိုင်ယွဲ့ကြားရှိ အဆက်အသွယ်အားလုံး ပြတ်တောက်သွားပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ရွှေရောင်မျှော်စင်ကြီး၏ ထိပ်ဖျားတွင် တွဲလောင်းကျနေ၏။

ရောင်ခြည်ခုနှစ်သွယ် စီးဆင်းနေသော ကျူးရှို့ဒယ်စောက်ကြီးက ကျူးရှိုတိုက်ကြ၏ ကံကြမ္မာများ စုစည်းရာနေရာဖြစ်သည်။

ကျူးရှို့ဒယ်စောက်ကို မြင်ပြီးနောက် မရေမတွက်နိုင်သော ကျင့်ကြံသူများက အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ပူလောင်နေကာ လောဘကြီးစွာဖြင့် စိုက်ကြည့်နေကြ၏။

“အိုးဘုရားရေ... အဲဒါက ကျူးရှို့ဒယ်စောက်ကြီးပဲ...”

“ကျူးရှို့ဒယ်စောက်ကြီး တကယ်ပေါ်လာပြီပဲ...”

“ငါ ကျူးရှို့ဒယ်စောက်ကို သေချာပေါက် ရယူပြီး ကောင်းကင်တာအိုစောင့်ရှောက်သူ ဖြစ်လာရမယ်...”

“ငါလည်းပဲ...”

“တပည့်လက်ခံပွဲ... မြန်မြန်လာပါတော့...”

“…”

ရွှေရောင်မျှော်စင်က စူးရှတောက်ပသော အလင်းတန်းများဖြင့် လင်းလက်နေပြီး အမှောင်ညတွင် အလွန်တောက်ပနေ၏။

ထို့နောက် ဟင်းလင်းပြင်ထဲမှ ဖြည်းညင်းစွာ ကျဆင်းလာသည်။

ဝုန်း...

မြေကြီးကား တုန်ခါသွားပြီး ရွှေရောင်မျှော်စင်ကြီးက တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် တည်ရှိနေ၏။

ချမ်ချန်ကန်း၏ ရင်ခွင်ထဲရှိ အမြီးလေးက မျက်တောင်ခတ်လိုက်ပြီး ရွှေရောင်မျှော်စင်ကြီးကို လက်ညှိုးထိုးကာ ‘အီ အီ အီ အီ’ ဟူသော အသံကို ထုတ်လွှတ်လိုက်သည်။

ချမ်ချန်ကန်းကို ဤရွှေရောင်မျှော်စင်ကြီးက ဘာလဲဟု မေးနေသည့်အလားပင်။

ပိုင်ယွဲ့က ရွှေရောင်မျှော်စင်ကြီးကို ကြည့်၍ ရေရွတ်လိုက်၏။

“အဲဒါက ဘာကြီးလဲ...”

ချမ်ချန်ကန်းက အမြီးလေးနှင့် ပိုင်ယွဲ့တို့ကို ပြန်ဖြေလိုက်သည်။

“စမ်းသပ်ချက်မျှော်စင်လို့ နာမည်ပေးထားတဲ့ ဒီရွှေရောင်မျှော်စင်ကြီးကို လက်ရှိ ဆယ့်ရှစ်ထပ်သတ်မှတ်ထားပြီး တပည့်လက်ခံပွဲအတွက် အသုံးပြုမှာ...”

အမြီးလေးနှင့် ပိုင်ယွဲ့တို့ ချက်ချင်း နားလည်သွားကြ၏။

“ဆယ့်ရှစ်ထပ်လုံးမှာ သေခြင်းရှင်ခြင်း အခွင့်အရေးတွေ ပြည့်နှက်နေတယ်။ တပည့်လက်ခံပွဲမှာ ဘယ်သူက ဆယ့်ရှစ်ထပ်ကို အရင်ဆုံး ရှင်းလင်းနိုင်မလဲ။ အဲဒီလူက တပည့်လက်ခံပွဲရဲ့ အနိုင်ရသူ ဖြစ်လာမှာဖြစ်ပြီး ကျူးရှို့ဒယ်စောက်ကိုရပြီး ကောင်းကင်တာအိုရဲ့ စောင့်ရှောက်သူ ဖြစ်လာတဲ့အပြင် ငါ့ရဲ့ တပည့်လည်း ဖြစ်လာမှာပဲ...”

ပိုင်ယွဲ့က အဝေးမှ ရွှေရောင်မျှော်စင်ကြီးကို ပြတ်သားသောအကြည့်ဖြင့် ကြည့်လိုက်၏။

သူမက စမ်းသပ်ချက် မျှော်စင်ကြီးကို ပထမဆုံးရှင်းလင်းနိုင်သူ ဖြစ်လာရန် ကြိုးစားရမည်ဖြစ်သည်။

သန်းခေါင်ယံအချိန်တွင် ဖုန်းထျန်းမြို့က အလွန်တိတ်ဆိတ်နေသည်။

ရုတ်တရက် မြို့ထဲရှိနေရာတစ်ခုမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မီးတောက်များက ကောင်းကင်သို့ ထိုးတက်သွား၏။

မြို့ထဲရှိ ကျင့်ကြံသူများက အလန့်တကြား ဖြစ်သွားကြသည်။

သူတို့လည်း အံ့အားသင့်သွားကြပြီး ဘာဖြစ်သွားမှန်း လုံးဝမသိကြပေ။

မိုဝမ်ထျန်းက သူ့လက်ထဲတွင် အနီရောင်ဘူးသီးခြောက်တစ်ခုကို ကိုင်ဆောင်ထားပြီး ဂုဏ်ယူနေသော မျက်နှာဖြင့် မီးပင်လယ်ရှေ့တွင် ရပ်နေ၏။

