← Chapters

အခန်း ၂၂၉

Vol. 20 Ch. 229

အခန်း ၂၂၉

Vol. 20 Ch. 229

အခန်း (၂၂၉)လျိုဝေတီဟွမ်ဆေးလုံး၊ လက်ဆောင်လော

ဒုတိယထပ်တွင် တိုက်ပွဲကား ပြင်းထန်လှ၏။

သေကျေဒဏ်ရာရသူများက ပိုမို များပြားလာသည်။

ဤသည်က ဒုတိယထပ်သာရှိသေးကြောင်း သိထားသင့်သည်။

အဆုံးတွင် ကျင့်ကြံသူ မည်မျှ ရှင်းလင်းခံရမည်နည်း။

ချမ်ချန်ကန်းပင်မသိနိုင်ချေ။

သေချာသည်က ချမ်ချန်ကန်းသည်လည်း ဤကိစ္စကို စိတ်ထဲမထားပေ။

သူက အမြီးလေးထံသို့သာ အာရုံစိုက်ထားလိုက်၏။

မီးပင်လယ်ထဲတွင် အမြီးလေးက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် မှော်စွမ်းအင် အတားအဆီးတစ်ခုကို ဖန်တီး၍ ကြောက်မက်ဖွယ် ကောင်းလှသော အပူချိန်ကို ခုခံထားသည်။

ထို့နောက် မီးပင်လယ်ထဲမှ တိုက်ခိုက်လာသော မီးမြွေများကို သတ်ဖြတ်ရင်း ရှေ့သို့ ဆက်လက် တက်လှမ်းသွား၏။

ကြည့်ရသည်မှာ လွယ်ကူနေပုံရ၏။

ပို၍ အရေးကြီးသည်က လက်ရှိအချိန်၌ မည်သည့်ကျင့်ကြံသူကမျှ အမြီးလေးကို အန္တရာယ် မပေးဝံ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူတိုင်းက ဤအမြီးလေး၏ နောက်ခံကို သိထားကြသဖြင့် သူမကို တစ်ခုခုလုပ်ဝံ့ပါက သေလမ်းရှာသည်နှင့် ဘာများ ကွာခြားမည်နည်း။

မည်သူကမျှ မိမိကိုယ်ကိုယ် သေတွင်းထဲ မပို့ဝံ့ကြချေ။

ထို့ကြောင့် အမြီးလေးမှာ လမ်းတစ်လျှောက်လုံး အတားအဆီးမဲ့ ဖြတ်သန်းသွားနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်၏။

“ကြည့်ရတာ အမြီးလေးအတွက် ဒီနေရာကို ဖြတ်သွားဖို့ မခက်ခဲလောက်ဘူး...”

တိုက်ပွဲက ပြင်းထန်ပြီး သေကျေဒဏ်ရာရသူများ များပြားလှသော်လည်း အခြားသော ကျင့်ကြံသူ အများစု၏ ရည်ရွယ်ချက်က ရှင်းလင်းလှ၏။

အဆင့်ကျော်ဖြတ်နိုင်ရန်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်က ဒုတိယထပ်သာ ရှိသေးသည်။

ဒုတိယထပ်ကို ကျော်ဖြတ်နိုင်လျှင်ပင် နောက်ထပ်ဆယ့်ခြောက်ထပ် ကျန်နေသေး၏။

အခြားသောကျင့်ကြံသူများမှာ ဤနေရာတွင် ရှင်းလင်းခံရလျှင်ပင် ရိုးရိုးသားသား ဆိုရလျှင် အများကြီး အသုံးမဝင်လှပေ။

ထို့ကြောင့် လက်တွေ့တွင် ဤအထပ်၌ အဓိကအားဖြင့် အားနည်းသော ကျင့်ကြံသူများသာ ရှင်းလင်းခံရခြင်း ဖြစ်သည်။

ထပ်မံစစ်ထုတ်လိုက်ခြင်းသာဖြစ်၏။

သို့သော်လည်း သေဆုံးသွားသော ကျင့်ကြံသူ အရေအတွက်က တုန်လှုပ်ဖွယ် ကောင်းနေဆဲပင်ဖြစ်၏။

အပြင်ဘက်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ပထမထပ်တွင် ရှင်းလင်းခံလိုက်ရသော ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို မြင်ပြီးနောက် မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့က ပထမထပ်၌ပင် တိုက်ရိုက် ရှင်းလင်းခံလိုက်ရခြင်း ဖြစ်သည်။

