← Chapters

အခန်း ၁၉၈

Vol. 16 Ch. 198

အခန်း ၁၉၈

Vol. 16 Ch. 198

အခန်း (၁၉၈) လူသတ်ဓားကို ချထားပြီး ချက်ချင်း ဗုဒ္ဓဖြစ်လာပါ

မိန်နျင်၏ အမူအရာက တည်ကြည်လေးနက်နေ၏။

“အချိန်နည်းနည်း ကြာဦးမယ် ထင်တယ်...”

“အမိတ္တဘ... ဒီမဟာတာအို နိမိတ်လက္ခဏာက ကောင်းကင်အင်မော်တယ်လျှို့ဝှက်နယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်တွေကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်။ ဒီမှာအကြာကြီးနေဖို့ မသင့်တော်ဘူး။ ဒီကနေအရင် ထွက်သွားကြစို့...”

ဝူမင်၏ မျက်နှာထားက တည်ကြည်လေးနက်နေပြီး မိန်နျင်၊ လင်းပေါင်အာတို့နှင့်အတူ အလျင်အမြန် ထွက်ခွာသွား၏။

မျှော်လင့်ထားသည့်အတိုင်း ဝူမင်က မိန်နျင်နှင့် လင်းပေါင်အာတို့ကို ခေါ်ဆောင်၍ တစ်ခဏမျှ ထွက်ခွာသွားပြီးနောက် ဤစွန့်ပစ်နေရာတွင် ကြောက်မင်ဖွယ် အင်မော်တယ်စွမ်းအား အနည်းငယ် ထွက်ပေါ်လာ၏။

ထိုသူများက အင်မော်တယ်ငါးပါးဖြစ်ပြီး သူတို့၏ မျက်လုံးများက လောဘကြီးနေကာ သူတို့၏ အမူအရာများက ပူလောင်နေကြ၏။

ကောင်းကင်အင်မော်တယ်လျှို့ဝှက်နယ်မြေ မှ အင်မော်တယ်အင်ပါယာတစ်ပါးနှင့် အင်မော်တယ်အရှင်သခင် လေးပါး ဖြစ်ကြသည်။

အင်မော်တယ်အာရုံက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသော်လည်း မည်သည့် သက်စောင့်စွမ်းအင် လှုပ်ရှားမှုကိုမျှ မတွေ့ရှိခဲ့ပေ။

ထိုကောင်းကင်ယံထက်တွင် အံ့မခန်း မဟာတာအို၏နိမိတ်လက္ခဏာက ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။

“သေစမ်း... ခြေတစ်လှမ်း နောက်ကျသွားပြီ။ လူတွေ ထွက်သွားကြပြီ...”

“ဒီလို အံ့မခန်း မဟာတာအိုနိမိတ်လက္ခဏာကို ထိပ်တန်းအဆင့်တာအိုစည်းချက်ပစ္စည်းတွေကပဲ ဆွဲဆောင်နိုင်တာ။ ပြီးတော့ ထိပ်တန်းအဆင့်တာအိုစည်းချက်ပစ္စည်း တစ်ခုထက်တောင် ပိုသေးတယ်...”

“ထိပ်တန်းအဆင့်တာအိုစည်းချက်ပစ္စည်းတွေ ရုတ်တရက် ပေါ်လာတာက ဟွမ်ဖူမိသားစုနဲ့ တကယ်ပဲ ပတ်သက်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဟွမ်ဖူမိသားစုက အကူအညီတွေ မရောက်လာခင် ဒီတာအိုစည်းချက်ပစ္စည်းတွေကို ငါတို့ ယူရမယ်...”

“ဟွမ်ဖူမိသားစုတင်မကဘူး... ဒီမဟာတာအို နိမိတ်လက္ခဏာက ရွှယ်ဝူအင်မော်တယ်နယ်မြေမှာရှိတဲ့ အခြား အင်မော်တယ် အင်အားစုတွေကိုလည်း သတိပေးလိုက်ပြီ။ သူတို့မရောက်လာခင် ဒီထိပ်တန်းအဆင့်တာအိုစည်းချက် ပစ္စည်း တွေကို ငါတို့ ရအောင်ယူရမယ်...”

“မြန်မြန်လိုက်ကြ...”

