← Chapters

အခန်း ၂၀၃

Vol. 17 Ch. 203

အခန်း ၂၀၃

Vol. 17 Ch. 203

အခန်း(၂၀၃) ချင်ရှို့ဝမ်နှင့် ချင်မိသားစု၏ ကပ်ဘေး

ချင်ရှို့ဝမ်၏ စကားကိုကြားသောအခါ အနက်ရောင်ဂါဝန်နှင့် အမျိုးသမီးက လှည့်ကြည့်လာ၏။

သူမသည် ရေခဲကျောက်စိမ်းကဲ့သို့ တောက်ပအေးစက်ပြီး လောကီအညစ်အကြေးများနှင့် ကင်းကွာနေသည့် အေးစက်စက် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

သူမက အေးစက်စွာ ပြောလိုက်၏။

“ချင်ရှို့ဝမ်… နင် ဘာလို့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို မဖောက်ထွက်နိုင်သေးတာလဲ။ တပည့်လက်ခံပွဲစဖို့က ငါးရက်ပဲ လိုတော့တယ်။ နင့်ရဲ့ အခုကျင့်စဉ်နဲ့ဆိုရင် အင်မော်တယ်ဘုံက တခြားပါရမီရှင်တွေကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ...”

ချင်ရှို့ဝမ်က လည်ပင်းပုဝင်သွားပြီး ခါးသီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အစ်မ... ကျွန်တော့်ရဲ့ ကျင့်စဉ်က အရမ်းမြန်မြန် ဖောက်ထွက်နေပြီပဲ။ အဆင့်တက်ဖို့အတွက် နေ့တိုင်း ကြိုးစားပန်းစား အလုပ်လုပ်နေရတာ... အစ်မက ကျွန်တော့်ကို နားလည်ပေးသင့်တယ်...”

အနက်ရောင်ဂါဝန်နှင့် အမျိုးသမီးက အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ချင်ရှို့ဝမ်... ချင်မိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ နင်က ချင်မိသားစုရဲ့ စစ်မှန်တဲ့အင်မော်တယ်တာအိုလမ်းစဉ်ကို မကျင့်ကြံဘဲ ပျော်ပါးဖို့အတွက် ယင်ယန်နည်းစနစ်ကို ကျင့်ကြံနေတယ်။ နင်သာ ငါ့မောင် မဟုတ်ဘူးဆိုရင် အခုချက်ချင်း သတ်ပစ်လိုက်ချင်တယ်...”

ချင်ရှို့ဝမ်က ခါင်းငုံ့ထားပြီး သူမကို ကြည့်ရန်ဖြစ်စေ၊ စကားတစ်ခွန်းဟရန်ဖြစ်စေ သတ္တိမရှိချေ။

*ယင်ယန်နည်းစနစ်က ဘာဖြစ်နေလို့လဲ... ကျင့်ကြံရတာ လွယ်ကူပြီး ပျော်စရာကောင်းတာပဲ... ဟွန့်... အစ်မဖြစ်နေလို့ လေးစားရုံသက်သက်ပါ။ ကြောက်လို့တော့ မဟုတ်ဘူး... တတ်နိုင်ရင် သတ်ကြည့်လေ…*

ချင်ရှို့ဝမ်က စကားမဆိုဘဲ နှောင့်နှေးနေသည်ကို မြင်သောအခါ အနက်ရောင်ဂါဝန်နှင့် အမျိုးသမီးက စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း အပြင်ပန်းတွင်မူ အေးစက်စက်နှင့် ဂရုမစိုက်သည့်ဟန် ရှိနေဆဲဖြစ်သည်။

သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ချပေးလိုက်ပြီး ပြောလိုက်၏။

“အထဲမှာ နင်ကျင့်ကြံဖို့ လိုအပ်တာတွေရှိတယ်။ နောက်ငါးရက်နေရင် တပည့်လက်ခံပွဲရှိတယ်ဆိုတော့ ကိုယ့်ဘာသာကိုယ် ကြည့်ကျက်လုပ်တော့...”

