← Chapters

အခန်း ၂၁၅

Vol. 18 Ch. 215

အခန်း ၂၁၅

Vol. 18 Ch. 215

အခန်း (၂၁၅)သေစမ်း... ကျိုးယင်အရိုးဖြူလက်သည်း

ချမ်ချန်ကန်းက မြို့၏ အရှေ့ဘက်သို့ ရောက်ရှိလာသောအခါ ဖာထျန်းက မိုဝန်ထျန်းကို ဓားဖြင့် ခုတ်ပိုင်း သတ်ဖြတ်လိုက်သည်ကို အတိအကျ မြင်တွေ့လိုက်ရ၏။

ဤအခိုက်အတန့်တွင် မိုဝန်ထျန်းမှာ အလောင်းတစ်လောင်း ဖြစ်နေခဲ့ပြီဖြစ်သည်။

မိုဝန်ထျန်းကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် ထိုဖာထျန်းက မကျေနပ်သေးဘဲ သူ့လက်ထဲတွင် မီးတောက်တစ်ခု တောက်လောင်လာကာ မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို ပြာကျသည်အထိ လောင်ကျွမ်းပစ်ရန် ပြင်လိုက်၏။

ထိုအခိုက်အတန့်မှာပင် အေးအေးဆေးဆေးနှင့် ဂရုမစိုက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“တာအိုရောင်းရင်း... လူလည်း သေသွားပြီပဲ... ဘာဖြစ်လို့ လက်မလျှော့နိုင်သေးတာလဲ...”

အသံကိုကြားသောအခါ ဖာထျန်းက ရပ်တန့်သွားပြီး အေးစက်စက် လှမ်းကြည့်လိုက်၏။

သို့သော်လည်း လူငယ်တစ်ယောက် ချဉ်းကပ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ထိုလူငယ်က သာမန်ရုပ်ရည်သွင်ပြင်သာရှိပြီး ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားသာ ရှိသော်လည်း သူ့မျက်နှာက အလွန်တရာ တည်ငြိမ်နေ၏။

သူ့ထံတွင် ဖာထျန်းကို ကြောက်ရွံ့နေသည့် အရိပ်အယောင် လုံးဝမရှိချေ။

ထိုသူက အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကို အသုံးပြုထားသော ချမ်ချန်ကန်းပင် ဖြစ်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုသည်မှာ ဖာထျန်း၏ မျက်လုံးထဲတွင် ပုရွက်ဆိတ် တစ်ကောင်သာသာရှိ၏။

မျှော်လင့်မထားသည့်တိုင်အောင် ပုရွက်ဆိတ် တစ်ကောင်က သေဆုံးသွားပြီဖြစ်သော ပုရွက်ဆိတ်နစ်ကောင်အတွက် ဝင်ပါရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤသည်က သေလမ်းကို ရှာနေခြင်း မဟုတ်ပါလား။

ချမ်ချန်ကန်းက လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခုဖြင့် မိုဝန်ထျန်း ပေးအပ်ခဲ့သော အပြာရောင် စေတီငယ်ကို ထုတ်ယူလိုက်သည်။

“တာအိုရဲဘော်... ဒီအရာက အင်မော်တယ် လက်နက်တစ်ခုပါ... မင်းနဲ့ အပေးအယူ တစ်ခုလောက်လုပ်ရအောင်...”

ဖာထျန်းက လှောင်ပြုံးပြုံးလိုက်၏။

“ပုရွက်ဆိတ်တစ်ကောင်ကများ ငါနဲ့ အပေးအယူ လုပ်ချင်နေသေးတယ်... အသက်ရှင်ရမှာကို ငြီးငွေ့နေပြီထင်တယ်...”

ဖာထျန်းက သူ့လက်ကို မြှောက်၍ ဆွဲယူလိုက်ရာ ချမ်ချန်ကန်း၏ လက်ထဲရှိ အပြာရောင်စေတီငယ်က ဖာထျန်းထံသို့ ပါသွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဖာထျန်းက ရွှေရောင်အင်မော်တယ်ဓားကို ဝှေ့ယမ်း၍ ချမ်ချန်ကန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။

ဖာထျန်း၏ ရုတ်တရက် လှုပ်ရှားမှုက ချမ်ချန်ကန်းကို အံ့အားသင့်မသွားစေခဲ့ပေ။

အရာအားလုံးက ချမ်ချန်ကန်း၏ တွက်ချက်မှုထဲတွင် ရှိနေပြီးသားဖြစ်သည်။

သူက အေးအေးဆေးဆေးပင် ရင်ဆိုင်လိုက်ပြီး သူ၏ ပြိုင်ဘက်ကင်း သိုင်းကွက်ဖြစ်သော ကျိုးယင်အရိုးဖြူလက်သည်းကို အသုံးပြုလိုက်၏။