မရပ်တန့်ဘဲ အင်မော်တယ်ငါးပါးက ဝူမင်တို့သုံးဦး ထွက်သွားသည့် ဦးတည်ရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားပြီး အလျင်အမြန် လိုက်ဖမ်းသွားကြ၏။

အခြားတစ်ဖက်တွင် ဝူမင်က လင်းပေါင်အာ၊ မိန်နျင်တို့နှင့်အတူ ထွက်ပြေးနေသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက် အနည်းငယ် နီးကပ်လာသည်ကို သတိပြုမိလိုက်၏။

ထိုအရာက ပထမဆုံး လိုက်ဖမ်းလာသော အင်မော်တယ်ငါးပါးဖြစ်သည်။

“မိန်နျင်... သခင်မလေး... အခြေအနေ အရမ်း ဆိုးနေပြီ။ ထွက်ပြေးလို့ မလွတ်တော့မယ့်ပုံပဲ...”

မကြာမီ အင်မော်တယ်အင်ပါယာ၏ဖိအားက တောင်ကျစမ်းရေကဲ့သို့ လွှမ်းခြုံလာပြီး အင်မော်တယ်ငါးပါးထွက်ပေါ်လာကာ ဝူမင်၊ မိန်နျင်နှင့် လင်းပေါင်အာတို့ကို ဝန်းရံလိုက်ကြ၏။

လင်းပေါင်အာ၏ အမူအရာက တည်ကြည်လေးနက်နေပြီး အပျက်အစီးဓားခန္ဓာ၏ စွမ်းအားကို ထုတ်လွှတ်လိုက်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

မိန်နျင် ဘက်တွင်လည်း ဆွဲဆောင်မှုရှိသော မျက်နှာလေးက မှောင်မိုက်နေ၏။

ဝူမင်က တည်ငြိမ်နေပြီး လက်ကိုမြှောက်၍ လှုပ်ရှားလိုက်ရာ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်က သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။

သူတို့က အင်မော်တယ်ငါးပါးနှင့် မျက်နှာချင်းဆိုင်လိုက်ကြ၏။

အင်မော်တယ်အင်ပါယာက ထိုသုံးဦးကို ပူလောင်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

တာအိုစည်းချက် ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲတွင် ထည့်ထားသော်လည်း တာအိုစည်းချက်က အလွန်သန့်စင်ပြီး ခမ်းနားကြီးကျယ်လှ၏။

သိုလှောင်လက်စွပ်ပင်လျှင် အတွင်းရှိ တာအိုစည်းချက်ပစ္စည်းများမှ ထွက်ပေါ်လာသော တာအိုစည်းချက်ကို မတားဆီးနိုင်ပေ။

သူက အေးစက်စက် ပြုံးလိုက်သည်။

“ချန်မေ့အင်မော်တယ်အရှင်သခင် မျှော်လင့်ထားတဲ့အတိုင်း ဟွမ်ဖူမိသားစုရဲ့ လူပဲ။ သတင်းတွေက အမှန်ပဲထင်တယ်...”

“တာအိုစည်းချက်ပစ္စည်းတွေအားလုံးကို လွှဲပေးလိုက်။ ဒါဆိုရင် မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်...”

“အမိတ္တဘ... ဒကာတော်... လူသတ်ဓားကို ချထားပြီး ချက်ချင်းဗုဒ္ဓဖြစ်လာပါလား...”

ဝူမင်က ရှေ့ဆုံးတန်းတွင် ရပ်နေပြီး လက်အုပ်ချီကာ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်က သူ၏ လက်ကောက်ဝတ်ကြားတွင်ရှိနေပြီး ထိတ်လန့်ဖွယ်ရာ ဗုဒ္ဓစွမ်းအား လှိုင်းဂယက်များကို ထုတ်လွှတ်နေ၏။

“ဘယ်ကရောက်လာတဲ့ ဘုန်းကြီးလေးလဲ... ထွက်သွားစမ်း။ ဒါက ရှမီအင်မော်တယ်နယ်မြေမှာရှိတဲ့ မြည်းကတုံးတွေရဲ့ နယ်မြေမဟုတ်ဘူး...”

“ဒါပေမဲ့ ဒီဘုန်းကြီးလေးရဲ့ လက်ထဲမှာ ဗုဒ္ဓရတနာတစ်ခုရှိနေတဲ့ပုံပဲ။ ကျွတ်.. ကျွတ် ..ကျွတ်... ဒီလောက် အားနည်းတဲ့ကျင့်ကြံမှုနဲ့ ဗုဒ္ဓဘရတနာကို ပိုင်ဆိုင်တာက ဖြုန်းတီးတာပဲ..”