စကားဆုံးသည်နှင့် အနက်ရောင်ဂါဝန်နှင့် အမျိုးသမီးမှာ နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။

အနက်ရောင်ဂါဝန်နှင့် အမျိုးသမီး ထွက်သွားပြီးနောက် ချင်ရှို့ဝမ်က ကြီးလေးသော တာဝန်တစ်ခုကို ပစ်ချလိုက်ရသကဲ့သို့ သက်ပြင်းချလိုက်ပြီး သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်၏။

ထိုအနက်ရောင်ဂါဝန်နှင့် အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ချင်ရှို့ဝမ်၏ အစ်မဖြစ်သူ ထျန်းရွှယ်အင်မော်တယ်နယ်မြေ၏ ထိပ်တန်း ပါရမီရှင်ချင်ဟွမ်ရွှေပင်ဖြစ်သည်။

ချင်ဟွမ်ရွှေတွင် နောက်ထပ် ရာထူးတစ်ခု ရှိသေး၏။

၎င်းမှာ ထျန်းရွှယ်အင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်ပင်ဖြစ်၏။

ချင်ရှို့ဝမ်မှာ ချင်ဟွမ်ရွှေ၏ မောင်လေးဖြစ်ရာ သူမက သူ့ကို အမြဲတမ်း တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီး နောက်တစ်ဆက် အင်မော်တယ်နယ်မြေ၏ အရှင်သခင်ဖြစ်လာစေရန် လေ့ကျင့်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ချင်ရှို့ဝမ်က ပြန်လည်ဝင်စား၍ ကျင့်ကြံရာတွင်ပင် နယ်မြေအရှင်သခင်ဖြစ်သော ချင်ဟွမ်ရွှေမှာ လျှို့ဝှက်ချက်ကို မဖောက်ထွက်နိုင်ခဲ့ချေ။

ချင်ရှို့ဝမ် ပြန်လည်ဝင်စားရာနေရာ၌ ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းက အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာကိုပင် သက်ရောက်မှု ရှိလာနိုင်ကြောင်း သူမ သတိပြုမိခဲ့သည်။

ဤကျူးရှိူ့တိုက်ကြီးက အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာအပေါ် မည်သို့သော သက်ရောက်မှုများ ယူဆောင်လာမည်ကို ရှာဖွေရန်အတွက် သူမက နတ်ဝိညာဉ် တစ်စွန်းတစ်စကို ခွဲထုတ်ကာ အင်မော်တယ်တစ်ပါးအနေဖြင့် လူ့ပြည်သို့ ဆင်းသက်လာခဲ့ပြီး ချင်ရှို့ဝမ်၏ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်အဖြစ် သူနှင့်အတူ အောက်ဘုံသို့ လိုက်ပါလာခဲ့ခြင်းဖြစ်၏။

ချင်ရှို့ဝမ်အတွက်မူ အစ်မဖြစ်သူ ချင်ဟွမ်ရွှေကို အလွန်ကြောက်ရွံ့နေသည်မှာ အဆန်းမဟုတ်ပေ။

ပုံမှန်အားဖြင့် ချင်ရှို့ဝမ်က ချင်ဟွမ်ရွှေကို ရှောင်ပုန်းနိုင်လျှင် သေချာပေါက် ရှောင်ပုန်းလေ့ရှိသည်။

ကံကောင်းသည်မှာ သူ့ကို ကိုင်တွယ်စရာ ကိစ္စရှိသည်မှလွဲ၍ ပုံမှန်ဆိုလျှင် ချင်ဟွမ်ရွှေက သူ့ကို လာရှာလေ့မရှိချေ။

ချင်ဟွမ်ရွှေ ပစ်ပေးခဲ့သော သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်ရာ သူမက သူ၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များစွာကို ပြင်ဆင်ပေးထားကြောင်း တွေ့လိုက်ရ၏။

ဤကျင့်ကြံခြင်း အရင်းအမြစ်များနှင့်ဆိုလျှင် တပည့်လက်ခံပွဲ မစတင်မီ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ သူ သေချာပေါက် ဖောက်ထွက်နိုင်ပေလိမ့်မည်။

မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလျက် သူက လိုဏ်ဂူထဲသို့ ပြန်ဝင်သွားပြီး ကုတင်ကြီးပေါ်ရှိ လှပသော မိန်းမပျိုလေးများထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

“မိန်းကလေးတို့... မင်းတို့ခင်ပွန်းပြန်လာပြီ...”

