← Chapters

အခန်း ၂၀၂

Vol. 17 Ch. 202

အခန်း ၂၀၂

Vol. 17 Ch. 202

အခန်း (၂၀၂) အစ်မ.. ဘာလို့ ဒီနေရာကို ရောက်နေတာလဲ...

အားမြောင်သည် အင်မော်တယ်ယောင်ချီရေကန်သို့ တစ်ကြိမ် ရောက်ဖူးသော်လည်း ယောင်ချီရေကန်ထဲသို့ ဝင်ရောက်ပြီးနောက် သူမရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားတော့၏။

မြေအောက်နန်းတော်ရှိ အင်မော်တယ်အမွေအနှစ်ကို ရယူရန်နှင့် တပည့်လက်ခံပွဲတွင် အနိုင်ရရန်အတွက်သာ မဟုတ်လျှင် သူမကို သတ်ပစ်ပါစေ ဤအင်မော်တယ်ယောင်ချီရေကန်သို့ သူမ ဘယ်တော့မှ ပြန်မလာချင်တော့ပေ။

ကံကောင်းသည်မှာ သူမအနားတွင် နဂါးနက် ရှိနေခြင်းပင်။

မဟုတ်လျှင် မြေအောက်နန်းတော်သို့ သူမ တစ်ယောက်တည်းသွားရန် သတ္တိရှိမည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် နဂါးနက်အတွက်လည်း ဤမြင်ကွင်းကို ရင်ဆိုင်ရသောအခါ ဦးရေပြားများပင် ထုံကျင်သွားတော့၏။

သူက တံတွေးတစ်ချက် မျိုချလိုက်ပြီး အလွန်အမင်း သတိထားနေသည်။

သူ့တွင် အခြေတည်စိတ်ဝိညာဉ်အဆင့် ရှိသော်လည်း ဤအင်မော်တယ်ယောင်ချီရေကန်တွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိ သိုင်းပညာရှင်များပင် သေဆုံးခဲ့ရပြီး အင်မော်တယ်များပင်လျှင် အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရကြောင်း သူ ကြားဖူးထား၏။

ကျူးရှိူ့တိုက်ကြီးမှ ထိပ်တန်း သိုင်းပညာရှင်များပင်လျှင် ကျဆုံးပြီးနောက် ဤယောင်ချီရေကန်ထဲတွင် အမြှုပ်နှံခံရကာ သေမျိုးမဖြစ်ဘဲ မိစ္ဆာများသာ ဖြစ်သွားခဲ့ကြသည်။

“အားမြောင်... မြေအောက်နန်းတော်က ဘယ်မှာလဲ...”

နဂါးနက်က အားမြောင်ထံသို့ အသံလှိုင်းဖြင့် သတိတကြီး ဆက်သွယ်မေးမြန်းလိုက်၏။

“မြေအောက်နန်းတော်နဲ့ အဝေးကြီး လိုသေးတယ်...”

ဝတုတ်နေသေယ နဂါးကြင်းငါးတစ်ကောင်ကို ဖမ်းရန်အတွက် ယောင်ချီရေကန်၏ အနက်ရှိုင်းဆုံး နေရာအထိ သူမ တစ်လျှောက်လုံး လိုက်ဖမ်းရင်း မြေအောက်နန်းတော်ကို ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း အားမြောင် မှတ်မိနေ၏။

ယောင်ချီရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်လိုက်သောအခါ အုံ့ဆိုင်းမှောင်မိုက်နေပြီး မတူညီသော သေဆုံးမှုပုံစံ အသီးသီးဖြင့် ပေါလောပေါ်နေသော အလောင်းများကို တွေ့ရသည်။

သူမက တံတွေးတစ်ချက် မျိုချလိုက်ပြီး နဂါးနက်ကလည်း ပေါလောပေါ်နေသော အလောင်းများကို သတိတကြီး ရှောင်ကွင်းကာ ယောင်ချီရေကန်၏ အနက်ရှိုင်းဆုံးဆီသို့ ဆက်လက် သွားနေကြ၏။

ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ...

ပေါလောပေါ်နေသော အလောင်းများက ပို၍ပို၍ များပြားလာပြီး သိပ်သည်းကျပ်ညပ်နေကာ အလောင်းများဖြင့် ပြည့်နှက်နေသော ငရဲပြည်သို့ ရောက်နေသကဲ့သို့ပင်။

ထိုနည်းတူပင် ထိုအလောင်းများမှ ထွက်ပေါ်နေသော စွမ်းအားလှိုင်းများကလည်း အလွန်အားကောင်းလှ၏။

လေထုကား စိတ်ပျက်ဖွယ် ကောင်းလှသည်။

အားမြောင်နှင့် နဂါးနက်တို့၏ အမူအရာများက တည်ကြည်လေးနက်နေပြီး ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် စောင့်ကြည့်နေကာ မည်သူမျှ စကားမဆိုကြချေ။

အတန်ကြာသွားပြီးနောက်...