ရုတ်တရက် အင်မော်တယ်တစ်ပါးက လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး ဝူမင်၏ လည်ပင်းရှိ ပုတီးစေ့ကုံးကို မြင်လိုက်ရ၏။

ခမ်းနားကြီးကျယ်သော တာအိုစည်းချက်က သူ့နောက်တွင် အမြင့်မြတ်ဆုံး နတ်ဘုရားနှင့် ဗုဒ္ဓတစ်ပါးကို ဖြည်းညင်းစွာ ပုံဖော်ပေးနေသည်။

*ဒါက ထိပ်တန်းတာအိုစည်းချက်ပစ္စည်းလား*

လူတိုင်းက လေအေးတစ်ချက်ကို ရှူသွင်းလိုက်ကြပြီး သူတို့၏ မျက်လုံးများက ပို၍ လောဘကြီးလာကြ၏။

“အတူတူ လုပ်ကြစို့... ဒီသုံးယောက်ကို သတ်ပြီး တာအိုစည်းချက်ပစ္စည်းတွေကို တိုက်ရိုက်လုယူကြမယ်...”

“ဟုတ်တယ်... ညဘက်မှာ အိပ်မက်တွေ အရမ်းမများရအောင်လို့...”

အင်မော်တယ် ငါးပါးက သတ်ဖြတ်လိုစိတ်များဖြင့် ပြေးဝင်လာကြ၏။ ဝူမင်က အေးစက်စက် နှာမှုတ်လိုက်ပြီး မကြောက်ရွံ့သည့်ပုံ ပေါက်နေသည်။

သူက နယ်မြေအရှင်သခင်၏ ဝင်စားသူဖြစ်ပြီး နည်းလမ်းအချို့ရှိနေဆဲဖြစ်၏။

“ဗုဒ္ဓနေမင်း ဆင်းသက်စမ်း...”

ဗုဒ္ဓအလင်းတန်းများက အလွန်စူးရှတောက်ပသဖြင့် အင်မော်တယ် ငါးပါး၏ မျက်လုံးများမှာ မဖွင့်နိုင်အောင် ဖြစ်သွားကြသည်။

ဗုဒ္ဓ၏အသံက ကောင်းကင်ဘုံမှ လာသကဲ့သို့ ဖြစ်နေပြီး ဝူမင်၏ ရိုသေလေးစားဖွယ် အသွင်အပြင်ကို မြင်တွေ့လိုက်ရကာ သူ၏နောက်ရှိ အမြင့်မြတ်ဆုံးနတ်ဘုရားနှင့်ဗုဒ္ဓက လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဤသည်ကား ကြောက်မင်ဖွယ်ရာ လက်ဝါးရိုက်ချက်တစ်ခုဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များကို လုံးဝ မျိုချသွားလုနီးပါးပင်ဖြစ်သွား၏။

ဧရာမဗုဒ္ဓလက်ဝါးကြီးက ကောင်းကင်နှင့် နေကို ဖုံးကွယ်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အင်မော်တယ်ငါးပါးကို အသက်ရှူမဝအောင် ဖြစ်စေခဲ့သည်။

ထို့နောက် ချက်ချင်းပင် ဗုဒ္ဓလက်ဝါးကြီး ဆင်းသက်လာ၏။

မြေကြီးတစ်ုလုံး တုန်လှုပ်ကာ တောင်များလည်း လှုပ်ခါသွားပြီး မြေကြီးပေါ်တွင် ဧရာမဗုဒ္ဓလက်ဝါးရာကြီး တစ်ခု ထွက်ပေါ်လာသည်။

အင်မော်တယ်ငါးပါးနှင့် ပတ်သက်၍မူ အင်မော်တယ်လေးပါးမှာ တိုက်ရိုက် ရိုက်သတ်ခံလိုက်ရ၏။

ကျန်ရစ်သော အင်မော်တယ်အင်ပါယာမှာ မသေသော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားသည်။

သူက ဝူမင်ကို ကြောက်ရွံ့ထိတ်လန့်သော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ဤဘုန်းကြီးလေးက သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအား လှုပ်ရှားမှုများပင် မထုတ်လွှတ်ခဲ့ပေ။

*ဘာဖြစ်လို့ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားက ဒီလောက်ကြောက်ဖို့ ကောင်းနေရတာလဲ*

ဝူမင်၏နောက်ရှိ လင်းပေါင်အာနှင့် မိန်နျင်တို့မှာ ဆွံ့အသွားကြသည်။

*ဒါက နယ်မြေအရှင်သခင်တစ်ပါးရဲ့ စွမ်းအားလား။ လူဝင်စားတာတောင် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအား ရှိနေသေးတာပဲ*

“ဗုဒ္ဓက ကရုဏာထားတယ်.. သေလိုက်စမ်း...”