တစ်ချိန်တည်းမှာပင် မြင့်မြတ်သော တာအိုစည်းချက် ပေါင်းစပ်ခန္ဓာနှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်စွမ်းရည်များကို ကျိုးယင်အရိုးဖြူလက်သည်းထဲတွင် ပေါင်းထည့်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံး ဖြူလျော့သွားတော့၏။

ဧရာမအရိုးဖြူလက်သည်းကြီးတစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး သရဲတစ္ဆေ လေပြင်းများ တိုက်ခတ်လာကာ ငရဲပြည်ကဲ့သို့ ဖြူလျော့လျော့ အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

မရေမတွက်နိုင်သော သရဲတစ္ဆေ သန်းပေါင်းများစွာက အော်ဟစ် မြည်တမ်းနေသကဲ့သို့ ဖုန်ထျန်းမြို့ တစ်ခုလုံးတွင် ဟိန်းညံသွား၏။

ဖုန်ထျန်းမြို့ထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကောင်းကင်ယံတွင် ပေါ်ထွက်လာသော ဧရာမအရိုးဖြူ လက်သည်းကြီးကိုကြည့်၍ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤသည်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့် တည်ရှိမှုက လှုပ်ရှားလိုက်ခြင်းနည်း။

ဤအရိုးဖြူလက်သည်းကြီးက အလွန်တရာ ကြီးမားလှပြီး ဖုန်ထျန်းမြို့တစ်ခုလုံးကို လုံးဝ ဖုံးအုပ်ထားသကဲ့သို့ရှိနေ၏။

ထိုမျှမကသေးဘဲ ထိုအရိုးဖြူလက်သည်းကြီး ကျဆင်းလာသည်နှင့်အမျှ ဖုန်ထျန်းမြို့ တစ်ခုလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားမည့်ပုံ ပေါ်နေသည်။

အရာအားလုံးကို ခြုံငုံကြည့်ရလျှင် ဤအရာ အားလုံးက အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။

ထိုဖာထျန်းအတွက်လည်း အတူတူပင် ဖြစ်သည်။

သူက ဧရာမအရိုးဖြူလက်သည်းကြီးနှင့် ဝင်တိုက်မိသွား၏။

အရိုးဖြူလက်သည်းကြီးမှ ထွက်ပေါ်လာသော စွမ်းအားက ဖာထျန်း လုံးဝခုခံနိုင်သည့်အရာ မဟုတ်ချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤဖာထျန်းမှာ ပြင်းထန်စွာ ထိမှန်သွားပြီး တိုက်ရိုက် လွင့်ထွက်သွားတော့သည်။

ဖာထျန်း၏ မျက်နှာက အကျည်းတန်သွားပြီး မယုံနိုင်အောင်ဖြစ်နေ၏။

သေးနုတ်သော ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ဤမျှကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်တဲ့လား။

သူ့ရှေ့ရှိ သာမန်ဟုထင်ရသော ရွှေအမြုတေအဆင့် ကျင့်ကြံသူမှာ အပြင်ပန်းတွင် မြင်ရသလောက် ရိုးရှင်းသည့် တိုက်ခိုက်ရေး စွမ်းအားမျိုး ရှိမနေသည်မှာ သေချာနေ၏။

ဤလူက အင်မော်တယ်အရှင်သခင် တစ်ပါးများလား။ သို့မဟုတ် အင်မော်တယ်တစ်ပိုင်း အဆင့်လား။ သို့မဟုတ် ထိုထက်ပို၍ အားကောင်းသော တည်ရှိမှု တစ်ခုများလား။

ဖာထျန်းက နားမလည်နိုင်သလို၊ မသိရှိနိုင်ခဲ့ပေ။

သို့သော်လည်း သူ့ရှေ့ရှိ အစွမ်းထက်လှသော ချမ်ချန်ကန်းက အလွန်တရာ အားကောင်းပြီး အန္တရာယ်များသည့် အငွေ့အသက်ကို ပေးစွမ်းနေကြောင်း သူ ကောင်းကောင်းကြီး သိနေသည်။

သူကိုယ်တိုင်ကမူ မိုဝန်ထျန်းနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ချင်ရှို့ဝမ်နှင့် ထပ်မံ တိုက်ခိုက်ခဲ့ရပြီးဖြစ်၏။