သူတို့က သေခြင်းချီပုံဆောင်ခဲအမြုတေ အတော်များများကို သောက်သုံးထားပြီးဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်များမှာ သေခြင်းစွမ်းအင် အပြည့်အဝ ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ထိုအခိုက်၌...

သေခြင်းစွမ်းအင်များ၏ ရှေ့တွင် အားမြောင်နှင့် နဂါးနက်တို့က သိပ်သည်းကျပ်ညပ်နေသော အလောင်းများကို ဖြတ်ကျော်သွားပြီးနောက် ဤယောင်ချီရေကန်ထဲတွင် အင်မော်တယ်မြို့တော်တစ်ခုကို သူတို့ မြင်လိုက်ရ၏။

နဂါးနက်မှာ မှင်တက်သွားတော့သည်။

“ဤနေရာမှာ မြို့တစ်မြို့ တကယ် ရှိနေတာလား...”

အားမြောင်က ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတော့ ရှာတွေ့သွားပြီဖြစ်၍ စိတ်သက်သာရာရသွား၏။

“ဟုတ်တယ် မြောင်... အဲ့ဒီမြို့က တည်ရှိနေတာ အတော်ကြာပြီထင်တယ်။ ပြီးတော့ အဲဒီမြေအောက်နန်းတော်ရဲ့ ဝင်ပေါက်က အဲ့ဒီမြို့ထဲမှာရှိတာ...”

အားမြောင်မှာ အင်မော်တယ်မြို့တော်ထဲသို့ ဝင်ရောက်ရန် မစောင့်နိုင်တော့ချေ။

သို့သော် ထိုအခိုက်အတန့်၌ပင်...

အလောင်းတစ်လောင်း မျောပါလာ၏။

တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဖြန့်ကားနေသော လက်သည်းများနှင့် လွင့်ဝဲနေသော ဆံပင်မည်းများရှိပြီး မျက်လုံးများ မှိတ်ထားကာ မျက်နှာမှာ ဖြူရော်နေပြီး သူ မသေဆုံးမီက ရုပ်သွင်အတိုင်း ရှိနေဆဲဖြစ်သည်။

အားမြောင်က ထိုအလောင်းကို ရှောင်ကွင်း၍ အင်မော်တယ်မြို့တော်ဆီသို့ ဆက်သွားလိုက်၏။

ရုတ်တရက်...

အလောင်းက မျက်လုံးများ ပွင့်လာ၏။

အသက်ဝင်မှု မရှိသော်လည်း အေးစက်ပြီး အုံ့ဆိုင်းနေကာ သူ၏ ဖြူရော်နေသော ညာဘက်လက်က အားမြောင်၏ ညာဘက်ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။

“အား...”

ညာဘက်ခြေထောက်မှာ ရုတ်ခြည်း အေးစက်သွားပြီး အားမြောင်မှာ အလွန်အမင်း ထိတ်လန့်သွားကာ သူမ၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားပြီး ကြောင်အမြီးနှင့် နားရွက်များမှာလည်း အကုန် ထောင်မတ်သွားတော့၏။

နဂါးနက်က ဝင်ရောက်တိုက်ခိုက်လိုက်ပြီး မှော်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

လက်သီးတစ်ချက်တည်းဖြင့် ထိုအလောင်းကို အမှုန့်ဖြစ်သွားအောင် ရိုက်ချေပစ်လိုက်၏။

သူ၏ အမူအရာက တည်ကြည်နေပြီး မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းနေသည်။

“တောက်... ငါတို့ အဲဒီ ပုံဆောင်ခဲအမြုတေတွေကို သေချာပေါက် မျိုချထားပြီးပြီလေ။ ခန္ဓာကိုယ်မှာလည်း သေခြင်းစွမ်းအင်တွေ စီးဆင်းနေတာပဲကို... ဘာလို့ ဒီနေရာက သေနေတဲ့အရာတွေကို နိုးထလာအောင် လုပ်မိသွားတာလဲ...”