အကယ်၍ ပထမထပ်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါက ဒုတိယထပ်တွင် သေဆုံးရမည်ဖြစ်ရာ လုံးဝမတန်ချေ။

မကြာမီပင် ဒုတိယထပ်ကို ကျော်ဖြတ်သင့်သော ကျင့်ကြံသူများက အောင်မြင်စွာ ကျော်ဖြတ်သွားကြသည်။

ဤအထပ်၌ပင် လူပေါင်းရှစ်ထောင်ကျော် သေဆုံးခဲ့၏။

ဤသည်က ကြောက်မက်ဖွယ်ကောင်းသော အရေအတွက် ဖြစ်သည်။

အပြင်ဘက်တွင်မူ လူများစွာက သေဆုံးသွားသော ကျင့်ကြံသူများအတွက် သက်ပြင်းချလိုက်ကြသည်။

လူ့အသက်က မြက်ပင်တစ်ပင်ကဲ့သို့ပင်။

ဤတပည့်လက်ခံပွဲက တန်ရဲ့လား...

တစ်ချိန်တည်းမှာပင် ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင်အတွင်းမှ ထွက်ခွာလာခဲ့သည်။

သူက အပြင်လောကသို့ ထွက်ပေါ်လာ၏။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်နေကြသည်။

“ဒီစမ်းသပ်ချက်မျှော်စင်ကို တပည့်လက်ခံပွဲအတွက် အသုံးပြုတာဖြစ်တယ်...။ အနာဂတ်ကျရင်လည်း ကျူးရှို့တိုက်ကြီးက ကျင့်ကြံသူတွေ ကျင့်ကြံခြင်းအဆင့်‌ေတ္ တိုးတက်ဖို့နဲ့ စမ်းသပ်ဖို့အတွက် ဆက်သုံးသွားမယ်...”

လူတိုင်းက ဝေခွဲမရဖြစ်သွားကြပြီး ချမ်ချန်ကန်းက မည်သည့်အရာကို ဆိုလိုမှန်း နားမလည်နိုင်ကြပေ။

သို့သော်လည်း နောက်တစ်ခဏတွင် ချမ်ချန်ကန်းက သူ့လက်ချောင်းများကို ဖြတ်ခနဲ မြည်အောင် တီးလိုက်သည်ကို မြင်လိုက်ရ၏။

ဖျောက်...

ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဒုတိယထပ်တွင် သေဆုံးသွားသော ကျင့်ကြံသူ အားလုံး ပြန်လည်ရှင်သန်လာကြ၏။

ပြန်လည်ရှင်သန်လာသော ကျင့်ကြံသူများမှာ အကြောင်သား ဖြစ်နေကြသည်။

မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း။

သူတို့သေဆုံးသွားကြောင်း အတိအလင်း မှတ်မိနေပါလျက်နှင့် မည်သို့ လုပ်၍ အသက်ရှင်နေရသနည်း။

သူတို့ အသက်ပြန်ရှင်လာသည်သာမက ယခင်က ရရှိထားသော ဒဏ်ရာများပင် အပြည့်အဝ ပြန်လည်ကောင်းမွန်နေခဲ့သည်။

အိပ်မက်တစ်ခုမက်နေသကဲ့သို့ပင် လုံးဝ လက်တွေ့မဆန်သော ခံစားချက်ဖြစ်၏။

စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာလည်း အားလုံး အံ့အားသင့်သွားကြ၏။

ကျင့်ကြံသူများစွာက သူတို့၏ မျက်လုံးများကို ပွတ်သပ်လိုက်ကြပြီး သူတို့ မြင်တွေ့နေရသည့် အရာကို မယုံနိုင်အောင် ဖြစ်နေကြသည်။

ဤကျင့်ကြံသူများ စမ်းသပ်ချက်မျှော်စင်၏ ဒုတိယထပ်တွင် သေဆုံးသွားကြောင်း အပြင်လောက၏ အလင်းဖန်သားပြင်မှတစ်ဆင့် သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

သို့သော်လည်း ယခုအခါ ပြန်လည် ရှင်သန်လာခဲ့ပြီဖြစ်၏။

ဤသည်ကား မဖြစ်နိုင်ချေ...