ဤအနီရောင်ဘူးသီးခြောက်က အင်မော်တယ်တစ်ပိုင်း ထိုင်နေသော လိုဏ်ဂူထဲတွင် ချန်ထားခဲ့သည့် လျှို့ဝှက်ရတနာများထဲမှတစ်ခုဖြစ်သည်။

၎င်းက ကန်းယွမ်ကောင်းကင်ဘုံ မီးတောက်ကို ထုတ်လွှတ်နိုင်သည်။

ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိ အစွမ်းထက်တည်ရှိမှုပင်လျှင် ဤအနီရောင် ဘူးသီးခြောက်ထဲမှ ကန်းယွမ် ကောင်းကင်ဘုံမီးတောက်ကို မခံနိုင်ပေ။

ထို့ကြောင့် ဖုန်းထျန်းမြို့တွင် ဖာထျန်း နေထိုင်သည့် နေရာကို မိုဝမ်ထျန်း သိရှိပြီးနောက် သန်းခေါင်ယံတွင် ခိုးဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။

“ဟွန့်... လူသတ်နတ်ဘုရားဆိုရင်ရော ဘာဖြစ်လဲ။ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိတဲ့သူတွေကို ဖျက်ဆီးပစ်နိုင်တဲ့ ကန်းယွမ် ကောင်းကင်မီးတောက်အောက်မှာ မင်းက အင်မော်တယ်နယ်မြေက ပါရမီရှင် ဖြစ်နေရင်တောင် မင်း သေချာပေါက် သေရမှာပဲ...”

မိုဝမ်ထျန်းက သမ်းဝေလိုက်ပြီး အနီရောင် ဘူးသီးခြောက်ကို သိမ်းဆည်းလိုက်၏။

“အစွမ်းထက်တဲ့ ရန်သူတစ်ယောက်ကို ရှင်းထုတ်ပြီးရင် ပြန်သွားအိပ်ပြီး ကောင်းကောင်း အိပ်သင့်တယ်။ မနက်ကျရင် တောင်ပေါင်းတစ်သိန်းတောင်တန်းထဲကို ဝင်ရဦးမယ်လေ...”

သို့သော် ဤအချိန်၌ ဒေါသတကြီး လောင်ကျွမ်းနေသော ကန်းယွမ် ကောင်းကင်မီးတောက်က တကယ့်ကို ငြိမ်းသွားပြီး အလွန်သန်မာသော ဖိအားတစ်ခု ထွက်ပေါ်လာ၏။

ကောင်းကင်သို့ ထိုးတက်နေသော တောင်ကြီး တစ်ခုကဲ့သို့ လူများကို အသက်ရှူမဝအောင် ဖိနှိပ်ထားသည်။

မီးတောက်များထဲတွင် ပုံရိပ်တစ်ခုကို မိုဝမ်ထျန်း မြင်လိုက်ရသည်။

ထိုသူက ဖာထျန်းဖြစ်၏။

သူက အပြစ်အနာကင်းနေပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိသူများကို သတ်ဖြတ်နိုင်သော ဤကန်းယွမ် ကောင်းကင်မီးတောက်က ဖာထျန်းအတွက် တကယ်ကို အသုံးမဝင်ပေ။

“မြက်ပင်တွေကို ဆုပ်ကိုင်ထားရမယ်... ဆုပ်ကိုင်ထားရမ... ဆုပ်ကိုင်ထားရမယ်... ”

မိုဝမ်ထျန်းက မစဉ်းစားတော့ဘဲ ဝင်္ကပါပြားတစ်ခုကို ထုတ်ယူလိုက်၏။

ဤသည်က လျှို့ဝှက်ရတနာများထဲမှတစ်ခု ဖြစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပြားတစ်ခုဖြစ်သည်။

လူများကို မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်ထောင်ချီဝေးသောနေရာသို့ ပို့ဆောင်ပေးနိုင်၏။

တုံ့ဆိုင်းမနေဘဲ မိုဝမ်ထျန်းက ဝင်္ကပါပြားကို အသုံးပြုရန် ပြင်လိုက်သည်။

ရွှစ်...

ဤအခိုက်တွင် ရွှေရောင်ဓားအလင်းတန်းတစ်ခုက ခုတ်ပိုင်းလိုက်ပြီး မိုဝမ်ထျန်း၏ လက်ထဲရှိ ဝင်္ကပါပြားက နှစ်ပိုင်းကွဲသွားကာ ဖာထျန်း၏ အေးစက်သော အသံထွက်ပေါ်လာ၏။

“ခမ်းနားကြီးကျယ်တဲ့ အင်မော်တယ်နယ်မြေကပါရမီရှင်... မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား...”

ဖာထျန်း၏အသံကို ကြားသောအခါ မိုဝမ်ထျန်း၏မျက်နှာက ကြောက်လန့်တကြား ဖြူရော်သွားသည်။

*ဒီလူသတ်သမားက အရမ်း ကြမ်းတမ်းလွန်းတယ်။ ဒါက အင်မော်တယ်နယ်မြေက ပါရမီရှင်ရဲ့အစစ်အမှန် စွမ်းအားပဲလား။ ဘာလုပ်ရမလဲ။ ဒီညတော့ အသက်ဆုံးရှုံးရမှာ မဟုတ်ပါဘူးနော်*

All Chapters