← Chapters

အခန်း ၂၁၈

Vol. 18 Ch. 218

အခန်း ၂၁၈

Vol. 18 Ch. 218

အခန်း (၂၁၈) အလောင်းကောင် ပြန်ထလာခြင်း၊ သေရမည်ကို မကြောက်ဘဲ ရဲရင့်ခြင်း

သက်ရှိများသွားလာခွင့်၏ တားမြစ်နယ်မြေ ဖြစ်သော အင်မော်တယ် ယောင်ချီရေကန်။

သိပ်သည်းများပြားလှသော အလောင်းကောင်များကို ရင်ဆိုင်ရာတွင် ဟေးကျောင်းလုံနှင့် အားမြောင်တို့က အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ဤအခြေအနေက နတ်ဆိုးနှစ်ကောင်၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေ၏။

ရုတ်တရက် အပြောင်းအလဲကို ဟေးကျောင်းလုံနှင့် အားမြောင်တို့က လုံးဝ မခုခံနိုင်ခဲ့ဘဲ အလွန်တရာ အံ့အားသင့်သွားကြသည်။

ဤအလောင်းကောင်များက ရူးသွပ်နေသည့်ပုံ ပေါက်နေ၏။

အားမြောင်နှင့် ဟေးကျောင်းလုံတို့၏ ကျင့်ကြံခြင်း စွမ်းအားများက အလွန်တရာ အားကောင်းပြီး တစ်ယောက်က အခြေတည်စိတ်ဝိညာဉ်အဆင့်၊ အခြားတစ်ယောက်က နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ဖြစ်နေလျှင်တောင် အင်မော်တယ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ဤသိပ်သည်းများပြားလှသော အလောင်းကောင်များကို ခုခံနိုင်မည် မဟုတ်ဟုထင်ရသည်။

ခဏအကြာတွင် ဟေးကျောင်းလုံနှင့် အားမြောင်တို့မှာ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြ၏။

ဟေးကျောင်းလုံက အားမြောင်ကို ခေါ်ဆောင်၍ ထိုအင်မော်တယ်မြို့တော်ဆီသို့ အသည်းအသန် ထွက်ပြေးသွားသည်။

“အားမြောင်... ထွက်ပြေးတော့...”

“နင်ကရော ဘယ်လိုလုပ်မလဲ...”

“ရပါတယ်... ဒီအလောင်းကောင်တွေကို ငါ တားထားလိုက်မယ်...”

ဟေးကျောင်းလုံ၏ မျက်နှာက တည်ကြည်လေးနက်နေပြီး နောက်မှ လိုက်လာသော အလောင်းကောင်များကို စတင်တိုက်ခိုက်လိုက်၏။

အားမြောင်က အင်မော်တယ်မြို့တော်ထဲသို့ ဝင်ရောက်သွားသောအခါ ထိုအလောင်းကောင်များက တားမြစ်ချက်တစ်ခုခုကို ထိမိသွားသကဲ့သို့ ပြာများအဖြစ် ပြောင်းလဲသွားပြီး တိုက်ရိုက် ပျက်စီးသွားကြသည်။

သို့သော်လည်း ထိုအလောင်းကောင်များက သေရမည်ကို မကြောက်သေးဘဲ အချို့သော အရာများက အားမြောင်ထံသို့ ဆက်လက် စုရုံးရောက်ရှိလာကြ၏။

အခြားတစ်စိတ်တစ်ပိုင်းသော အလောင်းကောင်းများက အင်မော်တယ် မြို့တော်ထဲသို့ မဝင်ရောက်ရသေးသော ဟေးကျောင်းလုံကို နစ်မြုပ်လွှမ်းမိုးသွားတော့သည်။

ဟေးကျောင်းလုံက မကျေမချမ်းဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“ဟေးကျောင်းလုံ...”

