အခန်း ၁၉၇
Vol. 16 Ch. 197
အခန်း (၁၉၇) လျော်ကြေး၊ မဟာတာအို၏ နိမိတ်လက္ခဏာ
ဆယ့်ရှစ်ထပ်ရှိသော စမ်းသပ်ချက် မျှော်စင်ကြီးကား အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ဤစမ်းသပ်ချက်မျှော်စင်ကြီးက အမှောင်ညတွင် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်နေပြီး အလွန် မျက်စိကျိန်းလောက်အောင် တောက်ပနေ၏။
စမ်းသပ်ချက်မျှော်စင်ကြီးအောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ စုဝေးနေကြသည်။
သူတို့က သူတို့ရှေ့ရှိ စမ်းသပ်ချက် မျှော်စင်ကြီးကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။
“ဒီစမ်းသပ်ချက် မျှော်စင်ကြီးထဲမှာ ဘာတွေများ ရှိနေမလဲ...”
“ငါကတော့မျှော်လင့်နေပြီ...”
“စမ်းသပ်ချက်ကို အောင်မြင်သွားရင်... စီနီယာရဲ့တပည့်ဖြစ်လာနိုင်မလား မသိဘူး...”
သို့သော် ဤအခိုက်တွင် စမ်းသပ်ချက် မျှော်စင်ကြီး၏ တံခါးက တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်၏။
တပည့်လက်ခံပွဲမစတင်မီ ဤစမ်းသပ်ချက် မျှော်စင်ကြီးထဲသို့ မည်သူကမျှ ဝင်ရောက်၍ မရနိုင်ပေ။
ချမ်ချန်ကန်းက ဖေးရှန်းတောင်၏ ထိပ်တွင်ရပ်လျက် အဝေးကို ကြည့်နေပြီး ပြိုင်ဘက်ကင်းနယ်မြေထဲတွင် စုဝေးနေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများကို ခံစားရင်း ရေရွတ်လိုက်သည်။
“ဒီမှာ ကျင့်ကြံသူတွေအများကြီး ရှိနေတာကို။ တစ်ခါလောက်မသေရင် ငါ ရထားတဲ့ ဒီလုပ်ဆောင်ချက်အသစ်အတွက် အရမ်း နှမြောစရာ ကောင်းသွားမှာပေါ့...”
ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး သူက လက်ဖျောက် တစ်ချက်တီးလိုက်၏။
ချက်ချင်းပင် ပြိုင်ဘက်ကင်းနယ်မြေထဲရှိ ကျင့်ကြံသူအားလုံးက သေခြင်းတရား ကျရောက်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ မျက်လုံးများ ပြာဝေသွားကာ သတိလစ်သွားကြသည်။
ထောင်သောင်းချီသော ကျင့်ကြံသူများ။
သူတို့၏ ကျင့်ကြံမှုက မည်မျှ မြင့်မားသည်ဖြစ်စေ၊ သူတို့၏ စွမ်းအားက မည်မျှ သန်မာသည်ဖြစ်စေ ဤအခိုက်တွင် သူတို့အားလုံးသေဆုံးသွားကြ၏။
ဤအချိန်၌ ချမ်ချန်ကန်း၏ စိတ်ထဲတွင် နယ်မြေတန်ဖိုးများရရှိကြောင်း စနစ်၏ သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသည်။
ချမ်ချန်ကန်းက ကြက်သွန်မြိတ် အများအပြားကို ရိတ်သိမ်းလိုက်၏။
ရရှိလာသော နယ်မြေတန်ဖိုးက အမှတ် ၂၃.၁၂ သန်းကျော်ရှိသည်။
ဟုတ်ပေသည်... ။
ဤသည်ကား ပြိုင်ဘက်ကင်းနယ်မြေထဲရှိ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပြီးနောက် ရရှိလာသော ကြွယ်ဝသည့် နယ်မြေတန်ဖိုး ဖြစ်၏။
ချမ်ချန်ကန်း၏ စိတ်ကူးထက် အနည်းငယ် ပိုများနေသည်။
ထို့နောက် ချမ်ချန်ကန်းက သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းလုပ်ဆောင်ချက်ကို ထပ်မံအသုံးပြုလိုက်၏။
ပြိုင်ဘက်ကင်းနယ်မြေထဲရှိ သေဆုံးသွားသော ကျင့်ကြံသူများအားလုံး တစ်ပြိုင်နက်တည်း ပြန်လည်ရှင်သန်လာကြသည်။
ကျင့်ကြံသူ အားလုံး ဆွံ့အသွားကြ၏။
ဘာဖြစ်သွားမှန်း လုံးဝမသိကြပေ။
“နှမြောစရာကောင်းတာက ကြက်သွန်မြိတ်တွေက တစ်ခါပဲ ဖြတ်လို့ ရတာပဲ။ အကြိမ်ပေါင်းများစွာဖြတ်လို့ရရင် သိပ်ကောင်းမှာပဲ...”