ဤဖာထျန်းမှာ ယခုအချိန်တွင် စွမ်းအင်များစွာ ကုန်ဆုံးနေပြီ ဖြစ်သည်။

ဆက်၍ တိုက်ခိုက်နေမည်ဆိုလျှင် သူ သေချာပေါက် သေရမည်ဖြစ်၏။

ဖာထျန်းက မိုဝန်ထျန်း၏ အလောင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် ချမ်ချန်ကန်းထံသို့ အကြည့် ပြန်လွှဲလိုက်သည်။

“မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး... ငါ့ကို ရန်စရဲတဲ့အတွက် နောက်တစ်ခါတွေ့ရင် မင်းကို သေချာပေါက် သတ်မယ်...”

စကားပြောပြီးသည်နှင့် ဤဖာထျန်းက နောက်လှည့်၍ ထွက်ခွာသွားတော့သည်။

“ထွက်သွားချင်တာလား... ငါ့ကို ခွင့်တောင်းပြီးပြီလား...”

ချမ်ချန်ကန်းက ခပ်ပေါ့ပေါ့ ပြောလိုက်၏။

မြင့်မြတ်သော တာအိုစည်းချက် ပေါင်းစပ်ခန္ဓာ နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့၏ အောက်တွင် လက်ရှိချမ်ချန်ကန်းက ကျိုးယင်အရိုးဖြူလက်သည်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်နေပြီဖြစ်သည်။

သူက ဆက်တိုက်တိုက်ခိုက်လိုက်ပြီး ထိုဖာထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် လက်သည်းရာတစ်ခုပြီးတစ်ခု အဆက်မပြတ် ချန်ရစ်ခဲ့၏။

လက်သည်းရာ တစ်ခုစီတိုင်းက အသားနှင့် အရိုးခြင်ဆီအထိ နက်ရှိုင်းစွာ ဖောက်ထွင်းဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အရင်က မကြုံဖူးလောက်အောင် ပြင်းထန်သော နာကျင်မှုများကို ပေးစွမ်းနေသည်။

ထိုဖာထျန်းက ထွက်ပြေးချင်နေလျှင်ပင် လုံးဝ ထွက်ပြေး၍ မရနိုင်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုဖာထျန်း၏ ဒဏ်ရာများက ပို၍ပို၍ ပြင်းထန်လာခဲ့၏။

ဖာထျန်း၏ မျက်နှာက အကျည်းတန်နေသည်။

သို့သော်လည်း မည်သည့် ဖြေရှင်းနည်းမှ ရှာမတွေ့နိုင်ခဲ့ပေ။

ထိုဖာထျန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားနှင့် နတ်ဆိုး အာဏာရှင်ခန္ဓာ၏ စွမ်းအားများက ရူးသွပ်စွာ လှိုင်းထန်လာတော့၏။

ရူးသွပ်စွာဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အလွန်အန္တရာယ်များပြီး ဤနေရာတွင်ပင် သေဆုံးသွားနိုင်ကြောင်း သူ သိထားသည်။

သို့သော်လည်း သူက ချမ်ချန်ကန်းကို ရင်ဆိုင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့်ပုံ ပေါ်နေ၏။

မည်သူမှ တွေးထင်ထားမိမည် မဟုတ်ချေ။

ဖာထျန်းက ထွက်ပြေးရန် လက်လျှော့လိုက်ပြီး ချမ်ချန်ကန်းကို ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။

ဤကြမ်းတမ်းလှသော စွမ်းအားက အရာအားလုံးကို ဖျက်ဆီးပစ်နေ၏။

ဖာထျန်းက ရူးသွပ်စွာ လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများက အိပ်မောကျနေသော မီးတောင်တစ်လုံး ရုတ်တရက် နိုးထလာကာ ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသည့်ပုံ ပေါက်နေသည်ကို မြင်တွေ့လိုက်ရသည်။

ချမ်ချန်ကန်းက အတန်ငယ် အံ့အားသင့်သွား၏။

ဖာထျန်းက ထွက်ပြေးမည့်အကြံကို လက်လျှော့ပြီး သူ့ကို စတင် တိုက်ခိုက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သေချာသည်။ ဤအရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မမြင်ရမီကတည်းက သူက လုံးဝ ဂရုမစိုက်ခဲ့ချေ။