အားမြောင်၏ မျက်လုံးများက နီရဲလာပြီး ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် ဟေးကျောင်းလုံက ထိုအလောင်းကောင်သတ္တဝါများ၏ လက်ထဲတွင် သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။

သူမက ဟေးကျောင်းလုံကို ကယ်တင်ရန်အတွက် အင်မော်တယ် မြို့တော်ထဲမှနေ၍ အတုံ့အဆိုင်းမရှိ ပြေးထွက်လာခဲ့၏။

“မလာခဲ့နဲ့...”

ဟေးကျောင်းလုံက အော်ဟစ်လိုက်ပြီး သူ့ကို ကယ်တင်ရန် အင်မော်တယ်မြို့တော်ထဲမှ ယခုလေးတင် ထွက်လာသော အားမြောင်ကို အင်မော်တယ်မြို့တော်ထဲသို့ ပြန်လည် ပို့ဆောင်ပေးရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

သူ့စိတ်နှလုံးထဲတွင် ခါးသီးနေပြီး ဤတစ်ကြိမ် ဤနေရာ၌ ဤကဲ့သို့ သေဆုံးရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

တကယ့်ကို မကျေမနပ်ဖြစ်ရ၏။

သို့သော်လည်း ယခုအခါ ဘာမှလုပ်နိုင်စွမ်း မရှိတော့ပေ။

အားမြောင်နောက်သို့ လိုက်လာခြင်းက ဤနေရာ၌ သေရလိမ့်မည်ကိုသာ သူ ကြိုသိခဲ့လျှင် ဖေးရှန့်တောင်ပေါ်တွင် ငြိမ်ငြိမ်လေးနေခဲ့မည်ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း။

ထိုအားမြောင်မှာ မျက်လုံးများ နီရဲနေပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေ၏။

ဟေးကျောင်းလုံ၏ စွမ်းအားဖြင့် အင်မော်တယ်မြို့တော်ထဲသို့ ပြန်လည် တွန်းပို့ခံရပြီးနောက် ဟေးကျောင်းလုံ ဤကဲ့သို့ သေဆုံးသွားသည်ကိုသာ သူမ ရပ်ကြည့်နေနိုင်တော့သည်။

ဤအခိုက်အတန့်တွင် ဤအင်မော်တယ် ယောင်ချီရေကန်သို့ ဟေးကျောင်းလုံကို အတူတူ ခေါ်လာခဲ့မိသည်ကို သူမ နောင်တရနေမိ၏။

သူမသာ ဟေးကျောင်းလုံကို မခေါ်ခဲ့လျှင် ဟေးကျောင်းလုံက ဤနေရာ၌ သေဆုံးမည် မဟုတ်ချေ။

ဤအရာအားလုံးက သူမ၏ အမှားပင် ဖြစ်သည်။

ခဏအကြာတွင် ဟေးကျောင်းလုံ သေဆုံးသွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့် သက်စောင့်စွမ်းအားမျှမရှိတော့ချေ။

ဟေးကျောင်းလုံ သေဆုံးသွားပြီးနောက် ထိုသေဆုံးနေသည့် သတ္တဝါများက အားမြောင်ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

ထို့နောက် အလောင်းကောင်များ အားလုံးက အားမြောင်ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။

အားမြောင်မှာ ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ဖြစ်နေပြီး အင်မော်တယ်မြို့တော်ထဲတွင် ရပ်နေကာ ထိုအလောင်းကောင်းများက အင်မော်တယ်မြို့တော်ထဲသို့ ပြေးဝင်လာသည်ကိုသာ ကြည့်နေမိ၏။

တားမြစ်ချက်တစ်ခုခုကို ကျူးကျော် ဝင်ရောက်သွားသကဲ့သို့ ထိုအလောင်းကောင်များက အရင်က အရာများနည်းတူ ဤအင်မော်တယ် မြို့တော်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်ပြာအဖြစ် ပြောင်းလဲသွားပြီး ပျက်စီးသွားကြသည်။

မကြာမီမှာပင် ထောင်သောင်းချီသော အလောင်းကောင်အားလုံး ပျက်စီး သေဆုံးသွားကြ၏။

သို့သော်လည်း အားမြောင်အတွက်မူ ထိုအလောင်းကောင်များ ပျက်စီးခြင်းအပေါ် မည်သည့် ဝမ်းသာပျော်ရွှင်မှုမျှမရှိဘဲ ဆုံးရှုံးမှုနှင့် ဝမ်းနည်းမှုများသာ ရှိနေခဲ့သည်။

“ဟေးကျောင်းလုံ... နင့်အတွက် တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...”