သေချာပေါက် ချမ့်ချန်ကန်းက ကြက်သွန်မြိတ်များကို တိတ်တဆိတ် ရိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး မည်သူကမျှ မသိကြပေ။
ကြက်သွန်မြိတ်များကို ရိတ်သိမ်းပြီးနောက် သေချာပေါက် သင့်လျော်သော လျော်ကြေး တစ်ခုပေးရဦးမည်ဖြစ်၏။
ထို့နောက် ချမ့်ချန်ကန်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။
ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးတွင် ခမ်းနားကြီးကျယ်သော စိတ်ဝိညာဉ်မိုးရေများ ရွာကျလာ၏။
စိတ်ဝိညာဉ်မိုးရေအောက်တွင် ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများက ပြန်လည်ကောင်းမွန်လာပြီး ပို၍ သန်မာလာကြသည်။
ပို၍ အရေးကြီးသည်မှာ စိတ်ဝိညာဉ်မိုးရေ ရွာကျလာမှုနှင့်အတူ သူတို့၏ အရည်အချင်းများက တိုးတက်လာခဲ့ခြင်းပင်ဖြစ်၏။
ကျင့်ကြံသူအားလုံးက သူတို့၏ ခန္ဓာကိုယ်ထဲရှိ အသွင်ပြောင်းလဲမှုကို သတိပြုမိသွားကြပြီး အံ့အားသင့်သွားကြ၏။
“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ...”
“သည်းထန်စွာရွာနေတဲ့မိုးထဲမှာ ငါ့ရဲ့ စွမ်းအားတွေက ပိုသန်မာလာပြီး ခန္ဓာကိုယ်က အသွင်ပြောင်းနေသလို ခံစားရတယ်...”
“ဟုတ်တယ်... ငါလည်း အဲဒီလို ခံစားရတယ်...”
ဤအချိန်၌ ချမ်ချန်ကန်း၏ တည်ငြိမ်သောအသံက ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။
“ဒီစိတ်ဝိညာဉ်မိုးရေက မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ပြန်လည်ရှင်သန်စေပြီး မင်းတို့ရဲ့ အရည်အချင်းကို တိုးတက်စေလိမ့်မယ်။ ဒါက မင်းတို့ကို လျော်ကြေးပေးတာပါ...”
“လျော်ကြေး...”