အားမြောင်က နဂါးနက်၏ စကားကို ပြန်မဖြေဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

ပါးစပ်ဟကာ တစ်စုံတစ်ခုကို ပြောချင်နေပုံရသော်လည်း ဤအခိုက်အတန့်တွင် သူမ တစ်ခွန်းမျှ မဟနိုင်တော့ချေ။

အားမြောင်နှင့် နဂါးနက်တို့၏ ပတ်ပတ်လည်တွင် သိပ်သည်းနေသော အလောင်းများကို တွေ့လိုက်ရ၏။

သူတို့က အားမြောင်နှင့် နဂါးနက်တို့ကို အလယ်တွင် ဝိုင်းရံထားကြပြီး ယခုအခါ မည်သည့် အကြောင်းပြချက်မှမရှိဘဲ အားလုံး နိုးထလာကာ ပြန်လည်သက်ဝင်လာကြပြီ ဖြစ်သည်။

နဂါးနက်ကလည်း သူ၏ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရသောအခါ လုံးဝမှင်တက်သွားပြီး အားမြောင်ကို သူ၏ နောက်ကွယ်တွင် ကမန်းကတန်း ကာကွယ်ပေးထားလိုက်၏။

“ကျစ်... ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ အဲဒီ ပုံဆောင်ခဲအမြုတေတွေကို သောက်ထားတယ် မဟုတ်ဘူးလား။ ဘာလို့ ဤသေနေတဲ့အရာတွေကို အနှောင့်အယှက် ပေးမိနေသေးတာလဲ...”

ယခုအခါ...

မရေမတွက်နိုင်သော အလောင်းများစွာ နိုးထလာပြီး ပြန်လည်သက်ဝင်လာကာ သေဆုံးနေသောသတ္တဝါများ ဖြစ်လာကြ၏။

သူတို့က နဂါးနက်နှင့် အားမြောင်တို့ကို အသက်ဝင်မှုမရှိဘဲ အေးစက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး တိုးညှင်းစွာ ဟိန်းဟောက် အော်ဟစ်နေကြသည်။

တစ်မုဟုတ်ချင်းမှာပင်...

ဤသေဆုံးနေသော သတ္တဝါများက ရူးသွပ်နေသကဲ့သို့ နဂါးနက်နှင့် အားမြောင်တို့ထံ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

တပည့်လက်ခံပွဲ ကျင်းပရန် ငါးရက် လိုသေး၏။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံသူများ တစ်နေ့တခြား ပိုမိုရောက်ရှိလာကြသည်။

လူသားမျိုးနွယ်သာမက အခြားသော နတ်ဆိုးမျိုးနွယ်များနှင့် မျိုးနွယ်ခြားများလည်းရှိနေပြီး မာနထောင်လွှားမှုများ ရှိမနေချေ။

သူတို့က ဧရာမရွှေရောင်မျှော်စင်ကြီးကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်နေကြ၏။

ထိုရွှေရောင်မျှော်စင်ကြီးက ဘာမှန်းသူတို့ မသိကြချေ။

သို့သော် ထိုဧရာမရွှေရောင်မျှော်စင်ကြီးက ငါးရက်အကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲနှင့် အများကြီး ပတ်သက်နေမည်ဟု သူတို့ ခန့်မှန်းမိကြသည်။

ပြိုင်ဘက်ကင်းနယ်မြေထဲရှိ လိုဏ်ဂူတစ်ခု...

ဂူထဲမှနေ၍ ရွှင်မြူးနေသော မိန်းမပျိုများ၏ အသံများ၊ ရယ်မောသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။

လိုဏ်ဂူထဲတွင် အဝတ်အစား တစ်လွှာမျှမရှိဘဲ ဝတ်ဆင်မထားသော ဆံပင်ဖြူနှင့် လူငယ်တစ်ဦး ရှိနေသည်။ သူက ဖြူရော်ရော်နှင့် ဖျော့တော့နေပြီး ကုတင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေ၏။

ဆံပင်ဖြူလူငယ်၏ ပတ်ပတ်လည်တွင် အဝတ်ဗလာကျင်းနေသော လှပသည့် မိန်းမပျိုလေးများက တစ်ယောက်ပြီးတစ်ယောက် ဝိုင်းရံ ပြုစုယုယနေကြသည်။

အချုပ်အားဖြင့် လိုဏ်ဂူထဲတွင် ပြိုင်ဘက်ကင်းလောက်အောင် မွှေးကြိုင်လှပသော လေထုတစ်ရပ် လွှမ်းခြုံနေခြင်းပင်။

ဤကုတင်ကြီးနှင့် ပတ်သက်၍ ပြောရလျှင် ရိုးရိုးသာမန်အရာတစ်ခုမဟုတ်ဘဲ အင်မော်တယ်စွမ်းအင်များ စီးဆင်းနေကာ အမှန်တကယ်ပင် အင်မော်တယ် လက်နက်တစ်ခုဖြစ်၏။

သိသာထင်ရှားစွာပင် ဤဆံပင်ဖြူ လူငယ်က ပြိုင်ဘက်ကင်းနယ်မြေထဲရှိ အင်မော်တယ်စွမ်းအင်များကို စုပ်ယူကာ ယင်ယန်နည်းစနစ် တစ်မျိုးမျိုးကို ကျင့်ကြံနေခြင်း ဖြစ်သည်။

အချိန်တိုင်း အချိန်တိုင်းတွင် သူ၏ ကျင့်စဉ်က တိုးတက်နေ၏။

ဆံပင်ဖြူလူငယ်၏ ကျင့်စဉ် တိုးတက်လာခြင်းအပြင် ကုတင်ကြီးပေါ်ရှိ အခြားသော မိန်းမပျိုလေးများ၏ ကျင့်စဉ်များကလည်း တိုးတက်နေကြသည်။

ပို၍ အရေးကြီးသည်မှာ...