သူက ကျိုးယင်အရိုးဖြူလက်သည်းကို ဆက်လက်အသုံးပြုလိုက်၏။

မြင့်မြတ်သော တာအိုစည်းချက် ပေါင်းစပ်ခန္ဓာကို အသုံးပြု၍ ဤကိုယ်ပွား၏ စွမ်းအားကို အသုံးချခြင်းကပင် ဤဖာထျန်းကို ရင်ဆိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ဤဖာထျန်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ သူ ကြည့်ချင်သေး၏။

အကြိမ်တိုင်းတွင် ဖာထျန်းက ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

သို့သော်လည်း ချမ်ချန်ကန်းက လွယ်လွယ်ကူကူပင် ဖြေရှင်းပစ်နိုင်ခဲ့၏။

ထို့နောက် ထိုဖာထျန်းမှာ လွင့်ထွက်သွားပြီး ဒဏ်ရာများက ပို၍ ပြင်းထန်လာခဲ့သည်။

ထိုနည်းအတိုင်းပင် တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် ဖြစ်ပေါ်နေ၏။

နတ်ဘုရားနှင့် နတ်ဆိုးအာဏာရှင်ခန္ဓာကြောင့် သက်စောင့်စွမ်းအားများ အဆုံးအစမဲ့နေပြီး မသေသရွေ့ တိုက်ခိုက်လိုစိတ်များက ကုန်ဆုံးသွားမည် မဟုတ်ချေ။

ထိုအခါ ဖာထျန်းက သူ၏ အကန့်အသတ်များကို ကျော်လွန်သွားနိုင်ပြီး ပိုမိုအားကောင်းသော တိုက်ခိုက်ရေး စွမ်းအားများကို ပေါက်ကွဲ ထွက်ပေါ်လာစေသည်။

ဖုန်ထျန်းမြို့။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤတိုက်ပွဲကို စောင့်ကြည့်နေကြ၏။

“ဘုရားရေ... အဲဒါက သတ်ဖြတ်ခြင်း နတ်ဘုရားဖာထျန်း မဟုတ်ဘူးလား။ ဒီနေ့ သူ ရထားတဲ့ ဒဏ်ရာတွေက သည်လောက် ပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူး...”

“ဟုတ်တယ်... သူနဲ့ တိုက်ခိုက်နေတဲ့ လူငယ်က ဘယ်သူလဲ...”

“မသိဘူးလေ... ရုပ်ရည်ကသာမန်ပဲဆိုပေမဲ့ ဒီလောက်ကြမ်းတမ်းပြီး အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ အရင်က ဒီလိုလူမျိုးအကြောင်း တစ်ခါမှ မကြားဖူးဘူး။ သူလည်း အင်မော်တယ်နယ်မြေက ပြန်လည်ဝင်စားလာတဲ့ ကောင်းကင်ဘုံပါရမီရှင်များလား...”

“ဖြစ်နိုင်ချေများတယ်။ ဒါမှမဟုတ်ရင် သတ်ဖြတ်ခြင်းနတ်ဘုရားကို ဒီလိုမျိုး ဘယ်လိုလုပ်အနိုင်ရနိုင်မှာလဲ...”

“…”

မရေမတွက်နိုင်သော လူများက ထိုအကြောင်းကို ဆွေးနွေးပြောဆိုနေကြ၏။

ချမ်ချန်ကန်းက မည်သည့်သနားညှာတာမှုမှ မပြဘဲ အေးစက်စက် တိုက်ခိုက်လိုက်သည်။

ယုတ္တိတန်တန် တွေးကြည့်ရလျှင် ဤဖာထျန်းမှာ သူ၏ ကျိုးယင်အရိုးဖြူလက်သည်းအောက်တွင် သေဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်၏။

သို့သော်လည်း ဤဖာထျန်း၏ ခံနိုင်ရည်ကို သူ အထင်သေးမိခဲ့သေးသည်။

ဒဏ်ရာမည်မျှပင် ပြင်းထန်ပါစေ လုံးဝ ဖျက်ဆီးမခံရသရွေ့ သူက ပြန်လည် မတ်တပ်ရပ်နိုင်စွမ်းရှိနေ၏။

ပို၍ အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။

ထိုအရာက ဖာထျန်း၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ပတ်သက်နေပြီး အဆက်မပြတ် တိုးတက်လာကာ ပိုပို၍ အားကောင်းလာခြင်း ဖြစ်၏။

ဤသည်က နတ်ဘုရားနှင့် နတ်ဆိုး အာဏာရှင်ခန္ဓာ၏ လျှို့ဝှက်ဆန်းကြယ်မှုပင် ဖြစ်သည်။

အစွန်းရောက် အခြေအနေများကို ချိုးဖျက်၍ ပိုမိုအားကောင်းသော တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်းဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် ချမ်ချန်ကန်း၏ ဘက်တွင်မူ သူ၏ ကိုယ်ပွားက မြင့်မြတ်သော တာအိုစည်းချက်၏ စွမ်းအားကို အသုံးပြုထားသောကြောင့် ဖြစ်သည်။

