အခန်း ၂၃၃
Vol. 20 Ch. 233
အခန်း (၂၃၃) ရှက်စရာကောင်းလိုက်တာ၊ ငါက ပါရမီရှင်ပဲ
စမ်းသပ်ချက်မျှော်စင်တွင် အထပ်ပေါင်း ဆယ့်ရှစ်ထပ် းရှိသည်။
မရေမတွက်နိုင်သော မိစ္ဆာကောင်များရှိနေပြီး ၎င်းတို့က အလွန်ရက်စက်ကြမ်းကြုတ်လှ၏။
မိုဝန်ထျန်းအတွက်မူ သူက မိစ္ဆာကောင်တစ်ကောင်၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကိုခံရပြီး လုံးဝ အန္တရာယ်ကြုံတွေ့နေရသည်။
အလွန်အမင်း သနားစရာ ကောင်းလှ၏။
အကယ်၍ အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ အဆက်မပြတ် သတိပေးမှုများသာ မရှိခဲ့လျှင်။
ယခုအခါ ဤမိုဝန်ထျန်းမှာ ထိုမိစ္ဆာကောင်၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးသွားလောက်ပြီ ဖြစ်သည်။
တခြားနည်းလမ်းမရှိချေ။
ဤမိုဝန်ထျန်း၏ ယခင်တည်းက ကျင့်ကြံမှုအဆင့်က နိမ့်ကျခဲ့ပြီး ယခုအခါ ထိုလျှို့ဝှက်ရတနာများကိုလည်း အသုံးပြု၍ မရနိုင်တော့ပေ။
နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့ပြီး ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သော အစစ်အမှန် နှစ်တစ်ထောင် သတ်ဖြတ်ခြင်းပညာရပ်ပင်လျှင် ဤမိစ္ဆာကောင်အပေါ် အသုံးမဝင်ချေ။
ထို့ပြင် ယခုအခါ သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံက ဤမိစ္ဆာကောင်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။
ဆန့်ကျင်ဘက်အနေဖြင့် ထိုမိစ္ဆာကောင်က သတ်ဖြတ်ရာတွင် ပြတ်သားပြီး ကြီးမားလှသော တိုက်ခိုက်ရေး ပါရမီ ရှိနေသည်။
၎င်းက သန့်စင်သော သတ်ဖြတ်ရေး မိစ္ဆာကောင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်မက်ဖွယ် ကောင်းသော လက်နက်တစ်ခုပင်ဖြစ်နေသည်။
ဂရား...
မိစ္ဆာကောင်က ထပ်မံပြေးဝင်လာပြန်၏။
မိုဝန်ထျန်းက မြေကြီးပေါ်တွင် လူးလှိမ့်ကာ ရှောင်တိမ်းလိုက်သည်။
အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက စိုးရိမ်တကြီး ကြည့်နေ၏။
“ညီလေး... ဒီတိုင်းဆက်သွားရင် မင်းတော့ သေချာပေါက် သေတော့မှာပဲ...”
“ကျစ်... အဘိုးကြီး... ခင်ဗျားက ခနဲ့တဲ့တဲ့ စကားတွေပဲ ပြောတတ်တာ... စွမ်းဆောင်နိုင်ရင် ခင်ဗျားပဲ လာလုပ်လှည့်...”
မိုဝန်ထျန်းမှာ အလွန်ဒေါသထွက်နေ၏။
သူက ထိုမိစ္ဆာကောင်ကို ဆက်လက် ရင်ဆိုင်လိုက်သည်။
အထူးသဖြင့် မိစ္ဆာကောင်က ရုတ်တရက် ထိုးစိုက်လာသော အမြီးရိုးကို သူက အလွန် သတိထား၍ ရှောင်တိမ်းနေရ၏။
“ညီလေး... မင်းက တကယ့်ကို အမှိုက်ပဲ... ဒီမိစ္ဆာကောင်က အစွမ်းထက်ပေမဲ့ ငါအဘိုးကြီး ဘယ်လိုရှင်းပစ်မလဲဆိုတာ ကြည့်ထားလိုက်...”
“ဒါပေမဲ့ နတ်ဝိညာဉ်လျှို့ဝှက်ချက်ကို သုံးလို့ မရဘူးလေ...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက အေးစက်စက် ပြုံးလိုက်၏။
“ညီလေး... အရာအားလုံးကို ငါအဘိုးကြီးဆီသာ လွှဲထားလိုက်...”
မိုဝန်ထျန်း၏ ခွင့်ပြုချက်နှင့်အတူ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။
‘မိုဝန်ထျန်း’ ၏ အမူအရာက ရွံရှာသွားပုံပေါ်လာသည်ကို မြင်လိုက်ရ၏။
“ညီလေး... မင့်ခန္ဓာကိုယ်က သိပ်မကောင်းလှဘူးပဲ...”
