← Chapters

အခန်း ၁၉၉

Vol. 17 Ch. 199

အခန်း ၁၉၉

Vol. 17 Ch. 199

အခန်း(၁၉၉) လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၊ မြေအောက်ဗုဒ္ဓနန်းတော်

ချမ်ချန်ကန်းသည် သစ်သားကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း နေပူစာလှုံနေ၏။

ထိုစဉ် အမြီးလေးက နတ်သစ်သီးစိုက်ခင်းမှ ခူးဆွတ်လာသော နတ်သီးအချို့ကို ကိုင်ဆောင်ကာ ခြေလှမ်းကျဲကျဲဖြင့် ချမ်ချန်ကန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

“အီး.... အီး....”

အမြီးလေးက နတ်သီးတစ်လုံးကို ချမ်ချန်ကန်းအား ကမ်းပေးပြီးနောက် ကျန်တစ်လုံးကိုမူ သူ၏လက်ကလေးနှစ်ဖက်ဖြင့် ပိုက်ကာ တမြုံ့မြုံ့ ကိုက်စားနေတော့သည်။

ချမ်ချန်ကန်းက ပြုံးလိုက်ပြီး အမြီးလေး၏ ပါးပြင်ကို ဆွဲလိမ်လိုက်၏။

“ပေါင်အာကတော့ အင်မော်တယ်ဘုံကို သွားပြီ... မင်းကတော့ လိမ္မာတယ်... ဇိမ်နဲ့ကို နေနေတာပဲ...”

“အီးး...အီးး”

အမြီးလေးက ချမ်ချန်ကန်း၏ စကားကို ပြန်လည်ငြင်းဆန်သည့်အလား အော်ဟစ်လိုက်သည်။

အနားယူခြင်းနှင့် အလုပ်လုပ်ခြင်းကို မျှတအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောနေဟန်တူ၏။

အနားယူပြီးသည်နှင့် သူ ချက်ချင်း ပြန်လည်ကျင့်ကြံမည် ဖြစ်သည်။

“ပေါင်အာတို့ အင်မော်တယ်ဘုံကို ရောက်ပြီလားမသိဘူး... အခြေအနေတွေ ဘယ်လိုရှိနေမလဲ...”

ချမ်ချန်ကန်းမှာ လင်းပေါင်အာ၏ ဘေးကင်းရေးအတွက် အတော်လေး စိုးရိမ်နေမိဆဲ ဖြစ်သည်။

လင်းပေါင်အာတွင် အပျက်အစီးဓားခန္ဓာရှိသော်လည်း သူမ၏ အစပြုမှုက နိမ့်ကျလွန်းလှ၏။

သူမ၏ ခွန်အားမှာ အထက်ဘုံမှ အင်မော်တယ်များနှင့်ယှဉ်လျှင် အဝေးကြီး လိုနေသေးသည်။

ကံကောင်းသည်မှာ သူမအနားတွင် ဝူမင် ရှိနေခြင်းပင်ဖြစ်၏။

ဝူမင်က နယ်မြေအရှင်သခင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူသည် ပြန်လည်ဝင်စားလာသူ ဖြစ်သော်လည်း လင်းပေါင်အာကို ကာကွယ်ရန်အတွက်မူ ပြဿနာရှိမည် မဟုတ်ချေ။

ချမ်ချန်ကန်းက များများစားစား ထပ်မတွေးတော့ဘဲ လင်းပေါင်အာ ဘေးကင်းစွာ ပြန်လာလိမ့်မည်ဟုသာ ယုံကြည်လိုက်သည်။

ထိုအခိုက်၌...

ချမ်ချန်ကန်းက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သစ်သားကုလားထိုင်ပေါ်မှ ရုတ်ခြည်း ထထိုင်လိုက်၏။

သူ၏ မျက်ဝန်းများမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ရေရွတ်လိုက်သည်။

“ဒါကထို့ပါယဲ့ရဲ့ အငွေ့အသက်ပဲ...”