ချမ်ချန်ကန်းက လူတိုင်း၏ အမူအရာများကို ခြုံငုံကြည့်လိုက်သည်။

သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး တည်ငြိမ်နေဆဲပင်ဖြစ်၏

“မင်းတို့ မြင်တဲ့အတိုင်းပဲ... သေရာကနေ ပြန်လည်ရှင်သန်ခြင်းက စမ်းသပ်ချက်မျှော်စင်ရဲ့ လျှို့ဝှက်ချက်ပဲ...”

မရေမတွက်နိုင်သော ကျင့်ကြံသူများက အာမေဍိတ်သံများ ပြုလိုက်ကြပြီး ဆူညံပွက်လောရိုက်သွား၏။

“ပြန်လည်ရှင်သန်လာတာလား... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

“ဟုတ်တယ်... သေခြင်းရှင်ခြင်းကို ကျော်လွန်ပြီး ဒီလောကကြီးမှာ ဒီလို လျှို့ဝှက်ချက်မျိုး ရှိနေတာလား...”

ချမ်ချန်ကန်းက ထပ်ပြောလိုက်သည်။

“အမှန်လား အမှားလားဆိုတာ မင်းတို့ ကိုယ်ပိုင်မျက်စိနဲ့ မြင်ခဲ့ပြီးပြီပဲ။ ဒီအရှင်က အများကြီး ရှင်းပြနေစရာ မလိုတော့ဘူး...”

“ဒီတပည့်လက်ခံပွဲ ပြီးဆုံးသွားတဲ့အခါ စမ်းသပ်ချက်မျှော်စင်ကို ဖွင့်လှစ်ပေးမယ်။ အဲ့အချိန်ကျရင် မင်းတို့က စမ်းသပ်ချက်မျှော်စင်ကနေတစ်ဆင့် ကျင့်ကြံနိုင်ပြီး ခွန်အားကို မြှင့်တင်နိုင်မယ်။ သေခြင်းရှင်ခြင်းကို ကြောက်ရွံ့စရာမလိုဘဲ သေဆုံးပြီးနောက် ပြန်လည် ရှင်သန်လာနိုင်မယ်။ တစ်ချိန်တည်းမှာပဲ မင်းတို့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် မျှော်စင်ရဲ့ အထပ်တိုင်းအတွက် အင်မော်တယ်လက်နက်တွေ၊ အစွမ်းထက်ဆေးလုံးတွေ စတဲ့ ဆုလာဘ်တွေကိုလည်း ရရှိနိုင်မယ်။ ဒါပေမဲ့ စမ်းသပ်ချက်မျှော်စင်ထဲ ဝင်ဖို့အတွက် ကြိုတင်လိုအပ်ချက် တစ်ခုတော့ရှိတယ်...”

“ကြိုတင်လိုအပ်ချက်...”

လူတိုင်းက ဝေခွဲမရ ဖြစ်သွားကြ၏။

ချမ်ချန်ကန်းက သူ၏ လက်ကို မြှောက်၍ လှမ်းဆုပ်လိုက်သည်။

သူ့လက်ဖဝါးထဲတွင် ရွှေရောင်ပဲစေ့ တစ်စေ့ ပေါ်ထွက်လာ၏။

၎င်းက တပည့်လက်ခံပွဲတွင် ပါဝင်နေသော ကျင့်ကြံသူများ၏ လက်ထဲမှ ရွှေရောင်ပဲစေ့များနှင့် အတူတူပင် ဖြစ်သည်။

“ဒီအရာကို စမ်းသပ်ချက်ရွှေပဲစေ့လို့ ခေါ်တယ်။ စမ်းသပ်ချက်ရွှေပဲစေ့ရှိရင် စမ်းသပ်ချက်မျှော်စင်ထဲဝင်ပြီး ကျင့်ကြံနိုင်သလို ပိုပြီးတော့လည်း အစွမ်းထက်လာနိုင်မယ်။ မင်းတို့ ဝင်သွားတဲ့ အကြိမ်တိုင်း စမ်းသပ်ချက်ရွှေပဲစေ့တစ်စေ့ကို သုံးစွဲရလိမ့်မယ်...”

တစ်စုံတစ်ယောက်က ဝင်ပြောလိုက်၏။

“စီနီယာ... ဒီစမ်းသပ်ချက်ရွှေပဲစေ့ကို ဘယ်လိုရနိုင်မလဲဆိုတာ သိပါရစေ...”