အသိစိတ်ပင်လယ်ထဲတွင် မိုဝန်ထျန်း၏ ဝိညာဉ်မှာ အလွန်မပျော်မရွှင် ဖြစ်နေသည်။
“ခင်ဗျား အပြစ်တင်စရာမလိုပါဘူး...”
“ခင်ဗျား အဲ့မိစ္ဆာကောင်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်...”
“ဒါဆိုလည်း သေချာကြည့်ထား...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သံဓားကို ကိုင်ဆောင်လိုက်သည်။
အထူးသဖြင့် မိုဝန်ထျန်း၏ ကိုယ်ရောင်ကိုယ်ဝါက ဓားဆရာသခင်တစ်ယောက်ကဲ့သို့ ရုတ်တရက် ပြောင်းလဲသွား၏။
သူက ထွက်ပြေးခြင်းကို စွန့်လွှတ်လိုက်ပြီး မိစ္ဆာကောင်ကို ရင်ဆိုင်လိုက်သည်။
သံဓားက မီးလှိုင်းတစ်ခုကဲ့သို့ ကခုန်သွားပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော ဓားချက်များက မိစ္ဆာကောင်ထံသို့ တိုက်ခိုက်သွား၏။
ဓားချက်တိုင်းက မိစ္ဆာကောင်၏ မာကျောသော အရိုးသံချပ်ကာကို ရှောင်ကွင်း၍ အသားနှင့် သွေးကြောများထဲသို့ ထိုးစိုက်သွားသည်။
ဂရား...
မိစ္ဆာကောင်က နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ထက်မြက်သော အမြီးရှည်ကြီးက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းရန် ရုတ်တရက် တိုက်ခိုက်လာ၏။
သို့သော်လည်း မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက ကြိုတင် မျှော်လင့်ထားပြီးသားဖြစ်သကဲ့သို့ သရော်ပြုံး ပြုံးလိုက်သည်။
လက်တစ်ဖက်ဖြင့် သံဓားကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မိစ္ဆာကောင် ရုတ်တရက် တိုက်ခိုက်လာသော အမြီးရှည်ကြီးကို လှမ်းဆွဲလိုက်၏။
အသိစိတ်ပင်လယ်ထဲတွင် မိုဝန်ထျန်းမှာ အံ့အားသင့် မှင်တက်သွားသည်။
သူ၏ အသိစိတ်ပင်လယ်ထဲတွင် ပုန်းအောင်းနေသော ဤအဘိုးကြီးက အလွန် အစွမ်းထက်လှသည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဤမျှ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ခဲ့၏။
“ခုတ်စမ်း...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက အေးစက်စက် အော်ဟစ်လိုက်သည်။
သူ့လက်ထဲမှ သံဓားက ပြိုင်ဘက်ကင်း ဓားတစ်လက်ကဲ့သို့ မိစ္ဆာကောင်၏ ကြီးမားသော ခေါင်းကြီးကို အလွယ်တကူ ခုတ်ပိုင်းပစ်လိုက်၏။
ဤနည်းဖြင့် မိုဝန်ထျန်းက အတွေ့အကြုံ အမှတ် ငါးမှတ်ကို အလွယ်တကူ ရရှိသွားသည်။
“ဖြန်း... ဖြန်း...”
အသိစိတ်ပင်လယ်ထဲတွင် မိုဝန်ထျန်းက လက်ခုပ်တီးလိုက်၏။
“အံ့မခန်းပါပဲ အဘိုးကြီးရာ...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို မိုဝန်ထျန်းထံသို့ ပြန်ပေးလိုက်သည်။
သူ့မျက်နှာက ဂုဏ်ယူဝင့်ကြွားနေ၏။
“ဘယ်လိုလဲ... ငါ့ကို ဆရာတင်ချင်သွားပြီလား...”
မိုဝန်ထျန်းက ခေါင်းခါလိုက်သည်။
“မတင်ချင်ပါဘူး...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာမှာ ဒေါသထွက်သွား၏။
“ဘာဖြစ်လို့လဲ... ငါအဘိုးကြီးက အင်မော်တယ်အင်ပါယာတစ်ပါးဖြစ်တဲ့အပြင် အင်မော်တယ်တစ်သောင်းနယ်မြေက ထိပ်တန်းအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ လူဘယ်နှစ်ယောက်ကများ ငါအဘိုးကြီးကို ဆရာတင်ချင်နေကြလဲဆိုတာ ငါတောင် မသိဘူး။ ဒါပေမဲ့ ငါအဘိုးကြီးကမှ လက်မခံချင်တာ...”
မိုဝန်ထျန်းက နှုတ်ခမ်းမဲ့လိုက်သည်။
“ဘယ်သူက ဂရုစိုက်မှာလဲ။ ကျုပ်က မတုံးပါဘူး။ ခင်ဗျားသာ အဲ့လောက် အစွမ်းထက်နေရင် ဘာလို့ ကျုပ်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ပုန်းနေပြီး အပြင်ထွက်မလာတာလဲ။ ကျုပ်က ခင်ဗျားကို ဆရာမတင်ချင်ဘူး။ အဲ့ပြိုင်ဘက်ကင်း ဆရာသခင်ကိုပဲ ဆရာတင်မယ်...”