စိတ်အာရုံတစ်ချက်ဖြင့် ချမ်ချန်ကန်းမှာ သက်ရှည်ကျောင်းတော်မှ ပျောက်ကွယ်သွားတော့သည်။

အဝေးက ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ပြေးဝင်လာပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ ဦးတည်၍ ဖေးရှန့်တောင်ဘက်သို့လာနေ၏။

ထိုအလင်းတန်းထဲတွင်ပါလာသူမှာ ယွင်ကျိုးမှ ပြန်လာသော ထို့ပါယဲ့ပင်ဖြစ်သည်။

ထို့ပါယဲ့က တောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် ကျင့်ကြံသူများစွာရှိနေသည်ကို တွေ့လိုက်ရသော်လည်း သူက ထိုအရာကို ဂရုမစိုက်နိုင်အားပေ။

ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဖေးရှန့်တောင်သို့ အမြန်ဆုံးပြန်ရောက်ရန်နှင့် ယွင်ကျိုး၏ တားမြစ်နယ်မြေရှိ ရှေးဟောင်းကြေးနီတောင်မှ အခြေအနေများကို ဆရာသခင်အား တင်ပြရန်သာ ဖြစ်သည်။

မဟုတ်လျှင် ဟုန်ယီနှင့် ရှဲ့ကျီနယ့်တို့ သေချာပေါက် သေရလိမ့်မည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းထဲသို့ ဝင်လိုက်သည်နှင့် ထို့ပါယဲ့မှာ အဝေးမှ ဧရာမ ရွှေရောင်မျှော်စင်ကြီးကို တွေ့လိုက်ရ၏။

“ဒါက ဘာကြီးလဲ...”

ထို့ပါယဲ့မှာ သိချင်စိတ် ပြင်းပြသွားသည်။ တစ်နာရီခန့် အပြင်းနှင်လာပြီးနောက် သူ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး အံ့အားသင့်ကာ မှင်တက်သွားတော့၏။

“ဒါ... အင်မော်တယ်ချီတွေပဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

အင်မော်တယ်ချီဆိုသည်မှာ ဖေးရှန့်တောင်ပေါ်ရှိ နတ်မြေ၌သာ ရှိသည်မဟုတ်ပါလော။

အဘယ်ကြောင့် ဖေးရှန့်တောင်နှင့် မိုင်ပေါင်း သောင်းချီဝေးနေသေးသော ဤနေရာ၌ အင်မော်တယ်ချီများ ရုတ်တရက် ပေါ်ပေါက်နေရသနည်း။

အင်မော်တယ်ချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ သူက မူလကပင် အခြေတည်စိတ်ဝိညာဉ်အဆင့် အင်မော်တယ် တစ်ဦးဖြစ်သည်။

အင်မော်တယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူဖြစ်ရာ အင်မော်တယ်ချီ အမြောက်အမြားကို စုပ်ယူလိုက်ရသောအခါ သူ၏ တစ်ကိုယ်လုံးမှာ ခွန်အားများ ပြည့်လျှံလာသကဲ့သို့ ခံစားလိုက်ရ၏။

ထို့ပါယဲ့က အရှိန်ထပ်မြှင့်၍ ဖေးရှန့်တောင်သို့ ပြေးရန် ပြင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ အသံတစ်ချက်မျှ မကြားရဘဲ မည်သည့်ခြေရာလက်ရာမျှ ရှာမရနိုင်လောက်အောင်ပင် ချမ်ချန်ကန်းက သူ၏ ရှေ့တည့်တည့်တွင် ရုတ်ခြည်း ပေါ်လာတော့သည်။

ချမ်ချန်ကန်း၏ ရုတ်တရက် ပေါ်လာမှုကြောင့် ထို့ပါယဲ့မှာ အလွန်အမင်း အံ့အားသင့်သွားပြီး မြေပြင်ပေါ်သို့ ကမန်းကတန်း ဒူးထောက်လိုက်၏။

“ထို့ပါယဲ့... သခင့်ကို ဂါရဝပြုပါတယ်...”

“ယွင်ကျိုးမှာ ဘာဖြစ်ခဲ့တာလဲ... ဘာလို့ မင်းတစ်ယောက်တည်း ပြန်လာတာလဲ... ဟုန်ယီနဲ့ ရှဲ့ကျီနယ့်ကော...”

