အခန်း ၂၃၆
Vol. 20 Ch. 236
အခန်း (၂၃၆) အင်မော်တယ်လော။ ကနဦး တက်လှမ်းခြင်းစီမံကိန်း
ချမ်ချန်ကန်းက ပြုံးလိုက်၏။
လေထုထဲတွင် အမြီးလေးနှင့်အတူရပ်နေရင်း ကျင့်ကြံသူများ၏ အမူအရာများကို သူက ခြုံငုံကြည့်လိုက်သည်။
ဤရလဒ်က သူ့ကို အလွန်ကျေနပ်သွားစေပြီး ထပ်ပြောလိုက်၏။
“ဒီနေရာက တောင်ပေါင်းတစ်သိန်းတောင်တန်းဟာ ဒီအင်မော်တယ်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အင်မော်တယ်နယ်မြေက ကျယ်ပြန့်လာနေတယ်ဆိုတာကို ခံစားမိတဲ့သူ ရှိမှာသေချာတယ်...”
“အင်မော်တယ်နယ်မြေဆိုတာ အင်မော်တယ်တစ်သောင်းနယ်မြေက ပိုင်ဆိုင်တာဖြစ်တယ်။ ဒီအင်မော်တယ်တစ်သောင်းနယ်မြေမှာတောင် ခုလောက်ကြီးမားကျယ်ပြန့်တဲ့ အင်မော်တယ်နယ်မြေမျိုး လုံးဝမရှိဘူးလို့ ဒီအရှင် ရဲရဲကြီးပြောရဲတယ်...”
ချမ်ချန်ကန်း၏ စကားများက မရေမတွက်နိုင်သော ကျင့်ကြံသူများကို ထပ်မံ ထိတ်လန့်သွားစေခဲ့၏။
အင်မော်တယ်နယ်မြေ၏ ထူးခြားဆန်းကြယ်မှုများကို သူတို့ သိထားကြသော်လည်း ၎င်းက ဤမျှ တန်ဖိုးကြီးပြီး ထူးခြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
အင်မော်တယ်တစ်သောင်းနယ်မြေတွင်ပင် ဤမျှကြီးမားကျယ်ပြန့်သော အင်မော်တယ်နယ်မြေမျိုးမရှိပေ။
သူတို့ကို မည်သို့ မတုန်လှုပ်စေဘဲ နေမည်နည်း။
ချမ်ချန်ကန်း၏ မျက်လုံးများက နက်ရှိုင်းနေပြီး ထပ်မံစကားဆိုလိုက်၏။
“အင်မော်တယ်နယ်မြေက ကျယ်ပြန့်ပြီး အင်မော်တယ်စွမ်းအင်တွေကလည်း ကြွယ်ဝပြီး သန့်စင်တယ်။ ဒီအရှင်က မင်းတို့ကို လိမ်မှာမဟုတ်ဘူး။ ဒီအင်မော်တယ်နယ်မြေက ဆက်လက် ကျယ်ပြန့်လာလိမ့်မယ်။ မကြာခင်မှာပဲ တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်။ အဲ့နောက် တစ္ဆေပြည်နယ်နဲ့ ကျူးရှို့တိုက်ကြီး တစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားလိမ့်မယ်...”
ချမ်ချန်ကန်းက သူ၏ရည်မှန်းချက်များနှင့် ပန်းတိုင်များကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။
ကျင့်ကြံသူအားလုံးကို အသက်ပြင်းပြင်းရှူရင်း သက်ပြင်းချသွားစေ၏။
တုန်လှုပ်စရာ ကောင်းသကဲ့သို့ အံ့အားသင့်စရာလည်း ကောင်းလှသည်။
ဤသည်က တကယ်ကို တုန်လှုပ်ဖွယ် သတင်းပင်ဖြစ်၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အင်မော်တယ်နယ်မြေက တကယ်ပဲ ဆက်လက် ကျယ်ပြန့်လာပြီး တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးနှင့် ကျူးရှို့တိုက်ကြီး တစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားလိမ့်မည်တဲ့လား။
မည်သို့ပင် နားထောင်ကြည့်စေကာမူ စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်ကဲ့သို့ ခံစားရစေ၏။ ကျင့်ကြံသူ များစွာက မယုံကြည်ကြချေ။
ချမ်ချန်ကန်းက မည်သည့် ရှင်းပြချက်မျှ မပေးဘဲ ပြုံးနေလိုက်သည်။
သူ့နောက်မှ အမြီးလေးတစ်ယောက်သာလျှင် သူမ၏ တောက်ပသော မျက်လုံးများက အလင်းရောင်များဖြင့် လင်းလက်နေပြီး ချမ်ချန်ကန်း ပြောသည့်အတိုင်း အင်မော်တယ်နယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပါက မည်ကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်ကို မျှော်လင့်နေ၏။
“အင်မော်တယ်နယ်မြေမှာ ကျင့်ကြံတယ်ဆိုတာ မင်းတို့က အထက်ဘုံက အင်မော်တယ်တွေနဲ့ တူညီတဲ့ စတင်ရာမှတ် ဒါမှမဟုတ် ပိုမြင့်တဲ့ စတင်ရာမှတ် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မင်းတို့အတွက် အင်မော်တယ်အဖြစ် တက်လှမ်းခြင်းဆိုတာ အိပ်မက်တစ်ခုမဟုတ်တော့ဘူး...”