မြင့်မြတ်သော တာအိုစည်းချက် ပေါင်းစပ်ခန္ဓာက ကိုယ်ပွား၏ စွမ်းအားကို လုံးဝစားသုံးသွားပြီးသည်နှင့်တစ်ပြိုင်နက် ဤကိုယ်ပွားက ဆက်လက် တည်ရှိနေတော့မည် မဟုတ်ချေ။

ချမ်ချန်ကန်းက အနီရောင်အိမ်တော်သို့ သွား၍ အပန်းဖြေရန် ဂီတသံနားမဆင်ရသေးသဖြင့် ဤကိုယ်ပွားက လောလောဆယ်တွင် အသုံးဝင်နေဆဲဖြစ်၏။

ထို့ကြောင့် ဤကိုယ်ပွားကို စတေးပစ်၍ မရနိုင်သေးပေ။

သို့ဖြစ်ရာ ချမ်ချန်ကန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

သေရမည်ကို မကြောက်သော ဤလူကို ချမ်ချန်ကန်းက အတန်ငယ် အထင်ကြီး လေးစားမိသော်လည်း သူ့ကို သတ်ဖြတ်ရန် ဝန်လေးနေမည် မဟုတ်ချေ။

ဖာထျန်းကို ရင်ဆိုင်ရန်အတွက် ကိုယ်ပွားတွင် ကျန်ရှိနေသော စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို အသုံးပြုရန် ချမ်ချန်ကန်းက သူ၏ လက်ကို မြှောက်လိုက်၏။

စွမ်းအားကိုးဆယ်ရာခိုင်နှုန်းကို ဤဖာထျန်းတွင် နတ်ဘုရားနှင့် နတ်ဆိုး အာဏာရှင်ခန္ဓာရှိနေလျှင်ပင် သူ့လက်ရှိ ကျင့်ကြံခြင်းစွမ်းအားဖြင့် လုံးဝခံနိုင်ရည် ရှိမည်မဟုတ်ချေ။

ဤတစ်ကြိမ်တွင်တော့ သူ သေချာပေါက် သေရမည်ဖြစ်၏။

ထိုနည်းတူစွာပင် ချမ်ချန်ကန်း၏ ဆုံးဖြတ်ချက်ကြောင့် ဖာထျန်း၏ စိတ်နှလုံးထဲတွင် အရင်က မကြုံဖူးလောက်အောင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရုတ်တရက် မြင့်တက်လာခဲ့သည်။

သူက သေရမည်ကို မကြောက်သော်လည်း မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့်အချိန်တွင် ဆုတ်ခွာရမည်ကို သူ ကောင်းကောင်း သိထား၏။

သူက လုံးဝ တစ်ဖက်သတ် ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် သူ သေချာပေါက် သေရတော့မည်ဖြစ်သည်။

ချမ်ချန်ကန်းသာ နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူ သတ်ဖြတ်ခံရမည်ဖြစ်၏။

ဖာထျန်းအတွက်မူ သူ့ထံတွင် ထိုအလိုအလျောက် သိမြင်နိုင်စွမ်းတစ်ခုရှိနေသည်။

သူက ဟိန်းဟောက်လိုက်၏။

ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် သူက သွေးရောင်အလင်းတန်း တစ်ဒါဇင်ခန့်အဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားတော့၏။

“ထင်တဲ့အတိုင်းပဲ... သူ ထွက်ပြေးဖို့ ရွေးချယ်သွားတာပဲ...”

ချမ်ချန်ကန်းက ကြားဖြတ် တားဆီးလိုက်သည်။

ကျိုးယင်အရိုးဖြူလက်သည်းက ထိုသွေးရောင်အလင်းတန်း တစ်ဒါဇင်ခန့်ကို အပြည့်အဝကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။

သို့သော်လည်း ထွက်ပြေးသွားသော ထိုသွေးရောင် အလင်းတန်း တစ်ဒါဇင်ခန့်ထဲတွင် ဖာထျန်း၏ ပုံရိပ် ပါမလာခဲ့သည်ကို ချမ်ချန်ကန်း မထင်မှတ်ထားခဲ့ပေ။

“ဟင်... လူရော ဘယ်ရောက်သွားတာလဲ...”

All Chapters