ချမ်ချန်ကန်းက မျက်မှောင်အနည်းငယ် ကြုတ်၍ မေးလိုက်သည်။

ထို့ပါယဲ့မှာ အပြစ်မကင်းသကဲ့သို့ မိမိကိုယ်ကို အပြစ်တင်နေသော အမူအရာဖြင့် ပြောလိုက်၏။

“သခင်... ဒါတွေအားလုံးက ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါ။ အခု ဟုန်ယီနဲ့ ရှဲ့ကျီနယ့်တို့က ကျွန်တော့်ကို လွတ်အောင် ကူညီပေးခဲ့လို့ အဲဒီ့လျှို့ဝှက်ဆန်းကြယ်တဲ့ မြေအောက်နန်းတော်ထဲမှာ ကျန်နေခဲ့ပါတယ်။ သူတို့ အသက်ရှင်သေးရဲ့လားဆိုတာ ကျွန်တော် မသိတော့ဘူး... ကျွန်တော်တစ်ယောက်တည်းပဲ လွတ်အောင် ပြေးလာနိုင်ခဲ့တာပါ...”

ထို့ပါယဲ့မှာ ယွင်ကျိုးတွင် အတွေ့အကြုံများစွာ ကြုံတွေ့ခဲ့ရပုံပေါ်သည်။

အထူးသဖြင့် ထို့ပါယဲ့၏ ခန္ဓာကိုယ်မှ သေခြင်းတရား၏ အငွေ့အသက်များ ကျန်ရှိနေသည်ကို ချမ်ချန်ကန်း ခံစားလိုက်မိ၏။

“ထို့ပါယဲ့... မင်း နိဗ္ဗာနပြန်လည်မွေးဖွားခြင်းကို ကြုံခဲ့ရတာလား...”

ထို့ပါယဲ့က ခေါင်းညိတ်လိုက်သည်။

“သခင် အစက သင်ပေးခဲ့တဲ့ ဗုဒ္ဓတာအိုကျမ်းကြောင့်သာ မဟုတ်ရင် ကျွန်တော် နိဗ္ဗာနပြန်လည်မွေးဖွားပြီး လွတ်လာနိုင်မှာ မဟုတ်ပါဘူး...”

သို့သော် နိဗ္ဗာနပြန်လည်မွေးဖွားခြင်းမှာ အလွန်ခက်ခဲလှရာ အချိန်တိုင်း အောင်မြင်နိုင်သည် မဟုတ်ချေ။

ထို့ပါယဲ့အနေဖြင့် ယခုတစ်ကြိမ် ပြန်လည်ရှင်သန်နိုင်ခဲ့သည်မှာ ကံကောင်းလွန်း၍သာဖြစ်သည်။

ချမ်ချန်ကန်းက ထို့ပါယဲ့ကို ဘာမျှ ထပ်မမေးတော့ဘဲ ဖေးရှန့်တောင်သို့ ပြန်ခေါ်လာခဲ့၏။

ဖေးရှန့်တောင်မှာ သူ အရင်က ထွက်မသွားခင်နှင့်မတူဘဲ အများကြီး ပြောင်းလဲနေပြီဖြစ်သည်။

ဤနေရာရှိ အင်မော်တယ်ချီများက ပို၍ သိပ်သည်းလာပြီး နေရာအနှံ့တွင် အင်မော်တယ်ဆေးပင်များပင် စိုက်ပျိုးထားကြ၏။

လူ့ပြည်မှ တကယ့်နတ်ဘုံနတ်နန်းသဖွယ်ပင်။

သက်ရှည်ကျောင်းတော်တွင် ကြိုးကြိုးစားစား ကျင့်ကြံနေသော ပိုင်ယွဲ့ကို သူ တွေ့လိုက်ရသည်။

ထို့ပါယဲ့က ပိုင်ယွဲ့ကို သိ၏။

ရှေးဟောင်းမြေခွေးမျိုးနွယ်မှ အနီရောင်ဝတ်စုံနှင့် မိန်းကလေးဖြစ်ကြောင်း သူ မှတ်မိသည်။

ပိုင်ယွဲ့၏ ကျင့်စဉ်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်တွင်သာ ရှိသည်ဟု သူ သိထားခဲ့၏။