“ဒီအရှင်က ကျူးရှို့တိုက်ကြီးမှာ မွေးဖွားလာခဲ့တာ ဖြစ်တယ်။ ဒီဟာက မင်းတို့ကို ဒီအရှင်ပေးတဲ့ အခွင့်အရေးပဲ။ မင်းတို့ကြိုးကြိုးစားစား ကျင့်ကြံပြီး အဆင့်တွေကို ကျော်ဖြတ်ကာ အင်မော်တယ်တွေဖြစ်လာဖို့ ဒီအရှင် မျှော်လင့်တယ်...။ ဒီအရှင်ရဲ့မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ကြနဲ့...”
“ပြီးတော့ ဒီနှစ်မှာ စီမံကိန်းတစ်ခုရှိတယ်...”
ချမ်ချန်ကန်းက ပြုံးနေပြီး အကဲခတ်ရ ခက်ခဲပုံ ပေါ်နေသည်ကို မြင်လိုက်ရ၏။
ကျင့်ကြံသူများက စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေကြသော်လည်း ချမ်ချန်ကန်းကို မနှောင့်ယှက်ဝံ့ကြချေ။
သူ ဆက်ပြောမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။
ချမ်ချန်ကန်း၏ အပြုံးက ပျောက်ကွယ်သွားပြီး ပို၍ပင် နက်နဲသိမ်မွေ့လာပုံပေါ်သည်။
သူ့အကြည့်များက နက်ရှိုင်းသော သမုဒ္ဒရာကြီးနှင့် အဆုံးမရှိသော ကြယ်တာရာ ကောင်းကင်ယံကဲ့သို့ ခြုံငုံကြည့်လိုက်၏။
မည်သည့် ကျင့်ကြံသူကမျှ သူ့ကိုတိုက်ရိုက် မကြည့်ဝံ့ကြချေ။
“ကျူးရှို့တိုက်ကြီးမှာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တဲ့သူ းမရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...”
“တပည့်လက်ခံပွဲပြီးဆုံးသွားတဲ့အခါ ကနဦးတက်လှမ်းခြင်း စီမံကိန်းတစ်ခုကို ဒီအရှင် ရေးဆွဲမယ်...”
“ကနဦးတက်လှမ်းခြင်းစီမံကိန်းဆိုတာက ကံထူးရှင်တစ်ရာကို ရွေးချယ်ပြီး သူတို့ကိုကျင့်ကြံခိုင်းပြီး အင်မော်တယ်တွေဖြစ်လာဖို့ ကူညီပေးတာပဲ...”
ချမ်ချန်ကန်း၏ စကားများက အသေးအဖွဲ ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေ၏။
သို့သော်လည်း ၎င်းက ထိုနေရာရှိ ကျင့်ကြံသူ အားလုံးကို မျက်လုံးပြူးသွားစေပြီး ထိတ်လန့် အံ့အားသင့်သွားစေခဲ့သည်။
ကွင်းပြင်ထဲတွင် ဆူညံပွက်လောရိုက်သွား၏။
အင်မော်တယ်အဖြစ် တက်လှမ်းခြင်းတဲ့လား။
*ဘုရားရေ စောစောက ငါတို့ ကြားလိုက်ရတာက အာရုံချောက်ချားမှုများ ဖြစ်နေမလား*
ရှေးခေတ်မှ ယနေ့အထိ ကျူးရှို့တိုက်ကြီးတွင် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်သူ မည်မျှ ရှိခဲ့သနည်း။
သို့သော် ယခုအခါ စီနီယာက ကျင့်ကြံသူတစ်ရာကို အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန် ကူညီပေးမည်ဟု အမှန်တကယ် ပြောဆိုခဲ့၏။
ဤသည်က မဖြစ်နိုင်ဘူး မဟုတ်လား။
ချမ်ချန်ကန်းပြောသမျှအရာအားလုံးကို သူတို့ လုံးဝ မယုံကြည်နိုင်ကြချေ။
သေချာသည်က ချမ်ချန်ကန်းပြောသော စကားများကို ယုံကြည်သော မရေမတွက်နိုင်သည့် ကျင့်ကြံသူများလည်း ရှိနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်းက ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့် အင်မော်တယ်များကို သတ်ဖြတ်ခဲ့သော ပြိုင်ဘက်ကင်း ဆရာသခင်တစ်ပါးဖြစ်၏။
သူတို့ကို လှည့်စားရန် သူ ဘယ်သောအခါမှ လိမ်လည်မည် မဟုတ်ချေ။
နောက်ထပ် အရေးကြီးသော အချက်တစ်ချက် ရှိသေး၏။
သူတို့ကို လိမ်လည်ရန် လုံးဝမလိုအပ်ချေ။
ထို့ကြောင့် ဤအရာအားလုံးက အမှန်တကယ် ဖြစ်နိုင်ခြေ များလှသည်။
အလားတူပင် ကျင့်ကြံသူ မည်မျှရှိသည်ကို မသိရသော်လည်း သူတို့၏ မျက်လုံးများက တောက်လောင်နေပြီး ချမ်ချန်ကန်းကို မျှော်လင့်ချက်များဖြင့် ကြည့်နေကြ၏။
ချမ်ချန်ကန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကံထူးရှင်တစ်ရာကို ဒ္အင်မော်တယ်နယ်မြေအတွင်းကနေ ရွေးချယ်သွားမှာဖြစ်တဲ့အတွက် မင်းတို့ထဲက မည်သူမဆို အခွင့်အရေးရနိုင်တယ်...”