သူမက ကြောင်နားရွက်လေးများကို နှိမ့်ချ၍ မျက်ရည်များစီးကျကာ တီးတိုး ရေရွတ်လိုက်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သေဆုံးသွားသော ဟေးကျောင်းလုံ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မျက်စိကျိန်းမတတ် စူးရှတောက်ပသော ရွှေရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။

သေဆုံးသွားခဲ့ပြီဖြစ်သော ဟေးကျောင်းလုံက ဤအခိုက်အတန့်တွင် ပြန်လည် ရှင်သန်လာခဲ့ပြီဖြစ်သည်။

အားမြောင်က မျက်ရည်များ ကျဆင်းရင်း ပြန်လည် ရှင်သန်လာသော ဟေးကျောင်းလုံကို အူကြောင်ကြောင်ဖြင့် ကြည့်နေမိ၏။

*အလောင်းကောင် ပြန်နိုးထလာတာလား…*

မကြာမီမှာပင် ဟေးကျောင်းလုံ နိုးလာခဲ့သည်။

သူက နားမလည်နိုင်သည့်ပုံ ပေါက်နေ၏။

“ငါသေသွားပြီ မဟုတ်ဘူးလား...”

သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်ကြည့်လိုက်သောအခါ မည်သည့်ဒဏ်ရာမျှ မရှိတော့ချေ။

ဘေးကင်းလုံခြုံနေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်ပင် စွမ်းအားများ ပြည့်ဝနေသည်။

ဤသည်ကား ယုံနိုင်စရာမရှိချေ။

“ဒါက ဘယ်လိုဖြစ်တာလဲ...”

ဟေးကျောင်းလုံမှာ ဆွံ့အသွားပုံရ၏။

သူက ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သော်လည်း ထိုသေဆုံးနေသည့် အရာဝတ္ထုများကို မတွေ့ရတော့ချေ။

အင်မော်တယ်မြို့တော်ထဲတွင် ဝမ်းနည်းစွာ ငိုကြွေးနေသော အားမြောင်ကိုသာ သူ မြင်တွေ့လိုက်ရသည်။

ဟေးကျောင်းလုံက အင်မော်တယ် မြို့တော်ထဲသို့ ကမန်းကတန်း ဝင်ရောက်သွား၏။

“အားမြောင်... မင်း အဆင်ပြေရဲ့လား...”

“ဟေး... ဟေး... ဟေးကျောင်းလုံ... နင် သေသွားပြီ မဟုတ်ဘူးလား...”

အားမြောင်က သူမ၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေပြီး တီးတိုး ပြောလိုက်သည်။

ဟေးကျောင်းလုံက ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အလွန်တရာအထင်ကြီး လေးစားမှုများ ပြည့်နှက်နေ၏။

“ငါမထွက်လာခင်က သခင်က ငါ့ခန္ဓာကိုယ်ထဲကို သေခြင်းရှင်ခြင်းအဆောင် ဆိုတဲ့အရာတစ်ခု ထည့်ပေးလိုက်တာ မှတ်မိတယ်။ အသက်ကယ်နိုင်တယ်လို့ ပြောခဲ့တယ်။ ငါအသက်ရှင်နေတာ အဲ့ဒီ့အကြောင်းပြချက်ကြောင့်ပဲဖြစ်ရမယ်...”