ဝူမင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်က ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျံထွက်သွားပြီး အင်မော်တယ်အင်ပါယာကို သတ်ဖြတ်လိုက်၏။

အင်မော်တယ်အင်ပါယာက ပြင်းထန်စွာ ဒဏ်ရာရနေသဖြင့် ထွက်ပြေးရန် ခက်ခဲနေသည်။

ဝူမင်က လက်ကိုမြှောက်၍ ဆွဲယူလိုက်ရာ ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ် ပြန်ရောက်လာပြီး အင်မော်တယ်ငါးပါး၏ သိုလှောင်လက်စွမ်များပင် သူ့လက်ထဲသို့ ကျရောက်လာ၏။

အထဲရှိ အင်မော်တယ်ကျောက်တုံးများကို စစ်ဆေးကြည့်လိုက်သည်။

“မဆိုးဘူး”.

အထဲမှာ ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် ရှိ၏။ သိုလှောင်လက်စွမ်များကို သိမ်းဆည်းလိုက်ပြီး ဝူမင်၏ မျက်နှာက ဖြူရော်သွားသည်။

“ဟင်း... ပြန်ဝင်စားတဲ့ခန္ဓာကိုယ်က အားနည်းလွန်းသေးတယ်။ အစစ်အမှန် ဗုဒ္ဓဘာသာနည်းစနစ်တွေကို အသုံးပြုဖို့ မလုံလောက်သေးဘူး...”

ဝူမင်က သက်ပြင်းချလိုက်၏။

သူ၏ ယခင်ဘဝတွင် နယ်မြေတစ်ခု၏အရှင်သခင်အနေဖြင့် သူက အင်မော်တယ် အင်ပါယာများကို ဟင်းသီးဟင်းရွက်များ ခုတ်ပိုင်းသကဲ့သို့ ခွေးများသတ်သကဲ့သို့ သတ်ဖြတ်ခဲ့သည်။

ယခု လပြန်လည်မွေးဖွားလာကာ စွမ်းအားများ အပြည့်အဝ ပြန်လည်မရရှိသေးသဖြင့် ထိုအင်မော်တယ်ငါးပါးကို သတ်ဖြတ်ခြင်းက အကန့်အသတ်ဖြစ်နေ၏။

ရုတ်တရက် ဝူမင်၏စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး တုံ့ဆိုင်းမနေဘဲ မိန်နျင်နှင့် လင်းပေါင်အာတို့ကို ခေါ်ဆောင်၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ဤအခိုက်တွင် ဘေးပတ်ဝန်းကျင်၌ တံခါးပေါက်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ထိုတံခါးပေါက်များထဲမှ အစွမ်းထက် အင်မော်တယ်များ တစ်ပါးပြီးတစ်ပါး ထွက်လာကြသည်။ အင်မော်တယ် အပါး ၂၀ ကျော် ရှိပြီး အများစုမှာ အင်မော်တယ်အရှင်သခင် အဆင့်တွင်ရှိကြကာ အင်မော်တယ်အင်ပါယာ ဒါဇင်ချီရှိ၏။

တစ်မုဟုတ်ချင်းပင် ဝူမင်၊ မိန်နျင်နှင့် လင်းပေါင်အာတို့ ဝန်းရံခံလိုက်ရသည်။

ဝူမင်လည်း ဆွံ့အသွား၏။

အမိတ္တဘ..

*ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်း တွေကြောင့် ဆွဲဆောင်ခံရတဲ့ အင်မော်တယ် တွေက အရမ်းများလွန်းတယ်…*

အမြင့်မြတ်ဆုံး အင်မော်တယ်စွမ်းအားများက ထိတ်လန့်ဖွယ် ကောင်းပြီး အံ့အားသင့်စရာဖြစ်နေ၏။

လင်းပေါင်အာ၏ အမူအရာက တည်ကြည်လေးနက်နေပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

*ငါ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ အင်မော်တယ်နယ်မြေကိုလာတာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ခံစားနေရတယ်*

မိန်နျင်၏ မျက်နှာက အေးစက်နေပြီး သူမ၏ နှလုံးသားက အလွန်လေးလံနေကာ ပြောလိုက်၏။

“မိသားစုရဲ့ အကူအညီက ဘာဖြစ်လို့ မရောက်လာသေးတာလဲ...”