မည်သို့ပင်ဖြစ်စေ ချမ်ချန်ကန်း ပြောသကဲ့သို့ ဤအရာအားလုံးသာ အမှန်ဖြစ်ပါက ကျူးရှို့တိုက်ကြီးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် ဤစမ်းသပ်ချက်မျှော်စင်သို့ လာရောက်ကြလိမ့်မည်ဟု ဆိုရပေမည်။

အဆင့်ကို ကျော်ဖြတ်နိုင်သည်နှင့်တစ်ပြိုင်နက် ဆုလာဘ်များကိုပါ ရရှိနိုင်မည် မဟုတ်ပါလော။

၎င်းက အစွမ်းထက်ဆေးလုံးပဲ ဖြစ်ဖြစ်၊ အင်မော်တယ်လက်နက်ပဲ ဖြစ်ဖြစ် လက်လှမ်းမမီနိုင်သကဲ့သို့ စိတ်ကူးနှင့်ပင် မတွေးရဲစရာပင်။

ဤစမ်းသပ်ချက်မျှော်စင်ကို ကျော်ဖြတ်ရုံဖြင့် ရရှိနိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

မည်သူက မလိုချင်ဘဲ နေမည်နည်း...။

ချမ်ချန်ကန်းက ပြုံး၍ ပြန်ဖြေလိုက်၏။

“စမ်းသပ်ချက်ရွှေပဲစေ့တွေကို ရဖို့ သိပ်မခက်ခဲပါဘူး...”

“ဒီအင်မော်တယ်နယ်မြေမှာ အင်မော်တယ်စွမ်းအင်တွေ ပေါများတယ်။ အခုကစပြီး မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က အင်မော်တယ်နယ်မြေမှာ အဆင့်တက်သွားသရွေ့ စမ်းသပ်ချက်ရွှေပဲစေ့တွေကို ဖန်တီး ရရှိနိုင်လိမ့်မယ်...”

ဤသည်ကား ချမ်ချန်ကန်း၏ ကောင်းမွန်သော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေသည်။

ယနေ့ တပည့်လက်ခံပွဲတွင် အစွမ်းထက် ပါရမီရှင်များစွာရှိနေ၏။

သူတို့အားလုံးက ဤအင်မော်တယ်နယ်မြေ၏ လျှို့ဝှက်ချက်ကို သိသိသာသာ မြင်တွေ့ခဲ့ရပြီး ဤနေရာ၌ ကျင့်ကြံခြင်းဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။

ကျူးရှို့တိုက်ကြီး၏ အခြားနေရာများတွင် ကျင့်ကြံခြင်းနှင့် ယှဉ်၍မရနိုင်ချေ။

အကယ်၍ သူတို့သာ ဤနေရာ၌ အချိန်ကြာမြင့်စွာ ကျင့်ကြံနိုင်ပါက ပို၍ပင် ကောင်းမွန်လိမ့်မည်ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူတို့က ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ ကျင့်ကြံကြပြီး အဆင့်တက်သွားသည်နှင့် တစ်ပြိုင်နက် ချမ်ချန်ကန်းထံသို့ နယ်မြေတန်ဖိုးများ ယူဆောင်လာပေးနိုင်ပေမည်။

ဤသည်က ချမ်ချန်ကန်း ပထမဆုံးအကြိမ် ဤစမ်းသပ်ချက်မျှော်စင်ကို ဖန်တီးခဲ့သည့် ရည်ရွယ်ချက်လည်း ဖြစ်သည်။

အထူးသဖြင့် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းစွမ်းရည်ရရှိပြီးနောက်ပိုင်းတွင် ပို၍ပင် သေချာသွား၏။

ချမ်ချန်ကန်းက မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ လုပ်ဆောင်ခဲ့သည်။

ထို့နောက် ချမ်ချန်ကန်းက သူ၏ လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။

ဒုတိယထပ်တွင် သေဆုံးသွားခဲ့သော ထိုကျင့်ကြံသူများ အားလုံးက မှော်ဆေးလုံး တစ်လုံးစီ ရရှိသွားကြသည်။

ဤသည်က ဖေးရှန့်တောင်တွင် စိုက်ပျိုးထားသော ဆေးဖက်ဝင်အပင်များကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ဖြင့် ဖန်တီးထားသော ဆေးလုံးဖြစ်သည်။