လူတိုင်းက နားမလည်နိုင်ဖြစ်နေကြပြီး ချမ်ချန်ကန်း ဘာပြောနေမှန်း မသိကြပေ။
သေချာပေါက် ချမ်ချန်ကန်းက လျော်ကြေးဟု ပြောသော်လည်း သူတို့ကို ပြန်လည်မရှင်သန်စေမီက တစ်ကြိမ် သတ်ဖြတ်ခဲ့ကြောင်း သူတို့ကို မပြောပြခဲ့ပေ။
ဤသည်က တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းလှ၏။
ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ လူတိုင်း အလွန်စိတ်လှုပ်ရှားသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ချမ်ချန်ကန်း ပြောသည်မှာ မှန်ကန်သောကြောင့်ဖြစ်၏။
သူတို့၏ စွမ်းအားများက တကယ့်ကို ပိုမို သန်မာလာပြီး သူတို့၏ကျင့်ကြံခြင်းအရှိန်က ပိုမိုမြန်ဆန်လာသည်။
၎င်းက တကယ့်ကို အရည်အချင်း တိုးတက်လာခြင်း၏ အကြောင်းရင်းပင်ဖြစ်၏။
ချမ်ချန်ကန်းပြောသော လျော်ကြေးဆိုသည်ကိုတော့ ဘယ်သူက ဂရုစိုက်မှာလဲ။
*ဘာပဲဖြစ်ဖြစ် သူ့အသားတစ်ချပ်မှ ပဲ့ပါသွားတာမှမဟုတ်တာ။ ဘုရားရေ.. စီနီယာရဲ့နည်းလမ်းတွေက ကောင်းကင်ဘုံအထိတောင် ထိုးတက်နေပြီပဲ။ စိတ်ဝိညာဉ်မိုးရေတစ်ခုကတောင် သူတို့ရဲ့ အရည်အချင်းတွေကို တကယ် တိုးတက်စေတာပဲ*
*သူက အရာအားလုံးကို တတ်စွမ်းနိုင်သော ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးနဲ့ တူနေတာပဲ*
မူလက ကျင့်ကြံသူအချို့က မိုးခိုရန် သူတို့၏ မှော်စွမ်းအင်များကို အသုံးပြုခဲ့ကြသော်လည်း ချမ်ချန်ကန်း၏စကားကို ကြားသောအခါ သူတို့၏ မှော်စွမ်းအင်များကို အလျင်အမြန် ဖယ်ရှားလိုက်ကြ၏။
စိတ်ဝိညာဉ်မိုးရေထဲတွင် ရေချိုးနေကြ၏။
မျှော်လင့်ထားသည့်အတိုင်း ကျင့်ကြံသူ အားလုံးက သူတို့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးရှိ ကျင့်ကြံသူအားလုံးက ပွက်ပွက်ဆူနေသော အခြေအနေတွင် ရှိနေကြသည်။
ချမ်ချန်ကန်းအပေါ် လေးစားအားကျမှု၊ ရိုသေမှုနှင့် ကြည်ညိုမှုများ အပြည့်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများပင် ရှိကြ၏။
ရရှိလာသော နယ်မြေတန်ဖိုးက အမှတ် ၂၃.၁၂ သန်းကျော်ရှိသည်။
ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေကို ဆက်လက်ချဲ့ထွင်ရန် နယ်မြေတန်ဖိုး သန်း ၂၀ ကို အသုံးပြုလိုက်၏။
သူ၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ဧရိယာ ၁၀ရာခိုင်နှုန်းကို ထပ်မံလွှမ်းခြုံသွားသည်။
ယနေ့ ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ဧရိယာ ၄၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး နယ်ပယ်က ပို၍ ကျယ်ပြန့်လာ၏။
“တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးကို လုံးဝလွှမ်းခြုံသွားဖို့ သိပ်မဝေးတော့တဲ့ပုံပဲ...”
ရွှယ်ဝူအင်မော်တယ်နယ်မြေ။
အင်မော်တယ်တံခါးပေါက်တစ်ခုက ဖြည်းညင်းစွာ ပွင့်လာသည်။
ထို့နောက် အင်မော်တယ်တံခါးပေါက်ထဲမှ ပုံရိပ်သုံးခု ထွက်ပေါ်လာ၏။
ဤပုံရိပ်သုံးခုမှာ မိန်နျင်၊ ဝူမင်နှင့် လင်းပေါင်အာတို့ အတိအကျပင်ဖြစ်သည်။
အင်မော်တယ်တံခါးပေါက် ပေါ်လာသည့် နေရာက စွန့်ပစ်ခံထားရသောနေရာတစ်ခုဖြစ်ပြီး အလွန်အစွန်အဖျားကျလှ၏။
လင်းပေါင်အာက အပြင်သို့ ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ကာ နားမလည်နိုင်သည့်ပုံ ပေါက်နေသည်။
“ဒါက အင်မော်တယ်နယ်မြေလား... ဒီက အင်မော်တယ်စွမ်းအင်က ဘာဖြစ်လို့ ဒီလောက်တောင် ပါးလွှာနေတာလဲ...”