သို့သော် ယခု ပိုင်ယွဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကျင့်စဉ်အငွေ့အသက်မှာ အလွန်ပင် အားကောင်းနေပြီဖြစ်သည်။

နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

ထို့ပါယဲ့မှာ မှင်တက်သွားတော့သည်။

မတွေ့ရသည်မှာ မကြာသေးသော်လည်း ဤပိုင်ယွဲ့မှာ အားကောင်းသော နတ်ဘုရားတစ်ပါး၊ တောင်ပေါင်းတစ်သိန်းတောင်တန်းမှ နတ်ဆိုးဧကရာဇ်တစ်ပါးကဲ့သို့ပင်ဖြစ်နေပြီ မဟုတ်ပါလော။

ချမ်ချန်ကန်းက ပြောလိုက်၏။

“ပိုင်ယွဲ့က ငါလက်ခံထားတဲ့ တတိယမြောက် တပည့်ပဲ... သူမက အင်မော်တယ်ဘုံကနေ ပြန်လည်ဝင်စားလာတဲ့ ပါရမီရှင် တစ်ယောက်ပေါ့...”

ထို့ပါယဲ့မှာ ပိုင်ယွဲ့၏ကျင့်စဉ် အဘယ်ကြောင့် ဤမျှမြန်မြန် တိုးတက်လာရသည်ကို သဘောပေါက်သွားတော့သည်။

ပြန်လည်ဝင်စားလာသော ပါရမီရှင်ဖြစ်နေ၏။

“အီး... အီး...”

အမြီးလေးက သွားသေးသေးလေးဖြင့် နတ်သီးများကို ကိုက်စားနေကြပြီး ထို့ပါယဲ့ကို မြင်သောအခါ အံ့အားသင့်သွားကာ မျက်နှာလေးများဖြင့် နှုတ်ဆက်ကြ၏။

အမြီးလေး၏ ကျင့်စဉ်ပင်လျှင် အများကြီး တိုးတက်လာပြီး အခြေခံအုတ်မြစ်ကို ကျော်လွန်၍ ရွှေအမြုတေအဆင့်သို့ ရောက်ရှိတော့မည်ကို ထို့ပါယဲ့ တွေ့လိုက်ရသည်။

“သခင်... ပေါင်အာလေးကော...”

ထို့ပါယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်၏။

“သူမကတော့ အင်မော်တယ်ဘုံကို ကိစ္စရှိလို့ သွားတယ်...”

ချမ်ချန်ကန်းက သစ်သားကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး အမြီးလေးကို ဆော့ကစားခွင့်ပေးထားကာ ထို့ပါယဲ့ကို မေးလိုက်သည်။

“ထို့ပါယဲ့... အခု မင်း ယွင်ကျိုးကို သွားတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြဦး...”

ထို့ပါယဲ့က တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

ထို့နောက် ယွင်ကျိုးတွင် ဖြစ်ပျက်ခဲ့သမျှကို ချမ်ချန်ကန်းအား စတင်ပြောပြတော့သည်။

“သခင်... ကျွန်တော်တို့က သခင်ရဲ့ အမိန့်အတိုင်း ယွင်ကျိုးမှာ သက်ရှည်ဂိုဏ်းချုပ် ဖုန်းချီယွင်ရဲ့သတင်းကို လိုက်စုံစမ်းရင်း နောက်ဆုံးမှာ ရှေးဟောင်းကြေးနီတောင်ကို ရောက်သွားခဲ့ပါတယ်။ ရွှေစပါးအုံးမြွေမျိုးနွယ်ရဲ့အကူအညီနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မြေအောက်နန်းတော်တစ်ခုကို တွေ့ခဲ့ရတယ်...”

“အဲဒီမြေအောက်နန်းတော်က သက်ရှည်ဂိုဏ်းချုပ် ဖုန်းချီယွင် ပျောက်ဆုံးနေတာနဲ့ အများကြီး ပတ်သက်နေတယ်...”

“မြေအောက်နန်းတော် ဟုတ်လား...”

ချမ်ချန်ကန်းက မျက်မှောင်ကြုတ်လိုက်၏။

“ဟုတ်ပါတယ်... မြေအောက်နန်းတော်ပါ...”