ကုတင်ပေါ်တွင် လှပသော မိန်းမပျို ဆယ့်ကိုးယောက်ရှိနေပြီး ဤမိန်းမပျိုလေးများ၏ ကျင့်စဉ်များက အလွန် အစွမ်းထက်နေခြင်းပင်ဖြစ်၏။

ဆယ်ယောက်က အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိနေပြီး ကိုးယောက်က နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်တွင် ရှိနေကြ၏။

ဤသည်ကား ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်ဖြစ်၏။

ဆံပင်ဖြူလူငယ်အတွက်မူ ကျင့်စဉ်စွမ်းအားက အသန်မာဆုံးဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ရုတ်တရက်...

လိုဏ်ဂူအပြင်ဘက်မှ အေးစက်စက် အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာ၏။

“ချင်ရှို့ဝမ်... လိုဏ်ဂူထဲကနေ အခုချက်ချင်း ထွက်ခဲ့စမ်း...”

ဆံပင်ဖြူလူငယ်က ထိုအသံကို ကြားလိုက်သောအခါ သူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ကုတင်ပေါ်မှ ကမန်းကတန်း ထလိုက်ကာ

“မိန်းကလေးတို့... မင်းတို့‌ခင်ပွန်းသွားလိုက်ဦးမယ်။ အခုချက်ချင်း ပြန်လာခဲ့မယ်...”

အဝတ်ဗလာဖြင့်ရှိနေသော မိန်းမပျို ဆယ့်ကိုးယောက်က အလွန် လိမ္မာနာခံကြသည်။

သူတို့က အင်မော်တယ် ကုတင်ပေါ်တွင် ကျန်ရစ်ခဲ့ကြပြီး မှုန်ရီနေသော မျက်ဝန်းများဖြင့် ချင်ရှို့ဝမ် လိုဏ်ဂူထဲမှ ထွက်ခွာသွားသည်ကို နှမြောတသစွာ လိုက်ကြည့်နေကြ၏။

ချင်ရှို့ဝမ်က လိုဏ်ဂူထဲမှ ထွက်လာသောအခါ လိုဏ်ဂူအပြင်ဘက်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးက လေထဲလွင့်ဝဲနေသည့် အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ အပြစ်ကင်းစင်သော ခန္ဓာကိုယ် ကောက်ကြောင်းများက ဆွဲဆောင်မှုရှိစွာ ပေါ်လွင်နေ၏။

ဤအမျိုးသမီးမှာ အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်သာရှိသေးပုံပေါ်ပြီး သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်ဖြင့် သေသေချာချာ ထွင်းထုထားသော ကျောက်စိမ်းရုပ်တုလေးတစ်ခုကဲ့သို့ အလွန် အေးစက်သော အသွင်အပြင်ရှိသည်။

အနက်ရောင်ဂါဝန်အောက်တွင် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေက နှင်းခဲများကဲ့သို့ ပေါ်လွင်နေပြီး မျက်နှာလေးမှာလည်း အပြစ်ဆိုစရာ မရှိလောက်အောင် ပြီးပြည့်စုံနေ၏။

နောက်ထပ် အပြစ်ရှာရန်ပင် မဖြစ်နိုင်ချေ။

အေးစက်ပြီး ဆွဲဆောင်မှုရှိလွန်းလှသော အလှတရားပင်။

သို့သော်လည်း ချင်ရှို့ဝမ်အတွက်မူ သူ မတွေ့ချင်ဆုံးသူမှာ ဤအမျိုးသမီးပင် ဖြစ်သည်။

သူက သူရဲဘောကြောင်ပြီး ကြောက်ရွံ့နေကာ ထိုအမျိုးသမီးကို ကြည့်ရန်ပင် သတ္တိမရှိချေ။

ချောင်းနှစ်ချက်မျှ ဟန့်လိုက်ပြီးနောက် ချင်ရှို့ဝမ်က သတ္တိမွေးကာ အားနည်းသော အသံဖြင့် ပြောလိုက်၏။

“အစ်မ... ဘာလို့ ဒီနေရာကို ရောက်နေတာလဲ...”

All Chapters