မိုဝန်ထျန်းက သူ့ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို ပြန်လည်ရယူလိုက်ပြီး သံဓားကို ဝှေ့ယမ်းလိုက်၏။
သို့သော်လည်း မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ ထိန်းချုပ်စဉ်ကကဲ့သို့ ရန်သူကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
“မင်း စမ်းသပ်မှုကို ကျော်ဖြတ်ပြီး အဲ့ပြိုင်ဘက်ကင်းဆရာသခင်ရဲ့ တပည့် ဖြစ်ချင်ရင် အရာရာတိုင်းအတွက် မင်းရဲ့ အဘိုးကြီးကိုပဲ အကူအညီ တောင်းရတော့မယ်နဲ့ တူတယ်...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက နှာခေါင်းမှုတ်ကာ စူးစိုက်ကြည့်နေပြီး အလွန် းမကျေမနပ် ဖြစ်နေ၏။
“မင်းခေါင်းကို မြည်းကန်ထားလို့လား။ ငါအဘိုးကြီးကို ဆရာတင်ရတာက ပိုကောင်းတာ မဟုတ်ဘူးလား...”
မိုဝန်ထျန်းက ပြုံးလိုက်၏။
“အဲ့ပြိုင်ဘက်ကင်း ဆရာသခင်ကို ဆရာတင်ရတာက ပိုမွှေးပျံ့မနေဘူးလား...”
ဂရား...
ထိုအချိန်၌ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာ၏။
မိစ္ဆာကောင်တစ်ကောင် ထပ်မံ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
ဤတစ်ကြိမ်တွင်မူ မိုဝန်ထျန်းက ထွက်မပြေးတော့ဘဲ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ နည်းလမ်းကို အတုယူကာ သူ၏သံဓားကို ဝှေ့ယမ်း၍ ရန်သူကို ရင်ဆိုင်လိုက်၏။
ဤမိုဝန်ထျန်းက ဤမျှ သေချာစွာ သင်ယူထားပြီး ယခင်ကကဲ့သို့ သနားစရာ မကောင်းတော့ကြောင်း မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ မထင်မှတ်ထားခဲ့ချေ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာမှာ အလွန် အံ့အားသင့်သွား၏။
“ညီလေး... မင်းက သင်ယူတာအတော် မြန်တာပဲ...”
မိုဝန်ထျန်းက ကျေနပ်ဂုဏ်ယူနေ၏။
“ဟုတ်တယ်လေ... ကျုပ်က ပါရမီရှင်ပဲကို...”
သို့သော်လည်း စကားဆုံးသည်နှင့်တစ်ပြိုင်နက် မိစ္ဆာကောင်က ကြီးမားသော ခွန်အားများ ပေါက်ကွဲထွက်လာပြီး သံဓားကို ရှောင်တိမ်းကာ မိုဝန်ထျန်းကို မြေကြီးပေါ်သို့ ဖိလှဲချလိုက်သည်။
ပါးစပ်က ကြမ်းတမ်းပြီး ထက်မြက်သော သွားများက ပွင့်ဟလာကာ အချွဲများ စီးကျလာရာ အလွန်ရွံရှာဖွယ်ကောင်းလှ၏။
ညှီစော်နံနေသော လေနှင့်အတူ မိုဝန်ထျန်း၏ ခေါင်းကို ကိုက်ချလိုက်သည်။
ဤအကိုက်ခံရပါက မိုဝန်ထျန်း၏ ခေါင်းက ပြတ်ထွက်သွားမည်ဖြစ်ပြီး သေချာပေါက် သေဆုံးရမည်ဖြစ်၏။
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။
သံဓားကို ရင်ဘတ်တွင် ကန့်လန့်ဖြတ် ကာထားလိုက်ရာ ‘ဂျွတ်’ ခနဲ အသံ ထွက်ပေါ်လာ၏။
မိစ္ဆာကောင်က သံဓားကို ကိုက်မိသွားသည်။
သူက လျင်မြန်စွာ ဆုံးဖြတ်လိုက်ပြီး တိုးတိုးလေး အော်ဟစ်ကာ မိစ္ဆာကောင်ကို ခြေတစ်ချက်တည်းဖြင့် ကန်ထုတ်လိုက်၏။
သံဓားကို ပစ်လွှတ်လိုက်ရာ ‘ဖွတ်’ ခနဲ အသံနှင့်အတူ မိစ္ဆာကောင်၏ ခေါင်းကို ဖောက်ထွင်းသွားသည်။
နောက်ထပ် အတွေ့အကြုံ အမှတ်ငါးမှတ် ရရှိသွားပြန်၏။