မိန်နျင်က ခပ်ဖွဖွ ပြုံးလိုက်၏။
“ကျူးရှို့တိုက်ကြီးမှာ စီနီယာ တံခါးပိတ် ကျင့်ကြံနေတဲ့နေရာက ထိပ်တန်းအဆင့် အင်မော်တယ်မြေတစ်ခုပါ။ အင်မော်တယ်နယ်မြေက ထိပ်တန်း အင်မော်တယ်မိသားစုတွေတောင်မှ အဲဒါမျိုး ရှိချင်မှရှိမှာ။ ပြီးတော့ အင်မော်တယ်နယ်မြေ တစ်ခုလုံးက အင်မော်တယ်မြေမဟုတ်ပါဘူး။ တောင်ပေါင်းတစ်သိန်းတောင်တန်းလိုမျိုး နေရာတိုင်းမှာ ခမ်းနားကြီးကျယ်ပြီး အံ့မခန်း အင်မော်တယ်စွမ်းအင်တွေမရှိပါဘူး...”
“အိုး...”
လင်းပေါင်အာ ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်၏။
“ဆရာက အရမ်းအစွမ်းထက်တာပဲ။ ဒီလိုဆိုရင် အင်မော်တယ်နယ်မြေက တကယ်တော့ တောင်ပေါင်းတစ်သိန်းတောင်တန်းလောက်တောင် မကောင်းဘူးပဲ...”
ဘေးနားရှိ ဝူမင်က လေးစားအားကျစွာဖြင့် ပြောလိုက်သည်။
“သခင်မလေးပြောတာ မှန်တယ်။ သခင်က ခန့်မှန်းရခက်ပြီး အောက်ဘုံမှာ အဲ့ဒီလို မြင့်မြတ်အင်မော်တယ်မြေတစ်ခုရှိနေတာက ဒီလက်အောက်ငယ်သားအတွက် တကယ့်ကို အံ့မခန်းပဲ...။ သခင်ကလွဲရင် အောက်ဘုံမှာ အင်မော်တယ်မြေတစ်ခုကို ဘယ်သူမှ ဖန်တီးနိုင်မယ် မထင်ပါဘူး...”
မိန်နျင်က ဝူမင်၏ စကားကို သဘောတူလိုက်၏။
ဤမျှကြီးမားသော အင်မော်တယ်မြေမျိုးကို သူမက အင်မော်တယ်နယ်မြေတွင် ဘယ်သောအခါကမှ မမြင်ဖူးခဲ့သလို အင်မော်တယ်မြေ၏ နယ်ပယ်က သူ့ဘာသာသူပင် ချဲ့ထွင်လာနိုင်သေးသည်။
၎င်းက လူများကို အံ့အားသင့်စရာခံစားချက်ကို ပေးစွမ်းသော်လည်း ချမ်ချန်ကန်းရှိနေခြင်းကြောင့် ဤသည်မှာ သဘာဝကျသည်ဟု မိန်နျင်က ယူဆထား၏။
ချမ်ချန်ကန်းတစ်ယောက်တည်းသာ ထိုအင်မော်တယ်မြေကို ပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီသည့်ပုံ ပေါက်သည်။
ဟွမ်ဖူမိသားစုပင်လျှင် စီနီယာ၏ အင်မော်တယ်မြေနှင့် ယှဉ်နိုင်သော အင်မော်တယ်မြေမျိုးမရှိချေ။
“ညီမတို့ အခု ဘယ်သွားကြမလဲ...”
လင်းပေါင်အာက မေးလိုက်၏။
မိန်နျင်က ပြောလိုက်သည်။
“ဟွမ်ဖူမိသားစုကို အရင်ပြန်သွားကြစို့။ ဟွမ်ဖူမိသားစုမှာ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခု ရှိတယ်။ အဲဒီတည်နေရာရွှေ့ပြောင်းဝင်္ကပါကနေတစ်ဆင့် ရှမီအင်မော်တယ်နယ်မြေကို သွားလို့ ရတယ်...”
ဝူမင်က အနည်းငယ် အံ့အားသင့်သွား၏။
“ဟွမ်ဖူမိသားစုက ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ ခိုင်မာတဲ့ နောက်ခံရှိတဲ့ပုံပဲ။ တည်နေရာရွှေ့ပြောင်း ဝင်္ကပါတောင် ရှိသေးတယ်။ ဒါဆိုရင် မင်းစကားကိုနားထောင်ပြီး ဟွမ်ဖူမိသားစုကို အရင်သွားကြတာပေါ့...”