ဤဆေးလုံးများကို အထင်သေး၍ မရပေ။

ဤသည်က လွန်ခဲ့သော ရက်အနည်းငယ် အတွင်း၌ ချမ်ချန်ကန်း၏ ဦးနှောက်ဆဲလ် များစွာကို အသုံးချကာ ဓားကိုစင်းဂိုဏ်းမှ ပေးပို့လာသော ဆေးဖော်စပ်နည်းကို အဆက်မပြတ် သုတေသန ပြုလုပ်ခြင်း၊ အစစ်အမှန်တာအို၏လုပ်ဆောင်ချက်ကို ပေါင်းထည့်ခြင်းများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

၎င်းကို ကွဲပြားသော ဆေးဖက်ဝင်အပင် ခြောက်မျိုးဖြင့် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုဖန်တီးထားခြင်း းဖြစ်၏။

သူက ၎င်းကို လျိုဝေတီဟွမ်ဆေးလုံးဟု အမည်ပေးခဲ့သည်။

အထူးသဖြင့် ချမ်ချန်ကန်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကိုပါ အသုံးပြုထားသေး၏။

ဤလျိုဝေတီဟွမ်ဆေးလုံး၏ ဆေးစွမ်းကား အလွန်အမင်း အစွမ်းထက်သည်ဟုဆိုရမည် ဖြစ်သည်။

ဤဆေးလုံးက ကျင့်ကြံသူ၏ အရည်အချင်းကို ဖြည်းညင်းစွာ မြှင့်တင်ပေးနိုင်ပြီး ကျင့်ကြံခြင်းအရှိန်ကို မြန်ဆန်စေကာ ဒဏ်ရာများကို ပြန်လည် ကောင်းမွန်စေသည့်အပြင် အတွင်းဒဏ်ရာများကိုလည်း ကုသပေးနိုင်သည်။

ဇနီးမောင်နှံဘဝ မသာယာလျှင်ပင် ၎င်းကို စားပြီးနောက် ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့သို့ ခံစားရစေပြီး ဇနီးမောင်နှံအား သာယာမှုကို မြှင့်တင်ပေးနိုင်သည်။

စကားလုံးအနည်းငယ်ဖြင့် ရှင်းပြ၍ မရနိုင်သော ပိုမိုအံ့ဖွယ်ကောင်းသည့် အသုံးဝင်မှုများ ရှိနေသေး၏။

ခြုံငုံပြောရလျှင် မည်သည့်အန္တရာယ်မျှ မရှိသည့်အပြင် အိမ်တိုင်းတွင် မရှိမဖြစ် ဆောင်ထားသင့်သော ဆေးလုံးတစ်လုံးပင် ဖြစ်သည်။

လျိုဝေတီဟွမ်ဆေးလုံး၏ ဆေးစွမ်း ပေါ်ထွက်လာမှုက မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်သွားစေခဲ့၏။

အရည်အချင်းကို မြှင့်တင်ပေးတယ်...။

ကျင့်ကြံခြင်း အရှိန်ကို မြန်စေတယ်...။

ဒဏ်ရာတွေကို ပြန်ကောင်းစေတယ်...။

အတွင်းဒဏ်ရာတွေကို ကုသပေးတယ်...။

လောကစည်းစိမ်ကိုလည်း ခံစားနိုင်သေးတယ်...။

ပို၍ အရေးကြီးသည်က ဤဆေးလုံးကို အဓိကဆေးဖက်ဝင်အပင်အဖြစ် အင်မော်တယ်ဆေးပင် ခြောက်မျိုးဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

ဤသည်က အင်မော်တယ်ဆေးလုံး တစ်လုံးပင်ဖြစ်ချေသည်။

ဤဆေးလုံး၏ တန်ဖိုးကြီးမားမှုကို မှန်းဆကြည့်နိုင်သည်။

ယခုအခါ ၎င်းကို ပထမထပ်အား ကျော်ဖြတ်နိုင်ခဲ့သော ကျင့်ကြံသူများကို ဆုချရန်အတွက် ချမ်ချန်ကန်းက အသုံးပြုခဲ့ခြင်းဖြစ်၏။

*အိုး ဘုရားရေ…*

*ဒါကြီးက ဒဏ္ဍာရီလာ လက်ဆောင် ဆိုတာလား…*

All Chapters