ထိုအကြောင်းကို ပြောလိုက်သောအခါ ထို့ပါယဲ့၏ မျက်နှာက ပို၍ တည်ကြည်သွားသည်။

“ဖုန်းချီယွင်ရဲ့ ခြေရာကို ရှာဖို့အတွက် ကျွန်တော်၊ ဟုန်ယီနဲ့ ရှဲ့ကျီနယ့်တို့ မြေအောက်နန်းတော်ထဲကို ဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရတယ်။ ကျွန်တော့်လည်း အင်မော်တယ်ခန္ဓာကိုယ်ရှိပေမဲ့ အဲဒီလူရဲ့ တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ခဲ့ဘူး...”

“ဘယ်သူက မင်းတို့ကို တိုက်ခိုက်တာလဲ...”

ချမ်ချန်ကန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ထို့ပါယဲ့မှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ စကားဆိုသည်။

“သခင့်ကို တင်ပြရရင်... ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာက လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမရဲ့ ပုံစံက ပေါင်အာလေးနဲ့ အရမ်းတူနေလို့ ကျွန်တော်တို့ တစ်ခဏလောက်တော့ ပေါင်အာလေးလို့တောင် ထင်မိသွားသေးတယ်...”

ထို့ပါယဲ့၏ စကားကြောင့် ချမ်ချန်ကန်း၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားတော့သည်။

ထို့ပါယဲ့ ပြောနေသည့် အမျိုးသမီးမှာ လင်းပေါင်အာနှင့် မည်သို့မျှ မပတ်သက်နိုင်ကြောင်း ချမ်ချန်ကန်း သိပါသည်။

လင်းပေါင်အာမှာ အမြဲတမ်း သူ့အနားတွင်ရှိနေခဲ့ပြီး ထိုမြေအောက်နန်းတော်တွင် ရှိနေရန် မဖြစ်နိုင်ချေ။

တစ်နည်းအားဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးမှာ အခြားတစ်ယောက်သာ ဖြစ်ရပေမည်။

သို့သော် တစ်စုံတစ်ခုကြောင့်...

ထို့ပါယဲ့၏ စကားကို ကြားလိုက်ရခြင်းက ချမ်ချန်ကန်းအား တစ်စုံတစ်ခုသော အမင်္ဂလာ နိမိတ်ကဲ့သို့ ခံစားလိုက်ရစေပြီး တစ်ခုခု ဖြစ်တော့မည်ဟူသော ခံစားချက်ကို ပေးစွမ်းနေ၏။

“ပြီးတော့ကော... ဘာဖြစ်ခဲ့သေးလဲ...”

ချမ်ချန်ကန်းက ဆက်မေးလိုက်သည်။

ထို့ပါယဲ့က ခါးသီးသော အမူအရာဖြင့် ဆက်ပြော၏။

“အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက အလွန်အမင်း အစွမ်းထက်ပါတယ်။ ကျွန်တော်တို့ နတ်ဆိုးသုံးကောင်စလုံး ပေါင်းတာတောင် သူမရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူမက ကျွန်တော်တို့ကို မသတ်ခဲ့ဘဲ မြေအောက်နန်းတော်ရဲ့ အနက်ရှိုင်းဆုံးနေရာက မြေအောက်လှောင်အိမ်ထဲမှာ ချုပ်နှောင်ထားခဲ့တယ်...”

“ဘာလို့ မသတ်တာလဲ...”

“အဲဒီမြေအောက်နန်းတော်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခု ရှိနေတယ်။ သခင်က ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးထားလို့ ကျွန်တော်တို့ကို အဲဒီလျှို့ဝှက်အင်အားစုထဲကို သွတ်သွင်းချင်နေပုံရတယ်...”

“လျှို့ဝှက်အင်အားစုဟုတ်လား...”

“ဟုတ်ပါတယ်... ဗုဒ္ဓလို့ ခေါ်ပုံရတယ်။ အမွေအနှစ်က အရမ်းကိုရှေးကျပြီး အမှောင်ခေတ်အထိတောင် နောက်ကြောင်းပြန်လိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ကျူးရှိူ့တိုက်ကြီးမှာ အမှောင်ခေတ်ဆိုတဲ့အကြောင်း တစ်ခါမှ မကြားဖူးပါဘူး...”