မိန်နျင်က ခေါင်းညိတ်လိုက်ပြီးနောက် အင်မော်တယ်အဆောင်တစ်ခုကို ထုတ်ယူကာ ချေမွလိုက်၏။
အင်မော်တယ်အဆောင်ကို ချေမွလိုက်သောအခါ ဟွမ်ဖူမိသားစု၏ နယ်မြေက တစ်စုံတစ်ရာကို ခံစားမိသွားသည်။
အင်မော်တယ်ကန္တာရမြို့တော်…
၎င်းက ဟွမ်ဖူမိသားစု၏ အရေးပါသော မြို့တော်တစ်ခုဖြစ်၏။
ဤအခိုက်တွင် ကောင်းကင်ယံသို့ ထိုးတက်သွားသော အင်မော်တယ် သက်တန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ်ရာ အင်မော်တယ် စွမ်းအားများက လှိုင်းလုံးကြီးများကဲ့သို့ ကန္တာရမြို့တော်ရှိ အင်မော်တယ်များကို အလန့်တကြား ဖြစ်စေသည်။
“ဟွမ်ဖူမိသားစုက ကောင်းကင်အင်မော်တယ်ပါလား။ လျှို့ဝှက်နယ်မြေက အင်မော်တယ်တွေတောင် ထွက်လာကြတာပဲ...”
“အင်မော်တယ်အင်ပါယာ ငါးပါးတောင် ထွက်လာတယ်...။ဘာဖြစ်လို့များလဲ”
“ငါအတင်းအဖျင်း သတင်းတစ်ခု ကြားထားတယ်။ ဟွမ်ဖူအင်မော်တယ်မိသားစုက ဒီအင်မော်တယ်အင်ပါယာတွေကို စေလွှတ်လိုက်တာ တာအိုစည်းချက် ပစ္စည်းတွေနဲ့ ပတ်သက်နေတယ်လို့ ကြားတယ်...”
“တာအိုစည်းချက်ပစ္စည်းတွေက အင်မော်တယ်အင်ပါယာတွေကိုတောင် အရေးယူဖို့လိုလို့လား...”
“ဟမ့်... မင်း အဲ့ဒါတွေကို နားမလည်ပါဘူး။ ဟွမ်ဖူမိသားစုက အခုအင်မော်တယ်သူတော်စင်တစ်ပါးကို အားကိုးနေတယ်လို့ ကြားတယ်။ အဲဒါက သာမန်တာအိုစည်းချက်ပစ္စည်းမဟုတ်ဘူး။ ငါ့သူငယ်ချင်းတစ်ယောက်က ဟွမ်ဖူမိသားစုမှာ အလုပ်လုပ်နေတာ။ ပြီးခဲ့တဲ့ အကြိမ်က အဆင့်မြင့်တာအိုစည်းချက် ပစ္စည်းတစ်ခုပြန်ယူလာတယ်လို့ ကြားတယ်...”
ဤစကားများ ထွက်ပေါ်လာသည်နှင့် အင်မော်တယ်များ ချက်ချင်း ဆူပူအုံကြွသွားကြ၏။
“အဆင့်မြင့်တာအိုစည်းချက်ပစ္စည်း ဖြစ်နေတာကိုး...”
“ဟွမ်ဖူမိသားစုက ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေထဲမှာ နောက်ထပ်အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ထပ်မွေးဖွားလာတော့မှာလား...”
“ဟားဟား... ဟွမ်ဖူအင်မော်တယ်မိသားစုက ဒီလောက်လှုံ့ဆော်မှုတွေ လုပ်နေတာက ဒီတစ်ကြိမ်မှာ အဆင့်မြင့်တာအိုစည်းချက် ပစ္စည်းအနည်းငယ် ပြန်ယူလာနိုင်လောက်တယ်.။အဲဒါက ဟွမ်ဖူမိသားစုကို ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေက အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်မွေးဖွားလာအောင် ကူညီပေးနိုင်ဖို့ အရမ်းဖြစ်နိုင်ခြေများတယ်။ အဲဒါကြောင့် အင်မော်တယ်အင်ပါယာတွေ ကိုယ်တိုင် သွားစောင့်ရှောက်တာပေါ့...”