ချင်ဟွမ်ရွှေက လိုဏ်ဂူမှ ထွက်ခွာသွားပြီးနောက် ဖေးရှန့်တောင်ဆီသို့ ဦးတည်သွားတော့သည်။

ချင်ရှို့ဝမ်၏ ကျင့်ကြံခြင်း အခြေအနေအတွက်မူ သူမ မစိုးရိမ်ပေ။

သူမအမြင်တွင် ကျူးရှိူ့တိုက်ကြီးမှ ပုန်းကွယ်နေသော ဆရာသခင်များ ကျင်းပသည့် တပည့်လက်ခံပွဲ၌ ချင်ရှို့ဝမ် သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်ထား၏။

သူမ၏ မောင်လေးဖြစ်ပြီး ထျန်းရွှယ်အင်မော်တယ်နယ်မြေ၏ အနာဂတ်အရှင်သခင်ဖြစ်သော ချင်ရှို့ဝမ်က ကျူးရှိူ့ဒယ်စောက်ကိုရရှိကာ ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာမည်ဆိုသည်မှာ အရာအားလုံးက ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ သေချာနေသည်ဟု ထင်ရသည်။

ဖေးရှန့်တောင်ဆီသို့ ကြည့်ရင်း ချင်ဟွမ်ရွှေက တိုးတိတ်စွာ ရေရွတ်လိုက်၏။

“တောင်ပေါင်းတစ်သိန်းတောင်တန်းထဲက ဒီအင်မော်တယ်နယ်မြေက ချမ်ချန်ကန်းနဲ့ ပတ်သက်နေတာ သေချာတယ်။ ကျူးရှိူ့တိုက်ကြီးကနေ အင်မော်တယ်တစ်သောင်းနယ်မြေပေါ် သက်ရောက်လာမယ့်အရာကလည်း သူနဲ့ ပတ်သက်နေလောက်တယ်...”

ချင်ဟွမ်ရွှေက ချမ်ချန်ကန်း၏ လုပ်ရပ်များကို ကြားသိထားပြီး ဖြစ်သည်။

ဤလူ၏ နောက်ခံမှာ လျှို့ဝှက်ဆန်းကြယ်လှပြီး ကျူးရှိူ့တိုက်ကြီးတွင် လေထဲမှ ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ဖြစ်ကာ အထက်ဘုံမှ အင်မော်တယ်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။

တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်အချို့၏ သေဆုံးမှုမှာလည်း သူ၏ လက်ချက်ပင် ဖြစ်သည်။

သူ၏ ခွန်အားမှာ ခန့်မှန်းရခက်လောက်အောင် နက်နဲလှ၏။

ယနေ့ ချင်ဟွမ်ရွှေ၏ ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းလှသည်။

၎င်းမှာ ဖေးရှန့်တောင်သို့ သွား၍ ချမ်ချန်ကန်းနှင့် တွေ့ဆုံရန်ပင်ဖြစ်သည်။

ဤလူက ဘယ်သူလဲ... သူ၏ ခွန်အားက ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကို ကြည့်ရန်ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ သူက တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များကို သတ်ဖြတ်နိုင်ခြင်းပင်ဖြစ်၏။

ချမ်ချန်ကန်းက တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များကို သတ်ဖြတ်နိုင်စွမ်းရှိခြင်းက သူသည် ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေအဆင့်ရှိ အစွမ်းထက်သူတစ်ဦး ဖြစ်ရမည်ဟု ဆိုလိုကြောင်း သိထားရမည်။

သို့သော် ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေအဆင့်ရှိ အစွမ်းထက်သူများအနေဖြင့် အောက်ဘုံသို့ ဆင်းသက်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။

သူမလို ထျန်းရွှယ်အင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်ပင်လျှင် နတ်ဝိညာဉ် တစ်စွန်းတစ်စကို အသုံးပြု၍ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်အဖြစ် အသွင်ပြောင်းကာ အောက်ဘုံသို့ ဆင်းသက်နိုင်ရုံသာ ရှိသည်။

အချုပ်အားဖြင့်ဆိုရလျှင် ချင်ဟွမ်ရွှေက ချမ်ချန်ကန်းကို အလွန် အလေးထားသဖြင့် ဤအရာအားလုံးကို စုံစမ်းရန် ဖေးရှန့်တောင်သို့ ထွက်လာခဲ့ခြင်းဖြစ်၏။

သို့သော် ထိုအခိုက်အတန့်၌ပင်...