ချမ်ချန်ကန်းမှာလည်း ဗုဒ္ဓအဖွဲ့အစည်းအကြောင်းကို မကြားဖူးသဖြင့် သိပ်ဂရုမစိုက်ဘဲ ဆက်မေးလိုက်၏။

“ပြီးတော့ကော...”

“ရှင်သန်ဖို့အတွက် ကျွန်တော်တို့ အဲဒီဗုဒ္ဓအဖွဲ့အစည်းထဲကို မြေအောက်နန်းတော်မှာ ဝင်လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ သက်ရှည်ဂိုဏ်းချုပ် ဖုန်းချီယွင်ရဲ့သတင်းကိုလည်း စုံစမ်းခဲ့တယ်... အခု သူကတော့ အစောင့်အကြပ်တွေ အထပ်ထပ်နဲ့ လှောင်အိမ်ထဲမှာ အချုပ်ခံထားရတယ်...”

“ဘာလို့ သူ့ကို ချုပ်ထားတာလဲ...”

“ဒါက သက်ရှည်ခန္ဓာတစ်ခုခုနဲ့ ပတ်သက်နေပုံရတယ်။ သက်ရှည်ဂိုဏ်းရဲ့ ဆက်ခံသူမှာ ထာဝရသက်ရှည်ခန္ဓာရှိတယ်လို့ ကြားတယ်။ ဗုဒ္ဓက ဖုန်းချီယွင်ရဲ့ ပါးစပ်ကနေ အဲဒီသက်ရှည်ဂိုဏ်းဆက်ခံသူက ဘယ်မှာ ပုန်းနေလဲဆိုတာကို သိချင်နေတာပါ...”

ထို့ပါယဲ့၏ စကားကို ကြားလိုက်သောအခါ ချမ်ချန်ကန်း၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ရေရွတ်လိုက်သည်။

“အဲ့ဒီဗုဒ္ဓဆိုတဲ့ အင်အားစုက သက်ရှည်ခန္ဓာအတွက် ရည်ရွယ်ပြီးလာတာပဲ။ အဲ့ဒီဗုဒ္ဓက ယွင်ကျိုးက အင်မော်တယ်မိသားစု သုံးစုနဲ့ ဘာပတ်သက်နေလဲ...”

ထို့ပါယဲ့က ခေါင်းခါလိုက်၏။

“အဲ့ဒါတော့ မသိပါဘူး...”

“မူလက ကျွန်တော်၊ ဟုန်ယီနဲ့ ရှဲ့ကျီနယ့်တို့ မြေအောက်နန်းတော်ထဲမှာ ဖုန်းချီယွင်ကို ကယ်ဖို့ ရက်အတော်ကြာ ပုန်းအောင်းနေခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မိသွားပြီး မြေအောက်နန်းတော်ကနေ ထွက်ပြေးခဲ့ရတယ်။ လမ်းမှာ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့အမျိုးသမီးနဲ့ ထပ်တွေ့ပြန်တယ်။ ရှဲ့ကျီနယ့်နဲ့ ဟုန်ယီတို့ အဖမ်းခံလိုက်ရပြီး ကျွန်တော်တစ်ယောက်တည်းပဲ ပြေးလာနိုင်ခဲ့တာပါ...”

ထိုသို့ပြောရင်း ထို့ပါယဲ့က လက်သီးကို တင်းတင်းဆုပ်လိုက်၏။

သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမှုများ ပြည့်နှက်နေသည်။

အထူးသဖြင့် ယခုအချိန်တွင် ရှဲ့ကျီနယ့်နှင့် ဟုန်ယီတို့၏ အသက်အန္တရာယ်မှာ မသေချာတော့ပေ။

ဗုဒ္ဓရဲ့လက်ထဲမှာ သူတို့ ဘာတွေ ကြုံနေရမလဲဆိုတာ သူ မတွေးရဲပေ။

ဘာမှ မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိတော့သည်။

All Chapters