“သောက်ကျိုးနည်း..အဆင့်မြင့် တာအိုစည်းချက်ပစ္စည်းအနည်းငယ်တောင် ရှိတယ်လား။ ဟွမ်ဖူမိသားစုက ကံကောင်းနေတာလား...”
“အကယ်၍ အင်မော်တယ်အင်ပါယာ အနည်းငယ်သာထပ်ရှိလာရင် ဟွမ်ဖူမိသားစုက ကျန်းမိသားစုကို ကျော်ဖြတ်ပြီး ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ ပထမဆုံး အင်မော်တယ်မိသားစုဖြစ်လာမှာပဲ...”
“ငါမယုံဘူး...”
“…”
အင်မော်တယ်အင်ပါယာ ငါးပါးအပြင် အင်မော်တယ်အရှင်သခင် ဆယ်ပါးလည်း ရှိသေး၏။
ဤမျှကြီးမားနေခြင်းက မိန်နျင် ကျူးရှို့တိုက်ကြီးမှ ပြန်လာခြင်းက အလွန် အရေးကြီးကြောင်း ထင်ရှားသည်။
ပို၍ အရေးကြီးသည်မှာ မိန်နျင်က အင်မော်တယ်အဆောင်ကို အမှန်တကယ် အသုံးပြုခဲ့ခြင်းပင်ဖြစ်၏။
ထို့အပြင် အသုံးပြုခဲ့သော အင်မော်တယ်အဆောင်က ထိပ်တန်းအဆင့်ဖြစ်၏။
ယင်းက မိန်နျင်ထံတွင် ရတနာများစွာရှိနေပြီး သူမကို စောင့်ရှောက်ရန် အစွမ်းထက်သော အင်အားစုတစ်ခုကို စေလွှတ်ရမည် ဖြစ်ကြောင်းဆိုလိုသည်။
ထို့ကြောင့် ဟွမ်ဖူမိသားစုက အစွမ်းထက်သော ကျင့်ကြံမှုရှိသည့် ဤအင်မော်တယ်အုပ်စုကို စေလွှတ်ခဲ့ခြင်းဖြစ်၏။
တစ်ချိန်တည်းမှာပင် အင်မော်တယ် တံခါးပေါက်ပွင့်လာသည့်နေရာတွင် မိန်နျင်၊ လင်းပေါင်အာနှင့် ဝူမင်တို့ စောင့်ဆိုင်းနေကြဆဲဖြစ်သည်။
အထူးသဖြင့် သူတို့ထံရှိ တာအိုစည်းချက် ပစ္စည်းများက အလွန်အရည်အသွေး မြင့်မားကြ၏။
အကောင်းဆုံး မဟုတ်ရင်တောင် ထိပ်တန်းအဆင့်ဖြစ်သည်။
ယခုအခါ အထက်ဘုံသို့ ရောက်ရှိလာပြီ ဖြစ်၏။
သူတို့သုံးဦး မထင်မှတ်ထားသည်မှာ သိုလှောင်လက်စွပ်ထဲရှိ တာအိုစည်းချက် ပစ္စည်းများက မကြာမီ မဟာတာအို နိမိတ်လက္ခဏာတစ်ခုကို ဖြစ်ပေါ်စေခဲ့ခြင်းပင်ဖြစ်၏။
ဝူမင်၏ မျက်နှာက ပြောင်းလဲသွားသည်။
“မိန်နျင်... ဟွမ်ဖူမိသားစုက လူတွေ ရောက်လာဖို့ ဘယ်လောက်ကြာဦးမလဲ။ အဲ့ဒါက တာအိုစည်းချက်ပစ္စည်းတွေနဲ့ အင်မော်တယ်နယ်မြေရဲ့ မဟာတာအို ပဲ့တင်ထပ်ပြီး မဟာတာအို နိမိတ်လက္ခဏာတစ်ခု ဖြစ်ပေါ်လာတာပဲ။ အင်မော်တယ်နယ်မြေက အင်မော်တယ်တွေ သေချာပေါက် သတိပြုမိသွားလိမ့်မယ်...”