ဆည်ကျိုးပေါက်သွားသော မြစ်ရေပြင်ကဲ့သို့ အလွန်ကြမ်းတမ်းလှသော စွမ်းအားတစ်ခုက ချင်ဟွမ်ရွှေထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။

ချင်ဟွမ်ရွှေက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူမ၏ အကြည့်များက ဝေ့ဝဲသွားကာ ထိုစွမ်းအားကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၏။

“ဘယ်သူလဲ...”

ဟင်းလင်းပြင်က ကွဲအက်သွားပြီး အဘွားအိုတစ်ဦး ပေါ်ထွက်လာသည်။

သူမ၏ ဆံပင်များက ဖြူဖွေးနေပြီး ခါးကိုင်းကိုင်းဖြင့် ချိုင်းထောက်ကို အားပြုထားကာ မျက်လုံးများကို မှေး၍ ချင်ဟွမ်ရွှေကို ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။

အဘွားအို၏ ခန္ဓာကိုယ်မှ အလွန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။

ချင်ဟွမ်ရွှေကဲ့သို့ပင် သူမကလည်း တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်တစ်ပါးဖြစ်၏။

“မိန်းကလေး... ဒီအဘွားကြီးက မင်းရဲ့ အငွေ့အသက်ကို အဝေးကြီးကနေ သတိထားမိလိုက်လို့ပါ... မင်းက ဘယ်ကိုသွားမလို့လဲ...”

ချင်ဟွမ်ရွှေက အဘွားအိုကို ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်နှာမှာ အလွန်အေးစက်နေ၏။

“တာအိုအစောင့်အရှောက်အချင်းချင်း ကျွန်မက ရှင့်ရဲ့ ကာကွယ်စောင့်ရှောက်ခံကို ဘာမှမလုပ်ဘဲနဲ့ ဘာလို့ ရှင်က ကျွန်မကို ဘာလို့လာတိုက်ခိုက်ရတာလဲ...”

အဘွားအိုက ကြင်နာတတ်သည့်ဟန်ဖြင့် ပြုံးလိုက်၏။

“မိန်းကလေး... အဘွားက မင်းကို ဘာမှမလုပ်ချင်ပါဘူး... တစ်ခုခု မေးချင်ရုံလေးပါ...”

“ဘာကိစ္စလဲ...”

“မင်း ကာကွယ်ပေးထားတဲ့ အင်မော်တယ်ဘုံကပါရမီရှင်က ဘယ်မှာ ပုန်းနေလဲဆိုတာ ပြောပြပြီး အဘွားကို သတ်ခွင့်ပေးရင် ဘယ်လိုလဲ...”

အဘွားအို၏ စကားကို ကြားလိုက်ရသောအခါ ချင်ဟွမ်ရွှေ၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ရုတ်ခြည်း ထွက်ပေါ်လာတော့သည်။

သူမ၏ ခန္ဓာကိုယ်မှာ နတ်ဝိညာဉ် တစ်စွန်းတစ်စမှ အသွင်ပြောင်းထားခြင်း ဖြစ်၏။

သူမတွင် အင်မော်တယ်အရှင်သခင်အဆင့်ကျင့်စဉ်သာရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူမက နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်သည်။

သူမက ဤအဘွားအိုကို ပြဿနာ သွားမရှာခဲ့သလို အဘွားအို ကာကွယ်ပေးထားသည့် အင်မော်တယ်ဘုံမှ ပါရမီရှင်ကိုလည်း မသတ်ဖြတ်ခဲ့ချေ။

သို့သော် ဤအဘွားအိုက သူမ၏ မောင်လေးဖြစ်သူ ချင်ရှို့ဝမ်ကို သတ်ဖြတ်ချင်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

All Chapters