ယခုရောက်ရှိနေသော အင်မော်တယ်များမှာ အနီးအနားရှိ အင်မော်တယ်အင်အားစုများမှ လာကြခြင်းဖြစ်သည်။

မဟာတာအို နိမိတ်လက္ခဏာကိုမြင်ပြီးနောက် တာအိုစည်းချက်ပစ္စည်းများအတွက် အလျင်အမြန် ရောက်လာကြခြင်းဖြစ်၏။

ပြောစရာ မလိုတော့ပေ။

ယခုအခါ ဝူမင်လည်း အလွန်ထိတ်လန့်နေပြီ ဖြစ်သည်။

*သခင်... ဘာလုပ်ရမလဲ။ ဒီတာအိုစည်းချက် ပစ္စည်းတွေကိုထုတ်ပြီး မပြေးခင် ဒီအင်မော်တယ်တွေကို ပေးလိုက်ရမလား။ မေ့လိုက်ပါတော့ ဒီတာအိုစည်းချက်ပစ္စည်း တွေကို လွှဲပေးလိုက်ရင်လည်း ပြန်သွားတဲ့အခါ သေချာပေါက် ဆိုးဆိုးရွားရွား သေရမှာပဲ…*

ပို၍ အရေးကြီးသည်မှာ သူက လင်းပေါင်အာနှင့် မိန်နျင်တို့ကို ကာကွယ်ရမည် ဖြစ်၏။

လင်းပေါင်အာက သခင်သဘောကျသော တပည့်ဖြစ်သဖြင့် ဘာမှဖြစ်၍မရပေ။

မိန်နျင်က သခင်နှင့် ပတ်သက်မှုရှိနေသဖြင့် ဘာမှဖြစ်၍မရပေ။

သေချာပေါက် ဝူမင်၏ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း အပြင်ပန်းတွင်တော့ သူက အလွန်တည်ငြိမ်နေဆဲဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဝူမင်က ယခင်က နယ်မြေအရှင်သခင်ဖြစ်ခဲ့ဖူးသည်။

ထို့အပြင် သူက လေပြင်းမုန်တိုင်းများကို တွေ့ကြုံခံစားခဲ့ရပြီး အကြိမ်ကြိမ် သေဆုံးခဲ့ဖူးသူလည်းဖြစ်၏။

ဤသူများက အင်မော်တယ်အရှင်သခင်၊ အင်မော်တယ်အင်ပါယာများသာဖြစ်ကြပြီး အင်မော်တယ်နယ်မြေ၏ အရှင်သခင်များ မဟုတ်ကြပေ။

*ဖြုတ်အမွေးလောက်ပဲရှိတာ ကြောက်စရာဘာရှိလို့လဲ*

အကယ်၍ သူ၏ ယခင်ဘဝက သူ့ကိုသိခဲ့သော မိစ္ဆာအိုကြီးများကသာ သိသွားမည် ဆိုပါက လုံးဝအရှက်ရစရာဖြစ်သွားမည်။

ဝူမင်၏ တည်ကြည်သောအသွင်အပြင်ဖြင့် အေးစက်သော မျက်နှာထားဖြင့် ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်က ကိုင်ဆောင်ကာ လက်ရှိအင်မော်တယ်များကို ဘေးပတ်ဝန်းကျင်သို့ ကြည့်၍ အော်ဟစ်လိုက်၏။

“အမိတ္တဘ... ဒီကိုယ်တော်ရဲ့ နာမည်က ဝူမင် ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းက ရှမီအင်မော်တယ်နယ်မြေရဲ့ နယ်မြေအရှင်သခင်ပဲ။ ဒကာတို့ မသေချင်ဘူး ဆိုရင် အရမ်းဝေးဝေးမသွားပါနဲ့...”

“လူသတ်ဓားကိုချထားပြီး ချက်ချင်းဗုဒ္ဓ ဖြစ်လာကြပါ။ မဟုတ်ရင် ဒကာတို့တို့ အားလုံး သေရလိမ့်မယ်...”

All Chapters