“မင်းတို့ဆီမှာရှိနေတဲ့ တောက်ပတဲ့ အချက်တွေကို ငါ မြင်တွေ့နိုင်ဖို့ မျှော်လင့်တယ်...”
တစ်ခဏမျှရပ်တန့်ပြီးနောက် ချမ်ချန်ကန်းက ဆက်ပြောလိုက်၏။
“အထူးသဖြင့် မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုက ကံထူးရှင်တွေကို ရွေးချယ်ဖို့ ငါ့အတွက် အဓိကကျတဲ့ အချက်ပဲ။ ကြိုးကြိုးစားစား ကျင့်ကြံကြပါ ကံထူးရှင်လေးတို့...”
စကားပြောပြီးနောက် ချမ်ချန်ကန်းက အမြီးလေးနှင့်အတူ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်။
ချမ်ချန်ကန်းနှင့် အမြီးလေးတို့ ထွက်ခွာသွားပြီးနောက် ကွင်းပြင်တစ်ခုလုံး လုံးဝ ဆူညံပွက်လောရိုက်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤကိစ္စကို ဆွေးနွေးနေကြ၏။
“စီနီယာက ငါတို့ကို အင်မော်တယ်အဖြစ် တက်လှမ်းနိုင်အောင် ကူညီပေးမယ်တဲ့... ။ငါ အိပ်မက်မက်နေတာလား...”
“ဟမ့်... မင်းက ချေးစားဖို့ တွေးနေတာလား။ အင်မော်တယ်နယ်မြေက အကျယ်ကြီး။ အခုဆိုရင် ကျင့်ကြံသူ သောင်းနဲ့ချီပြီး ရှိနေတာ။ ဒါပေမဲ့ စီနီယာက ကံထူးရှင် တစ်ရာကိုပဲ ရွေးချယ်မယ်လို့ ပြောခဲ့တယ်လေ။ မင်းလို နှစ်ပေါင်း သုံးရာလောက် ကျင့်ကြံလာခဲ့ပြီး အခုထိ ချီသန့်စင်ခြင်း အလွှာကိုးမှာပဲရှိနေသေးတဲ့ အမှိုက်ကောင်ကို စီနီယာက အင်မော်တယ်ဖြစ်လာအောင် ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ အိပ်မက်မက်နေတာကမှ ပိုကောင်းဦးမယ်...”
“အဲဒါက လွန်ခဲ့တဲ့နှစ်သုံးရာက ငါ သောက်ပျင်းကြီးနေခဲ့လို့ပါ။ စီနီယာနှုတ်က ထုတ်ပြောလာပြီဆိုတော့ ငါ ကြိုးကြိုးစားစား ကျင့်ကြံရတော့မယ်။ ငါက စီနီယာရဲ့ ရွေးချယ်ခံရတဲ့သူ သေချာပေါက် ဖြစ်လာမှာပဲ...”
“အင်မော်တယ်အဖြစ် တက်လှမ်းခြင်း။ တစ်ကြိမ်တက်လှမ်းနိုင်တာနဲ့ အဲဒါက သေမျိုးမဟုတ်တဲ့ အင်မော်တယ်ဖြစ်သွားပြီး သာမန်ကို ကျော်လွန်ကာ ထူးခြားသွားပြီ။ ပြီးတော့ ထာဝရရှင်သန်ခြင်းကို လိုက်စားဖို့ တကယ် အရည်အချင်း ပြည့်မီသွားပြီ။ ဒီကံထူးရှင်တစ်ရာထဲက တစ်ယောက်အဖြစ် ငါ သေချာပေါက် ဖြစ်လာရမယ်...”
“ငါလည်း အတူတူပဲ...”
“…”