“အသက်ကယ်တာတဲ့လား... အဲ့ဟာက သေဆုံးသူကို ပြန်လည်ရှင်သန်စေတာပဲ။ စီနီယာက ဒီလိုနည်းစနစ်မျိုးကိုတောင် ကျွမ်းကျင်ပိုင်နိုင်ထားလိမ့်မယ်လို့ မထင်ထားဘူး...”

အားမြောင်က မျက်ရည်များ ပေါက်ပေါက်ကျလာတော့သည်။

သေရာမှ ပြန်လည် ရှင်သန်လာခြင်းကြောင့် အားမြောင်၏ စိတ်နှလုံးထဲတွင် ဝမ်းသာပျော်ရွှင်သွား၏။

သို့မဟုတ်လျှင် သူမကြောင့် ဟေးကျောင်းလုံ အသတ်ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

အားမြောင်၏ စိတ်နှလုံးထဲတွင် မည်မျှ အပြစ်မကင်းသလို ခံစားနေရမည်နည်း။

“ဟေးကျောင်းလုံ… နင် အဆင်ပြေရင် ပြီးတာပါပဲ။ တောင်ပေါင်းတစ်သိန်းတောင်တန်းကို ပြန်ရောက်ရင် နင့်ကို ငါးကင် ကျွေးမယ်... မြောင်...”

“ဟားဟား... ဒါဆို ငါ ဆယ်ကောင်စားမယ်...”

“အင်း..ပြဿနာမရှိဘူး... ပြဿနာမရှိဘူး... နင်စားဖို့ အားလုံးကိုပေးမယ်...”

ဟေးကျောင်းလုံက မျက်မှောင်ကြုတ်လိုက်၏။

“အားမြောင်…ဒီအလောင်းကောင်တွေက ဘာလို့ ရုတ်တရက်နိုးထလာပြီး ငါတို့ကို တိုက်ခိုက်တာလဲဆိုတာ မင်း သိလား...”

အားမြောင်က ခေါင်းယမ်းလိုက်သည်။

“မသိဘူးလေ…အဲ့အလောင်းကောင်တွေက ရူးနေသလိုပဲ... ငါတို့ဆီမှာ အဲ့ဒီအလောင်းကောင်တွေကို ဆွဲဆောင်နိုင်တဲ့ တစ်ခုခုရှိနေသလိုပဲ...”

ဟေးကျောင်းလုံက အားမြောင်၏ စကားကို သဘောတူလိုက်၏။

“အားမြောင်... မင်းပြောတာ မှန်တယ်။ ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ ဒါပေမဲ့ ငါတို့ဆီက ဘာကများ အဲ့အလောင်းကောင်တွေကို ဆွဲဆောင်နေတာလဲ...”

“မသိဘူးလေ...”

ပြီးခဲ့သည့်အကြိမ် ဤအင်မော်တယ် မြို့တော်သို့ သူမလာခဲ့စဉ်က ဤကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ရချေ။

မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့သည့်အကြိမ်ကသာ သူမ ဤကဲ့သို့ ကြုံတွေ့ခဲ့ရလျှင် ထိုမြေအောက်နန်းတော်ထဲသို့ ဝင်ရောက်နိုင်ရန် သူမအတွက် လုံးဝ မဖြစ်နိုင်ပေ။

သူမ ဤနေရာ၌ သေဆုံးနေခဲ့သည်မှာကြာပြီ ဖြစ်လိမ့်မည်။

ဤအင်မော်တယ်မြို့တော်သို့ နောက်တစ်ကြိမ် လာရန် လုံးဝမဖြစ်နိုင်တော့ချေ။

“အားမြောင်... နောက်မကျသေးဘူး... နောက်ထပ်မတော်တဆမှုတွေ မဖြစ်ရအောင် မြေအောက်နန်းတော်ကို မြန်မြန် သွားကြရအောင်...”

ဟေးကျောင်းလုံ၏ အမူအရာက တည်ကြည်လေးနက်နေပြီး အထူးသဖြင့် တစ်ကြိမ်သေဆုံးခဲ့ပြီးနောက် သူက ပို၍ သတိထားလာပုံရသည်။

All Chapters